Author: Baby Yit Lone

  • အာကာသအစွန်းမှ လုပ်ကြံမှု- ခါမေနီကို အဆုံးစီရင်ခဲ့သည့် စက္ကန့် ၆၀ စစ်ဆင်ရေး

    အာကာသအစွန်းမှ လုပ်ကြံမှု- ခါမေနီကို အဆုံးစီရင်ခဲ့သည့် စက္ကန့် ၆၀ စစ်ဆင်ရေး

    ​မကြာသေးမီက ကမ္ဘာ့သတင်းမျက်နှာဖုံးများကို တုန်လှုပ်သွားစေခဲ့သည့် အီရန်အဓိပတိ အာယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) လုပ်ကြံခံရမှုသည် ရိုးရှင်းသော လေကြောင်းတိုက်ခိုက်မှုတစ်ခု မဟုတ်ခဲ့ပါ။ ၎င်းသည် ဆယ်စုနှစ်နှင့်ချီ ကြိုတင်ပြင်ဆင်ခဲ့သော ထောက်လှမ်းရေးစစ်ဆင်ရေး၊ အဆင့်မြင့် ဆိုက်ဘာဟက်ကင်းနည်းပညာ၊ အမေရိကန် CIA ၏ သတင်းအချက်အလက်နှင့် ကမ္ဘာ့လေထုပြင်ပမှ ဝင်ရောက်လာသော ဒုံးကျည်များ ပေါင်းစပ်ထားသည့် ရုပ်ရှင်ဆန်ဆန် စစ်ဆင်ရေးကြီးတစ်ခု ဖြစ်သည်။

    ​ဇာတ်ကွက်ဆင်ခြင်းနှင့် လှည့်စားမှု (The Setup)

    ​အီရန်ထောက်လှမ်းရေးများ အလစ်အငိုက်မိသွားစေရန် အစ္စရေးတို့က အဆင့်မြင့်လှည့်စားမှုတစ်ခုကို အသုံးပြုခဲ့သည်။ သောကြာနေ့တွင် အစ္စရေးစစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ ဌာနချုပ်များမှ ထွက်ခွာကာ ဂျူးလူမျိုးတို့၏ အပန်းဖြေနားရက် (Shabbat) အတွက် အိမ်ပြန်နေကြကြောင်း သက်သေပြရန် ဓာတ်ပုံများရိုက်ကာ လူသိရှင်ကြား ထွက်ခွာပြခဲ့သည်။ ထို့နောက် ရုပ်ဖျက်ကာ စစ်ဆင်ရေးခန်းမဆီသို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

    ​ရည်ရွယ်ချက်မှာ ရှင်းပါသည်။ အစ္စရေးတို့ စနေနေ့နားရက်အတွက် အားလုံးပိတ်သိမ်းလိုက်ပြီဟု အီရန်တို့ ထင်မှတ်သွားစေရန်ဖြစ်သည်။ ဤလှည့်စားမှုကြောင့် ခါမေနီသည် လုံခြုံသည်ဟု ယုံကြည်ကာ ပုန်းအောင်းရာမှထွက်ပြီး ၎င်း၏စံအိမ်တော်၌ အစည်းအဝေးပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

    ​အာကာသအစွန်းမှ ဝင်ရောက်လာသော အပြာရောင်စာကလေး (The Blue Sparrow)

    ​အီရန်စံတော်ချိန် စနေနေ့ နံနက် ၇:၃၀ နာရီတွင် အစ္စရေး၏ F-15 တိုက်လေယာဉ်များ စတင်ပျံသန်းခဲ့ပြီး၊ နံနက် ၉:၄၀ နာရီတွင် အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ကြိုတင်ဖျက်ဆီးခြင်းမပြုဘဲ Blue Sparrow ဒုံးကျည် ၃၀ စင်းကို တိုက်ရိုက်ပစ်လွှတ်ခဲ့သည်။

    ​Blue Sparrow ၏ အစွမ်း- ဤဒုံးကျည်များသည် ကမ္ဘာ့လေထုပြင်ပ (Stratosphere) သို့ ထွက်ခွာသွားပြီးနောက်မှ ပစ်မှတ်ဆီသို့ Hypersonic အမြန်နှုန်းဖြင့် ဒေါင်လိုက် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များ အချိန်မီတုံ့ပြန်ရန် လုံးဝမဖြစ်နိုင်ခဲ့ပေ။

    ​မူလရည်ရွယ်ချက်ကို ပြောင်းလဲခြင်း- အမှန်တကယ်တွင် Blue Sparrow များသည် အစ္စရေး၏ လေကြောင်းကာကွယ်ရေးစနစ်များကို စမ်းသပ်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် Target Missile များဖြစ်သော်လည်း၊ ယခုစစ်ဆင်ရေးအတွက် အလွန်တိကျသော အဖျက်စွမ်းအားမြင့် လက်နက်များအဖြစ် အဆင့်မြှင့်တင် အသုံးပြုခဲ့ခြင်းဖြစ်သည်။

    ​ဆိုက်ဘာစစ်ပွဲနှင့် ထောက်လှမ်းရေး ကွန်ရက်

    ​ဒုံးကျည်များ မကျရောက်မီ စက္ကန့်ပိုင်းအလိုတွင် IDF (အစ္စရေးကာကွယ်ရေးတပ်ဖွဲ့) သည် ခါမေနီ၏ စံအိမ်တော်အနီးရှိ ဆဲလ်ဖုန်းတာဝါတိုင် (Cell towers) ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ဖြတ်တောက်ခဲ့သည်။ ဖုန်းခေါ်ဆိုမှုများအားလုံး “Busy” (အလုပ်များနေသည်) ဟုသာ ပြသနေခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သတိပေးချက်များ အချင်းချင်း မပို့နိုင်ခဲ့ပေ။

    ​သို့သော် အဓိကအောင်ပွဲမှာ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့သော ထောက်လှမ်းရေးအချက်အလက်များဖြစ်သည်။

    ​ကင်မရာများကို Hack ခြင်း- အီရန်အစိုးရက ပြည်သူများကို စောင့်ကြည့်ရန်တပ်ဆင်ထားသော တီဟီရန်မြို့ရှိ လုံခြုံရေးကင်မရာ (Surveillance cameras) အားလုံးနီးပါးကို အစ္စရေးတို့က Hack ခဲ့သည်။ ခါမေနီ၏ သက်တော်စောင့်များ သွားလာလှုပ်ရှားမှု၊ အလုပ်ချိန်နှင့် ကားပါကင်ထိုးသည့် နေရာများအထိ အသေးစိတ် စောင့်ကြည့်ခဲ့သည်။

    ​CIA နှင့် AI ပေါင်းစပ်မှု- “ဂျေရုဆလင်ကို သိသလို တီဟီရန်ကိုလည်း ကျွန်ုပ်တို့သိတယ်” ဟု အစ္စရေးထောက်လှမ်းရေးအရာရှိတစ်ဦးက ဆိုသည်။ အမေရိကန် CIA ထံမှ မြေပြင်သတင်းပေး (Human source) ၏ အချက်အလက်များနှင့် အစ္စရေး၏ ခေတ်မီ AI နည်းပညာပေါင်းစပ်ကာ ဒေတာတောင်ပုံရာပုံကို ခွဲခြမ်းစိတ်ဖြာပြီး ခါမေနီရှိနေမည့် အတိအကျနေရာကို ဆုံးဖြတ်နိုင်ခဲ့သည်။

    ​ရလဒ်နှင့် အဆုံးသတ်

    ​ဤ ၆၀ စက္ကန့် စစ်ဆင်ရေးအတွင်း စံအိမ်တော်တစ်ခုတည်း၌ ကျင်းပနေသော အစည်းအဝေးတစ်ခုလုံး ပြာကျသွားခဲ့သည်။ တိုက်ခိုက်မှုကြောင့် အလီ ခါမေနီ အပါအဝင် ၎င်း၏ ဇနီး၊ သမီး၊ မြေး၊ ချွေးမ၊ သမက်တို့အပြင် အီရန်၏ ထိပ်တန်းခေါင်းဆောင်များဖြစ်သော ရေတပ်ဗိုလ်ချုပ်ကြီး အလီ ရှမ်ခါနီ (Rear Admiral Shamkhani) နှင့် IRGC တပ်မှူး မိုဟာမက် ပါကပူရ် (Mohammad Pakpour) တို့ အားလုံး သေဆုံးခဲ့သည်။

    ​လူတစ်ဦးတည်းကို အတိကျဆုံးအချိန်၌ လုပ်ကြံနိုင်ရန်အတွက် နှစ်ရှည်လများ စီမံကိန်းချကာ၊ AI နည်းပညာ၊ ကြီးမားလှသော ထောက်လှမ်းရေးကွန်ရက်နှင့် အာကာသအစွန်းမှ ပစ်လွှတ်သော ဒုံးကျည်များကိုပါ အသုံးပြုခဲ့သည့် ဤစစ်ဆင်ရေးသည် ခေတ်သစ်စစ်ပွဲသမိုင်းတွင် အရှုပ်ထွေးဆုံးနှင့် အဆင့်အမြင့်ဆုံး လုပ်ကြံမှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။

    106781107 15616553 Smoke Rises From An Area Of Tehran After It Was Targeted In Atta A 6 1772713911531

    106798077 15616553 A View Of Iranian Missiles Seen In The Skies Over Gaza After Ira A 4 1772713888719

    106813167 15616553 Tehran Has Been Pummelled By US And Israeli Air Strikes Since Sa A 12 1772708236778

    106815357 15616553 A Man Carries An Injured Woman At The Site Of US Israeli Airstri A 13 1772708240652

    106823297 15616553 A Plume Of Smoke Rises After An Explosion In Tehran Yesterday A 163 1772711352425

    106868139 15616553 Iran S Supreme Leader Ali Khamenei Pictured Was Killed On Saturd A 9 1772708185504

    106879295 15616553 Saturday Morning Pasteur Street Central Tehran Inside A Vast Wal A 162 1772711254596

    106887371 15616553 Image A 11 1772708202264

    106887383 15616553 Image A 10 1772708195360

    106892365 15616553 Image A 166 1772711645138

    106892459 15616553 Image A 167 1772711691343

    ​ကိုးကား- ဤသတင်းဆောင်းပါးသည် The Wall Street Journal, The Guardian နှင့် Daily Mail တို့မှ ဖော်ပြခဲ့သော လတ်တလော စစ်ဆင်ရေးအသေးစိတ် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး ပေါင်းစပ်ရေးသားထားခြင်း ဖြစ်ပါသည်။

  • ရုရှား စစ်ရေယာဉ်အုပ်စု ရန်ကုန် ရောက်

    ရုရှား စစ်ရေယာဉ်အုပ်စု ရန်ကုန် ရောက်

    ရေငုပ် သင်္ဘောများကိုဖျက်ဆီးနိုင်သည့် ပင်လယ်ရေအောက်တိုက်ခိုက်ရေးအဆင့်မြင့်စနစ်များနှင့် လေကြောင်း တိုက်ခိုက်ရေး ဒုံးပျံများပါဝင်သည့် ရုရှားတိုက်ခိုက်ရေး စစ်ရေယာဉ် Sovershenyi၊ Rezkiy သင်္ဘော ၂ စီး၊ အဆိုပါစစ်ရေယာဉ်များကို ဆီထည့်ပေးသည့် အလတ်စား ဆီတင်သင်္ဘော Pechenga တို့ ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာသည်ဟု စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။

    အဆိုပါ စစ်ရေယာဉ်များသည် ရုရှားရေတပ် ပစိဖိတ်စစ်ရေယာဉ်စုမှ သင်္ဘောများဖြစ်ပြီး ရုရှား၏ ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့တောင်အာရှ ရေပိုင်နက်နှင့် အိန္ဒိယသမုဒ္ဒရာ ရေပိုင်နက်များကို ထိန်းချုပ်ရန်၊ ရုရှားနိုင်ငံ၏ အရှေ့ပိုင်းနယ်နိမိတ်များကို ကာကွယ်ရန်၊ ကမ္ဘာ့သမုဒ္ဒရာများတွင် ရုရှား၏ စစ်အင်အားကိုပြသရန်နှင့် မဟာဗျူဟာမြောက်လက်နက်စနစ်များကို ထိန်းသိမ်းရန် ၁၇၃၁ ခုနှစ် (ရုရှားအင်ပါယာခေတ်) ကတည်းက တည်ထောင်ခဲ့သော ရုရှားဖက်ဒရေးရှင်း ရေတပ်၏ အရေးကြီးဆုံး မဟာဗျူဟာမြောက် စစ်ရေယာဉ်စုတခု ဖြစ်သည်။

    မြန်မာနိုင်ငံသို့ရောက်လာသော ထိုသင်္ဘောများသည် အလည်အပတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပြီး အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင် Captain 1st Rank Andrei Gaevoi ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၃၅၀ ဦးလိုက်ပါလာကြောင်း ဖော်ပြထားသည်။

    လေ့လာရေးခရီးအနေဖြင့် မြန်မာနိုင်ငံတွင် မတ် ၁၀ ရက်အထိ ၆ ရက်ကြာ နေထိုင်ပြီး ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    Mm News.xyz 2026 03 06 095413

    Mm News.xyz 2026 03 06 095429

    Mm News.xyz 2026 03 06 095442

    ဓာတ်ပုံ-MWD

  • မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး ကားနံပါတ်အလိုက် စုံရက်နှင့်မရက်သာ ကားမောင်းနှင်ရမည့်အမိန့်အတွက် စစ်တပ်၊ ရဲ၊ ထွေ/အုပ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီး စစ်ဆေးမည်

    မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး ကားနံပါတ်အလိုက် စုံရက်နှင့်မရက်သာ ကားမောင်းနှင်ရမည့်အမိန့်အတွက် စစ်တပ်၊ ရဲ၊ ထွေ/အုပ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီး စစ်ဆေးမည်

    ရပ်ကွက်များတွင် ကားပိုင်ရှင်စာရင်းနှင့် ကားနံပါတ်များ လိုက်လံကောက်ခံ

    အကြမ်းဖက်စစ်တပ်က မတ်လ ၇ ရက်နေ့စတင်မည့် စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်အလိုက် စုံရက်နှင့် မရက်သာ ကားမောင်းနှင်ခွင့်ပြုမည့် အမိန့်အတွက် စစ်တပ်၊ရဲ၊ ထွေ/အုပ်ဌာနနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီးစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

    မတ်လ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရန် ပုဂ္ဂလိကပိုင် မော် တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မတ်လ ၇ ရက်နေ့မှ စတင်မောင်း နှင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

    “မတ်လ ၇ ရက်နေ့ စက်သုံးဆီချွေတာရေးအစီအစဉ်အတွက် ဌာနပေါင်းစုံ စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးဖို့တော့ ညွှန်ကြားချက်တွေရှိပါတယ်။ တပ်မတော်၊ ရဲတပ်ဖွဲ့တွေနဲ့အတူ ဌာနဆိုင်ရာ ပေါင်းစုံအပြင် နယ်မြေခံ အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ် (ပျူစောထီး) တွေပါ ပါဝင်မှာဖြစ်ပါတယ်။ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးပြီး အသိပညာပေးဖို့ပါပဲ။ အသိပညာပေးမှုနဲ့ အရင်စတင်မှာပါ” ဟု ရန်ကုန်တိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

    စက်သုံးဆီ ချွေတာရေး အစီအစဉ်ကို ပြည်သူများ လိုက်နာစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည် နယ် အစိုးရများက ကြီးကြပ်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့က လုပ်ငန်းအကောင်အထည်ဖော် အရေးယူဆောင်ရွက်သော ဌာနဆိုင်ရာ များအဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေများအလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်များက လုပ်ငန်းအကောင်အထည်ဖော်သော ယန္တရားများ အဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်၏ စက်သုံးဆီချွေတာရေး စီမံချက်အရ လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည် ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အကြမ်းဖက်စစ်တပ်က ကြေညာထားသည်။

    လတ်တလော ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကိုယ်ပိုင်ကားရှိသူများစာရင်းနှင့် ကားနံပါတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမြန်လိုက်လံကောက်ခံလျက်ရှိကြောင်း၊ ယင်းသို့ ကောက်ခံမှုမှာ မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး စီမံချက်အတွက်ဖြစ်ကြောင်း သိရှိရသည်။

    “မနေ့ညက အုပ်ကြီးနဲ့ ပျူတွေ ရပ်ကွက်ထဲမှာ ကားရှိသူစာရင်းကောက်တယ်။ ကားနံပါတ်နဲ့ ကားအမျိုးစားပါ ပေးရတယ်။ မြို့နယ်ထွေ/အုပ်က ကောက်ခိုင်းတာလို့ ပြောတယ်။ ၇ ရက်နေ့မှာ ဘယ်လိုတွေ ပညာပြကြဦးမလဲ မသိဘူး” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် ကားများကို စစ်ဆေးနေသည့် အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • စစ်တပ်က ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံရေးအတွက် လိုက် နာလုပ်ဆောင်သင့်သည့် နည်းလမ်းများ ထုတ်ပြန်

    စစ်တပ်က ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံရေးအတွက် လိုက် နာလုပ်ဆောင်သင့်သည့် နည်းလမ်းများ ထုတ်ပြန်

    စစ်တပ်က ပြည်သူများကို မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံ ရေးအ တွက် ပြည်သူများ လိုက်နာလုပ်ဆောင်သင့်၊ လုပ်ဆောင်ရမည့် နည်းလမ်းများကို Myanmar Internet Project က ထုတ်ပြန်သည်။

    စစ်ကော်မရှင်က ပြည်သူများ အသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများအပါ အဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက် ပစ္စည်းများ၏မူရင်းအမှတ် အသား(International Mobile Equipment Identity – IMEI)ကိုအသုံးပြုပြီး ဗဟိုမိုဘိုင်း စက် ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register – CEIR)တွင်မှတ်ပုံတင်သည့်စနစ်ကို အကောင်အထည် ဖော်အသုံးပြုရန်ဆောင်ရွက်လာကြောင်း၊ စစ်ကော်မရှင်၏ကြေညာချက်တွင် အခွန်ကောက်ခံရန်နှင့်တရားမဝင် တင်သွင်းမှုများကို တားဆီးရန်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် မိုဘိုင်းလ်ဖုန်းအသုံးပြုနေသော ပြည်သူများ၏ လုံခြုံရေး အထူး သတိထားရမည်ဖြစ်ကြောင်းMyanmar Internet Projectက သတိပေးသည်။

    စစ်တပ်က ပြည်သူများ အသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများ၏ မူရင်းအမှတ်အသား(International Mobile Equipment Identity – IMEI)ကို ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register – CEIR)တွင် မှတ်ပုံတင်လိုက်ခြင်းကြောင့် အသုံးပြုနေသော ပြည်သူများ၏ မိုဘိုင်းလ်ဖုန်း တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာကြောင်း၊ စစ်ကော်မရှင်၏ အီးအိုင်ဒီ(E-ID)လုပ်ငန်းစဉ်အရ နိုင်ငံသားအများစု၏ဇီဝအချက် အလက်များ ရရှိထားပြီးဖြစ်ကြောင်း၊ ဆင်း ကဒ်(SIM)မှတ်ပုံတင်ပြုလုပ်စဉ်ကလည်း နိုင်ငံသားများ၏မှတ်ပုံတင်နံပါတ်များနှင့် ပြုလုပ်ခဲ့ကြောင်း၊ ယခု IMEI မှတ်ပုံ တင်ပြုလုပ်ချိန်တွင် ဆင်းကဒ်(SIM-Card)၊ မှတ်ပုံတင်နံပါတ်နှင့် IMEI တို့ ပေါင်းစပ်မိသွားပြီး မည်သူမည်ဝါသုံးစွဲနေသည် ကို အတိအကျ သိရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ဖုန်းဆင်းကဒ်တစ်ခုက အနီးရှိ တာဝါတိုင် ၃ ခုဖြင့် အနည်းဆုံး ချိတ်ဆက်နေလေ့ရှိကြောင်း၊ ထို့ကြောင့် “Triangulation Method”ကိုအသုံးပြုပြီး သုံးစွဲသူရောက်ရှိနေသည့် အနီးစပ်ဆုံးနေရာကို ခြေရာခံနိုင်စွမ်း ပိုမိုမြင့်မားလာစေကြောင်း၊ ယင်းအပြင် အစုလိုက်အပြုံလိုက် စောင့်ကြည့်ရန် လွယ်ကူလာကြောင်း၊ CEIR အဖြစ်မှတ်ပုံတင်ထားရသောကြောင့် မည်သည့် IMEI များသည် မည်သည့်နေရာတွင် အများဆုံး စုဝေးနေသည်၊ မည်သည့်ဖုန်းနံပါတ်နှင့်အသုံးပြုနေသည်စသည့် MetaData များသည် အလွယ်တကူ စုဝေးသွားနိုင်ကြောင်း သိရှိရသည်။

    မိုဘိုင်းလ်ဖုန်းသုံးစွဲသူများ၏ ချက်အ လက်များကို အေအိုင်(AI) (သို့မဟုတ်) “Big Data Analysis”အသုံးပြုပြီး ပစ်မှတ်ထားစောင့်ကြည့်သူများ မည်သည့်နေရာ တွင် တစုတဝေးထဲ ရှိခဲ့ကြောင်း (သို့မဟုတ်) ပစ်မှတ်ထားစောင့်ကြည့်ခံရသူနှင့် မည်သည့် IMEI နံပါတ်များ အချိန်မည်မျှ ကြာအောင် ရှိခဲ့ကြောင်း စ သည် တို့ကို ထောက်လှမ်းရန် လွယ်ကူသွားကြောင်း သိရှိရသည်။

    အခြားတစ်ဖက်တွင်လည်း မိုဘိုင်းလ်ဖုန်းများကို စစ်တပ်က ပစ်မှတ်ထား ပိတ် ဆို့ရန် လွယ်ကူသွားပြီး IMEI မှတ်ပုံတင်စနစ် အကောင်အထည် မဖော်ခင်ကာလတွင် ဆင်းကဒ်ပိတ်ပင်ခံရလျှင်တောင် ဖုန်းအား ဝိုင်ဖိုင်(Wifi)ဖြင့် ဖြစ်စေ၊ ဆင်းကဒ်ပြောင်းလဲပြီးဖြစ်စေ အသုံးပြုနိုင်ကြောင်း၊ ယခုစနစ်အရ IMEI အားအခြေပြု ပိတ်ပင်လိုက်ပါက ယင်းဖုန်း သည် ယင်းတို့ထိန်းချုပ်ထားသည့်ကွန်ရက်အတွင်းရှိ ဆက်သွယ်ရေးစနစ်များဖြင့် အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း၊ နောက် ထပ် မိုဘိုင်းဖုန်းတစ်လုံးအသုံးပြုပါက ကုန်ကျစရိတ်များ တိုးမြင့်လာနိုင်သလို ခြေရာခံစနစ်အရ ထပ်မံပိတ်ပင်ခံရနိုင်ခြေ လည်း မြင့်မားကြောင်း၊ ထို့အပြင် မိုဘိုင်းဖုန်းတစ်လုံးထားရှိအသုံးပြုမည်ဆိုပါကလည်း မှတ်ပုံတင်ထားခြင်းမရှိသည့်အ တွက် ရက်(၃၀)ကြာလျှင် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များနှင့် ဆက်လက်အသုံးပြုခွင့်မရတော့ဘဲ ပိတ်ပင်ခြင်းခံရနိုင်ကြောင်း သိရှိရသည်။

    ပြည်သူများ အသုံးပြုနေသော မိုဘိုင်းဖုန်းများကို ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်းနှင့် ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း၊ လုံခြုံ ရေးအားနည်းချက်ကြောင့် ဖောက်ထွင်းဝင်ရောက်ခံရပါက ယင်းအချက် အလက်များကို မှောင်ခိုစျေးကွက်အတွင်း ရောက်ရှိသွားပြီး ငွေကြေးလိမ်လည်မှု(Scams)နှင့်ကိုယ်ရေးအချက်အလက်ခိုးယူခံရမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ယခုကဲ့ သို့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)များ များပြားနေသည့်ကာလတွင် ယင်းအချက်အလက်သည် စိုးရိမ်စရာအလွန်ကောင်းသည်ဟု သိရှိရသည်။

    ထို့ကြောင့် မိုဘိုင်းလ်ဖုန်းအသုံးပြုနေသော စစ်တပ်၏ စောင့်ကြည့် ခြေရာခံနိုင်သဖြင့် ကာကွယ်ရန် နည်းလမ်းများ လုပ်ဆောင်သင့်ကြောင်း၊ လုံခြုံရေး ထိလွယ်ရှလွယ်ဖြစ်သော ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ကာကွယ်မှုမျာကို ကြိုတင်ပြုလုပ်ရန် လိုအပ်ကြောင်း၊ ဖုန်းဆင်းကတ်ဖြင့် တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများကို တတ်နိုင်သမျှ ရှောင်သင့်ပြီး ဝိုင်ဖိုင်(Wifi)မှတစ်ဆင့် Signal ကဲ့သို့ ဝှက်စာစနစ် ပါသည့် အပ်ပလီကေးရှင်းများကို အသုံးပြု၍ ဆက်သွယ်နိုင်ကြောင်း Myanmar Internet Project က အကြံပြုထားသည်။

    အရေးကြီးသည့်အချက်အလက်များ(ဓာတ်ပုံ၊ စာနှင့်အဆက်အသွယ်)ကို မိမိ၏ဖုန်းတွင် တိုက်ရိုက်မသိမ်းဘဲ လုံခြုံရေး ကောင်းမွန်သည့် Cloud Storage တစ်ခုခုတွင် သိမ်းဆည်းသင့်ကြောင်း၊လိုအပ်ချိန်တွင် Airplane Mode အသုံးပြုပြီး တာဝါနှင့်ယာယီအဆက်သွယ် ဖြတ်တောက်သင့်ကြောင်း၊ လုံခြုံရေးအရ ပိုမိုစိတ်ချ ရစေရန် Aluminium Foil များနှင့် ထုပ်ပိုး၍သိမ်းပြီး ဖုန်းနှင့်တာဝါတိုင်အကြားအဆက်သွယ် ဖြတ်တောက်သင့်ကြောင်း၊ IMEI မှတ်ပုံမတင်ထားသော မိုဘိုင်းကိရိယာ (Device) တစ်ခုကို ဆင်းကဒ်(Sim Card)ထည့်သွင်းအသုံးပြုခြင်းမရှိပဲ စိတ်ချရသည့် ဝိုင်ဖိုင်(WIFI)ဖြင့် ချိတ်ဆက်ပြီး အသုံးပြုသင့်ကြောင်း ဆက်လက်အကြံပြုထားသည်။

    ထို့ပြင် မိုဘိုင်းလ် အက်ပ်(App)များ၏တည်နေရာတောင်းခံမှုကို မလိုအပ်ပါက ခွင့်မပြုသင့်ကြောင်း၊ Two Step Verification(2FA)အသုံးပြုရာတွင် ဆင်းကဒ်(SIM SMS)ကိုမသုံးဘဲ Google Authenticator ကဲသို့ စိတ်ချ ရသည့်နည်းလမ်းကို အသုံးပြုသင့်ကြောင်း၊ IMEI မှတ်ပုံမတင်မီ မိမိဖုန်းအတွင်းရှိ အရေး ကြီးအချက်အလက်များကို လုံခြုံသည့်နေရာတွင် ပြောင်းလဲသိမ်းဆည်း ပြီး ဖုန်းအတွင်း အပြီးဖျက်ပစ်သင့်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဖုန်းများ သည် အလိုလျောက်မှတ်ပုံတင်ပြုလုပ်သွားမည် ဖြစ် သဖြင့် အမြန်ဆုံးဆောင် ရွက်ရန်လိုအပ်ကြောင်း အကြံပြုသည်။

    မိုဘိုင်းလ် Android ဖုန်းများတွင် Encrypt ဖုန်းလုပ်ထား မထား စစ်ဆေးပြီး မပြုလုပ်ထားပါက ပြုလုပ်သင့်ကြောင်း၊ ဖုန်းအား Lock Screen မဖြစ်မနေပြု လုပ်ပြီး လုံခြုံစိတ်ချရသည့် VPN များကို အမြဲအသုံးပြုရန် အကြံပြုထား သည်။

  • ‎စစ်တွေ ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီး စစ်ကော်မရှင် ဒါဇင်နှင့်ချီသေဆုံးသွားသောကြောင့် စစ်သင်္ဘော ၁၀စီးခန့်အထိ အင်အားတိုးချ

    ‎စစ်တွေ ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီး စစ်ကော်မရှင် ဒါဇင်နှင့်ချီသေဆုံးသွားသောကြောင့် စစ်သင်္ဘော ၁၀စီးခန့်အထိ အင်အားတိုးချ

    ‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြောက်ဘက်ရှိ ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်က စစ်သင်္ဘောနှင့် လုံခြုံရေးအင်အား တိုးချလိုက်ကြောင်း သိရသည်။

    ‎‎ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း ရခစ ၁၇ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်မှစကာ AA က အမြန်ရေယာဉ်များဖြင့် လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎‎”စစ်တွေမြို့နဲ့ ဆတ်ရိုးကျချောင်းကို တံတားတစ်ခုနဲ့ဆက်သွယ်ထားပြီး အဲဒီ့ ဘီလူးမတံတားကိုသာ အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ရင် ရေတပ်နဲ့ စစ်တွေတပ်နယ်က ကုန်းလမ်းခရီး အဆက်အသွယ်ပြတ်သွားမှာ ဖြစ်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။

    ‎ကမ်းထိုးရေယာဉ်များနှင့် အင်အား၊ ရိက္ခာဖြည့်တင်းသည့် စစ်တပ်သုံး ရွှေမင်းဂံဆိပ်ကမ်းရှိ ရေတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးကာ ပြီးခဲ့သည့်ရက်ပိုင်းမှ အလောင်းကောက်ယူနိုင်သည့်အတွက် အလောင်းများ ပုပ်ပွပျက်စီးနေကြောင်း သိရသည်။

    ‎ဆိပ်ကမ်းတစ်ဘက်ခြမ်းအထိ AA၏ အမြန်ရေယာဉ်များနေရာယူလာသည့်အခြေအနေကြောင့် စစ်ကော်မရှင်က စစ်တွေမြို့အနီးပင်လယ်ပြင်တွင် စစ်သင်္ဘော ၁၀စီးခန့် အင်အားတိုးချလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

    ‎အင်အားနည်းသည့် ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်ကအင်အားအလုံးအရင်း ချထားခြင်းဖြစ်သည်။

    ‎ရွှေမင်းဂံ ရေတပ်စခန်း၊ ပွိုင့်ကမ်းခြေ၊ ဝါဘိုနှင့် ဇော်မဒက်ရှိ စစ်တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် ပုဏ္ဏားကျွန်း၊ ရသေ့တောင် နယ်မြေများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။