Author: Baby Yit Lone

  • Savage Hunt

    Savage Hunt

    Savage Hunt (2025)

    တောထဲမှာ လူတွေကိုပြန်ပြီး အမဲလိုက်သတ်ဖြတ်နေတဲ့ ဝက်ဝံတစ်ကောင်နဲ့ဖိုက်တဲ့ ဇာတ်ကြမ်းကားဖြစ်ပါတယ်။

    ဒီဝက်ဝံက လူတွေအတွက် သားကောင်မဟုတ်တော့ဘဲ မုဆိုးပြန်ဖြစ်သွားတဲ့အခါ…

    ဘာကြောင့် လူတွေကိုသီးသန့်လိုက်သတ်ဖြတ်နေတာလဲဆိုတာ ကြည့်ရမယ့် Thriller Action ကားကောင်းပါ။

  • Fake Yourself a Merry Little Christmas

    Fake Yourself a Merry Little Christmas

    Fake Yourself a Merry Little Christmas (2025)

    ခရစ်စမတ်အချိန်အခါကို နောက်ခံထားပြီးအချစ်၊ မိသားစု၊ လိမ်ညာမှုလေးတစ်ခုကြောင့်ဖြစ်လာတဲ့ အလွဲလွဲအချော်ချော်တွေကိုပေါ့ပေါ့ပါးပါး ရယ်ရအောင် ဖော်ပြထားတဲ့ ဇာတ်ကားမျိုးပါ။

    ခရစ်စမတ်ကို တစ်ယောက်တည်း မဖြတ်ချင်တဲ့အမျိုးသမီးတစ်ယောက်ဟာမိသားစုနဲ့ ပတ်ဝန်းကျင်ကိုအထင်မသေးအောင်ချစ်သူရှိတယ်လို့ လိမ်ပြောလိုက်ပါတယ်။

    ဒီလိမ်ညာမှုကို ဆက်လက်ထားနိုင်ဖို့သူမဟာ လူတစ်ယောက်နဲ့ခရစ်စမတ်အတွက်“ချစ်သူအတု” အဖြစ် သဘောတူလိုက်ရပါတယ်။

    ဒါပေမယ့်ဟန်ဆောင်အချစ်ကနေခံစားချက်အစစ်တွေ ပေါ်လာတဲ့အခါခရစ်စမတ်ရဲ့ နွေးထွေးမှုကသူတို့နှစ်ယောက်ရဲ့ ဘဝကိုတဖြည်းဖြည်း ပြောင်းလဲသွားစေပါတယ်။

  • Synthesized

    Synthesized

    Synthesized (2025)

    မာတင်က ရိုးရိုးအေးအေး ကွန်ပျူတာပြင်ဆရာတစ်ယောက်၊ ကျောင်းတုန်းက လက်လှမ်းမမှီနိုင်ခဲ့တဲ့အဟော့ဆုံးမိန်းကလေး ငယ်ချစ် ဗယ်လ်ကီရီကိုလက်ထပ်ထားတယ်။

    သူတို့နှစ်ယောက်ကြားက မတူညီတဲ့ အယူအဆတွေစိတ်ဝင်စားမှုတွေဟာ အချိန်ကြာလာတော့အိမ်ထောင်ရေးကိုထိခိုက်ပြီးအက်ကြောင်းထင်စပြုလာတယ်။

    နောက်ဆုံးတော့ ဗယ်လ်ကီရီဟာ နောက်တစ်ယောက်နဲ့ပေါ်တင်တွဲလိုက်ပြီး အိမ်ပေါ်ကဆင်းသွားခဲ့တယ်။

    ပြိုလဲကြေကွဲသွားတဲ့ မာတင်ဟာ သူဝါသနာပါတဲ့ ဂီတကို ပိုလုပ်ဖြစ်လာတယ်။

    ဒါပေမယ့်လည်းတစ်ဖြည်းဖြည်းနဲ့ ဗယ်လ်ကီရီဘက်ကလူတွေပေးတဲ့ စိတ်ဒုက္ခတွေကြောင့် သူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းဟာ ဘယ်သူမှမသိလိုက်ပဲ ရုန်းကြွလာခဲ့ပါတယ်။

    ဆန်းသစ်တဲ့တင်ပြပုံနဲ့ဆိုပေမယ့် ပေါ့ပေါ့ပါးပါးတင်ဆက်ထားတဲ့ အင်ဒီဆန်ဆန်ဗြိတိန် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Ordinary Girl in a Tiara

    Ordinary Girl in a Tiara

    Ordinary Girl in a Tiara (2025)

    မိန်းကလေးတစ်ယောက်ရဲ့ LGBTQ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။

    ငယ်ငယ်ထဲက မက်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာအိမ်မက်ကို အကောင်ထည်ဖော်ရင်းနဲ့ ဖက်ရှင်ပွဲတစ်ခုမှာ တော်ဝင်မျိုးနွယ်အမျိုးသမီးတစ်ယောက်နဲ့တွေ့သွားရာကစပြီးအသစ်အသစ်သော လူမှုဘဝတွေကြားမှာသူ့အတွက် အရာအားလုံးက မလွယ်ကူပါဘူး။

    ဒါပေမယ့် ကိုယ့်ပုံစံကို ထိန်းထားရင်း အချစ်အစစ်နဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ရှာဖွေသွားတဲ့အခါသူမရဲ့ဘဝက တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။

  • 7 Days to Hell

    7 Days to Hell

    7 Days to Hell (2025)

    JJ ဟာမတော်တဆခြေလှမ်းမှားရာကနေ ငရဲကိုရောက်သွားခဲ့ပေမယ့် အဲ့ဒီကနေလွတ်မြောက်ဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူ ငရဲဘုရင်မနဲ့အပေးအယူလုပ်ခဲ့ပါတယ်။

    အဲ့ဒီသဘောတူညီချက်အရသူဟာ ခုနှစ်ရက်အတွင်း ဝိဉာဉ်ခုနှစ်ခုကိုငရဲဘုရင်မစေခိုင်းတဲ့ နည်းလမ်းတွေနဲ့ သူ့ဆီအပ်နှံပေးရမှာဖြစ်ပါတယ်။

    အချိန်နဲ့အမျှ အပြေးအလွှားလုပ်ဆောင်နေရတဲ့ JJ အတွက်ဒီလုပ်ငန်းစဉ်အတွင်းမှာ အချစ်ကိုရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ သူ့အလုပ်ကိုအချိန်မှီပြီးမြောက်နိုင်ဖို့ အခက်အခဲတွေ့လာပါတော့တယ်။

    ဘတ်ဂျတ်အများကြီးသုံးမထားပေမယ့် Satire ဆန်ဆန်ဇာတ်လမ်းဇာတ်အိမ်၊ အချိတ်အဆက် ပေါ့ပါးသွက်လက်တဲ့ တင်ပြပုံနဲ့ဆွဲဆောင်နိုင်တဲ့Horror-Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။