Author: Baby Yit Lone
-

Sight & Sound in Love
Sight & Sound in Love (2025) ဖူးစာ ဆန်းကျယ်တဲ့ချစ်ခြင်းတရားကို ပုံဖော်ပြထားတဲ့ တမီလ်စကားပြောဇာတ်လမ်းလေးတစ်ပုဒ်… တမီလ်စကားပြောရုပ်ရှင်ဆိုပေမဲ့ ဇာတ်အိမ်တည်ထားတာကတော့ တမီလ်လူမျိုးတွေအများကြီး ရှိတဲ့ မလေးရှားနိုင်ငံမှာဖြစ်ပါတယ်။ ကန်ဒါဟာ အမြင်အာရုံချို့တဲ့နေတဲ့ အသံတု နောက်ခံစကားပြောပညာရှင်တစ်ယောက်ပါ။ အမြင်အာရုံချို့တဲ့နေပေမဲ့ ဘဝကြီးကို ပျော်ပျော်ပဲဖြတ်သန်းနေသူပေါ့။ တနေ့မှာတော့ ကန်ဒါဟာ ပိုက်ဆံအိတ်တစ်လုံးကောက်ရခဲ့ပြီး ပိုင်ရှင်ကိုပြန်ပေးဖို့ကြိုးစားတဲ့အခါ ပိုက်ဆံအိတ်ပိုင်ရှင်က ရှိုဘားနားဆိုတဲ့ စကားမပြောနိုင်တဲ့ကောင်မလေးဖြစ်နေတဲ့အခါမှာတော့။ မျက်မမြင်ကောင်လေးနဲ့ ဆွံ့အကောင်မလေးကြားက ထူးထူးဆန်းဆန်း အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။
-

Simple Manusan
Simple Manusan (2025) ဖူးစာဖက်ရှာပုံတော် အသက် ၃၂ ရှိပြီဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်လူပျိုကြီးတစ်ယောက် ကျောင်းတုန်းကလည်း ရည်းစားမရှိ။ ကောလိပ်ရောက်ပြန်တော့လည်း ရည်းစားမရ။ အလုပ်ခွင်ရောက်တော့လည်း ရည်းစားမရနဲ့အမ ဆိုလို့ယင်မတောင်မသန်းဘူးတဲ့သူ။ ဆရာ၀န်တွေ အင်ဂျင်နီယာတွေ နဲ့ ပိုက်ဆံရှာနိုင်တဲ့ယောကျာ်းတွေကိုပဲ အိမ်ထောင်ဖက် ရွေးချယ်ချင်ကြတဲ့ မိန်းမတွေရဲ့ကြား သာမန်ဆံပင်ညှပ်ဆိုင်ပိုင်ရှင်လူပျိုကြီးတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ရှာပုံတော်ဖွင့်ခန်းကိုရှုစားကြရမှာပါ။
-

Sayew
Sayew (2003) စိတ်ကူးယဉ်ဆန်ဆန် မဂ္ဂဇင်းစာစောင်တွေ ဝတ္ထုတွေရေးတတ်တဲ့ သောင်ဆိုတဲ့ မိန်းကလေးတစ်ယောက်… ဘဝမှာ စိတ်လှုပ်ရှားမှုတွေရှိမှ အရသာရှိတယ်ဆိုပြီး သူမရဲ့တည်ငြိမ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်နေတတ်တဲ့သူလေး…. တစ်ချိန်မှာ သူမဟာ ဘဝရဲ့စစ်မှန်တဲ့အရာက ဘာလဲဆိုတာ ရှာတွေ့ချိန်မှာတော့ သူမဘဝကိုကျေနပ်သွားမလား ဆက်ပြီး စွန့်စားချင်ဦးမလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…
-

The Big Holdup
The Big Holdup (2026) အရမ်းကိုရက်စက်ပြီး စနစ်ကျတဲ့ဓားပြတစ်ဖွဲ့ဟာ မြို့လယ်ခေါင်မှာ နေ့ခင်းကြောင်တောင်ရဲရဲတင်းတင်းဓားပြတိုက်ပါတယ်။ အဲဒီအချိန်မှာ ရဲအရာရှိတစ်ယောက်ဟာ အနီးနားမှာရှိနေပေမယ့် သူတို့ကိုတားဆီးဖို့မစွမ်းသာခဲ့ပါဘူး။ ဒီဘဏ်ဓားပြမှုမှာ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးလိုက်ရတဲ့ ရဲအရာရှိဟာ ဒီဓားပြအဖွဲ့ကို မရရအောင်ဖမ်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဓားပြတွေဟာ မြန်မြန်တိုက်ပြီး မြို့ကမြန်မြန်ထွက်သွားဖို့ အစီအစဉ်ဆွဲထားပေမယ့် ရဲတွေကမြို့ထွက်ပေါက်တွေအကုန်လုံးကို အချိန်မီပိတ်လိုက်တဲ့အခါမှာတော့ ဓားပြအဖွဲ့ဟာ မြို့ထဲမှာပိတ်မိနေပြီးတော့ ရှေ့တိုးမရ နောက်ဆုတ်မရ ကျဉ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားတဲ့အခါ ဘဝအတွက်အချီကြီးနောက်တစ်ကြိမ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ဟာ ရဲတွေထပ်ခြေတစ်လှမ်းသာပြီး လွတ်မြောက်သွားမလား…… ဒါမှမဟုတ် တရားဥပဒေဘက်တော် ရဲအရာရှိကပဲ သူတို့ကိုဖမ်းနိုင်မလားဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရမှာဖြစ်ပါတယ်။
-

The Whirlwind of Sword and Fairy
The Whirlwind of Sword and Fairy (2022) “မသေမျိုးတွေနဲ့ နတ်ဆိုးတွေကြားထဲက မကျေအေးနိုင်သော အငြိုးတရားတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်” လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီလောက်က မသေမျိုးတွေနဲ့ နတ်ဆိုးတွေအတွင်းမှာ အချင်းချင်းအပြိုင်အဆိုင် တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ရှန်းကျန့်ဂိုဏ်း (မသေမျိုးဓားဂိုဏ်း) က ဘိုးဘေးတွေနဲ့ နတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင် ဧကရာဇ်မင်းယိုတို့ဟာ ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူသေ ကိုယ်သေ တိုက်ပွဲဝင်ခဲ့ကြပြီးတဲ့နောက်မှာတော့ နတ်ဆိုးဘုရင် ဧကရာဇ်မင်းယိုဟာ မရှုမလှနဲ့ အရှူံးဒဏ်ကို ခံစားလိုက်ရပါတော့တယ် အဲဒီနောက် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာပဲ ကျန်းကျီလင်ဟာ ရှန်းကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်လာခဲ့ပါတယ်။ နတ်ဆိုးဘုရင်ကို ချေမှုန်းနိုင်တဲ့ ဇီချင်းဓားနှစ်သွယ်ဟာလဲ တစ်ဖန်ပြန်ပြီး အသက်ဝင်လာခဲ့သလို နတ်ဆိုးဘုရင်ဟာလဲ တစ်ဖန်ပြန်ပြီး ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ နတ်ဆိုးဘုရင်ပြန်လည်ပေါ်ထွက်လာတာနဲ့အတူ ရွာထဲကမိန်းမပျိုလေးတွေကလဲ ထူးထူးခြားခြား ပျောက်ဆုံးလို့ လာခဲ့ပါတော့တယ်။ နတ်ဆိုးတွေကိုသတ်ပြီး…