Author: Baby Yit Lone

  • ထိုင်း​ရောက်မြန်မာ​တွေကို ​ဒုက္ခ​ပေးဖို့ စစ်အုပ်စုနဲ့​ ပေါက်ကိုယ်​တော် ​ခြေတလှမ်းတိုးကြံစည်

    ထိုင်း​ရောက်မြန်မာ​တွေကို ​ဒုက္ခ​ပေးဖို့ စစ်အုပ်စုနဲ့​ ပေါက်ကိုယ်​တော် ​ခြေတလှမ်းတိုးကြံစည်

    ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။

    ပြီးခဲ့တဲ့ ၄နှစ်​ကျော်လုံး လက်နက်ကိုင်​တွေခြံရံပြီး မန္တ​လေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်​ပေးမယ့် ပျူ​စောထီး​တွေ​မွေးထုတ်ပြီး တော်လှန်​ရေးအင်အားစု​တွေ နဲ့ ပြည်သူ​တွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲက နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေး တက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် စတင်ဖော်နေပါပြီ။

    အဲဒါက ပေါက်ကိုယ်တော်ဟာ ပျူစောထီးအဖွဲ့ဝင် လူငယ်အချို့ကို ဘန်ကောက်မြို့တော်ကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာဖို့ ဖြစ်ပါတယ်။

    ပေါက်ကိုယ်တော်ကထိုင်းမှာပြဿနာရှာဖို့အတွက်သူရဲ့လူအချို့ကိုထိုင်းကိုစေလွှတ်ဖို့ စီစဉ်​နေတာကို စုံစမ်းသိရထားပါတယ်။

    ” ထိုင်းကိုသွားပြီး ပြသာနာရှာပေးရပါ့မယ်တဲ့။ ထိုင်းမှာ မြန်မာတွေအနေများတဲ့ ရက်ကွက်တွေ အလုပ်တွေဆီကိုသွားပြီး ပြသာနာရှာပေးရပါ့မယ်တဲ့။ ပြီးရင် ပြန်လာရပါ့မယ် ပြောပါတယ်”လို့ ပေါက်ကိုယ်တော်နဲ့ နီးစပ်သူတဦးက သတင်းပေးပါတယ်။

    ပေါက်ကိုယ်တော် တပည့်အဖြစ်ခံယူပြီး လူမိုက်လုပ်နေသူတွေဟာ အနေအစားချောင်လို့ လုပ်နေတဲ့သူတွေပဲလို့ သူက မှတ်ချက်ပေးပါတယ်။ ထိုင်းကိုသွားပြီး မြန်မာတဲ့​နေတာများတဲ့​နေရာ​တွေမှာ ပြသာနာရှာဖို့ ​ပေါက်ကိုယ်​တော်ကာသူ့တပည့်လူမိုက်​တွေကို အသွားအပြန်စာရိတ်ငြိမ်း​စေလွှတ်​ပေး​နေတာလို့စုံစမ်းသိရပါတယ် ။

    အဲဒီလိုပြသာနာရှာရင် ထိုင်း​ရောက်မြန််မာ​တွေကိုအိမ်ရှင်ထိုင်းနိုင်ငံသား​တွေက မကြိုက်​အောင် ၊မြန်မာ​တွေအ​နေကြပ်ပြီး ဒုက္ခ​​ရောက်​အောင်၊ထိုင်းမှာမ​နေနိုင်​အောင် ​ပေါက်ကိုယ်​တော်ကတဆင့်စစ်တပ်ကကြံစည်​နေတာဖြစ်ပါတယ် ။

    ပေါက်ကိုယ်တော်ရဲ့ အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်ရေးထောက်ပို့လုပ်တဲ့သူတွေ အနေကြပ်အောင်လုပ်တဲ့အပြင် လူငယ်လုပ်သားတွေ စစ်မှုထမ်းဖို့ နေရပ်ပြန်လာစေဖို့ ဖိအားပေးဖို့ လကြံစည်​နေတာလို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတဦးကလည်း သုံးသပ်ပါတယ်။

    “ဒါက ဖြစ်လာမှာဘဲ။ ပေါက်လာပြီဆိုကတည်းက မီးမွှေးတော့မယ်ဆိုတာ သိတယ်။ သူကိုယ်တိုင်ဒီလိုထွက်လာတာဟာ တကယ်ကို ပြဿနာတွေရှုပ်အောင်လုပ်တော့မယ်ဆိုတာ သိတယ်”လို့ အမည်မဖော်လိုတဲ့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးက ပြောပါတယ်။

    ပေါက်ကိုယ်တော် ဘန်ကောက်ရောက်လာတာဟာလည်း ထိုင်းအာဏာပိုင်တွေရဲ့ လက်ချက်မကင်းကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေထဲမှာ စစ်ကောင်စီနဲ့ ပနာသင့်ပြီး အမျိုးသားရေးလုပ်နေသူတွေရှိတယ်လို့လည်း ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။

    ထိုင်းနှုတ်ခမ်းမွှေးဆိုသူဟာလည်း ထိုင်းရောက်မြန်မာလုပ်သားတွေ အနေကြပ်အောင် ထိုင်းအာဏာပိုင်တွေအပေါ် လိုက်လံဖိအားပေးလိုက်လံဖမ်းဆီးခိုင်းနေသူ ဖြစ်ပါတယ်။

    ထိုင်းရောက်မြန်မာလုပ်သားတွေကတော့ ထိုင်း မဘသ လို့ ခေါ်ကြပါတယ်။

    ထိုင်းနှုတ်ခမ်းမွှေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၂၃ရက်မှာ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့မြန်မာသံရုံးရှေ့ ဆန္ဒပြတာက အစပြုပါတယ်။

    ထိုင်းရောက်မြန်မာတွေ နှင်ထုတ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်ခေါ်ကြဖို့ ဆန္ဒပြ​တောင်းဆိုခဲ့တာပါ။

    အဲဒီနောက်ပိုင်းစကြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် သိသိသာသာဖိအားပေးလာခဲ့ပါတယ်။ အဓိက အကြောင်းအရာက နွေဦးတော်လှန်ရေးအားပေးနေကြလို့ပါ။

    အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာခဲ့တဲ့ ၂၀၂၅ ဧပြီ ၅ရက်က ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့သူတွေကိုပါ ကိုယ်ထိလက်​ရောက် ထိုးကြိတ် ရန်ရှာခဲ့တဲ့တာ နှုတ်ခမ်း​​မွေးနဲ့ အဖွဲ့ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇွန်၊ဇူလိုင်က နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ တရားမဝင်မြန်မာတွေ ဖမ်းဆီးရေးစီမံချက်အတွင်းမှာလည်း နှုတ်ခမ်းမွှေးနဲ့ အဖွဲ့ကမဲဆောက်သွားပြီး သွေးထိုးလှုံ့ဆော်မှုတွေလုပ်ခဲ့ပါသေးတယ်။

    ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားတွေအရေးကူညီနေသူတွေ ပြောပြချက်အရ နှုတ်ခမ်းမွှေးနဲ့အဖွဲ့ကို စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။

    ဘန်ကောက်မြို့Saint Louis ဘူတာအနီးက မြန်မာသံရုံးအဟောင်းအဆောက်အဦထဲကို နှုတ်ခမ်းမွှေးနဲ့အဖွဲ့က မကြာခဏလာလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။

    စစ်ကောင်စီသံရုံးက မြန်မာ−ထိုင်း ချစ်ကြည်ရေးအသင်းအဖွဲ့အစည်းဖွဲ့ပြီး အဲဒီအဖွဲ့ကနေ ထိုင်းနှုတ်ခမ်းမွှေးအဖွဲ့ကို ထောက်ပံ့ပေးနေတာလို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကလည်း ​ပြောပါတယ်။

    အဲဒီအဖွဲ့မှာ မြန်မာ−ထိုင်း ဘာသာပြန်တွေခန့်ထားပြီး နှစ်နိုင်ငံအမုန်းစကားတွေပြန့်ပွားအောင်လူမှုကွန်ယက်က​နေဖြန့်ချီတာ​တွေလုပ်ခဲ့သလို ၊ပြင်ပမှာလုပ်နေကြတယ်လို့လည်းစုံစမ်းသိရပါတယ်။

    သူတို့ဟာ မြန်မာတွေက ထိုင်းနိုင်ငံနဲ့ပတ်သက်တာတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တင်တဲ့အခါ အဲဒီစာသားတွေနဲ့ အကောင့်တွေကို ဘာသာပြန်ပြီး ထိုင်းအမျိုးသားရေးအဖွဲ့တွေဆီ ပေးပို့နေတာလို့လည်း ပြောပါတယ်။

    နှုတ်ခမ်း​မွေးဟာ ​ပျူ​စောထီး​ခေါင်း​​ဆောင်လာတုန်းက လက်ခံ​တွေဆုံကြတဲ့ သတင်း​ကို မြန်မာနိုင်ငံကသတင်းဌာန​တွေက အကျယ်တဝင့်​​​ဖော်ပြပြီး​နောက်မှာ​တော့ ​ပေါက်ကိုယ်​တော်နဲ့အရင်ကမသိပဲ ထိုင်း​ရောက်​နေတုန်း အကုအညီလိုလို့တွေ့ချင်တယ်ဆိုတာ​ကြောင့် ခေတ္တ​တွေ့ခဲ့တာသာဖြစ်တယ်လို့ ပြန်​ဖြေရှင်းခဲ့ပါတယ် ။

    နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး နေထိုင်ကြရမယ်လို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကသတိပေးပါတယ်။

    ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။

    စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အလိုရှိနေတဲ့ လူငယ်တွေအလုံးအရင်းနဲ့ထွက်ခွာသွားတာနဲ့နွေဦးတော်လှန်ရေးအနီးကပ်ထောက်ပို့ ကူညီသူတွေအများဆုံးရှိတဲ့ ထိုင်းနိုင်ငံကို မျက်စိဆံပင်မွှေးဆူးနေတာလို့ ၎င်းတို့က ဆိုပါတယ်။

    နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။

    ဒါပေမယ့် ထိုင်းနိုင်ငံဟာ ဥပဒေအရစနစ်တကျ အကာအကွယ်ပေးထားတဲ့အတွက်ကြောင့် အရမ်းကြီး စိုးရိမ်ဖို့မလိုကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

    ပေါက်ကိုယ်တော်နဲ့ နီးစပ်ကတော့ စစ်တပ်ဟာ ပြည်ပရောက်မြန်မာတွေကို အဖမ်းခံရအောင် ဒုက္ခပေးတော့မှာမို့ သတိထားကြဖို့ အကြံပြုပါတယ်။

    “စစ်တပ်ရဲ့ရည်ရွယ်ချက်က ပြည်ပရောက်မြန်မာတွေ ဒုက္ခရောက်ပြီး အဖမ်းခံရအောင်၊ မြန်မာပြည်ပြန်လာရအောင် အောက်လုံးသုံးနေပါတယ်။ မြန်မာ​တွေစည်းလုံးစေချင်ပါတယ်” ။ ။

  • ဗန်းမော်နှင့် ဝိုင်းမော်ရှိ ရှေ့တန်းကာကင်းစခန်း ၅ ခုထက်မနည်း KIA ပြန်ရ

    ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က လက်လွှတ်ခဲ့ရတဲ့ ရှေ့တန်းကာကင်း ၅ ခုထက်မနည်းကို ပြန်ရထားတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဗန်းမော်ဘက်မှာတော့ စက်တင်ဘာ ၂၉ ရက်က ကာကင်းတခု၊ အောက်တိုဘာ ၈ ရက်မှာ ခလရ ၄၇ ရဲ့ ကာကင်းတခုနဲ့ အောက်တိုဘာ ၉ ရက် မနက် ၅ နာရီလောက်မှာတော့ မိုးမောက်ဘက်အထွက် ၂ မိုင်နဲ့ ၃ မိုင်အကြား ကာကင်း ၂ ခုထက်မနည်းကို ပြန်လည် ထိန်းချုပ်လိုက်တာပါ။

    KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ကတော့ ၄၇ နဲ့ မြို့အကြားမှာ သူတို့ လုံခြုံရေးချထားတဲ့ ကာကင်းသဘောဖြစ်မှာပေါ့။ တပ်ရင်းတခုမှာ အယောက် ၁၀ လောက်ရှိတဲ့ နေရာတခုကို ကျနော်တို့ သိမ်းတာရှိပါတယ်။ အဲဒီနေရာမှာ ဗိုလ်မှူးအဆင့်ရှိတဲ့ သူတို့ခေါင်းဆောင်တယောက်လည်း အဲဒီမှာကျသွားတာ။ နောက်အရာရှိတချို့လည်း ကျသွားတယ်။ အဲဒါရှိပါတယ်” လို့ ပြောပါတယ်။

    ဗန်းမော်ဘက်မှာ ခလရ-၄၇ ရဲ့ ကာကင်းတခုကိုသာ သိမ်းပိုက်နိုင်တာဖြစ်ပြီး ကျန်စခန်းငယ်တွေကတော့ လက်လွှတ်ခဲ့ရတဲ့နေရာတွေ ဖြစ်တဲ့အကြောင်း သိရပါတယ်။

    ဒါ့အပြင် မိုးမောက်ဘက်အထွက် ၂ မိုင်၊ ၃ မိုင် ဝန်းကျင်တွေမှာ တိုက်ပွဲဆက်ဖြစ်နေကြောင်း KIA ဘက်က ပြောပါတယ်။

    ဝိုင်းမော်ဘက်မှာလည်း အောက်တိုဘာ ၈ ရက်က လမြန်ရွာဝန်းကျင်မှာရှိတဲ့ စခန်း ၂ ခုထက် မနည်းကို KIA က ပြန်လည်ရရှိခဲ့ကြောင်း စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

    ဒီအချက်ကို ဗိုလ်မှူးကြီးနော်ဘူက မငြင်းဆိုပေမဲ့ စစ်မြေပြင်ဖြစ်တဲ့အလျောက် အတိုး၊ အဆုတ်တွေ ရှိနေတယ်လို့ ပြောပါတယ်။

    “သူတို့လည်း ကျနော်တို့ဆီကို ထိုးလာတယ်၊ မြေပြင်ကနေ ထိုးတယ်။ အဲဒါကို ခုခံရင်းနဲ့ ကျနော်တို့လည်း ရသလောက် ယူတာပေါ့ကွာ။ ရသလောက်သိမ်းတဲ့ ပုံစံမျိုးတွေပေါ့။ တကယ့်စစ်ဆင်ရေးအကြီးတွေ ဗျူဟာမြောက်တဲ့ စစ်ဆင်ရေးတွေ လုပ်တာတော့ မဟုတ်ပါဘူး။ ကာကင်းစခန်းတွေ သိမ်းတာတွေ သိမ်း၊ အဲလိုပုံစံပါပဲ။ အဓိကတော့ ခံစစ်ပုံစံနဲ့နေတာ ဖြစ်ပါတယ်။”

    ဝိုင်းမော်ဘက်မှာတော့ ပြည်သူ့စစ်တွေပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ၂ ရက်၊ ၃ ရက် တကြိမ် မြေပြင်ကနေ ဆက်တိုက်ထိုးစစ်ဆင်နေပြီး ဘယ်ဘက်ကမှ နယ်မြေတွေ လက်လွှတ်ရတာ မရှိသေးဘူးလို့ ဆိုပါတယ်။

    ဝိုင်းမော်-ကန်ပိုင်တီ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ လနဲ့ချီကြိုးပမ်းနေတဲ့ စစ်တပ်ဟာ လမြန်ရွာကနေ ရှေ့ဆက်မတိုးနိုင်ဖြစ်နေပြီး ပန်ဝါဘက်ကိုလည်း ပြည်သူ့စစ်အင်အားနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

    ဖားကန့်ဘက်မှာတော့ စစ်ကောင်စီတပ်တွေ မြို့ထဲအထိ ထိုးဖောက်ဝင်ရောက်ပြီး ရွာတချို့ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်ရေးတင်းမာနေပြီး နှစ်ဖက်လုံးက တပ်သားသစ် စုဆောင်း ပေါ်တာဆွဲနေလို့ ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

    ✍စိုးသူအောင်

  • စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ

    စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ

    ရန်ကုန်မြို့တော်စည်ပင်က ရေမြောင်းတွေချဲ့ဖို့ လမ်းမကြီးနဲ့လမ်းကြားဘေးဝဲယာရှိ သစ်ပင်ကြီးငယ်တွေကိုခုတ်ပြီး ရေမြောင်းတွေကိုချဲ့ထားပေမဲ့လည်း ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်းက မိုးရွာသွန်းပြီးချိန်မှာ တအိမ်လုံး ရေဝင်နစ်မြှုပ်တဲ့အထိ ဖြစ်လာပါတယ်။

    တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီးမှာ ရေမြောင်းတွေချဲ့ပြီးတဲ့နောက် နေအိမ်ထဲထိ ရေဝင်ရောက်လာတဲ့အခြေနေကို မြို့ခံတယောက်က “ရေက ပိုပြီးတော့ဝင်တာပေါ့။ အခုဒါ အရင်တုန်းက ကျနော်တို့ အဲ့လိုဝင်တာမှ မဟုတ်တာ။ ဒီလောက်ပဲခပ်ထုတ်ရတာ၊ အခုဒီလိုမျိုးဖြစ်သွားတာ။ အခုအိမ်အနောက်ထိ” လို့ ပြောပါတယ်။

    မြောင်းကျယ်ကြီးတွေတူးဖို့အတွက် အိမ်ရှေ့မျက်နှာစာတွေမှာ စိုက်ပျိုးထားတဲ့ အလှပန်းပင်နဲ့ ဗန်ဒါပင်လို အရိပ်ကောင်းပြီး နှစ်ပေါင်း ၅၀ ကျော် အပင်ကြီးတွေကိုပါ ခုတ်ပြီးမြောင်းတွေ လိုက်တူးခဲ့ပေမဲ့ မြောင်းအကျယ်ကြီးတွေတူးပြီးမှ အိမ်တွေထဲကို ရေပိုပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။

    ဒါ့အပြင် ပြောင်းလဲလာတဲ့ မိုးရွာသွန်းမှုပုံစံကိုလိုက်ပြီး လမ်းမကြီးတွေ ပေါ်ရေမတင်အောင် ရေမြောင်းကျယ်ကြီးတွေ တူးခဲ့ပေမဲ့ ရေလမ်းကြောင်းတွေဟာ ချောင်းကျယ်ဘက်ကို တသက်လုံးစီးဆင်းနေရာကနေ ချောင်းနဲ့ဆန့်ကျင်ဘက်အရပ်ကို စီးဆင်းလာတဲ့အတွက် စည်ပင်ရဲ့မြောင်းတူးလာတဲ့ အစီအစဥ်ပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

    အောက်တိုဘာ ၉ ရက် ညနေပိုင်းမှာ မိုးရွာသွန်းပြီးတဲ့နောက် တောင်ဥက္ကလာပမြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာပါ လမ်းရေကျော်တာ၊ ရေဝင်ရောက်တာတွေကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။

  • မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်မေးခံနေရသလား၊ အဖမ်းခံရတာလား

    မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်မေးခံနေရသလား၊ အဖမ်းခံရတာလား

    နေပြည်တော်မှာ မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်မေးခံနေရသလား၊ အဖမ်းခံရတာလား

    နေပြည်တော်မှာ မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေကို မနေ့ညပိုင်း စစ်တပ်က နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားပြီး ဒီနေ့မှာ အဆက်အသွယ်မရတော့ဘူးလို့ သိရပါတယ်။

    အောက်တိုဘာလ ၅ ရက်နေ့မှာ ဘူးလက်လှဆွေက နေပြည်တော်မှာ မဲစာရင်းတွေ မှားနေတဲ့အကြောင်း၊ လူဦးရေ ၅၀၀ ရှိရင် ၃၀၀ လောက်မှားနေကြောင်း၊ သေတဲ့သူတွေ စာရင်းပါနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မိသားစုတောင် မဲစာရင်း မပါကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကာလ မဲစာရင်းအဟောင်းကို သုံးတယ်လို့ ယူဆကြောင်း၊ မဲစာရင်းများ အလွန်ကွာဟနေပြီး မဲစာရင်းများ ပြန်လည် ပြုပြင်ရန်ပင် အချိန် ၁ ပတ်သာ ကျန်တော့ကြောင်း၊ မဲစာရင်းမှားယွင်းမှု အဆင်မပြေကြောင်း ဘူးလက်လှဆွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    အဲဒီနောက် အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းမှာ ဘူးလက်လှဆွေကို စစ်တပ်က နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး ဒီနေ့အထိ ဘူးလက်လှဆွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း ဖုန်းခေါ်လို့ မရတော့ပါဘူး။

    ပုံမှန်အားဖြင့် နေ့စဉ် တစ်တော့မှာ ဗီဒီယိုလေးတွေ တင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ အာဏာသိမ်းမှု အခြေအနေတွေကို သုံးသပ်ချက် ဗီဒီယိုလေး ဖြန့်ဝေလေ့ရှိတဲ့ လှဆွေရဲ့ တစ်တော့ အကောင့်မှာလည်း ဘာ ဗီဒီယိုမှ မတင်နိုင်တော့တာ တွေ့ရပါတယ်။

    စစ်တပ်နဲ့ လော်ဘီအမည်ခံ သတင်းသမားတွေ စုဝေးနေကြတဲ့ Viber Group မှာလည်း သတင်းသမားအမည်ခံ စစ်တပ်လော်ဘီ အောင်မင်းက ဘူးလက်လှဆွေ အဖမ်းခံထားရသလားလို့ စစ်တပ်ကို မေးခွန်းထုတ်ထားပေမယ့်လည်း စစ်တပ်ဘက်ကတော့ ဘာမှ အကြောင်းမပြန်ပါဘူး။ မေးခွန်းမေးသူ အောင်မင်းဆိုတာက ခင်ရီရဲ့ အတွင်းလူယုံဖြစ်ပြီးတော့ ကြံ့ဖွတ်ရဲ့ အမာခံ လော်ဘီလည်းဖြစ်ပါတယ်။

    မဲစာရင်းမှားယွင်းမှု အကြောင်းပြလို့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်အတွက် ဘူးလက်လှဆွေရဲ့ ဝေဖန်ချက်က အရှိုက်ကို ထိုးသလို ဖြစ်သွားစေနိုင်တယ်လို့ ကြံ့ခိုင်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။ ဒါပေမယ့် ဘူးလက်လှဆွေကို စစ်တပ်က ဖမ်းသွားတာလား၊ ခေါ်မေးနေတာလားဆိုတာကို ကြံ့ခိုင်ရေးပါတီဘက်ကလည်း ဘာမှ မသိဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

    ကြံ့ဖွတ်ပါတီအတွင်းမှာ မင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းက တိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီး ပါတီအနေနဲ့ အတွင်းရေးတွေကို ဗဟိုကော်မတီဝင်အဆင့်ကိုတောင် သိခွင့်မရှိတော့ဘူးလို့ ကြံ့ခိုင်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

    နေပြည်တော်၊ ပုဗ္ဗသိရိမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဘူးလက်လှဆွေ အဖမ်းခံရတာလား၊ ခဏ ခေါ်မေးခံရတာလား၊ တစ်တော့မှာ သူ့ထုံးစံအတိုင်း ဗီဒိယိုအတိုတွေ တင်ပြီး ထင်မြင်သုံးသပ်ချက်တွေ ရမ်းသမ်းထပ်ပြောနိုင်ဦးမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

    ရုပ်သံ- ဘူးလက်လှဆွေ

  • ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား

    ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ ချင်ရုပ်ကုန်းကျေးရွာနယ်တဝိုက်မှာ စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ဝန်တင်ဆိပ်ကျေးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ထွက်လာချိန် အမည်မသိအဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    အဆိုပါ လှမြင့်ဆိုသူဟာ ပေါင်းတလည်မှာ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဧည့်စာရင်းစစ်တာ၊ ပေါ်တာဆွဲငွေညှစ်တာနဲ့ ရွာတွေက စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်ပြီး ရဲစခန်းကိုပေးပို့ကာ ရဲနဲ့ပေါင်းပြီး ဖမ်းဆီးငွေညှစ်တာတွေကို အဓိကလုပ်ဆောင်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “လှမြင့်အဖမ်းခံရပြီး သူ့တပည့်ပျူတွေလည်း ပြာယာခတ်နေတယ်၊ တချို့ဆို ထွက်စာတင်ထားတယ်လို့ကြားတယ်၊ ပျူတွေကျေနပ်အောင် စစ်တပ်နဲ့ရဲက ဝန်တင်ဆိပ်ရွာအနီးက တွေ့တဲ့အမျိုးသား၂ ဦးကို အမှုဆင်ပြီးဖမ်းသွားတာ၊ ယနေ့အချိန်ထိပြန်မလွှတ်သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အဆိုပါပျူခေါင်းဆောင် လှမြင့် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးတယ်ဆိုတာ အခုချိန်ထိ ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။