Author: Baby Yit Lone
-

Dust Bunny
Dust Bunny (2025) Hannibal စီးရီးနဲ့ နာမည်ကြီးတဲ့ ဖန်တီးရှင် Bryan Fuller ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားကြီး Mads Mikkelsen ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို Fantasy Horror ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၈ နှစ်သမီးလေး Aurora ရဲ့ မိသားစုဟာ သူမရဲ့ ကုတင်အောက်မှာရှိတဲ့ ဖုန်မှုန့်တွေကနေ ဖြစ်ပေါ်လာတဲ့ “Dust Bunny” လို့ခေါ်တဲ့ မိစ္ဆာကောင်ကြီးရဲ့ စားသောက်ခြင်းကို ခံလိုက်ရပါတယ်။ ဒီအဖြစ်ဆိုးကြီးကို ဘယ်သူကမှ မယုံကြပေမယ့် Aurora ကတော့ လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သူမဟာ အိမ်နီးချင်းဖြစ်သူ အေးစက်စက် လူtက်သမား တစ်ဦး (Mads Mikkelsen) ကို ငွေပေးပြီး သူမရဲ့ မိသားစုကို သတ်သွားတဲ့…
-

Bad Guys Always Die
Bad Guys Always Die (2015) ဒီတစ်ခါမှာတော့ တရုတ်-ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ Bad Guys Always Die ဆိုတဲ့ Action + Comedy အမျိုးအစား ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ တစ်ချိန်က K drama ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Crash Landing On You ထဲက ကိုရီးယားနာမည်ကြီးမင်းသမီး Son Ye-jin ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကြီးရဲ့ အမိုက်စား သရုပ်ဆောင်မှုနဲ့ ဒီဇာတ်ကားထဲမှာ ပိုပြီး ထိတ်လန့်စရာ စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမှာပါ။ ဘူဆန်မြို့က မူလတန်းကျောင်းတစ်ကျောင်းမှာ တရုတ်ဘာသာစကား သင်ကြားနေတဲ့ ဆရာတစ်ဦးဖြစ်တဲ့ Qingzi ဟာ သူ့ညီဖြစ်သူနဲ့ သူငယ်ချင်းနှစ်ဦးကို ခေါ်ပြီး ဂျယ်ဂျူးကျွန်းကို ခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်အတွင်း မထင်မှတ်ထားတဲ့…
-

Thunderbolt Rescue
Thunderbolt Rescue (2025) အငြိမ်းစား တရုတ်အထူးတပ်ဖွဲ့ဝင်ဟောင်း ချန်ခိုင် (Cheng Kai) ပါ။ သူ့ဇနီးဟာ ဆေးဝန်ထမ်းတစ်ယောက်အဖြစ် အရှေ့တောင်အာရှ စစ်ဖြစ်နေတဲ့ ဒေသတစ်ခုကို သွားရင်း အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။ အကြမ်းဖက်အဖွဲ့က သူ့ဇနီးကို “တာလင် (Talin)” လို့ခေါ်တဲ့ သူတို့ခံတပ်စခန်းမှာ ဓားစာခံလုပ်ထားတယ်။ အစိုးရရဲ့ ကယ်ဆယ်ရေးအစီအစဉ်က ရှုပ်ထွေးပြီး ကြာနေတော့ ချန်ခိုင်ဟာ သူ့ဇနီးကို ကိုယ်တိုင်သွားကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အန္တရာယ်များတဲ့ တာလင်ခံတပ်စခန်းထဲကို တစ်ယောက်တည်း ခိုးဝင်သွားခဲ့တယ်။ အဲဒီစခန်းထဲမှာ အကြမ်းဖက်အဖွဲ့ ဖမ်းထားတဲ့ မီရာ (Mirra) ဆိုတဲ့ ဒေသခံကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ မီရာက စခန်းရဲ့တည်နေရာနဲ့ အားနည်းချက်ကို ကောင်းကောင်းသိတဲ့သူ ဖြစ်နေတယ်။ ချန်ခိုင်က မီရာကို ကယ်ထုတ်ပြီးနောက် မီရာရဲ့ အရေးပါတဲ့ လမ်းပြကူညီမှုနဲ့…
-

The Man’s Secret
The Man’s Secret (2023) ထန်မင်းဆက်ခေတ် စုံထောက်ကြီးဒီးရဲ့ပြိုင်ဖက်ဖြစ်လာမယ့် ထောက်လှမ်းစုံစမ်းရေးမှာထူးချွန်တဲ့ ဆရာကြီးတူကူးဆိုတဲ့သူကလျှို့ဝှက်ဆန်းကြယ်တဲ့အမှုကို ဖြေရှင်းတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ထန်မင်းဆက်အစောပိုင်းကာလမှာ မိုးခေါင်ရေရှားတဲ့ကပ်ဘေးဆိုက်လာတဲ့အတွက် မိုးခေါ်ပွဲကြီးကျင်းပပါတယ်။ ဒါပေမယ့် မသမာသူတွေက ဒီမိုးခေါ်ပူဇော်ပွဲကြီးကိုအသုံးချပြီးတော့ ခေါင်းတစ်ထောင်မိစ္ဆာထွက်ပေါ်လာတယ်ဆိုတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်မျိုးဖြစ်အောင် ဖန်တီးလိုက်ပါတယ်။ မိုးခေါင်ရေရှားဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေဟာ ပိုပြီးထိတ်လန့်ကုန်ကြရပါတယ်။ ဒီအမှုကိုစုံစမ်းဖို့အတွက် အရှင်မင်းမြတ်က သေဒဏ်ကျအပြစ်သားဖြစ်တဲ့ တူကူးကိုတာဝန်ပေးအပ်လိုက်ပါတယ်။ မထင်မှတ်ထားတာကတော့ သူစုံစမ်းလေလေ အမှုနောက်ကွယ်ကလျှို့ဝှက်ချက်ကြီးတစ်ခုကိုဖော်ထုတ်မိမလိုဖြစ်ရာက ပြဿနာတွေပိုကြီးလာလေလေဖြစ်လာတော့ …… ဆရာကြီးတူကူးဟာ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့အမှုကိုဘယ်လိုဖော်ထုတ်မလဲ……
-

The Breakup Guru
The Breakup Guru (2014) The Breakup Guru ဆိုတဲ့ အချစ်ဟာသရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရယ်စရာဇာတ်ကွက်တွေ မရပ်မနား ဆက်တိုက်ပါပြီး ဗိုက်နာအောင်ရယ်ရမယ့် ဟာသကားကြည့်ချင်ရင် ဒီရုပ်ရှင်ကိုက ကိုက်ညီမယ်လို့ထင်ပါတယ်။ မေယွမ်ကွေ့ဟာ “လမ်းခွဲဆရာကြီး” တစ်ဦးဖြစ်ပါတယ်။ သူဟာ အချစ်ရေးပေါ်က အားနည်းချက်ကို နားလည်ပြီး လူသားတွေရဲ့ အချစ်ရေးပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ချစ်သူလမ်းခွဲဖို့၊ ခွဲနေဖို့၊ ကွာရှင်းဖို့ စတဲ့ လုပ်ငန်းတွေကို လက်ခံလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ သူက သူကိုယ်တိုင် တီထွင်ထားတဲ့ နာကျင်မှုမဲ့လမ်းခွဲနည်းကို အသုံးပြုပြီး စုံတွဲပေါင်း ၂၀၀၀ ကျော်ကို ကူညီခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့နည်းလမ်းဟာ လမ်းခွဲဖို့လိုအပ်တဲ့လူအများအပြားကို ဆွဲဆောင်နိုင်တဲ့အတွက် အလုပ်မပြတ်ရှိနေပါတယ်။ ဒါပေမယ့် သူက ဒီအလုပ်ကို ငြီးငွေ့လာပြီး ဒီလမ်းခွဲအလုပ်ကို မလုပ်တော့ဖို့ ဆုံးဖြတ်ထားချိန်မှာ…