Author: Baby Yit Lone

  • The People Upstairs

    The People Upstairs

    The People Upstairs (2025)

    * စကားပြော အသုံးအနှုန်းလေးတွေ အနည်းငယ် ကြမ်းတမ်းပါသဖြင့် အသက်ပြည့်မှသာ ကြည့်ရှုပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံပါရစေခင်ဗျ *

    ဒီတစ်ခေါက်မှာတော့ Ha Jung-Woo, Kong Hyo-Jin, Kim Dong-Wook နဲ့ Lee Ha-Nee တို့လို နာမည်ကြီး မင်းသား၊ မင်းသမီးတွေ အပြိုင်အဆိုင် သရုပ်ဆောင်ပညာပြထားတဲ့ ရုံတင်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

    – ဇာတ်လမ်းအကျဉ်း –

    အိုဟျွန်းဆူ (Kim Dong-Wook) နဲ့ ဂင်ဂျောင်အာ (Kong Hyo-Jin) တို့က တစ်ချိန်က မီးလျှံလို ပူပြင်းတဲ့ အိမ်ထောင်ရေးဘဝမျိုး ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အချစ်တွေ အေးစက်သွားပြီး ခြောက်ကပ်တဲ့ နေ့စဉ်ဘဝကိုပဲ ဖြတ်သန်းနေရတဲ့ ဇနီးမောင်နှံတွေပါ။

    အခုရက်ပိုင်း သူတို့နှစ်ယောက်ကို စိတ်ဒုက္ခပေးနေတာကတော့ ညတိုင်း အားအင်အပြည့်နဲ့ အသံတွေ ထွက်ထွက်နေတဲ့ အပေါ်ထပ်အိမ်က ဂင်ဘုမ်းရုံး (Ha Jung-Woo) နဲ့ ချွဲဆူဂယောင်း (Lee Ha-Nee) တို့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။

    အဲဒီလိုနဲ့ တစ်နေ့မှာ ဂျောင်အာက အိမ်ပြင်ဆင်တဲ့ ဆူညံသံတွေကို သည်းခံပေးခဲ့တဲ့ အပေါ်ထပ်အိမ်က ဇနီးမောင်နှံကို ကျေးဇူးတင်တဲ့အနေနဲ့ ညစာဖိတ်ကျွေးဖြစ်ခဲ့ပြီး အဲဒီနေ့ည ထမင်းစားပွဲဝိုင်းမှာ အပေါ်ထပ်အိမ်က ဇနီးမောင်နှံက ဂျောင်အာတို့ ဇနီးမောင်နှံကို အံ့အားသင့်ဖွယ် ကမ်းလှမ်းချက်တစ်ခု လုပ်လာတဲ့အခါမှာတော့…

    တကယ်ပဲ အဲဒီကမ်းလှမ်းချက်က ဘာများဖြစ်နေမလဲ……

    ဒီညစာစားပွဲလေးကနေတစ်ဆင့် ဟျွန်းဆူနဲ့ ဂျောင်အာတို့ရဲ့ ဆက်ဆံရေးမှာ ဘယ်လို အပြောင်းအလဲလေးတွေ ရှိလာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ရှုစားပေးကြပါဦး။

  • ကသာကို ဆက်တိုက်ဗုံးကြဲ

    ကသာကို ဆက်တိုက်ဗုံးကြဲ

    စစ်ကိုင်းတိုင်း ကသာမြို့ကို စစ်ကော်မရှင်က နေ့စဥ် လေကြောင်းဗုံးကြဲလျက်ရှိရာ စေတီကုန်း၊ မိဿလင်၊ နတ်ရေတွင်း၊ ကြံတော၊ အောင်ပုံ စသည့် ကျေးရွာနှင့် ရပ်ကွက်များ မီးလောင်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    ၂၀၂၅ ဒီဇင်ဘာ ၂၇ ရက်မှစ၍ တော်လှန်ရေးတပ်များက ကသာမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို စစ်တပ်ဘက်မှ Y 12၊ ဂျက်ဖိုက်တာများအပြင် ဒရုန်းများဖြင့်ပါ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေခြင်း ဟု ဆိုသည်။

    ဒေသခံတဦးက ”မြို့တွင်းကွက်ကွက်လေးပဲ မပျက်စီးဘဲ ကျန်တော့တယ်။ စေတီကုန်း၊ မိဿလင်ဘက်ဆိုရင် ဟင်းလင်းပြင် ဖြစ်နေပြီ။ ကသာမြို့က ကြိုဆိုပါ၏ ဆိုင်းဘုတ်လောက်မှာပဲ ကောင်းတာလေး ကွက်ကွက်လေးကျန်နေတယ်။ တိုက်ပွဲက ၇ ရက်နေ့ တရက်ပဲနားပြီး ထပ်ဖြစ်နေတာ။ နေ့တိုင်းဗုံးကြဲနေတာ”ဟု ပြောသည်။

    ကသာမြို့တွင် ရပ်ကွက် ၁၁ ခုရှိပြီး ကျေးရွာ ၂၀၀ နီးပါးခန့်ရှိကာ တိုက်ပွဲများကြောင့် ဒေသခံများမှာ နီးစပ်ရာ ကျေးရွာများ၊ မန္တလေး၊ မြစ်ကြီးနားဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မြို့တွင်း၌ ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

    ကသာမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ၊ ကျောင်းသားတပ်မတော် (ABSDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်း ဖြစ်သည်။

  • Randaam Yaamam

    Randaam Yaamam

    Randaam Yaamam (2026)

    ဒုတိယအခါ

    Thriller ကားကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် Randaam Yaamam ဆိုတဲ့ မာလာယလမ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။

    ဒီကားက ရိုးရိုးရှင်းရှင်းဒရာမာ လိုလိုနဲ့ တကယ့်ကို ရင်တထိတ်ထိတ်ကြည့်ရမယ့် အမျိုးအစားပါ။

    ဇာတ်လမ်းကတော့…

    ရှေးရိုးစွဲ အယူအဆတွေလွှမ်းမိုးနေတဲ့ ရွာလေးတစ်ရွာမှာ ရွာသားတွေအားကိုးကြတဲ့ သီရူမေနီဆိုတဲ့ ဂမ္ဘီရဆရာကြီးတစ်ယောက်ရှိပါတယ်။

    သူ့မှာ ယာဒူနဲ့ ယာသီဆိုတဲ့ ရုပ်မတူတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး အဲဒီထဲကတစ်ယောက်က မကောင်းတဲ့ နက္ခတ်နဲ့မွေးဖွားလာသူဖြစ်ပါတယ်။

    ယာဒူဟာ သူ့အဖေခြေရာနင်းပြီး ဗေဒင် ဂမ္ဘီရပညာတွေမှာ နှံ့စပ်ပေမဲ့ ယာသီကတော့ သာမန်လူလိုနေထိုင်ချင်တာကြောင့် သူတို့အဖေဖြစ်သူရဲ့ မျက်နှာသာပေးခြင်းကို မခံရသူပါ။

    အဲဒီလိုနဲ့ သူတို့ရဲ့ရွာလေးကို ဆိုဖီဆိုတဲ့ မြို့သူလေးရောက်လာပြီး ကိစ္စတစ်ခုဖြစ်သွားတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့သူတို့ရွာလေးမှာ သည်းထိတ်ရင်ဖိုကိစ္စတွေဖြစ်လာပါတော့တယ်။

  • The Jade Goddess of the Supreme Emei

    The Jade Goddess of the Supreme Emei

    The Jade Goddess of the Supreme Emei (2018)

    တရုတ်သိုင်းလောက ရုပ်ရှင်တွေကို ကြည့်နေကျ ပရိသတ်တွေအနေနဲ့ အော်မေဂိုဏ်းကို ရင်းနှီးပြီးသား ဖြစ်မှာပါ။

    အခုဒီရုပ်ရှင်ကတော့ အော်မေဂိုဏ်းက ဆရာတူညီအစ်မ ၇ ဦးကြားက အချစ်၊ အမုန်း၊ ရန်ငြိုး၊ သံယောဇဉ်တွေကို ရိုက်ကူးဖော်ပြထားတာ ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့-

    ဝူမေဆရာသခင်မ၊ ကျိ့ရှန့်ဆရာတော်၊ ပိုင်မေရသေ့၊ လီပါးရှန်၊ ဖုန်တောက်တယ်နဲ့ မြောင်ရှန်တို့ဟာ ဆရာတစ်ဦးတည်းဆီမှ ဆင်းသက်လာပေမဲ့ သိုင်းပညာအပေါ် အမြင်မတူညီကြတဲ့အတွက် ကိုယ်စီဂိုဏ်းတွေ တည်ထောင်ခဲ့ကြပါတယ်။

    ဝူမေဆရာသခင်မဟာ မတော်တဆ “စက်ရုပ်ဆရာ၏ အတတ်ပညာ” လို့ခေါ်တဲ့ တားမြစ်ထားတဲ့ လျှို့ဝှက်သိုင်းကျမ်းကို ရရှိခဲ့ပါတယ်။

    အဲဒီပညာကို တတ်မြောက်သူဟာ ရှေး၊ ယခု၊ အသက်ရှင်သူ သို့မဟုတ် သေဆုံးပြီးသူအားလုံးကို အဝေးကနေ စက်ရုပ်လို ထိန်းချုပ်နိုင်ပါတယ်။

    အဲဒီအချိန်မှာ ချန်လုန်မင်းကြီးရဲ့ တူတော် ယုံခွန်းဟာ သိုင်းလောကမှ နာမည်ကြီးသိုင်းပညာရှင်တွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ သိုင်းပညာအစွမ်းတွေကို စုဆောင်းရန် ကြံစည်နေပါတယ်။

    အဲဒါကြောင့် သူက စွန်းကျစ်ယိဆိုတဲ့ အမည်အတုနဲ့ အော်မေဂိုဏ်းကို တိတ်တဆိတ် ဝင်ရောက်ခဲ့ပါတယ်။

    တိုက်ဆိုင်စွာ အော်မေးဂိုဏ်းမှာ ကပ်ရောဂါဘေး ကျရောက်နေပြီး ဆေးပညာကျွမ်းကျင်တဲ့ ပိုင်ယွမ်မင်က အကူအညီပေးဖို့ ရောက်လာခဲ့ပါတယ်။

    အဲဒီမှာ သူက လီအာဟွမ်ဦးဆောင်တဲ့ အော်မေးဂိုဏ်းတပည့်တွေနဲ့ အရှုပ်အထွေးတွေ ဖြစ်ပွားခဲ့ပြီး သိုင်းလောကရဲ့ ပဋိပက္ခတွေထဲမှာ မမျှော်လင့်ဘဲ ပါဝင်ပတ်သက်သွားခဲ့ပါတယ်။

    ပိုင်ယွမ်မင်တစ်ယောက် အထင်လွဲခံရတာကို ပြန်လည်ဖြေရှင်းနိုင်မလား……

    အော်မေဂိုဏ်းက ညီအစ်မတွေရော သွေးခွဲသူရဲ့ အန္တရာယ်ကို ကျော်ဖြတ်နိုင်မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

  • ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့

    ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့

    ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားခဲ့ရ၊ မိုးညိုမြို့အနီး ဗဟိုပြုသော အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုဖြစ်

    ရန်ကုန်မြို့တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး သိသာစွာ ခံစားခဲ့ရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ရန်ကုန်မြို့၌ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ် အများအပြားမှ ပြည်သူများ သိသာစွာခံစားခဲ့ရကြောင်း၊ ထို့ပြင် အထပ်မြင့်တိုက်ပေါ်တွင် နေထိုင်သော ပြည်သူများလည်း လမ်းမပေါ် ပြေးဆင်းမှုများ ရှိကြောင်း သိရသည်။

    “ငလျင်လှုပ်တာ အိမ်က ရမ်းနေတာ ပထမတော့ ခေါင်းမူးနေတယ်ထင်တာ ရပ်ကွက်ထဲ ငလျင်လှုပ်တယ် အော်တော့မှ အိမ်ပေါ်ကနေ ပြေးဆင်းရတယ်။ အိမ်တွေလည်း ရမ်းသွားတယ်။ အထပ်မြင့်တိုက်ပေါ်က လူတွေလည်း ပြေးဆင်းလာတာတွေရှိတယ်” ဟု လှိုင်သာယာမြို့နယ်နှင့် မြောက်ဥက္ကလာမြို့နယ်တွင် နေထိုင်သော ပြည်သူများက ပြောဆိုသည်။

    အဆိုပါ ငလျင်သည် ပဲခူးတိုင်း၊ မိုးညိုမြို့အနီး၊ မြေအောက်အနက် ၁၁၀ ကီလိုမီတာကိုဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရစ်ခ်တာစကေး ၄.၅ အဆင့်နှင့် အင်အားအတော်အသင့်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း NUG အစိုးရ လူသားစာနာဌာနက ထုတ်ပြန်ထားသည်။

    အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၄၂ မိနစ်ခန့်ကလည်း မန္တလေးမြို့တောင်ဘက် ၉၈ ကီလိုမီတာအကွာ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၃၅ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ ထိုငလျင်လှုပ်ခတ်မှုကို နေပြည်တော်၊ တောင်ကြီး၊ မိတ္ထီလာ နှင့် မန္တလေးမြို့ပေါ်မှ ပြည်သူများ သိသာစွာခံစားခဲ့ရသည်။

    မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် မြို့ကြီးများမှ ပြည်သူထောင်ချီ သေဆုံးခဲ့ကြောင်း၊ ထိုသို့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက် ဆက်တွဲ ငလျင် စုစုပေါင်း အကြိမ်ရေ ၂၀၀ ကျော် နီးပါး လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

    ရန်ကုန်ငလျင် ဘယ်လောက်စိုးရိမ်ခဲ့ကြရလဲ

    ဒီကနေ့ညပိုင်း ၁၀ နာရီ ၁၅ ခန့်က ရန်ကုန်မြို့မှာ အင်အားသိသာတဲ့ငလျင်လှုပ်ခတ်လို့ မြို့ခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ ပြောပြလာကြပါတယ်။

    နောက်ဆက်တွဲငလျင်တွေထပ်လှုပ်မှာလည်း စိုးရိမ်ကြတယ်လို့ဆိုပါတယ်။

    ဒီကနေ့ညပိုင်း ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်တိုက်တွေမှာ နေထိုင်သူတွေဆို အပြေးအလွှားပြေးဆင်းကြတဲ့အထိ ဖြစ်ခဲ့ကြတယ်လို့ ပြောကြပါတယ်။

    မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ နေပြည်တော်အနီး ဗဟိုပြုပြိီး အင်တာရစ်တာစကေး ၃.၀ ရှိတဲ့ ငလျင်တခုလှုပ်သွားတယ်လို့ကြေညာထားပါတယ်။

    ရန်ကုန်ဘက်မှာတော့ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ကြေညာလာပါတယ်။

    ဓာတ်ပုံ – ရန်ကုန်မြို့တွင် ညအချိန် ငလျင်လှုပ်ခတ်၍ အထပ်မြင့်တိုက်တာများမှ ပြေးဆင်းကြသော ပြည်သူတချို့ (ပုံအဟောင်းဖြစ်သည်)