Author: Baby Yit Lone

  • ငလျင်ဘေးအတွက် သတိပေးလာတဲ့ လင်းညို့တာရာ

    ငလျင်ဘေးအတွက် သတိပေးလာတဲ့ လင်းညို့တာရာ

    ငလျင်ဘေးကို ဒီလ ၁၅.၁၆.၁၇ အထိ ဂရုစိုက်ဖို့ လိုပါမယ်

    ဖြစ်ခဲ့လျှင်လည်း ၂၀၂၅ လောက်တော့ အဆိုးဆုံး နဲ့ လူတွေထိခိုက်မှုတော့ မများနိုင်ပါ

    ဒါပေမယ့် ကံဆိုးသူမောင်ရှင်တွေဆိုတာက ရှိနိုင်တာမို့လို့ သတိထားပေးကြပါ

    မနှစ်က ငလျင်ဒဏ်သင့်ထားသော နေရာများအားလုံး သတိပြုပေးကြဖို့ လိုပါတယ်။

    ယတြာအနေနဲ့ အိမ်ရှေ့မှာမြေခွက် ဖန်ခွက်ထဲကို ရေထည့်ပါ အပေါ်ကနေ ညောင်ရွက်တစ်ရွက်တင်ပါ သို့မဟုတ် စာရွက်ဖြူတစ်ရွက်ကို ညောင်ပင်ပုံစံဖြတ်တောက်ပြီး ရေခွက်ပေါ်မှာတင်ထားပါ။

    ဝသုန္ဒြေနတ်မင်းကြီးကို အိမ်ခြံဝင်းအတွင်း သန့်ရှင်းသောနေရာတွင် အုန်းသီး၊ ငှက်ပျောသီးများဖြင့် ကန်တော့ပွဲပေးခြင်းသော်လည်းကောင်း သို့ ရေတစ်ခွက် အသီးအစုံတစ်ပွဲ ဆီမီးများ ထွန်းညှိပြီး

    “ဤမြေပေါ်တွင် နေထိုင်ရသော အိမ်ထောင်စုဝင်များအား မြေဘေးအန္တရာယ်များမှ စောင့်ရှောက်ပေးပါ”ဟု တိုင်တည်ဆုတောင်းခြင်းများ ပြုလုပ်ပေးပါလေ။

    လင်းညှို့တာရာ

  • နတ်ရေကန်ကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို AA ပိတ်ဆို့တိုက်ခိုက်

    နတ်ရေကန်ကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို AA ပိတ်ဆို့တိုက်ခိုက်

    ရခိုင်-မ‌ကွေး ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကူလာတဲ့ စစ်ကောာင်စီ စစ်ကြောင်း ၂ ကြောင်းကို အာရက္ခတပ်တော် (AA) က ထပ်မံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    AA သိမ်းထားတဲ့ ဂုတ်ကြီးကျေးရွာစခန်းနဲ့ ပဇီကျေးရွာ စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးအပတ်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းကို AA က ပိတ်ဆို့ထားပြီး စနိုက်ဘာနဲ့ တိုက်ခိုက်နေတယ်လို့ လည်းသိရပါတယ်။

    စစ်ရေးသတင်းရင်းမြစ်တယောက်က “စကမ ဘက်က ဂုတ်ကြီးစခန်းနဲ့ ပဇီစခန်းကို ဒီဇင်ဘာလအတွင်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး တက်လာတယ်၊ တိုက်ပွဲဖြစ်တယ်၊ AA ဘက်က နောက်ဆုတ်ပေးလိုက်ရတယ်။ အခု အဲဒီစစ်ကြောင်းတွေ အပိတ်ခံနေရပြီ”လို့ ပြောပါတယ်။

    စစ်ကြောင်း ၂ ကြောင်းလုံး ရှေ့လည်းမရောက် နောက်ဆုတ်လို့လည်းမရဘဲ ပိတ်မိသွားပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကိုပါ နေ့စဉ်ခံနေရတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ စစ်ကောင်စီဗျူဟာ နတ်ရေကန်တောင်စခန်း၊ လမ်းဟောင်း ပဇီရွာစခန်း၊ လမ်းသစ် ဂုတ်ကြီးရွာစခန်း ၃ ခုလုံးကို AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက အခိုင်အမာပိတ်ထားပြီး နောက်တန်း ကပစ ၁၄ နဲ့ ဆုန်ကုန်း အမြောက်တပ်မှ စစ်ကူ​စစ်ကြောင်း ထပ်မံစေလွှတ်ထားပေမဲ့ ကြားဖြတ် တိုက်ခိုက်ခံနေရတယ်လို့ ဒေသခံစစ်​ရေးသတင်းရင်းမြစ်က ထပ်ပြောပါတယ်။

    “နောက်ထပ် စစ်ကူစစ်ကြောင်းတွေ လာတယ်၊ ဒါပေမဲ့ ပဇီရွာ မရောက်ခင်၊ ဂုတ်ကြီးရွာမရောက်ခင် ကြားဖြတ်တိုက်ခိုက်ထားတယ်။”

    အဆိုပါ ပိတ်ဆို့ခံထားရတဲ့ စခန်း ၂ ခုဘက်ကို လမ်းဟောင်းနဲ့ လမ်းသစ် ၂ သွယ်ခွဲပြီး နောက်ကြောင်းစစ်ကူ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကိုလည်း AA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။

    ရခိုင်ရိုးမပေါ်ရှိ ငဖဲမြို့အပိုင် AA သိမ်းထားတဲ့ ဂုတ်ကြီးရွာကို ဒီဇင်ဘာ နောက်ဆုံးအပတ်က ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူယူပြီး အင်အား ၁၀၀ ကျော်ခန့်နဲ့ စစ်ကောင်စီစစ်ကြောင်း အလုံးအရင်းနဲ့ ဝင်ရောက်ကာ တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က ရွာထဲထိ ဝင်ရောက်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပဇီရွာစခန်းကိုလည်း ၂၀၂၅ နိုဝင်ဘာလအတွင်းက AA နဲ့ ပူးပေါင်းတပ်တို့ ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က နောက်ထပ် စစ်အင်အားဖြည့်ကာ လက်နက်အင်အား၊ လူအင်အားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့လို့ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

    စစ်ကောင်စီတပ်ရဲ့ နတ်ရေကန်၊ ပဇီ၊ ဂုတ်ကြီး တို့ကို AA နဲ့ တော်လှန်ရေးတပ်က ဝိုင်းရံပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာတွေကို လေကြောင်းမှ Y8၊ Y12 တွေနဲ့ နှစ်ရက်တကြိမ် ပုံမှန်လာချပေးနေရပြီး ရိက္ခာထုပ်တချို့ကို AA ဘက်ကလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

  • Eye for an Eye

    Eye for an Eye

    Eye for an Eye (2025)

    Horror ကိုမှ ယုံတမ်းဒဏ္ဍာရီ Lore တွေနဲ့ ဆက်စပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေက နည်းပေမယ့် အပိုလိုမရှိ ကွက်တိဖြစ်အောင် သရုပ်ဆောင်နိုင်ကြတဲ့အပြင် အလင်းအမှောင်နဲ့ ခြောက်ခြားဖွယ် ရိုက်ကွင်းတွေကလည်း တကယ်ကို အသက်ဝင်တယ်လို့ ပြောရမှာပါ။

    ဇာတ်လမ်းအကျဉ်းကတော့ အန်နာလို့ခေါ်တဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ဟာ မိဘတွေ ကားမတော်တဆမှုနဲ့ ဆုံးပါးသွားပြီးနောက် မြို့ငယ်လေး တစ်ခုမှာ အဖွားဖြစ်သူနဲ့ အတူနေဖို့ ရောက်လာခဲ့ပါတယ်။

    အဖွားဖြစ်သူဟာ ဆယ်ကျော်သက်ဘဝမှာ မတော်တဆမှု တစ်ခု ဖြစ်ပြီးကတည်းက မျက်မမြင် ဖြစ်ခဲ့တာပါ။

    ဒီမြို့ငယ်လေးမှာ ယုံတမ်းဒဏ္ဍာရီတစ်ခု ရှိပါတယ် အဲဒါက တောအုပ်ထဲက သစ်ပင်ကြီးတစ်ပင်မှာ ကိုယ့်ကို အနိုင်ကျင့်စော်ကားတဲ့သူတွေရဲ့ နာမည်ကို ရေးခဲ့ရင် သဲမိစ္ဆာနတ်ဆိုးက လက်တုံ့ပြန်ပေးတယ် ဆိုတာပါပဲ။

    အန်နာဟာ သူနဲ့ ရွယ်တူအဖော်တွေက ကလေးတစ်ယောက်ကို မတော်တဆ အနိုင်ကျင့်မှုမှာ ပါဝင်ပတ်သတ်မိတဲ့အခါမှာတော့ နာမည်အရေးခံလိုက်ရပါတော့တယ်။

    အန်နာတစ်ယောက် သဲမိစ္ဆာနတ်ဆိုးရဲ့ ပြစ်ဒဏ်ခတ် စီရင်ခြင်းကို ခံရမလား သူ့အဖွားလိုမျိုးပဲ ကံကြမ္မာတစ်ပတ် ပြန်လည်မလား ဆိုတာကိုတော့… ။

  • Killing Mary Sue

    Killing Mary Sue

    Killing Mary Sue (2025)

    ဒီဇာတ်ကားကတော့ Dark Comedy နဲ့ Thriller အမျိုးအစားကိုမှ ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်သူတွေအတွက် မေလတုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားသစ်တစ်ကား ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    အကျင့်ပျက် ခြစားတတ်တဲ့ Senator တစ်ယောက်မှာ သူ့ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ဂုဏ်သိက္ခာအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေတဲ့ လူတစ်ယောက်ရှိနေပါတယ်။

    အဲဒါကတော့ သူ့ရဲ့မယားပါသမီးဖြစ်သူ Mary Sue ပါပဲ။

    Mary Sue ဟာ စိတ်ကစဉ့်ကလျားနိုင်ပြီး ထင်ရာစိုင်းတတ်တဲ့သူမို့ Senator အတွက်တော့ ရှင်းထုတ်ပစ်ရမယ့် ၀န်ထုပ်၀န်ပိုးတစ်ခုဖြစ်နေပါတယ်။

    ဒီတော့ Senator ဟာ Mary Sue ကို လုပ်ကြံသတ်ဖြတ်ဖို့ လူမိုက်တွေ ငှားပြီး စီစဉ်ပါတော့တယ်။

    ဒါပေမဲ့ သူထင်သလို ဖြစ်မလာဘဲ Mary Sue က လုပ်ကြံသူတွေကြားထဲမှာ မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ အသက်ရှင်လွတ်မြောက်ပြီး ဘယ်လိုတွေ ပြန်ကမောက်ကမဖြစ်ကုန်မလဲ၊ လုပ်ကြံသူတွေပဲ ဒုက္ခရောက်မလားဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

  • Cursed Village

    Cursed Village

    Cursed Village (2025)

    အယူသီးတဲ့အခါ အမှောင်ဖုံးတတ်ကြတဲ့ လူ့သဘာဝကို horror vibe နဲ့ရိုက်ကူးထားတဲ့ folklore သရဲကားလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။

    ဟေးတင်ကျီရွာဆိုတဲ့ ဝေးလံခေါင်ဖျားရွာငယ်လေးတစ်ခုမှာ ထူးဆန်းတဲ့ယုံကြည်မှုတစ်ခုရှိပါတယ်။

    ဒီရွာလေးက တောင်ထိပ်မှာရှိတာဖြစ်ပြီးတော့ ဒီရွာကို တောင်နတ်မင်းက စောင့်ရှောက်တယ်လို့ယုံကြည်ကြပြီး တောင်နတ်မင်း အလိုမကျတာ တစ်ခုခုလုပ်မိရင် နတ်ကိုင်ခံရမယ် ရွာမှာကပ်စိုက်မယ်လို့ ယုံကြတာပဲ။

    ပြီးတော့ ဒီရွာလေးရဲ့ အထူးစီးပွားရေးတစ်ခုဖြစ်တဲ့ တောဂျင်ဆင်းမြစ်တွေ တူးမိချင်တယ်ဆိုရင် တောင်နတ်မင်းရဲ့ကောင်းချီးကိုလိုတယ်လို့ ယူဆတာပါ။

    တစ်နေ့ ဟေးတင်ကျီရွာသားတစ်ယောက်ဖြစ်တဲ့ ရှဲ့လောင်အော့ဆိုတဲ့လူက တောထဲဂျင်ဆင်းသွားတူးပြီး နောက်ရက်မှာပဲ ထူးထူးဆန်းဆန်း သေဆုံးသွားပါတော့တယ်။

    အားလုံးက ဒါတောင်နတ်မင်းအမျက်တော်ရှတာဆိုပြီး အမှုမဲ့အမှတ်မဲ့နေကြပေမယ့် ဒါကိုမယုံကြည်တဲ့ သတင်းထောက်မလေးလင်ချိုးတစ်ယောက် သူ့ကိုကြိတ်သဘောကျနေတဲ့ ရဲစုံထောက် ဝမ်ကျင်းကိုခေါ်ပြီး ဒီရွာလေးမှာ သတင်းရဖို့ သွားစုံစမ်းပါတော့တယ်။

    ဝမ်ကျင်းကတော့ သရဲခြောက်တယ် ကျိန်စာသင့်နေတယ်လို့နာမည်ကြီးတဲ့ ဒီရွာလေးကို သွားဖို့ဆန္ဒမရှိပေမယ့် သူပိုးနေတဲ့ကောင်မလေးလင်ချိုးရှေ့မှာ အစွမ်းပြချင်ဇောနဲ့ ဒီရွာကိုလိုက်သွားရာကနေ ထူးဆန်းတာတွေကြုံလာရချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ရှုစားကြပါဦး။