Author: Baby Yit Lone

  • စက်သုံးဆီတန်းစီရင်း မူးလဲ၊ သေဆုံးမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပေါ်

    စက်သုံးဆီတန်းစီရင်း မူးလဲ၊ သေဆုံးမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပေါ်

    မြန်မာနိုင်ငံတဝန်းတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီအကြပ်အတည်းကြောင့် ဆီဆိုင်ကြီးများတွင် တန်းစီဝယ်ယူကြသူများ အပူဒဏ်ကြောင့် မူးလဲခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်သည်မှာ လေးကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

    စစ်ကော်မရှင်က စက်သုံးဆီဝယ်ယူနိုင်ခွင့်ကို စုံ၊ မ ရက်ခွဲခြင်း၊ QR ကုတ်ဖြင့်သာ ဝယ်ယူခွင့် ပေးခြင်းအပြင် ယာဥ်အင်ဂျင်ပါဝါအလိုက် ဝယ်ယူနိုင်မည့် ဆီပမာဏကို ကန့်သတ်ထားပြီး အများဆုံး တပတ်လျှင် နှစ်ကြိမ်သာ ဝယ်ယူခွင့် သတ်မှတ်ထားသည်။

    နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင်များတွင် လူကြီး၊ လူငယ်မရွေး ယာဉ်အစီးရေ ရာနှင့်ချီသည် စက်သုံးဆီ ရရှိရေး နေ့စဉ်တန်းစီနေကြပြီး နွေရာသီအပူဒဏ်ကို အမိုးအကာမဲ့ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

    “လူကြီးတွေ မပြောနဲ့ ကျွန်တော်တို့ လူငယ်တွေတောင်မခံနိုင်ဘူးဗျ။ ဆိုင်ကယ်နဲ့လူတွေဆို ပိုခံရတာပေါ့။ ပြီးတော့ဗျာ နာရီနဲ့ချီ တန်းစီပြီး ရရင်ကျ အကန့်အသတ်နဲ့၊ တော်တော်ဆိုးဆိုးပဲ” ဟု လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

    မတ်လ ၂၇ ရက် နံနက် ၁၀ နာရီဝန်းကျင် အချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ စက်သုံးဆီရရှိရေး ဆိုင်ကယ်ဖြင့် တန်းစီနေသည့် အသက် ၇၀ အရွယ် အဖိုးအိုတဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတဦး သတိမေ့၊ မူးလဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

    မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင်လည်း ရန်ကုန်တိုင်း ၊ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်၌ အငှားယာဉ်မောင်းနေသည့် မြန်မာသံအဆိုတော် ပက်ထရစ်တင်ထွန်း ဆိုသူသည် စက်သုံးဆီ ရရှိရေး တန်းစီရင်း ၎င်း၏ အငှားယာဉ်ပေါ်၌ပင် သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။

    မတ်လ ၂၅ ရက် မွန်းလွဲပိုင်းတွင်လည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ ဆီတန်းစီဝယ်ယူပြီး အိမ်ပြန်လာသည့် အသက် ၆၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သိရသည်။

    အလားတူ မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ် ၊ မုဒွန်းရွာတွင် မတ်လ ၂၃ ရက်၌ စက်သုံးဆီရရှိရေးအတွက် မနက်ခင်းကပင် ညနေအထိ တန်းစီပြီးနောက် အိမ်ပြန်လာသည့် အသက် ၄၀ ကျော်အရွယ် တက်ဆီယာဉ်မောင်း သက်လတ်ပိုင်းအမျိုးသားတဦး သွေးပေါင်ထိုးကျကာ ခေါင်းကိုက်ဝေဒနာခံစားရပြီးနောက် သေဆုံးခဲ့သည်။

    “ဆီတွေကလေ မနက် ၅ နာရီက တန်းစီတာ ညနေ ၅ နာရီထိုးမှရတယ်။ ဆီတန်းစီရင်း မူးလဲကြတာ သုံးလေးယောက်ရှိတယ် ။ ဒီနေ့လေ ပူလိုက်တာ သေမတတ်ပဲ ”ဟု မရမ်းကုန်းမြို့နယ်နေသူ တဦးက ယနေ့ ညနေပိုင်းတွင် ပြောသည်။

    ထို့အပြင် ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးတို့တွင်လည်း နေ့အပူဒဏ်ကြောင့် ဆီတန်းစီရင်း မူးဝေသူများ ရှိကြောင်း သိရသည်။

    မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ နေ့လယ်ပိုင်း အပူချိန်များမှာ နေပြည်တော် နှင့် ရန်ကုန် တွင် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ၊ မန္တလေးမြို့ တွင် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်တို့ ဖြစ်သည်။

    ယနေ့မှ လာမည့် ဧပြီလ ၂ ရက် အထိ မိုးလေဝသ ခန့်မှန်းချက်များမှာ – နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး ၊ မကွေး ၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ ၊ တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် ၉၃ ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်၊ ကယား၊ ရခိုင်၊ ရှမ်း မြောက်ပိုင်းနှင့် ရှမ်း အရှေ့ပိုင်းတွင် ၈၂ ဒီဂရီ ဖာရင်ဟိုက်မှ ၉၂ ဒီဂရီ ဖာရင်ဟိုက်အထိ ၊ ချင်းနှင့် ရှမ်းတောင်ပိုင်းတွင် ၇၁ ဒီဂရီ ဖာရင်ဟိုက်မှ ၈၁ ဒီဂရီ ဖာရင်ဟိုက်အထိ ခန့်မှန်းထားသည်။

    စက်သုံးဆီတန်းစီသူများအနေဖြင့် နေပူရှိန်ပြင်းလွန်း၍ လေဝင်လေထွက်ကောင်းသည့် အဝတ်များ ဝတ်ဆင်သင့်ကြောင်း၊ တတ်နိုင်သမျှ အရိပ်များတွင် နားခိုသင့်ကြောင်း၊ ရေများများသောက်သင့်ကြောင်း၊ ဓာတ်ဆားရည် မကြာခဏ သောက်ပေးသင့်ကြောင်းနှင့် နေပူလွန်းချိန်၌ အိမ်၌ပင် နားနေသင့်ကြောင်း၊ ညနေစောင်းများ၊ နံနက်အစောပိုင်းများတွင်သာ စက်သုံးဆီတန်းစီသင့်ကြောင်း CDM ဆရာဝန်တဦးက သတိပေးပြောကြားသည်။

    စစ်ကော်မရှင်တပ်က စက်သုံးဆီဝယ်ယူခွင့်ကို ကန့်သတ်ရုံသာမက စက်သုံးဆီစျေးနှုန်းကိုလည်း လေးပတ်ဆက်တိုက် မြှင့်တင်လျက်ရှိရာ ယနေ့ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများမှာ ဓာတ်ဆီ 92 တလီတာလျှင် ၄,၄၅၀ ကျပ်၊ ဓာတ်ဆီ 95 တလီတာလျှင် ၄,၉၇၅ကျပ်၊ ဒီဇယ် တလီတာ ၅,၄၅၀ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာလျှင် ၆,၀၈၅ ကျပ် အထိ မြင့်တက်လာခဲ့သည်။

    မှောင်ခိုဆီစျေးကွက်များလည်း ဒေသအလိုက် ပေါ်ပေါက်လျက်ရှိပြီး ပျမ်းမျှအားဖြင့် ဓာတ်ဆီ တလီတာလျှင် ကျပ်ငွေ ၁၀,၀၀၀ အထက်၊ ဒီဇယ် တလီတာလျှင် ၁၅,၀၀၀ ကျပ်အထက် အနည်းဆုံး ပေါက်စျေးရှိနေသည်။

  • လင်းခန့်မောင် သေဆုံးသွားခဲ့ရတဲ့ အကြောင်းရင်းအမှန်ကို ဖွင့်ဟပြောလာတဲ့ အစ်မဖြစ်သူ

    လင်းခန့်မောင် သေဆုံးသွားခဲ့ရတဲ့ အကြောင်းရင်းအမှန်ကို ဖွင့်ဟပြောလာတဲ့ အစ်မဖြစ်သူ

    မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က မီးလောင်မှုမှာ သူမမောင်လေး လင်းခန့်မောင် သေဆုံးသွားခဲ့ရတဲ့ အကြောင်းရင်းအမှန်ကို ဖွင့်ဟပြောလာတဲ့ အစ်မဖြစ်သူ

    မတ်လ ၂၆ ရက်နေ့မနက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှမ်းဝိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီး ရင်းနှီးသူတွေ အနီးအနားကသူတွေက သူတို့သိထားကြားထားတဲ့ အကြောင်းအရာတချို့ကို ပြောခဲ့ကြတာတွေ့ရပါတယ်။

    ဒါပေမယ့် ဒီနေ့မှာတော့ သေဆုံးသွားသူ မောင်လင်းခန့်မောင်ရဲ့ အဲဒီနေ့က အကြောင်းအရင်း အဖြစ်မှန်ကို ထုတ်ဖော်ပြောပြလာခဲ့တာပါ။

    သူမက ” သူမမောင်လေးမွေးနေ့လည်း မဟုတ်သလို သူမမောင်လေးက အိပ်နေတာလည်း မဟုတ်ကြောင်း၊

    အမေဖြစ်သူက သောကြာနေ့တိုင်း အလှူလုပ်နေကျမို့ ဆီလှူဖို့လုပ်နေတာသာဖြစ်ပြီး ဆီသိုလှောင်ထားတာလည်း မဟုတ်ကြောင်း

    မောင်လင်းခန့်မောင်က အမေဖြစ်သူကို ခေါင်မိုးအထိ တွန်းတင်ပြီး ကယ်တယ်ဆိုတာလည်း မဟုတ်ကြောင်း

    သူမရဲ့မောင်လေး လင်းခန့်မောင်က ကြောက်တတ်လို့ အပေါ်တက်ပြေးရင်း နဲ့ လွတ်လမ်းမရှိ ဖြစ်သွားတာသာ ဖြစ်ကြောင်း” ပြောလာခဲ့တာဖြစ်ပါတယ်။

    မောင်လင်းခန့်မောင် ၁၆ နှစ်ရဲ့ နာရေးကိုတော့ ဒီကနေ့ မတ်လ ၂၇ရက် နေ့လယ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    27-3-2026 တောင်အင်းမြောက်အင်းသို့ မီးသဂြိုလ်ခဲ့ပါပြီ

    လူတွေစည်လိုက်တာမောင်လေးရယ် ထင်မထားဘူး

    ငါ့မောင်လေးက လူချစ်လူခင်ပေါရှာတာနေမှာ

    သနားလိုက်တာ စောလွန်းတယ်နော်

    မိစုံဖစုံရှိရက်နဲ့လိုက်မပို့နိုင်ခဲ့ကြဘူး

    မမတို့ကိုစိတ်ချနော်

    စိတ်ချလက်ချသွား

    ကောင်းရာဘုံဘဝရောက်မှာ မမသိတယ်နော် သိလား

    အဖေနဲ့အမေကိုမမတို့ကျန်တဲ့အကြီး၃ယောက် စောင့်ရှောက်မယ်

    ကလေးလေး စိတ်ချလက်ချစိတ်ဖြောင့်”နဲ့သွားနော်

    Khin Me Me Zaw

  • မိန်းမတွေ ဘုန်းကံနည်းလို့ ငလျင်လှုပ်သတဲ့

    မိန်းမတွေ ဘုန်းကံနည်းလို့ ငလျင်လှုပ်သတဲ့

    မြန်မာပြည်အထက်ပိုင်းမှာ လွန်ခဲ့တဲ့ ၁နှစ်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ စစ်ကိုင်းဗဟိုပြုငလျင်ကြောင့် လူဦးရေ ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး၊ ဒီအထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၈.၈ သန်း ပါဝင်တယ်လို့ UN Women က ထုတ်ပြန်ခဲ့ပါတယ်။

    အလားတူပဲ အာဏာသိမ်းစစ်အစိုးရကလည်း သေဆုံးသူ ၃,၇၅၉ ဦးနဲ့ ဒဏ်ရာရသူ ၅,၀၀၀ ကျော်ခဲ့တယ်လို့ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

    မြန်မာ့သမိုင်းမှာ ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအများဆုံးစာရင်ဝင်ခဲ့တဲ့ ငလျင်ဒဏ်သင့် ကိန်းဂဏန်းတွေနဲ့ ထုတ်ပြန်ချက်တွေရဲ့ နောက်ကွယ်မှာ အမျိုးသမီးတချို့ရဲ့ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေဟာ ၁နှစ်တင်းတင်းပြည့်လာတဲ့ တိုင်အောင် မပျောက်မပျက်ဘဲ ရှိနေဆဲဖြစ်ပါတယ်။

    ငလျင်ကြောင့် ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရရှိသူစာရင်းတွေထဲမှာ မပါဝင်ခဲ့ပေမယ့် အသက်သာရှိနေပြီး စိတ်ဝိဉာဏ် မရှိတော့သလို စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးတွေထဲက တဦးကတော့ စစ်ကိုင်းမြို့၊ မင်းကွန်းရွာလေးက *ဒေါ်နန်းစောဖြစ်ပါတယ်။

    ငလျင်ဗဟိုချက်နဲ့ နီးကပ်တဲ့ သူတို့ရွာလေးမှာ ငလျင်ကြောင့် အိမ်ပြိုကျချိန် ခင်ပွန်းဖြစ်သူဟာ အိမ်ထဲပိတ်မိနေခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

    ငလျင်ကြောင့် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ ဝမ်းနည်းပူဆွေးနေခဲ့ရတဲ့ ဒေါ်နန်းစောဟာ လွန်ခဲ့တဲ့ ၁နှစ်ကတည်းက အခုအချိန်ထိ အားပေးနှစ်သိမ့်မှုတွေအစား ယောက္ခမဖြစ်သူဆီမှာ မြည်တွန်တောက်တီးခံရတာ၊ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းကြားမှာ လူမှုရေးအရ ပြစ်တင်ရှုံ့ချခြင်းတွေနဲ့သာ ရှင်သန်ခဲ့ရပါတယ်။

    ရွာမှာရှိတဲ့ အယူသည်းသူ လူကြီးတချို့ကပါ ကူညီဖေးမမယ့်အစား “မိန်းမတွေက ဘုန်းကံနည်းလို့၊ ဘာသာတရားကို ရိုသေမှုမရှိလို့ အခုလို ကပ်ဆိုးတွေ ဆိုက်တာ”လို့လည်း သူတို့တွေက ရွာထဲမှာ စကားတွေဖြန့်ခဲ့ကြတယ်။ ဒါတွေကြောင့် ဒေါ်နန်းစောဟာ ပတ်ဝန်းကျင်မှာ မျက်နှာမဖော်ရဲခဲ့ပါဘူး။
    သူ့အဖို့ ရရှိခဲ့တဲ့ ဒဏ်ရာတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ မဟုတ်ဘဲ “ဘာသာရေး၊ အစဉ်အလာနဲ့ ရှေးရိုးအယူအဆတွေ” ကို အလွဲသုံးစားပြုတဲ့ ရှေးရိုးစွဲ လူတချို့ကပေးတဲ့ နက်ရှိုင်းတဲ့ဒဏ်ရာတွေဖြစ်တယ်။

    ဒေါ်နန်းစောက အိမ်ထောင်ကျပြီး ၁ နှစ်အကြာမှာ မိဘတွေဆုံးပါးသွားလို့ ခင်ပွန်းဖြစ်သူရဲ့အိမ်မှာ ယောက္ခမတွေနဲ့အတူ နေထိုင်ခဲ့ရတယ်။ အယူအဆဟောင်းတွေမရှိကြတဲ့ သူတို့ဇနီးမောင်နှံဟာ အိမ်ထောင်ကျစဉ်ကတည်းက အဝတ်အထည်တွေ ကို လျှော်ဖွက်တဲ့အခါ အားလုံးကို အတူထည့်လျှော်တဲ့အပေါ် ရှေးရိုးစွဲသူတဦးဖြစ်တဲ့ ယောက္ခမက မကျေနပ်မှုတွေ၊ မြည်တွန်တောက်တီးမှုတွေကြောင့် သူတို့နဲ့ မကြာခဏစကားများတာတွေလည်း ရှိခဲ့ပါတယ်။

    ဒေါ်နန်းစောတို့ရပ်ကွက်ထဲက နေအိမ်တွေဟာ တအိမ်နဲ့ တအိမ် နီးကပ်နေတကြောင့် အဝတ်လှမ်းဖို့ နေရာမရှိတဲ့အတွက် တခါတရံ အတွင်းခံတွေကို အပြင်ထုတ်လှမ်းတိုင်းလည်း ယောက္ခမဖြစ်သူက ဆူပူတတ်ပါတယ်။ သားဖြစ်သူကိုလည်း “မယားကို အလိုလိုက်တယ်၊ အိမ်ရှေ့အဝတ်လှမ်းတာ၊ အမျိုးသားတွေ မြင်သာတဲ့ နေရာမှာ မိန်းမအတွင်းခံတွေ လှန်းတာ တွေဟာ ဘုန်းကံနိမ့်စေတဲ့အပြင် အိမ်ရဲ့စီးပွားရေးကိုလည်း လာဘ်တိတ်စေတယ်” လို့ မကြာခဏပြောလေ့ရှိပါတယ်။

    နားမထောင်တဲ့သူတို့ဇနီးမောင်နှံကိုလည်း “တနေ့ ဒုက္ခရောက်တွေ့မယ်၊ အိမ် ပြာဖြစ်လိမ့်မယ်”လို့ အမြဲပြောလေ့ရှိပါတယ်။
    ငလျင်လှုပ်တဲ့နေ့က ဒေါ်နန်းစောနဲ့ ကလေး ၃ ယောက်က အလှူတခုကို ရောက်နေခဲ့လို့ အသက်ဘေးက လွတ်ခဲ့ရပြီး၊ သူ့သားဖြစ်သူ အိမ်ထဲမှာပိတ်မိသေဆုံးသွားတဲ့အပေါ် ယောက္ခမ ဖြစ်သူက အပြစ်ရှာပြီး လူပုံအလယ်မှာ အရှက်ခွဲတာတွေ အမြဲတစေ ပြုလုပ်ခဲ့ပါတယ်။

    အိမ်ရှေ့ မှာအမျိုးသမီးအတွင်းခံတွေလှန်းပြီး ခင်ပွန်းကို မလေးမစားလုပ်ခဲ့လို့၊ ဘုန်းနိမ့်စေတဲ့အပြုအမူတွေကြောင့် အခုလို ကံဆိုးမိုးမှောင်ကျတာလို့ စွပ်စွဲခံနေခဲ့ရပါတယ်။

    အသက် ၄၅ နှစ်အရွယ် ဒေါ်နန်းစောက “မိန်းမနဲ့ ယောက်ျားအဝတ်တွေအတူလျှော်တယ်၊ ယောက်ျားကို ကျော်ခွသွားတယ် ဆိုပြီး ယောက္ခမက နေ့တိုင်းကို ဆူပူနေခဲ့တာ၊ အဲ့လိုတွေလုပ်လို့ သူ့သား သေရတယ်ပေါ့၊ နေ့တိုင်း ကျမကို ပြစ်တင် ထုရိုက် နေတာ”လို့ ပြောပါတယ်။

    အဲဒီလိုပဲ ဘာသာရေးဆိုင်ရာ တင်းကျပ်တဲ့ အယူသည်းသူ လူကြီးတချို့ကလည်း ဒါကြောင့် သူ့ခင်ပွန်းဖြစ်သူက ကပ်ဆိုး ဆိုက်ခဲ့ရတယ်လို့ စွပ်စွဲပြောဆိုတာတွေခံခဲ့ရပါတယ်။

    ထူးခြားတဲ့နောက်အတွေ့အကြုံတချို့ ကတော့ လွန်ခဲ့တဲ့ ၆ လလောက်က သူငယ်ချင်း မင်္ဂလာဆောင်ဖိတ်တာ လူကိုယ်တိုင် မသွားနိုင်တဲ့အတွက် လက်ဖွဲ့ငွေပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းမိသားစုက ဒေါ်နန်းစော ပေးတဲ့ငွေက ခိုက်တတ်တယ် ဆိုတဲ့အယူအဆနဲ့ လက်မခံတာမျိုးနဲ့ ကြုံခဲ့ရသလို၊ နောက်ထပ် ကလေး ရက် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတခုမှာလည်း ဒေါ်နန်းစောက ကလေးအတွက်လိုအပ်တဲ့ပစ္စည်းတွေလေးတွေကို လက်ဆောင်အဖြစ်ပေးပို့ တဲ့အခါမှာလည်း ကံနိမ့်သူပေးတာမို့ လက်မခံနိုင်ပါဆိုပြီး ပစ္စည်းတွေကို ပြန်ပို့ပေးတာမျိုးနဲ့ ကြုံခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်း ပတ်ဝန်းကျင်ကပါ ဒေါ်နန်းစောကို တွေ့တာနဲ့ “တွေ့လား၊ သူလိုမလုပ်နဲ့နော်၊ နင်တို့ယောက်ျားတွေ အကုန် ဘုန်းနိမ့်ပြီး သေကုန်ကြလိမ့်မယ်”ဆိုတဲ့စကားမျိုးကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုးနဲ့သိမ်ငယ်အောင်လုပ်ကြတာတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။

    ငလျင်ကြောင့် အိုးအိမ်ထိခိုက်ကာ အမျိုးသားဖြစ်သူ ဆုံးရှုံးရုံတင်မကဘဲ လူမှုအသိုင်းအဝိုင်းရဲ့အယူအဆအမှားတွေကြောင့် စိတ်ပိုင်းဆိုင်ရာပါ ထပ်မံအသတ်ခံရသလို ခံစားခဲ့ရတယ်လို့ ဒေါ်နန်းစောက ဖွင့်ဟပါတယ်။

    သူက “တခါတလေ ကျမ အားလုံးကိုထားခဲ့ပြီး တယောက်ထဲထွက်သွားချင်ခဲ့တယ်၊ သတ်သေချင်တဲ့စိတ်လည်း ခဏခဏ ဖြစ်တယ်၊ ယောက္ခမကိုလည်း မျက်နှာချင်းဆိုင်ဖို့ ကြောက်လာလို့ အကြော်တဲမှာပဲ နေတော့တယ်၊ အိမ်ပေါ်မသွားတော့ဘူး” လို့ ခပ်ညည်းညည်းပြောပြပါတယ်။

    ဒေါ်နန်းစောတို့ဟာ အိမ်မှာ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ အာလူးကြော်ရောင်းတဲ့လုပ်ငန်း လုပ်ကိုင်ကြသူတွေဖြစ်တယ်။ ယခင် ကတော့ အော်ဒါစာရင်းယူတာ၊ ပစ္စည်းပို့တာတွေကို ဒေါ်နန်းစောက ကိုယ်တိုင်လုပ်ခဲ့တာပါ။

    ဒါပေမဲ့ ယောက္ခမကို မျက်နှာချင်းမဆိုင်လိုတဲ့အတွက် မီးဖိုချောင်၊ အာလူးကြော်တဲ့ တဲအိမ်လေးမှာသီးခြားနေထိုင်ပြီး အိမ်မှုကိစ္စနဲ့ အကြော်အိုးအတွက် ကြီးကြပ်လုပ်ဆောင်ပေးနေတယ်လို့ ဒေါ်နန်းစောက ဆိုပါတယ်။

    “ကျမ အိမ်ထောင်ကျကတည်းက အခုထိယောက္ခမကို လေးလေးစားစားဆက်ဆံတယ်၊ ဒါပေမယ့် ကျမကြောင့် သူ့သား သေရတယ်လို့ အပြစ်တင်တာကြီးကတော့ အရမ်းဆိုးတယ်၊ အဲ့လိုစကားတွေကြောင့် ကျမမှာ လူတောတိုးရမှာ ကြောက်လာတယ်၊ အရင်ကတော့ လုပ်ငန်းရှင်ပေါ့၊ အခုတော့ ဒီအိမ်ရဲ့အိမ်ဖော်ပါ”လို့ ဒေါ်နန်းစောက ဆိုပါတယ်။

    ဒါဟာ သဘာဝဘေးအန္တရာယ်လို့မြင်ရမယ့်အစား အမျိုးသမီးတယောက်ရဲ့နေ့စဉ်ရှင်သန်မှု၊ ခန္ဓာကိုယ်၊ အကျင့်စာရိတ္တ၊ ဝတ်စားဆင်ယင်မှုတွေအပေါ် ခွဲခြားသတ်မှတ်ချက်တွေနဲ့အပြစ်ပုံချတတ်တဲ့ အယူအဆအမှားတွေဟာ အမှန်တကယ် နစ်နာခဲ့ရသူတွေရဲ့ဘဝကို ဒုတိယအကြိမ် ထပ်မံဘေးသင့်နေစေသလိုဖြစ်နေတာကိုတွေ့ရပါတယ်။

    ဒီလို အယူအဆအဟောင်းအမျင်းတွေနဲ့ပတ်သက်လို့ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးကျော်ဇင်ကတော့“အဲ့ဒါတွေက ခေတ်နဲ့လည်း မညီတော့ဘူး၊ ဒါကြီး မှားနေတာ သိရက်နဲ့တော့ မသုံးသင့်ဘူး၊ တကယ်တော့ ငလျင်လှုပ်တာဟာ သဘာဝဘေးလေ၊ ဒါကို အမျိုးသမီးတွေရဲ့ ထဘီလှန်းတာနဲ့ သွားဆက်စပ်တာဟာ အင်မတန်ရယ်စရာကောင်းသလို စိတ်ပျက်ဖို့လည်း ကောင်းတယ်”လို့ သူ့အမြင်ကို ထောက်ပြပါတယ်။

    အသက် ၇၀ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဦးကျော်ဇင်တယောက် အိမ်ထောင်ကျစငယ်ဘဝကလည်း ရှေးရိုးစွဲမိဘတွေရဲ့ ဆိုဆုံးမမှုတွေကို နာခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီကတည်းက တချို့အယူအဆတွေဟာ ခေတ်နဲ့မလျော်ညီတော့ဘူးဆိုတာကို သူသဘောပေါက်နားလည်ခဲ့တယ်။

    ဒါ့ကြောင့်လည်း ခေတ်ကာလနဲ့မလျော်ညီတဲ့ ရှေးထုံးတွေကို သူ့သားသမီးတွေကို လက်ဆင့်ကမ်းမပေးဘူးလို့ ဆိုပါတယ်။

    “ကျနော်တို့အမျိုးသားတွေရဲ့ဘုန်းဆိုတာ အမျိုးသမီးတွေကို ဖိနှိပ်ထားမှ ရတာမဟုတ်ဘူး၊ တကယ့်ဘုန်းကံဆိုတာ ကိုယ့် မိသားစု၊ ကိုယ့်ဇနီးမယားကို ဘေးအန္တရာယ်ကြားမှာ ဘယ်လောက် ကာကွယ်ပေးနိုင်သလဲ၊ ဘယ်လောက် စာနာပေးနိုင် သလဲ ဆိုတဲ့အသိစိတ်ပေါ်မှာပဲ မူတည်ပါတယ်၊ အမျိုးသမီးတွေကို အပြစ်တင်နေမယ့်အစား သူတို့ရဲ့စိတ်ဒဏ်ရာကို ကုစားပေးဖို့က ကျနော်တို့အမျိုးသားတွေရဲ့တာဝန် ဖြစ်သင့်ပါတယ်”လို့လည်း ဦးကျော်ဇင်က မှတ်ချက်ပြုပါတယ်။

    ဒါပေမယ့် ငလျင်ဒဏ်သင့်ရတာတဖက်၊ ဒီလို ရှေးယူအစဉ်အလာတွေရဲ့ ခွဲခြားနှိမ်ချပြစ်တင်မှုတွေကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်နစ်နာရတာတဖက်နဲ့ ရင်ဆိုင်ကြုံတွေရတာဟာ ဒေါ်နန်းစောတယောက်တည်း မဟုတ်ပါဘူး။

    အသက်လုပြေးလွှားရတဲ့ သဘာဝဘေးဒဏ်ကြားက အမျိုးသမီးတယောက်ရဲ့ အဝတ်အစားအပေါ်မူတည်ပြီး ဘာသာရေး အယူအဆနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် ပညာသင်ကြားခွင့်ကိုဆုံးရှုံးလိုက်ရသလို အရွယ်ငယ်ငယ်နဲ့ အိမ်ထောင်ချထားခြင်းခံလိုက်ရတဲ့ မယာ့စ် လည်းပါဝင်ခဲ့တယ်။

    အသက် ၂၂နှစ်အရွယ် မယာ့စ်ဟာ မန္တလေးတိုင်းထဲက မြို့နယ်တခုက အစ္စလာမ်ဘာသာဝင် မိသားစုအများစုနေထိုင်ရာ ရပ်ကွက်တခုက ဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေဟာ ဘာသာရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေကို တင်းကျပ်လွန်း သူတွေဖြစ်သလို သူတို့မောင်နှမတွေရဲ့ လိုအပ်ချက်တွေကို အကုန်ဖြည့်ပေးပေမယ့် စည်းကမ်းမလိုက်နာရင်တော့ အပြစ်ပေးတတ်ပါတယ်။ သူဟာ မောင်နှမ ၅ယောက်အနက် အလတ် ဖြစ်ပါတယ်။

    မယာ့စ်က “တခါက ညီမလေးပေါ့၊ သူ အိမ်မှာနေရင်း ခေါင်းကို မခြုံထားမိဘဲ ကစားနေတာ၊ သူစိမ်းဧည့်သည်က အဖေနဲ့ ရုတ်တရက် အိမ်ထဲဝင်လာတော အမှတ်မထင် မြင်သွားလို့ဆိုပြီး ရိုက်တယ်၊ အခန်းထဲ တပတ်လောက်ပိတ်ထားခံရဖူးတယ်၊ အကိုတွေတော့ အဲ့လောက်မလုပ်ဘူး”လို့ ဖခင်ဖြစ်သူရဲ့ စည်းကမ်းတင်းကြပ်မှုကို ပြောပြပါတယ်။

    အစ္စလာမ်ဘာသာမှာ ပြဌာန်းထားတဲ့ အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယဉ်မှုမှာဆိုရင် အချက် ၃ချက်နဲ့အညီ ဝတ်ဆင်ကြရပြီး၊ သွေးသားရင်းအမျိုးသားတွေအရှေ့နဲ့ သူစိမ်းအမျိုးသားတွေအရှေ့ ဝတ်စားဆင်ယဉ်မှုကလည်း ကွာခြားပါသေးတယ်။

    ဒါ့အပြင် အစ္စလာမ်ဘာသာအမျိုးသမီးတွေဟာ ဆံပင်ကို ဖုံးအုပ်ထားရမယ်ဆိုတဲ့အချက်ကိုလည်း လိုက်နာကြရတယ်။ ဒီလို ဘာသာရေးအယူအဆပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ မယာ့စ်ဟာ ငလျင်လှုပ်ချိန်မှာတော့ ရေချိုးခန်းထဲ ရောက်နေခဲ့ပါတယ်။

    အိမ်နံရံတွေ အက်ကွဲပြီး အမိုးပြိုကျလုနီးနီးဖြစ်နေတဲ့အချိန်မှာ အပြင်ကို ပြေးထွက်ဖို့ ကြိုးစားပေမယ့် အဝတ်အစား မလုံခြုံ တာနဲ့ ခေါင်းပေါင်းမပါတာကြောင့် ခဏတော့ တုံ့ဆိုင်းနေခဲ့ပါသေးတယ်။ ဒါပေမဲ့ အသက်ရှင်ရေးအတွက် ထွက်လာခဲ့ ရတယ်။

    ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက လွတ်မြောက်လာပေမယ့် ဘေးလွတ်ရာရောက်ချိန်မှာ ဓလေ့ထုံးစံအရ ခေါင်းလည်း မဖုံးထားမိသလို၊ အဝတ်အစားကလည်း ရေစိုနေတော့ ကိုယ်နဲ့ကပ်သလိုဖြစ်နေပြီး အမြန်ဝတ်လာရလို့ ဖရိုဖရဲလည်းဖြစ်နေပါတော့တယ်။

    “ကိုယ့်ကိုယ်ကို မလုံလို့ အပါး(အဖေ)ကို လှမ်းကြည့်လိုက်တော့ မျက်လုံးကြီးပြူးပြီး ညီမကို လက်ညှိုးထိုး၊ စူးစူးကြီး ကြည့်နေတာ၊ အဲ့မှာ တော့ သိလိုက်ပါတယ်၊ အပြစ်လုပ်မိပြီဆိုတာ” လို့ မယာ့စ်က ပြောပါတယ်။

    ဒီလိုအခြေအနေတွေက မယာ့စ်တယောက်တည်းတင်မကဘဲ ငလျင်ကြောင့် အိမ်ထဲကနေ အိမ်ပြင်ကို အပြေးထွက်လာ ကြရတဲ့ မိန်းကလေးငယ်တချို့ဟာလည်း ဆံပင်မဖုံးနိုင်တာ၊ အန္တရာယ်ကြားပြေးလွှားလာရတဲ့အတွက် အဝတ်အစားတွေက မသေမသပ်ဖြစ်နေတာတွေရှိကြပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေ စုနေကြတဲ့ကယ်ဆယ်ရေးစခန်းရောက်ချိန်မှာတော့ သက်ကြီးပိုင်းတချို့က သူ့ကိုကြည့်ပြီး “ဒီလိုဝတ်တဲ့ မိန်းကလေးတွေကြောင့် ငလျင်လှုပ်တာ၊ ဒါ ဘုရားသခင်က ဒဏ်ခတ်တာ”လို့ ပြောခံခဲ့ရပါတော့တယ်။

    သက်ကြီးရွယ်အိုအမျိုးသားတွေဟာ အသက်ဘေးက လွတ်မြောက်လာခဲ့တဲ့ မိန်းကလေးငယ်တွေကို ကြည့်ပြီး “ ဒီလောက် ဘေးဒုက္ခရောက်နေတာတောင် မိန်းကလေးတွေက အဝတ်အစားကို သတိမထားဘူး” လို့လည်း ဝေဖန်တာတွေ ကြားခဲ့ရ တယ်လို့ မယာ့စ်က ပြန်ပြောင်းပြောပြပါတယ်။

    ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေနဲ့အတူ သူ့ဖခင်ဖြစ်သူကလည်း မယာ့စ်က သူ့ကို အရှက်ရစေတယ်၊ မိသားစုရဲ့ဂုဏ်သိက္ခာကို မလေးစားဘူးလို့ စွပ်စွဲပြီး အပြစ်တင်နေခဲ့ပါတော့တယ်။ ပျက်စီးသွားတဲ့ အိမ်ကို ပြန်လည်ပြင်ဆင်ပြီးချိန် ကယ်ဆယ်ရေး စခန်းကနေ အိမ်ကို ပြန်ရောက်ချိန်မှာတော့ မယာ့စ်ကို နိုင်ငံခြားပညာသင် မလွှတ်တော့ဘဲ အိမ်ထောင်ချထားဖို့ အမြန်ဆုံး စီစဉ်ခဲ့ပါတော့တယ်။

    အသက် ၂၅ နှစ်အရွယ် အိုင်တီပညာရှင်တဦးဖြစ်တဲ့ ကိုရှာရစ်ကတော့ အစ္စလာမ်ဘာသာဟာ (Life Protection)လို့ခေါ်တဲ့ အသက်ရှင်သန်ခွင့်ကို အရာအားလုံးထက် ဦးစားပေးပြီး၊ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေမှာ ဝတ်စားဆင်ယင်မှုထက် အသက်ရှင်ဖို့ ပိုအရေးကြီးတယ်ဆိုတာ ဘာသာရေးစာပေတွေမှာလည်း အတိအလင်း ရှိပါတယ်လို့ ပြောပြပါတယ်။

    မယာ့စ်ကို အခုလိုအပြစ်တင်ကြတာဟာ ဘာသာရေးကြောင့်မဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ကျဉ်းမြောင်းတဲ့ အယူအဆတွေ ကြောင့် ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

    “ဘေးအန္တရာယ်ကြားက ရှင်သန်အောင် ကြိုးစားခဲ့တာကို အားပေးရမယ့်အစား ဒီအမျိုးသမီးတွေရဲ့အဝတ်အစားကို လက်ညှိုးထိုးတာဟာ ကျနော်တို့ ဘာသာတရားရဲ့အနှစ်သာရဖြစ်တဲ့ ကရုဏာတရားနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်၊ သူ့ကို ပညာသင်ခွင့် ပိတ်ပင်ပြီး အတင်းအဓမ္မ လက်ထပ်ပေးဖို့ ကြိုးစားတာဟာ သူ့ဘဝကို တရားမျှတမှု မရှိဘဲ အဆုံးစီရင် လိုက်တာနဲ့ အတူတူပဲ” လို့ ကိုရှာရစ်က ဝေဖန်ထောက်ပြပါတယ်။

    မယာ့စ်လို လူငယ်အမျိုးသမီးတွေရဲ့ပညာရေးနဲ့ အနာဂတ်ကို ဒီလိုအယူအဆအမှားတွေနဲ့ ကန့်သတ်လိုက်တာက နိုင်ငံ အတွက် အဖိုးတန်တဲ့လူသားအရင်းအမြစ်တွေကို ဆုံးရှုံးစေခဲ့သလို ကာယကံရှင်အတွက်လည်း ငလျင်ဘေးကြောင့် ကြောက်လန့်မှုထက် “ငါဟာ အန္တရာယ်ဖြစ်နေချိန်မှာတောင် ကိုယ့်အသက်ထက် ဝတ်စားဆင်ယင်မှုက ပိုအရေးကြီးနေ တာလား”ဆိုတဲ့ မေးခွန်းက သူ့စိတ်ကို ပိုလို့နာကျင်စေခဲ့တယ်။

    သဘာဝဘေးအန္တရာယ်ဟာ လူတိုင်းအပေါ် တန်းတူသက်ရောက်ပေမဲ့၊ ဘာသာရေး အယူအဆတွေအောက်မှာတော့ အမျိုး သမီးတွေဟာ အရေးပေါ်အခြေအနေမှာတောင် သူတို့ရဲ့ခန္ဓာကိုယ်နဲ့ အဝတ်အစားအတွက် ဝေဖန်စောင့်ကြည့် အနိုင်ကျင့် ခံနေရတယ်၊ ဘေးအန္တရာယ်ကြားမှာ အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဘာသာရေးဆိုင်ရာ ဖိအားအကြား ဘယ်လောက်ထိ ထိခိုက်လွယ်နေတယ်ဆိုတာကို ဆိုတာကို ဒေါ်နန်းစောနဲ့ မယာ့စ်တို့ရဲ့ အတွေ့အကြုံတွေက သက်သေပြနေ ပါတယ်။

    အလားတူပဲ သဘာဝဘေးဖြစ်လို့ ပြန်လည်ဝိုင်းဝန်းကူညီချိန်၊ ပြန်လည်ထူထောင်ပေးချိန်မှာ အမျိုးသမီးဖြစ်နေတဲ့အတွက် ခွဲခြားချန်လှပ်ခံရတာမျိုးတွေကို ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါသေးတယ်။

    တယောက်ချင်းစီရဲ့ လူမှုဘဝတွေတင်မကဘဲ ဘာသာရေးနယ်ပယ်ထဲမှာ သာသနာပြုနေကြတဲ့ သီလရှင်တွေ အပေါ်မှာ လည်း ကျား၊ မ ခွဲခြားမှုက ငလျင်ဒဏ်လိုပဲ ပြင်းထန်ခဲ့တာကို တွေ့ရပါတယ်။

    လွန်ခဲ့တဲ့ ၁နှစ်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်မှာ စစ်ကိုင်းတောင်ရိုးပေါ်က အရွယ်ငယ်သီလရှင်လေးတွေအပါအဝင် သီလရှင် ဆရာလေး အပါး ၃၀ လောက် သီတင်းသုံးတဲ့ ကျောင်းတကျောင်းဟာ ဆွမ်းစားဆောင်နဲ့ အိပ်ဆောင်တွေ အကုန်ပြိုကျသွားခဲ့တယ်။ သီလရှင်ဆရာလေး တွေဟာ ကျောင်းဘေးမှာ ဖြစ်သလိုအိပ်ကြရတာကြောင့် လူစိမ်းလာမှာနဲ့ ဘေးအန္တရာယ်ဖြစ်မှာလည်း စိုးရိမ်တာကြောင့် တလှည့်စီ ကင်းစောင့်အိပ်ခဲ့ကြရပါတယ်။

    “တခါတလေ တရက်ကို ဆွမ်းတနပ်ကို မျှဘုဉ်းပေးရတဲ့နေ့တွေ ရှိတယ်၊ နေ့ဘက် တအားပူတာနဲ့ ကောင်းကောင်း မစားရတော့ ဆရာလေးတွေ မူးတယ်၊ အန်တယ်၊ တချို့လည်း ကြောက်လို့လားမသိဘူး၊ ဓမ္မတာထိန်တယ်ပေါ့၊ နောက် ဆက်တွဲပြဿနာကတော့ များပါတယ်”လို့ အဲဒီကျောင်းက တာဝန်ခံဆရာလေးက မနှစ်က ကြုံခဲ့ရတဲ့ ငလျင်ဒဏ်သင့် နောက်ဆက်တွဲ အတွေ့အကြုံကို ရှင်းပြပါတယ်။

    ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေထဲ အဆိုးဝါးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုဖြစ်တယ်လို့ ဆရာလေးက ပြောပါတယ်။

    ဆရာလေးက“တချို့က သီလရှင်တွေ ဘုန်းကံနည်းလို့ ကျောင်းပြိုတာဆိုတာမျိုး ပြောတယ်၊ ဒီစကားက ငလျင်ထက် ပို ကြောက်ဖို့ကောင်းတယ်၊ ဘုရားသားတော်ချင်း အတူတူ အမျိုးသမီးဝတ်စုံ ရုံမိတာနဲ့ ဆရာလေးတို့က ဒုတိယတန်းစား သာသနာပြုတွေလို အနှိမ်ခံရတယ်၊ ငလျင်က ကျောင်းကိုပဲ ဖြိုခဲ့တာ၊ ဒါပေမဲ့ ဒီအယူအဆတွေကတော့ ဆရာလေးတို့ရဲ့ စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာကိုပါ မြေလှန်ပစ်လိုက်တာပဲ”လို့ မျက်ရည် အဝိုင်းသားနဲ့ ရင်ဖွင့်ပါတယ်။

    ဒါ့အပြင် မူလကတည်းက အလှူရှင်နည်းတဲ့ သီလရှင်ကျောင်းဖြစ်တဲ့အပြင် ငလျင်ဘေးသင့်ပြီးချိန်၊ အကူအညီ လိုအပ် နေချိန်မှာ အမျိုးသမီးတွေဖြစ်နေတဲ့အတွက် ကူညီရေးနောက်ကျတာ၊ လျော့ချခံရတာတွေရင်ဆိုင်ခဲ့ရပါသေးတယ်။

    “ဆရာလေးတို့က မိန်းမသားတွေပဲ၊ ကျုံ့ကျုံ့လေးနေရင် ရပါတယ်” ဆိုတဲ့တချို့အလှူရှင်တွေရဲ့စကားတွေကြောင့်လည်း အတော်လေးဝမ်းနည်းခဲ့ရတယ်လို့ ဆရာလေးက ဆိုပါတယ်။

    အလှူရှင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေလှူဒါန်းတဲ့ ဆွမ်းဆန်စိမ်းအိတ်တွေ၊ အမိုးအကာတွေဟာ ဘုန်းတော်ကြီးကျောင်း အတွက် ပိုမိုဦးစားပေးတာကြောင့် ကျောင်းငယ်တဲ့ဒီသီလရှင်ကျောင်းလေးမှာ အကူအညီတွေ မရသလောက် ဖြစ်ခဲ့ရတယ်။

    “ဘုန်းကြီးကျောင်းတွေက ပိုအရေးကြီးတယ်၊ ဘုန်းကြီးတွေက သာသနာ့ ဦးသျှောင်တွေ၊ နိုင်ငံတော်အဆင့်တွေ အဲ့ဒါတွေက ဦးစားပေးဟေ့၊ သီလရှင်တွေကတော့ နောက်မှတဲ့” လို့ တာဝန်ခံဆရာလေးက ငလျင်နောက်ဆက်တွဲ အတွေ့အကြုံကို ပြန်လည်ပြောပြပါတယ်။

    ကူညီမှု လျော့ချခံရတာကြောင့် နောက်ဆက်တွဲကတော့ ဆရာလေးတွေမှာ အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေး ပြဿနာတွေပါ ရင်ဆိုင်ခဲ့ရတယ်။ ကယ်ဆယ်ရေးတွေ အလှူရှင်တွေမလာတဲ့အတွက် ဒီကျောင်းက သီလရှင်တွေနဲ့ ဒကာ၊ ဒကာမတွေဟာ အပျက်အစီးတွေ ဖယ်ရှားတာ၊ လိုအပ်တဲ့ပြုပြင်မှုတွေလုပ်တာတွေကို ကိုယ်တိုင်လုပ်ကိုင်ကြရတယ်။

    ငလျင်ဟာ မြေပြင်၊ တိုက်တာအဆောက်အဦးတွေကို စက္ကန့်ပိုင်းအတွင်း ပြိုပျက်သွားစေခဲ့ပေမဲ့၊ အဲ့ဒီနောက်ဆက်တွဲမှာ ကျန်ရစ်ခဲ့တဲ့ အယူအဆငလျင်လှိုင်းတွေကတော့ ယနေ့အချိန်ထိ လူ့အဖွဲ့အစည်းကြားထဲ ငြိမ်သက်မသွားသေးပါဘူး။

    မြေငလျင်ပြတ်ရွေ့ကြောတွေ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်ကို အမျိုးသမီးတွေရဲ့ အဝတ်အစား၊ အကျင့်စာရိတ္တနဲ့ ဆက်စပ်တာက ပြည်သူတွေရဲ့ဘေးအန္တရာယ်ဆိုင်ရာ အသိပညာကို ဝေဝါးသွားစေပြီး ဒီအယူအဆတွေကို မှားမှန်းမသိဘဲ ဆက်သုံးနေမယ်ဆိုရင်တော့ ပြင်ဆင်မှုထက် အယူသည်းမှုကို ပိုဦးစားပေးလာနိုင်တယ်လို့ ဦးကျော်ဇင်က သုံးသပ်ပါတယ်။

    သိပ္ပံနည်းကျ အချက်အလက်တွေထက် အယူသည်းမှုတွေက ပိုအားကောင်းနေသရွေ့တော့ အမျိုးသမီးတွေဟာ သဘာဝ ဘေးဒဏ်ထက် လူမှုရေးဖိနှိပ်မှုဒဏ်ကို ပိုခံစားကြရဦးမှာဖြစ်တယ်။

    ယခင်က လုပ်ငန်းရှင်တယောက်အဖြစ် ရပ်တည်ခဲ့ရပေမယ့် ယခုအခါ ကိုယ့်အိမ်မှာပင် အိမ်ဖော်တစ်ယောက်လို တဲလေး ထဲမှာ ခိုကပ်နေရတဲ့ ဒေါ်နန်းစောကတော့ လူ့အဖွဲ့အစည်းရဲ့အယူအဆအမှားတွေအပေါ်အခုလိုပဲ နာနာကျင်ကျင် ကောက်ချက်ချပါတယ်။

    “ငလျင်လှုပ်တုန်းက ကျမတို့အိမ် ပြိုသွားတာကို ပြန်ဆောက်လို့ရသေးတယ်၊ ဒါပေမဲ့ ‘နင့်ကြောင့် ငါ့သားသေတာ’ ဆိုတဲ့ ယောက္ခမရဲ့စကား၊ ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့မှုတွေကတော့ ကျမရဲ့ဘဝကို အမှုန့်ဖြစ်အောင် ကြိတ်ချေလိုက်တာပဲ၊ အခုတော့ ကျမဟာ အသက်ပဲရှိပြီး ဝိညာဉ်မရှိတော့တဲ့ လူသေတယောက်လို ဖြစ်နေပါပြီ”

    ✍🏻 ရှင်ငြိမ်း

  • အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စပိန်အမျိုးသမီး ဆန္ဒအလျောက် ဆေးထိုး အဆုံးစီရင်

    အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စပိန်အမျိုးသမီး ဆန္ဒအလျောက် ဆေးထိုး အဆုံးစီရင်

    😢 အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စပိန်အမျိုးသမီး ဆန္ဒအလျောက် ဆေးထိုး အဆုံးစီရင်ပြီး ကွယ်လွန်

    စပိန်နိုင်ငံမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားရာကနေ အောက်ပိုင်း သေသွားခဲ့တဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ နောက်ဆုံးမှာ ဥပဒေအရ ခွင့်ပြုချက်နဲ့ ဆေးထိုး အဆုံးစီရင်ပြီး (Euthanasia) ကွယ်လွန်သွားခဲ့ပါတယ်။

    ဘာစီလိုနာမြို့မှ Noelia Castillo ဟာ ကြာသပတေးနေ့ (မတ်လ ၂၆ ရက်) က Sant Pere de Ribes အရပ်ရှိကျန်းမာရေးဌာနတစ်ခုမှာ သူမရဲ့ ဆန္ဒအလျောက် ဆေးထိုးပြီး အဆုံးစီရင်ခံခဲ့တာ ဖြစ်ပါတယ်။

    သူမဟာ နောက်ဆုံးညနေခင်းကို မိသားစုဝင်တွေနဲ့အတူ ကုန်ဆုံးခဲ့ပြီးမှ ဒီလုပ်ငန်းစဉ်ကို တစ်ဦးတည်း ရင်ဆိုင်သွားခဲ့ပါတယ်။ မူလက ညနေ (၆) နာရီမှာ စတင်ဖို့ စီစဉ်ထားပေမဲ့ သူမက ချစ်ခင်ရသူတွေနဲ့ အချိန်နည်းနည်းလောက် ပိုနေချင်သေးတယ်လို့ တောင်းဆိုခဲ့ပါတယ်။

    ယခု သီတင်းပတ်အစောပိုင်း အင်တာဗျူးတစ်ခုမှာ Noelia က “ကျွန်မ လှလှပပလေးနဲ့ပဲ သေချင်တယ်။ အမြဲတမ်းလည်း အဲဒီလိုပဲ တွေးခဲ့တာ။ ကျွန်မရဲ့ အလှဆုံးဝတ်စုံကို ဝတ်မယ်၊ မိတ်ကပ်လေး လိမ်းမယ်၊ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်မှာပါ” လို့ ဖွင့်ဟပြောခဲ့ပါတယ်။

    သူမရဲ့ဖခင်ဖြစ်သူ Geronimo Castillo က သမီးဖြစ်သူရဲ့ ဒီတောင်းဆိုမှုကို တားဆီးဖို့အတွက် Christian Lawyers လို့ခေါ်တဲ့ ခရစ်ယာန်ရှေ့နေများအဖွဲ့နဲ့ ပူးပေါင်းပြီး တရားရုံးမှာ နှစ်နဲ့ချီကြာ အရေးဆိုခဲ့ပါတယ်။

    သူမ ကွယ်လွန်သွားတဲ့အကြောင်းကို ဒီအဖွဲ့က ထုတ်ပြန်ရာမှာ သူမရဲ့ မိဘတွေဟာ နှလုံးသားတစ်ခုလုံး ကြေကွဲနေရပြီလို့ ဆိုပါတယ်။

    ရှေ့နေဖြစ်သူက “ဒီစနစ်က ဒီမိန်းကလေးကို မကယ်တင်နိုင်ခဲ့ဘူး။ နောက်နောင် Noelia လို ဖြစ်ရပ်မျိုးတွေ ထပ်မရှိအောင် ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

    Noelia ရဲ့ ဘဝဟာ ငယ်စဉ်ကတည်းက ခက်ခဲခဲ့ရှာပါတယ်။ မိဘတွေ ကွာရှင်းပြီးနောက်ပိုင်း အသက် (၁၃) နှစ်အရွယ်ကတည်းက စိတ်ကျန်းမာရေး ကုသမှု ခံယူခဲ့ရပါတယ်။

    နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂) ကြိမ်အထိ ကြုံခဲ့ရပြီး နောက်ဆုံးအကြိမ်က နိုက်ကလပ်တစ်ခုမှာ ယောက်ျားလေး (၃) ဦးရဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီစိတ်ဒဏ်ရာတွေကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ သူမဟာ (၅) ထပ်တိုက်ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မသေဘဲ ခါးရိုးအာရုံကြော ပြင်းထန်စွာ ထိခိုက်ပြီး အောက်ပိုင်း‌ သေသွားခဲ့ရပါတယ်။

    ထိုနောက်ပိုင်း ခြေထောက်နဲ့ ကျောရိုးမှာ ပြင်းထန်တဲ့ နာကျင်မှုတွေကို နေ့စဉ်ခံစားရပြီး အိပ်ဖို့ပင် ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

    “နောက်ဆုံးတော့ ကျွန်မ လုပ်နိုင်ခဲ့ပြီ။ ကျွန်မဘဝမှာ မိသားစုကိစ္စတွေ၊ ခံစားနေရတဲ့ ဝေဒနာတွေနဲ့ ကျွန်မကို ညှဉ်းပန်းနှိပ်စက်နေတဲ့ အတိတ်က စိတ်ဒဏ်ရာတွေကနေ နားခွင့်ရတော့မယ်။ ကျွန်မဟာ ဘယ်သူ့အတွက်မှ စံပြပုဂ္ဂိုလ် မဖြစ်ချင်ဘူး။ ဒါက ကျွန်မဘဝပဲ” လို့ Noelia က ပြောခဲ့ပါတယ်။

    စပိန်အစိုးရက သူမရဲ့ အဆုံးစီရင်ခွင့် တောင်းဆိုမှုကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ခွင့်ပြုခဲ့ပေမဲ့ ဖခင်ဖြစ်သူက တရားရုံးမှာ ကန့်ကွက်နေခဲ့တာကြောင့် (၂) နှစ်ခန့် ကြန့်ကြာခဲ့ရပါတယ်။

    ဖခင်ဖြစ်သူက ဥရောပ လူ့အခွင့်အရေးတရားရုံးကို နောက်ဆုံးအဆင့် အယူခံဝင်‌ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

    စပိန်ဥပဒေအရ ကုသမရတဲ့ ပြင်းထန် ရောဂါဝေဒနာ ခံစားနေရသူတွေဟာ မိမိဆန္ဒအလျောက် အဆုံးစီရင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူကတော့ သမီးဖြစ်သူမှာ စိတ်ဝေဒနာရှိနေတာကြောင့် ဒီလိုဆုံးဖြတ်ချက်မျိုးကို မှန်ကန်စွာ မချနိုင်ဘူးလို့ တရားရုံးကို တင်ပြခဲ့ပါတယ်။

    Noelia က သူမရဲ့ နောက်ဆုံးအင်တာဗျူးမှာ “ကျွန်မ အခုပဲ သွားချင်ပြီ။ ခံစားနေရတာတွေ ရပ်တန့်ချင်ပြီ။ ကျွန်မ မိသားစုထဲမှာ ဘယ်သူမှ ဒါကို သဘောမတူကြဘူး။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ဘယ်သူသိမှာလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

    သူမရဲ့ မိခင်က သမီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူပေမဲ့ သမီး မျက်စိပိတ်သွားမယ့် နောက်ဆုံးအချိန်အထိ ဘေးမှာ ရှိနေပေးခဲ့ပါတယ်။

    “သူမကို မသေစေချင်ဘူး။ ရှင်သန်စေချင်တယ်။ ဒါပေမဲ့ သူမနဲ့အတူ ရှိနေပေးမှာပါ” လို့ မိခင်ဖြစ်သူက မျက်ရည်ကျရင်း ပြောခဲ့ပါတယ်။

    Noelia ဟာ သူမရဲ့ဘဝကို အမှောင်ထုကြီးလိုပဲ မြင်ခဲ့ရပြီး ဘယ်သူကမှ သူမအပေါ် စာနာနားလည်ပေးတာမျိုး မခံစားခဲ့ရဘူးလို့လည်း ရင်ဖွင့်သွားခဲ့ပါတယ်။

    လက်ရှိမှာ ခရစ်ယာန်ရှေ့နေများအဖွဲ့က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး စပိန်နိုင်ငံရဲ့ အဆုံးစီရင်ခြင်းဆိုင်ရာ ဥပဒေတွေကို ပယ်ဖျက်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ တောင်းဆိုနေပါတယ်။

  • ဇော်မဲလုံး ဖမ်းဆီးခံရခြင်း နောက်ကွယ်ကဖြစ်ရပ်မှန်

    ဇော်မဲလုံး ဖမ်းဆီးခံရခြင်း နောက်ကွယ်ကဖြစ်ရပ်မှန်

    ခါးခွဲစိတ်တဲ့သတင်းထုတ်ပြန်တဲ့အခါ သတင်းထုတ်ပြန်ရေးအဖွဲ့က မင်းအောင်လှိုင်ပြောစေချင်တဲ့ အချက်အလက်တွေနဲ့လွဲပြီး ထုတ်ပြန်လို့ အဲ့ဒီညက ခေါ်ဆူခံရတယ်တဲ့။

    နောက်ပိုင်း ဒုဗိုလ်ချုပ်ကြီးအဆင့် ဦးစီးပြီး ဇော်မဲလုံးကို စစ်ကြောရေးလုပ်တော့ ဒုချုပ်ကို ပိုလေးစားတယ်ဆိုတဲ့သဘော အခြားသူတွေနဲ့ စာပို့ပြောဆိုထားတာတွေ တွေ့ရတယ်တဲ့။

    ဒါသာအမှန်ဆို ဂွမ်းပြီ။😂

    သတင်းကတော့ထွက်နေပြီ။

    တော်တော်များများလည်း ပြောနေကြပါပြီ။

    အခုဟာလည်း တပ်တွင်းအရင်းအမြစ်ကပြောသလောက်ပဲ သိရတာ။

    စုံစမ်းလို့ကိုမလွယ်ဘူး။ ဘယ်လိုမျိုးထုတ်လာမလဲ မသိရဘူး။

    မဲလုံးရေ…. စိတ်… စိတ်မကောင်းဘူး…😁

    ဒီလိုသာဆိုရင် ဇော်မဲလုံးဘဝ မလွယ်ဘူး။

    သူ့နေရာမှာ ဗိုလ်မှူးချုပ် ရဲရင့်အောင်ကို အစားထိုးတယ်လို့လည်း သိရပါတယ်။

    “ဒါနဲ့ ဇော်မဲလုံး စစ်ကြောရေးရောက်တာ မဟုတ်ပါဘူးလို့ ဘယ်သူက ထွက်ငြင်းပေးတော့မှာလဲ့…”

    အာ့ ကျ ကျ… ကတောက်စ်…😁

    လိုက်ဖောမယ့်သူတွေလည်း မြင်ယောင်နေပြီ😂

    Htet Myat

    ဒီလောက် လိမ်ပေးခဲ့တာတောင် ရာထူးက ဖယ်ခံရတယ်ဆိုတော့ အခြားတွေးမနေပါနဲ့။

    စွသားမည်းပြီး စွရုပ်ဆိုးတဲ့အပြင် စွဥပဓိရုပ် မကောင်းလို့ ဖြစ်မှာပါ။

    ပါးချိုင့်ပါပြီး သောက်ကျက်သရေတုံးတာ ကမ္ဘာမှာ ဒင်းပဲရှိတာ။

    ပန်ဆယ်လို

    တပ်မတော်ရဲ့ သတင်းမှန်ပြန်ကြရေး အာ့ကျကျတော့ ကျသွားရှာပြီ 😣

    🔸 ဘဘမင်းအောင်လှိုင်ကြီးက လုပ်ရက်တယ်ဗျာ ဆရာတပည့်ရင်းကြီးကို အခုလိုနှုတ်ဆက်ရတော့မယ့်နေ့မှာတောင် တက်ရောက်ခွင့်မရတော့ဘူး ကျွန်တော့်မှာ အာဏာစသိမ်းကတည်းကနေ အခုချိန်ထိ ငါးနှစ်ကျော် နေ့ညမရွေး ဘယ်ချိန်ဖြစ်ဖြစ် ထလိမ်ပေးနေရတာ မဖြူတဲ့မျက်နှာလေးတောင် ပိုမဲပြာလာတယ် အလိမ်ညာနိုင်‌ဆုံးဆုနဲ့မျက်နှာပြောင်တိုက်နဲ့ဆုလည်းရခဲ့တယ်

    🔸စစ်တပ်နဲ့ပတ်သတ်ရင် ဘယ်နိုင်ငံကနေဘဲထုတ်ပြန်နေပါစေ အမေရိကန်ကလွဲရင် ဥပဒေနဲ့အညီပါဆိုပြီး အကုန်ကန့်ကွက်ခဲ့တာ အခုကျန်းမာရေးကိစ္စကလည်း ပြည်သူတွေ ပိုစိတ်ပူပြီး သနားတဲ့စိတ်နဲ့ သမ္မတလုပ်ဖို့ထောက်ခံလာအောင် ထုတ်ပြန်ပေးတာကို အခုတော့ ရာထူးကနေပါ ဖြုတ်ချပစ်တယ် ငါးနှစ်တာလိမ်ပေးတဲ့မျက်နှာမဲကြီးမှမထောက် လုပ်ရက်တယ် ထင်မထားတဲ့ကိစ္စမလို့ ၀မ်းနည်းပြီး စိတ်မကောင်းလဲဖြစ်မိတယ် ပြည်သူတွေရဲ့ဆန္ဒအတိုင်းပါပြောပြီး ပြည်သူတွေက သေ စေချင်တာကိုလည်း မသေပေးဘူး ဆိုပြီး ၀မ်းနည်းစွာနဲ့ မီဒီယာကို ‌ဖြေကြားခဲ့ပါတယ် 😌

    Chin Ka Lay