Author: Baby Yit Lone
-

The Butcher’s Blade
The Butcher’s Blade (2026) နေရာကတော့ အာဏာနဲ့ ပိုက်ဆံရှိတဲ့သူတွေက အရာရာကို ချယ်လှယ်နေတဲ့ မြို့တစ်မြို့မှာပါ ။ အဲ့ဒီမှာ ရွှယ်ပုယိ ဆိုတဲ့ အရာရှိလေးတစ်ယောက်ရှိတယ်။ လူကတော့ မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ချလိုက်တာပဲ အဲ့ဒီစိတ်ဓာတ်ကြောင့် အလုပ်ထဲမှာ ဆယ်နှစ်လုံးလုံး နေရာမတက်ဘဲ ဘေးကိုပဲအမြဲအပို့ခံနေရတယ်။ တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး သူ့ခေါင်းပေါ်ကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ အစိုးရရဲ့ ကယ်ဆယ်ရေးရန်ပုံငွေတွေ အခိုးခံရတဲ့အမှုကြီးတစ်ခုမှာ သူ့ကို တရားခံအဖြစ် လက်ညှိုးထိုးပြီး ထောင်ထဲထည့်လိုက်ကြပါတယ်။ သူဘာမှမသိလိုက်ဘူး၊ ဘာမှမလုပ်လိုက်ရဘဲနဲ့ သူ့ဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ထောင်ထဲမှာ အမှောင်ကျနေတဲ့ သူ့ဘဝကို အလင်းရောင်ပေးမယ့်သူ ပေါ်လာတယ်။ အဲ့ဒါကတော့ သူ့ရဲ့ဆရာသမားပါပဲ ဆရာသမားက သူ့ကို ထောင်ကနေထုတ်ပေးပြီး “မင်းမမှားမှန်း ငါသိတယ်… တရားမျှတမှုကို ပြန်ရှာရမယ်” ဆိုပြီး လမ်းပြပေးခဲ့တယ်။…
-

Uranus Attacks
Uranus Attacks (2024) “Uranus Attacks” ဆိုတဲ့ ရုပ်ရှင်ကတော့ comedy + sci-fi alien invasion ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမည်က Uranus ဆိုပေမယ့် မြို့က Missouri, အမေရိကန် ရှိ Uranus လို့ခေါ်တဲ့ နေရာပါ။ဒီမြို့ကို ထူးဆန်းတဲ့ alien slug တစ်ကောင် တိုက်ခိုက်လာပြီးသူ့ရဲ့ “ass-similate” ဆိုတဲ့ နည်းနဲ့ မြို့လူထုကိုပျက်စီးစေဖို့ ကြိုးစားပါတယ်။ ဒီအရာကို စက်ရုံ ဝန်ထမ်းနှစ်ဦးနဲ့ secret agent တစ်ယောက်နဲ့အတူတကွပါတ်သတ်ပြီး alien invasion ကို တိုက်ခိုက်ကြတဲ့ ဟာသရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။
-

Gladiator Underground
Gladiator Underground (2025) သံယောဇဉ်နှောင်ကြိုးတွေနဲ့ ငွေကြေး၊ ဂုဏ်သိက္ခာတွေ ယှဉ်ရင် ဘာက အရေးကြီးမလဲ။ စည်းကမ်းအတိုင်း ယှဉ်ပြိုင်ပြီး တစ်ယောက်ကိုတစ်ယောက် သတ်ပစ်မှာလား။ ဒါမှမဟုတ် ဂုဏ်သိက္ခာကိုရင်းမှာလား။ ဒါမှမဟုတ် သံယောဇဉ်ကသာ အဓိကလား။ ကျွန်တော်တိုတွေဟာ လက်ဝှေ့စင်ပေါ်မှာ လောကဓံနဲ့ နေ့စဉ်နဲ့အမျှ ထိုးသတ်နေရတာပါပဲ။ နိုင်တဲ့အခါလည်း ရှိမယ်။ အရှုးနဲ့လည်း ရင်ဆိုင်တွေ့ရမယ်။ အဓိက,က ဇာတ်ဆရာအလိုကျ မကဘဲ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖိုပါပဲ။ ဇာတ်လမ်းအကျဉ်း ဂုဏ်သိက္ခာတွေဘာတွေ ထည့်မစဉ်းစားဘဲ အကောင်းဆုံးဖိုက်တာဖြစ်ချင်တဲ့ မက်ခ်စ်ယန်း… သူ့ညီကတော့ ဆရာ ဆုံးမတဲ့အတိုင်း ဂုဏ်သိက္ခာကို လက်ကိုင်ထားပြီး လူမှန်ကြီးလုပ်နေတဲ့ ဝူယန်း… တစ်နေ့မှာတော့ သူတိုဆရာရဲ့ သင်တန်းကျောင်း ဖျက်ဆီးခံရပြီး ဆရာကို သတ်သွားတဲ့အခါ သူတိုနှစ်ယောက်ပူးပေါင်းပြီး အဲဒီမြိုရဲ့ နာမည်ကျော်တိုက်ခိုက်ရေးကစားပွဲတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ပါတော့တယ်။ ကမ္ဘာပေါ်မှာ…
-

Unseen Enemy
Unseen Enemy (2025) ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ ထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လီဗိုင်ဟာ တကယ်အရည်အချင်းရှိတဲ့ စုံထောက်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူဟာ အမှုတစ်ခုမှာ မှားယွင်းစွပ်စွဲခံရတာကြောင့် မြို့ထဲကနေ တိမ်းရှောင်းပြီး ဆိပ်ကမ်းက သင်္ဘောငယ်တစ်စီးပေါ်မှာ ခြေရာဖျောက်နေရပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ ကျောင်းတုန်းက သူငယ်ချင်းကောင်မလေး မရစ်ဆာဟာ သူ့ညီမလေး ဆူဇီ က စာမလာ သတင်းမကြားပဲ ခြေရာဖျောက်ကောင်းနေလို့ အသက်မှရှိသေးပါ့မလားလို့ စိတ်ပူပြီး လီဗိုင်ကို လိုက်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ လီဗိုင်က အစကတော့ ငြင်းပေမဲ့ မရစ်ဆာကို သံယောဇဉ်ရှိတာကြောင့် သူ့ညီမလေးကို လိုက်ရှာပေးဖို့ သဘောတူလိုက်ပါတော့တယ်။ ဒီလိုနဲ့ သူက မြို့ထဲပြန်လာခဲ့ပြီး ဆူဇီကို စရှာတဲ့အခါ သတင်းရသွားတဲ့ လူဆိုးတွေက လီဗိုင်ကို လိုက်ရှာဖမ်းပါတော့တယ်။ ဒီတော့ လီဗိုင်တစ်ယောက် ဘာများလုပ်ခဲ့မိတာလဲ?…
-

Meduusalla ei ole sydäntä
Meduusalla ei ole sydäntä (2025) ဒီကားက ဖင်လန်နိုင်ငံက ဒရာမာရုပ်ရှင်ပါ။ Minna လို့ခေါ်တဲ့ အရက်စွဲနေပြီး စိတ်ဒဏ်ရာတွေ ရနေတဲ့ မိခင်တစ်ယောက်နဲ့ သူ့သမီးဖြစ်သူ ဆယ်ကျော်သက် Silja တို့ရဲ့ ကြေကွဲစရာ မိသားစုဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ Silja က သူ့အမေ Minna ကို ဒီဘဝဆိုးကနေ ရုန်းထွက်နိုင်ဖို့၊ သူ့ဘဝလေး ပြန်ကောင်းလာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပေးပါတယ်။ ဒါပေမယ့် Minna ရဲ့ စိတ်ဒဏ်ရာတွေက အရမ်းပြင်းထန်နေတော့ သမီးဖြစ်သူရဲ့ ကြိုးပမ်းမှုတွေက အခြေအနေကို ပိုဆိုးသွားစေသလို ဖြစ်နေပါတယ်။ ရုပ်ရှင်ရဲ့ အဓိက အကြောင်းအရာကတော့ အတိတ်က ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေကနေ လူတစ်ယောက်ဟာ လွတ်မြောက်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းနဲ့ အဆိုးဆုံးသောရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့…