Author: Baby Yit Lone

  • Mr. & Mrs. Aslan

    Mr. & Mrs. Aslan

    Mr. & Mrs. Aslan (2025)

    Mr. & Mrs. Aslan ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာလလေးတင် ထွက်ရှိထားတဲ့ အက်ရှင်နဲ့ ဟာသ ရောယှက်ထားတဲ့ ရုပ်ရှင်သစ်တစ်ကား ဖြစ်ပါတယ်ဗျ။

    ဒီဇာတ်လမ်းက တူရကီရုပ်ရှင်လောကကနေ ထွက်လာတာဖြစ်ပြီး ဘရတ်ပစ်နဲ့ အန်ဂျလီနာဂျိုလီ တို့ရဲ့ နာမည်ကျော် Mr. & Mrs. Smith ရုပ်ရှင်ကို အငွေ့အသက်ယူထားသလိုမျိုးပါပဲခင်ဗျာ။

    ဇာတ်ကြောင်းကတော့ အမ်ရေးနဲ့ လူနာတို့ဟာ အများအားကျရတဲ့ စုံတွဲ တွေပါ။

    ဒါပေမယ့် သာမန်ရုံးဝန်ထမ်းလေး အမ်ရေး နဲ့ မတူဘဲ သူ့မိန်းမ လူနာက‌ တော့ လျှို့ဝှက်အေးဂျင့် တစ်ယောက်ဖြစ်နေတာပါပဲ။

    လူနာက ဒါကို ဘယ်သူကိုမှမပြောဘဲ ခရီးသွားအေဂျင်စီမှာလုပ်တယ်ဆိုပြီး လိမ်ထားတာပါ။

    ဒီလိုနဲ့တစ်နေ့မှာ အရမ်း အန္တရယ်များတဲ့ ရာဇဝတ်ကောင်တစ်ကောင်ကို လူနာတို့ ဖမ်းမိရာကနေ လူနာ့ကို အငြှိုးနဲ့ နှောင့်ယှက်ခံရပါတော့တယ်။

    အမူအရာပျက်နေတဲ့ လူနာကို အမ်ရေးတစ်ယောက် သူ့သူငယ်ချင်း‌တွေ မြှောက်ပေးတာနဲ့ ဖောက်‌ပြန်နေတယ်အထင်နဲ့ လိုက်လံ စုံစမ်းရာမှ အလွဲတွေ အမျိုးမျိုးနဲ့ ကြုံတွေရာမှာတော့၊

    ဟာသတွေ အားကောင်းတဲ့ အက်ရှင်ခန်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရိုက်ပြထားတာ‌ေတွ့ရမှာပါ။

    ရုပ်ရှင်က အက်ရှင်ကားဆိုပေမဲ့ ဇာတ်လမ်းတစ်လျှောက်လုံးမှာ အမ်ရေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ အလွဲတွေနဲ့ ဟာသလေးတွေ နှောထားတာမို့ ကြည့်ရတာ တော်တော်လေး စွဲဆောင်မှုရှိပါတယ်။

    အထူးသဖြင့် မင်းသားနဲ့ မင်းသမီးရဲ့ အပေးအယူညီမှုက အရမ်းကောင်းတာကြောင့် အချစ်အက်ရှင်ကား ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးပါပဲဗျာ။

  • R.L. Stine’s Pumpkinhead

    R.L. Stine’s Pumpkinhead

    R.L. Stine’s Pumpkinhead (2025)

    နာမည်ကျော်သည်းထိတ်ရင်ဖိုစာရေးဆရာ R.L. Stine ရဲ့ The Haunting Hour ဇာတ်လမ်းတိုများကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး လူငယ်ပရိသတ်အကြိုက် Horror ဇာတ်ကားကောင်းတစ်ကားပါ။

    ဇာတ်လမ်းအကျဉ်း

    ဇာတ်လမ်းကတော့ Sam ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ တစ်ရက်မှာတော့ Sam ရဲ့ အစ်ကိုဖြစ်သူ Finn ဟာ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတယ်။ ထူးဆန်းတာက မိသားစုဝင်တွေ အပါအဝင် တစ်မြို့လုံးက လူတွေဟာ Finn ဆိုတဲ့လူ ရှိခဲ့ဖူးမှန်းကိုပါ မေ့သွားကြတာပါ။ Sam တစ်ယောက်တည်းကသာ အစ်ကိုဖြစ်သူကို မှတ်မိနေပြီး တစ်ယောက်တည်း အပူတပြင်း လိုက်ရှာပါတော့တယ်။

    Halloween ည မတိုင်ခင် အချိန်အကန့်အသတ်အတွင်းမှာ Sam ဟာ သူ့သူငယ်ချင်း Becka ၊ မြို့ထဲက သီးသန့်နေတတ်တဲ့ Rusty တို့နဲ့ ပူးပေါင်းပြီး အစ်ကိုဖြစ်သူကို ပြန်ကယ်တင်ဖို့ ကြိုးစားရပါတယ်။

    သူတို့စုံစမ်းရင်းနဲ့ မြို့မှာ ရှေးဟောင်းကျိန်စာတစ်ခုရှိနေကြောင်းနဲ့ “Pumpkinhead” လို့ခေါ်တဲ့ ကြောက်မက်ဖွယ် သတ္တဝါကြီး (စာခြောက်ရုပ်ပုံစံ ဘီလူးကြီး) ရဲ့ လက်ချက်ဖြစ်ကြောင်း သိလာရတဲ့အခါ R.L. Stine ရဲ့ ထုံးစံအတိုင်း ဇာတ်သိမ်းပိုင်းမှာ မထင်ထားတဲ့ လှည့်ကွက် (Plot Twist) တစ်ခုပါဝင်ပြီး တော်တော်လေး ရက်စက်တဲ့ ဇာတ်သိမ်းမျိုးလည်း ဖြစ်ပါတယ်။

    လူငယ်ဆန်ဆန် စွန့်စားခန်းပုံစံဖြစ်ပေမယ့် Jump Scare တွေနဲ့ ဟော်ရာခန်းတွေလည်း ပါဝင်ပြီး ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။

  • No Mercy

    No Mercy

    No Mercy (2023)

    ၂၀၁၇ ခုနှစ်တုန်းက ရုရှားစစ်ပြန်ဟောင်းတွေဖြစ်တဲ့ Alexei Korotkikh နဲ့အပေါင်းအပါတစ်စုဟာ အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာအခြေစိုက်ပြီးငွေလဲစင်တာတွေကိုလုယက်ခဲ့ကြပါတယ်။

    သူတို့ရဲ့ကျူးလွန်မှုတွေဟာ ရဲတင်းလွန်းတာကြောင့်ဘာလီရဲတပ်ဖွဲ့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ်ဆင်ရေးတစ်ခုအသွင်နဲ့ဖမ်းဆီးခဲ့ရပြီး ဒီဖြစ်စဉ်ဟာအင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ မှုခင်းတစ်ခုဖြစ်ခဲ့ရပါတယ်။

    ဒီဇာတ်ကားကတော့အဲ့ဒီဖြစ်စဉ်ကိုအခြေခံထားတာဖြစ်ပြီး ရုပ်ရှင်ဆန်စေဖို့အတွက် ဇာတ်ကွက်တစ်ချို့နဲ့အက်ရှင်ခန်းတွေအဆာသွတ်ထားပြီးနောက်ပိုင်းမိနစ် ၄၀ လောက်ကိုနန်းစတော့အက်ရှင်ကားအဖြစ်ရှုစားရမှာဖြစ်ပါတယ်။

    CGI တွေအားနည်းချက်ရှိပေမယ့်သူတို့နိုင်ငံအထူးစစ်ဆင်ရေးရဲတွေရဲ့လုပ်ငန်းလုပ်ဆောင်ဖို့က အနီးကပ်တွေ့မြင်ခွင့်ရမှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာaction/thriller ကားတစ်ကားပါပဲ။

  • The Odd Couple

    The Odd Couple

    The Odd Couple (1968)

    “The Odd Couple” ဟာ ပြဇာတ်ရေးဆရာ နေးလ် ဆိုင်မွန် (Neil Simon) က ၁၉၆၅ ခုနှစ်မှာ ရေးသားခဲ့တဲ့ နာမည်ကျော် ပြဇာတ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဂန္ထဝင် ဟာသကား တစ်ကား ဖြစ်ပါတယ်။

    အဓိက ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ ညစ်ပတ်နေတတ်တဲ့ အော်စကာနဲ့ အရာရာ သန့်ရှင်းနေမှ ကြိုက်တဲ့ ဖဲလစ်တို့ဟာ သူငယ်ချင်းဖြစ်ပေမဲ့ အတူတူ နေထိုင်ရာကနေ စပြီး ပဋိပက္ခတွေ များစွာ ဖြစ်ပေါ်လာပုံကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောဖွယ် တင်ဆက်ထားပါတယ်။

    သူတို့ရဲ့ ဆန့်ကျင်ဘက် စရိုက်နှစ်မျိုးဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လို ဒုက္ခပေးကြလဲ၊

    ဒါပေမဲ့ နောက်ဆုံးမှာ ခင်မင်မှုကို ဘယ်လို ထိန်းသိမ်းကြလဲဆိုတာကို ဒီရုပ်ရှင်မှာ တွေ့မြင်ရမှာပါ။

    ရယ်ရွှင်ဖွယ် အပြည့်နဲ့ ခင်မင်မှုရဲ့ တန်ဖိုးကို မြင်တွေ့ရမယ့် ဂန္ထဝင် ဟာသကား တစ်ကားပါပဲ။

  • Kalamkaval

    Kalamkaval

    Kalamkaval (2025)

    မျက်နှာဖုံး

    မာလေယာလမ်မင်းသားကြီး မာမူသီကို သွေးအေးဗီလိန်တစ်ယောက်အဖြစ် မြင်ရမယ့် စိတ်လှုပ်ရှားစရာ စုံထောက်ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။

    ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်အမှုတွေအပေါ် အခြေခံထားတာပါ။

    မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် အစပျောက်ပျောက်သွားတဲ့ကိစ္စကို ရဲအရာရှိ ဗီနာယက်က လိုက်စုံစမ်းရင်းနဲ့ စတန်လေဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရတာပါ။

    စတန်လေက အပေါ်ယံ လူကြီးလူကောင်းပုံစံဖြစ်ပေမဲ့ တကယ်တမ်းမှာ သူက မိန်းကလေးတွေကို ချဉ်းကပ်ပြီး နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ စိတ္တဇလူသတ်သမားတစ်ဦး ဖြစ်နေတာပါ။

    စတန်လေကို ဖမ်းလို့မိမလား၊ စတန်လေကပဲ ဉာဏ်များနိုင်မလားဆိုတာကို ဒီ Crime Thriller ရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ။