Author: Baby Yit Lone

  • KNA ကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား စစ်အုပ်စု ညွှန်ကြားချက်ထုတ်

    KNA ကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား စစ်အုပ်စု ညွှန်ကြားချက်ထုတ်

    KNA ကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား စစ်အုပ်စု ညွှန်ကြားချက်ထုတ်

    ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် မြို့တွင်းရှိ ကရင်လက်နက်ကိုင် (၃)ဖွဲ့အား စစ်အုပ်စုက အချက် ၄ ချက်ပါသည့် ညွှန်ကြားချက်ထုတ်လိုက်သည်။

    မြဝတီမြို့ရှိ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ ၏ ဆက်ဆံရေးရုံးများနှင့် စစ်အုပ်စု တပ်မ ၂၂ တပ်မမှူးတို့ ဇန်နဝါရီ(၁၉)ရက်နေ့က တွေ့ဆုံမှုတွင် ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

    စစ်အုပ်စု တပ်မမှူး ညွှန်ကြားစာအရ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ၊ ငြိမ်းချမ်းရေးကောင်စီ-PC နှင့် BGF တို့၏ မြဝတီမြို့တွင်းရှိ တပ်ဖွဲ့ဝင်တစ်ဦးချင်းစာရင်းကို ဇန်နဝါရီ(၂၄)ရက်နောက်ဆုံးထား ထံပို့ဆောင်ရမည်ဖြစ်ပြီး မြို့လုံခြုံရေးအတွက် လက်နက်ကိုင်(၃)ဖွဲ့လုံး စစ်အုပ်စုနှင့်ပူး ပေါင်းဆောင်ရွက်ရမည်ဟုပါ ဆိုထားသည်။

    လက်နက်ကိုင်များထံ ဆက်သွယ်စုံစမ်းချက်အရ ညွှန်ကြားချက်ပါအကြောင်းအရာအမှန်ဖြစ်ကြောင်း အတည်ပြု ချက်ရရှိခဲ့ပြီး မြို့နေလူထုလုံခြုံရေးနှင့်ပတ်သက်နေသည့်အချက်ကိုသာ လိုက်လျောပေးမည်ဟု DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောဖားဘလဲ့က ပြောသည်။

    “ကျနော်တို့လိုက်လျောပေးနိုင်တာတော့ လိုက်လျောမယ်၊ မရှိတဲ့အပိုင်းတော့မလုပ်ဘူး ။ မြို့လုံခြုံရေး တို့ ဘာတို့ကျတော့ လူထုလုံခြုံရေးနဲ့ဆိုင်တော့ လိုက်လျောပေးရမှာပေါ့။ စစ်သား စာရင်းတောင်း တာနဲ့ပတ် သက်ပြီးပြောရင် စစ်ပိုင်းဆိုင်ရာအလုပ်တွေဆို ကျနော်တို့လုပ်လို့မရဘူး။ သူတို့ရော ကျနော်တို့ရောစစ်သားပဲ၊ ပေးသင့်တဲ့ဟာဆိုပေးမယ်၊ မပေးသင့်ရင်မပေးဘူး။ ” ဟု DKBA ပြောခွင့်ရသူက ဆိုသည်။

    ထိုင်းနှင့်မြန်မာနှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအချက်အချာကျ မြဝတီမြို့သည် စစ်အုပ်စုအုပ် ချုပ်ရေးယန္တရားများရှိသော်လည်း ကရင်လက်နက်ကိုင်အဖွဲ့များ ပူးတွဲလုံခြုံရေးယူထားသော မြို့ဖြစ်သည်။ ထိုအထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီ(၁)ရက်နေ့ကစ၍ ဘက်တံဆိပ်ပြောင်းတပ်ထားသည့် KNA အဖွဲ့များလည်း အပါအဝင်ဖြစ်သည်။

    စစ်အုပ်စု၏ညွှန်ကြားချက်မှာ KNA (သို့မဟုတ်)အွန်လိုင်းငွေလိမ်လုပ်ငန်းကိစ္စများကြောင့် ထွက်လာခြင်းဖြစ်နိုင်ပြီး မိမိတို့နယ်မြေလုံခြုံရေး မိမိတို့ဆက်လက်တာဝန်ယူမည်ဖြစ်ကြောင်း PC ဘက်က ဆိုသည်။ မြို့အုပ်ချုပ်ရေးလည်ပတ်ရန်ကိုလည်း စစ်အုပ်စုကသာ တိုင်းရင်းသားလက်နက်ကိုင်များကို အားကိုးနေရခြင်းဖြစ်သည်ဟု အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်ကပြောသည်။

    ၎င်းက “မြဝတီမှာ DKBA ဖြစ်ဖြစ်၊ PC ဖြစ်ဖြစ်၊ BGF ဖြစ်ဖြစ် သူတို့တပ်တည်နေရာကို အတိအကျ သတ်မှတ်ပေး ထားတာမဟုတ်ဘူး။ တစ်မြို့လုံး ရောနှောနေထိုင်ကြပြီး တပ်နယ်နိမိတ်အတိအကျမရှိတဲ့အတွက် သူတို့နယ်မြေလုံခြုံရေးကို သူတို့ရပ်ကွက်နဲ့သူတို့ကာကွယ်ကြတယ်၊ ပူးပေါင်းလုပ်ဆောင်ကြတယ်။ စစ်တပ်က ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါ ညွှန်ကြားလို့လိုက်လုပ်တာကတော့ ကျနော်မတွေ့ဖူးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

    ထို့အပြင် မြဝတီမြို့စောင့်တပ်ဟုလူသိများသည့် စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ-၂၇၅ အခြေစိုက်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်ခံရပါက တုံ့ပြန်သည့်အနေဖြင့် မြဝတီမြို့တွင် နေရာ(၁၈)ခုကို ဗုံးကြဲတိုက်ခိုက်ရန်သတ်မှတ်ထားကြောင်းလည်း အာဏာသိမ်းစစ်အုပ်စု၏ ညွှန်ကြားစာကဖော်ပြထားသည်။

    တစ်နိုင်ငံလုံးတပ်ဖြန့်ထားရသည့် စစ်အုပ်စုတွင်မြေပြင်တပ်အင်အားနည်းပါးနေသဖြင့် ၂၇၅ တိုက်ခိုက်ခံရပါက လေကြောင်းအထောက်အကူကိုသာ ကြီးကြီးမားမားသုံးလာနိုင်သည်ဟု စောကျော်ညွှန့်က ဖြည့်စွက်မှတ်ချက်ပေးသည်။

    ညွှန်ကြားချက်ပါ ယင်းအကြောင်းအရာကြောင့် မြဝတီမြို့တွင်ယနေ့ မွန်းလွဲပိုင်း လမ်းမပေါ်လူသွားလူလာ သိသိသာသာနည်းပါးနေကြောင်း မြဝတီမြို့ခံအချို့က ဆိုသည်။

    Photo: KNA

  • နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေး

    နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေး

    အင်းတော်မြို့နယ်၊ နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး အကျယ်ချုပ်ချထား

    အင်းတော်မြို့နယ်၊ နဘားကျေးရွာက CDM မီးရထားဆေးမှူးနဲ့ဝန်ထမ်း စုစုပေါင်း (၈)ဦးကို အင်းတော်အရှေ့ခြမ်းတိုက်နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)အဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီးနောက် အကျယ်ချုပ်ချထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ နဘားကျေးရွာရဲ့ ဓာတ်ပုံတွေပျံ့နှံ့လာတာကြောင့် လုံခြုံရေးသတင်းပေါက်တယ်ဆိုတဲ့သံသယနဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးခဲ့ကြောင်း နဘားကျေးရွာဒေသခံသုံးဦးက အတည်ပြုပြောဆိုပါတယ်။

    “ဖမ်းတာက နဘားဘက်ကနေသတင်းပေါက်တယ်ဆိုပြီး စွပ်စွဲပြီး သံသယနဲ့ ဖမ်းသွားတာ။ ပေါက်တာကို သေချာရှာမစစ်ပဲနဲ့ အသလွတ်ကြီး ဖမ်းသွားတာ။ အဲ့ထဲမှာ မီးရထားဆေးမှူးက ပညာတတ်တော့ သူတို့(ပကဖ)ကို ချက်နဲ့ လက်နဲ့ ဒဲ့ပြောတော့ အဲ့လိုပြောရမလားဆိုပြီး မျက်နှာကိုလက်သီးနဲ့ တစ်ချက်ထိုးတယ်။ နောက်ပြီး ကျော်စွာဝင်းဆိုတဲ့ CDM တစ်ယောက်ကိုလည်း ရစရာမရှိအောင် ရိုက်နှက်ထားတယ်။”လို့ နဘားရွာခံအမျိုးသမီးတစ်ယောက်ကဆိုပါတယ်။

    နဘားရွာထဲကနေအိမ်တစ်အိမ်မှာ ၄ နာရီဝန်းကျင်ကြာ ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် ည ၉ နာရီမှ ပြန်လွတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။

    CDM မီးရထားဆေးမှူးကိုသွားရောက်ဖမ်းဆီးတဲ့အချိန်ကလည်း ဆေးမှူးရဲ့သားဖြစ်သူ အသက် (၁၃)နှစ်အရွယ် ကလေးတစ်ယောက်ကို ပကဖခေါင်းဆောင်က ရိုက်နှက်ခဲ့သေးကြောင်း အခြားသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောပါတယ်။

    “ပကဖတွေက သူ့အဖေကို လာဖမ်းတော့။ ဆေးမှူးက သားအဖေ့ကို အနွေးထည်နဲ့ စောင်ယူပေးဦး။ အဖေခဏလိုက်သွားဦးမယ်ပြောလိုက်တာ။ အဲ့အချိန်ကလေးက သူ့အဖေကို လာဖမ်းရမလားဆိုပြီး ဆောင့်ဆောင့်အောင့်အောင့်လုပ်လိုက်တာ။ အဲ့တာနဲ့ တိုက်နယ်ပကဖခေါင်းဆောင်လွှမ်းမိုးက သူ့ကို ပမာမခန့်လုပ်ရမလားဆိုပြီး အဲ့ကလေးရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်တာ။ ကလေးက ဖြူဖြူသေးသေးလေးဗျာ။ မျက်လုံးကို ညိုသွားတာပဲ။”လို့ ဆိုပါတယ်။

    ယခုလက်ရှိမှာ ဆေးမှူးနဲ့ဝန်ထမ်းတွေရဲ့ ဖုန်းတွေကိုသိမ်းဆည်းထားပြီး အကျယ်ချုပ် ချုပ်နှောင်ထားတယ်လို့ နဘားရွာခံအမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။

    “သူတို့ဖုန်းတွေ ယူစစ်ပြီးပြီ။ ဘာသက်သေမှလည်းမတွေ့ဘူး။ အဲ့တာကို အခုထိဖုန်းတွေသိမ်းပြီး ရွာထဲကနေဘယ်မှမသွားရဆိုပြီး အကျယ်ချုပ်ချထားတယ်။ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ နားမလည်တော့ဘူး”လို့ ဆိုပါတယ်။

    အဆိုပါ CDMဝန်ထမ်းတွေကို ဖမ်းဆီးရိုက်နှက်မှုနဲ့ ပတ်သက်ပြီး အင်းတော်အရှေ့ခြမ်းတိုက်နယ် ပကဖတာဝန်ခံကို ၎င်းရဲ့ဖေ့ဘုတ်လူမှုကွန်ရက်ကနေ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

    အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံကို Kachinwaves ကဆက်သွယ်မေးမြန်းခဲ့ရာ ယခုဖြစ်စဉ်ကိုမသိသေးကြောင်းနဲ့ ၎င်းဖြစ်စဉ်ဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် စုံစမ်းပြီးအရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

    “ကျွန်တော့ဆီတော့ သတင်းမရောက်ထားပါဘူး။ အဲ့ဖြစ်စဉ်လည်း မသိသေးဘူး။ တကယ်လို့ အဲ့ဖြစ်စဉ်ရှိခဲ့ရင် ကျွန်တော်လည်း လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာရှိတော့ စုံစမ်းစစ်ဆေးပြီး အရေးယူတာတွေ လုပ်မှာပါ။”လို့ ဆိုပါတယ်။

    CDMဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာပဲ အင်းတော်အရှေ့ခြမ်း ပကဖ၊ပလဖနဲ့ ပအဖအဖွဲ့တွေက နဘားကျေးရွာမှာရှိတဲ့ ပြည်သူပိုင်စတားလင့်ဝိုင်ဖိုင်စက်တွေကို ဖြုတ်သိမ်းခဲ့ပါသေးတယ်။

  • “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

    “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

    တောင်တွင်းကြီးတွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယားကို ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် မြင့်စိန်နှင့် မယား လှကြည်တို့ကို ၎င်းတို့ နေအိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့သည်။

    သေဆုံးသွားသော မြင့်စိန်နှင့် လှကြည်တို့က ၎င်းတို့ နေအိမ်ရှေ့တွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ မဲရုံဆောက်ပြီး ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကျပ် မဲထည့်ခိုင်းခြင်း၊ မဲမထည့်သည့် ပြည်သူများကိုလည်း ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ခြင်း၊ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ပြောဆိုခြင်း၊ အာဏာသိမ်းစဉ် ကာလတွင်လည်း “ငါတို့ခေတ်ရောက်ပြီ” ဟု ကြွေးကြော်ကာ ကျေးရွာ ရန်ပုံ ငွေများကို အပိုင်သိမ်းခြင်း၊ မီတာခများကိုလည်း ပိုမိုကောက်ခံခြင်းများ လုပ် ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ရှင်းပြသည်။

    “စစ်ခွေး၊ ရဲခွေး အားကိုးနဲ့ ပြည်သူတွေကို အာဏာပြနေတဲ့ ကြံ့ဖွတ်အသင်းဝင်တွေ၊ ပျူတွေ၊ ဒလန်တွေနဲ့ အုပ်ကြီးတွေကို အချိန်မရွေး ပစ်ခတ် တိုက်ခိုက်သွားမယ်။ အခုတိုက်ခိုက်ခဲ့တဲ့ စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယားကလည်း ရွာထဲမှာ ပြည်သူတွေကို ဖိနှိပ်တာတွေ တော်တော်ဆိုးဆိုး လုပ် ဆောင်လာလို့ တိုက်ခိုက်ခဲ့တာပါ” ဟု ကိုချောင်ဖုန်းက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့်နဂါးမင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် သတင်းပေး ဒလန်များ၊ ပျူစောထီးများ အနေဖြင့် စစ်တပ်ထံသို့ သတင်းပေးတိုင်ကြားခြင်း ၊ စစ်တပ်အားကိုး၍ ပြည်သူများအပေါ် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်းနှင့် စစ်တပ်က ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သတ်မည်ဆိုပါက အချိန်မရွေးပစ်ခတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးပြောဆိုထားသည်။

  • Extreme Life

    Extreme Life

    Extreme Life (2026)

    လတ်တလောထွက်ရှိထားတဲ့ အချစ်+လိမ်လည်မှု+ဟာသလေးတွေ ပါဝင်ပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့စိတ်ဝင်စားဖွယ်ကောင်းအောင် ကြည့်ရှုရမဲ့ ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။

    ဒီရုပ်ရှင်လေးထဲမှာ အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Zhang Zidong နဲ့ မင်းသမီး Zhang Xuehan တို့ပါဝင်ထားပါတယ်

    ဇာတ်လမ်းအညွှန်း

    သက်လတ်ပိုင်းအရွယ်ရှိတဲ့ ကျန့်ချန်ဆိုတဲ့အမျိုးသားတစ်ဦးဟာ ချစ်သူ ကျာရူဆိုတဲ့အမျိုးသမီးကို တင်တောင်းဖို့ တင်တောင်းငွေရှာဖို့ အသည်းအသန်ကြိုးပမ်းနေသူဖြစ်ပါတယ်။

    လက်ထပ်ဖို့ တင်တောင်းငွေတစ်သန်းကို ချက်ချင်းရှာဖို့အားထုတ်ရာကနေ ငွေကြေးအဆမတန်ရလာတဲ့အခါ မမျှော်လင့်ထားတဲ့အကျိုးဆက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

    အဲဒါကတော့ မင်္ဂလာပွဲကျင်းပဖို့လုပ်စဥ်မှာ ချစ်သူကျာရူတို့မိသားစု ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်အဲဒီအခါမှ ရဲစခန်းသွားမိတဲ့အခါ ကျာရူတို့မိသားစုဟာ အကြီးစားလိမ်လည်ဂိုဏ်းကဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့…..

    ကျန့်ချန်တစ်ယောက် သူရင်းနှီးမြှုပ်နှံထားတဲ့ငွေကို ပြန်ရရှိဖို့နဲ့လိမ်လည်အဖွဲ့ကိုတရားစွဲဆိုဖို့ သူလိမ်ကိုယ်လိမ်ပြန်လိမ်ရင်း အန္တရာယ်များတဲ့ တိုက်ပွဲကြီးတစ်ခု စတင်လိုက်ပါတော့တယ်။

    ဒီရုပ်ရှင်လေးထဲမှာ ကျန့်ချန်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်အနေနဲ့ အချစ် ငွေကြေး ဂုဏ်သိက္ခာအတွက် လိမ်လည်မှုတွေ စီးပွားဆန်မှုတွေကြားကနေ တရားမျှတမှုအတွက် ဘယ်လိုတိုက်ပွဲဝင်မလဲဆိုတာ ဟာသအနှောလေးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

  • The Orphans

    The Orphans

    The Orphans (2025)

    ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ပြင်သစ် အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင် လိုင်လာဟာ သူ့အမေနဲ့ ဓားရေးသင်တန်းကနေအပြန် လမ်းမှာ ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။

    အဲဒီမတော်တဆမှုကြောင့် လိုင်လာရဲ့အမေ ဆိုဖီယာဟာ ဆေးရုံမှာပဲအသက်ဆုံးပါးသွားခဲ့ရပါတယ်။

    အဲဒီအခါမှာ ဆေးရုံကို ဆိုဖီယာနဲ့ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းလာခဲ့တဲ့ လူနှစ်ဦးယောက်လာခဲ့ပြီး သူတို့ထဲကတစ်ယောက်ဟာ လိုင်လာရဲ့အဖေဖြစ်ကြောင်းပြောလာပါတယ်။

    လိုင်လာကတော့ မိခင်သေဆုံးမှုရဲ့တရားခံကိုရှာဖွေပြီး လက်စားချေဖို့ စိတ်အားထက်သန်နေပါတယ်။

    တကယ်တမ်းတရားခံကိုရှာတွေ့သွားတဲ့အခါမှာ ကိစ္စတွေဟာ လိုင်လာ ထင်ထားသလောက်မရိုးရှင်းဘဲ သူကိုယ်တိုင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေမျိုးပါကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။