Author: Baby Yit Lone

  • စမူပရာကန်မှာညအိပ်ချိန်မကြာမခဏနှောင့်ယှက်တဲ့အခန်းဖော်ကိုသတ်ဖြတ်မှုနဲ့မြန်မာလုပ်သားတဦးဖမ်းဆီးခံရ

    စမူပရာကန်မှာညအိပ်ချိန်မကြာမခဏနှောင့်ယှက်တဲ့အခန်းဖော်ကိုသတ်ဖြတ်မှုနဲ့မြန်မာလုပ်သားတဦးဖမ်းဆီးခံရ

    စမူပရာကန်မှာညအိပ်ချိန်မကြာမခဏနှောင့်ယှက်တဲ့အခန်းဖော်ကိုသတ်ဖြတ်မှုနဲ့မြန်မာလုပ်သားတဦးဖမ်းဆီးခံရ

    ယနေ့နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ စမူပရာကန် မြို့နယ်၊ ဖရက်ဆာလမ်းရှိ ဆောက်လုပ်ရေးအလုပ်သမားစခန်းတစ်ခုအတွင်း လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

    ဖြစ်စဉ်မှာ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဖြစ်သည်။

    ကျူးလွန်သူသူမှာ အသက် ၂၅ နှစ်အရွယ် ဝေလင်းစိုးဆိုသူ ဖြစ်ကာ ၎င်းတို့နှစ်ဦးသည် အလုပ်သမား အဆောင်တစ်ခုတည်းတွင် အတူနေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

    သတင်းရင်းမြစ်များအရ သေဆုံးသူသည် မကြာခဏ အရက်မူးပြီး ညအချိန်ပိုင်းတွင် ဆူညံနှောင့်ယှက်လေ့ရှိကြောင်း၊ ဖြစ်ရပ်နေ့ညတွင်လည်း အရက်မူးနေစဉ် ဆူညံသံများကြောင့် အခြားနေထိုင်သူများ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြောင်း သိရသည်။

    အဆိုပါအခြေအနေကြောင့် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် တရားခံလူငယ်က ဓာတ်ဆီလောင်းကာ မီးရှို့ပြီး သံတုတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဖော်ပြထားသည်။

    ဖြစ်စဉ်ပြီးနောက် အမှုကျူးလွန်သူသည် ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်သွားရောက်သတင်းပို့ခဲ့ပြီး လက်ရှိတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိကာ လူသတ်မှုဖြင့် တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    Ref: စမွတ်ပရာကန်

  • နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့  နိမိတ်

    နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်

    နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်… မိနစ်ပိုင်းအတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်”

    (၂၆) မိနစ်အတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်ခတ်

    ယနေ့ (၁၇.၂.၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင် မိနစ် (၃၀) မပြည့်မီအချိန်အတွင်း၌ အောက်ပါအတိုင်း ငလျင် (၃) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားခဲ့ပါသည်။

    ပထမအကြိမ် – မနက် (၀၅:၂၀) နာရီ

    ကျင်းဒွေးမြို့၏ အရှေ့ဘက် (၁၄) မိုင်အကွာ

    မြေအောက်အနက် (၄၉) မိုင်

    ပမာဏ (၄.၀) အဆင့်

    ဒုတိယအကြိမ် – မနက် (၀၅:၃၉) နာရီ

    မင်းတပ်မြို့၏ အရှေ့ဘက် (၈) မိုင်အကွာ

    မြေအောက်အနက် (၆.၂) မိုင်

    ပမာဏ (၃.၈) အဆင့်

    တတိယအကြိမ် – မနက် (၀၅:၄၆) နာရီ

    စေတုတ္တရာမြို့၏ အနောက်ဘက် (၁၆) မိုင်အကွာ

    မြေအောက်အနက် (၆.၂) မိုင်

    ပမာဏ (၃.၇) အဆင့်

    ⚠️ အထူးသတိပြုရန် (အဟော)

    ယနေ့သည် နေကြတ်မည့်ဖြစ်စဉ် ရှိသော နေ့ရက်ဖြစ်ပါသည်။ ထိုသို့ နေကြတ်သည့်နေ့နှင့် ငလျင်လှုပ်ခတ်မှုများ တိုက်ဆိုင်နေသောကြောင့် မည်သည့်ကိစ္စကိုမဆို ပေါ့ပေါ့ဆဆမပြုလုပ်ဘဲ အရာရာကို အထူးဂရုစိုက် သတိထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

  • အမျိုးသမီးများနှင့် လိင်ကိစ္စ မျက်မှန်ကင်မရာဖြင့် အွန်လိုင်းပေါ် ရိုက်တင်သူ ရုရှားဘလော့ဂါကို ဖမ်းပို့ရန် ဂါနာ တောင်းဆို

    အမျိုးသမီးများနှင့် လိင်ကိစ္စ မျက်မှန်ကင်မရာဖြင့် အွန်လိုင်းပေါ် ရိုက်တင်သူ ရုရှားဘလော့ဂါကို ဖမ်းပို့ရန် ဂါနာ တောင်းဆို

    ရုရှားဘလော့ဂါ ယွက်ဇ်ဆီစလပ်ဗ်ထရာဟော့ဗ် ဆိုသူသည် ဂါနာနိုင်ငံအတွင်း ဝင်ရောက်လာပြီး အမျိုးသမီးများစွာနှင့် လိင်မှုကိစ္စများကို မျက်မှန်ရှိ လျှို့ဝှက်ကင်မရာမှ ရိုက်ကူးကာ ဗီဒီယိုများကို တယ်လီဂရမ် အပါအဝင် လူမှုကွန်ရက်များပေါ် ကာယကံရှင်များ မသိဘဲ တင်ရောင်းခဲ့မှုကြောင့် ရုရှားအစိုးရဘက်မှ ဖမ်းဆီးပြီး ပို့ပေးရန် ဂါနာအစိုးရက တောင်းဆိုလိုက်သည်။

    အသက် ၃၀ ဝန်းကျင်ရှိ ထရာဟော့ဗ်အကြောင်း သတင်းများ ဂါနာနှင့် ရုရှားမီဒီယာများတွင်ပါ ပါဝင်လာပြီး ၎င်းသည် လမ်းများပေါ်တွင် အမျိုးသမီးများကို လိုက်လံမိတ်ဆက်ကာ ဟန်ဆောင် အကွက်ဆင်၍ စတင်ချဉ်းကပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

    ထိုသို့ ချဉ်းကပ်ပုံများကို ၎င်းက မျက်မှန်ကင်မရာဖြင့် မှတ်တမ်းတင်ပြီး တချို့ အပိုင်းတိုများအား TikTok တွင်လည်းတင်ကာ တယ်လီဂရမ်အုပ်စုများတွင် အခကြေးငွေယူ၍ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများ ရောင်းစားနေခြင်း ဖြစ်သည်။

    ဂါနာတွင် ၂ ဦးသဘောတူ ဆက်ဆံခဲ့သော်လည်း မသိလိုက်ရဘဲ လူမှုကွန်ရက်များပေါ် ဗီဒီယိုများ တင်ရောင်းခံရမှုအတွက် ဒေါသထွက် ပေါက်ကွဲပြီး တိုင်ကြားသူ အမျိုးသမီး ၄၀ ဦး ဝန်းကျင် ရှိလာရာ ဂါနာနည်းပညာဝန်ကြီး ဆမ်ဂျော့ချ်က အက္ကာမြို့ရှိ ရုရှားသံမှူးအား ဆင့်ခေါပြီး ဂါနာမှ ပြန်ထွက်သွားပြီ ဖြစ်သော ဘလော့ဂါ ထရာဟော့ဗ်ကို ဖမ်းဆီး လွှဲအပ်ပေးရန် တာဝန်ရှိသည်ဟု တိုက်တွန်း ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံသည် တရားခံဖြစ်သည့် မိမိနိုင်ငံသားများအား အခြားနိုင်ငံက တောင်းဆိုတိုင်း ဖမ်းဆီးလွှဲအပ်ခြင်း မရှိသော်လည်း သံတမန်ရေး၊ နိုင်ငံရေးနည်းလမ်း ရှိသမျှအကုန် အသုံးချကာ တရားခံလွှဲအပ်နိုင်ရေး ကြိုးစားသွားမည်ဟု ဆမ်ဂျော့ချ်က ဆိုသည်။

    ဂါနာ ဆိုက်ဘာလုံခြုံရေး ဥပဒေအရ ထရာဟော့ဗ်သည် ထောင်ဒဏ် ၂၅ နှစ် ကျခံရနိုင်ကြောင်း သိရသည်။

    Ref: Thesun

  • ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျပြီး အများအပြားသေဆုံး (ရုပ်/သံ)

    ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျပြီး အများအပြားသေဆုံး (ရုပ်/သံ)

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေမှော်ရွာရှိ မြေစာပုံပြိုကျပြီး အများအပြားသေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

    ဖေဖော်ဝါရီ ၁၇ ရက် မနေ့ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေစာပုံအောက်မှာ လူ ဆယ်ဂဏန်းကျင်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

    ပြိုကျတဲ့ မြေစာပုံပမာဏများတဲ့အတွက် ပြန်လည်တူးဖော်ဖို့ အခက်အခဲရှိနေပြီး ကူညီကယ်ဆယ် ရေးအတွက် လတ်တလော ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

    ဖားကန့် ကုဋေမှော်မှာ မြေစာပုံပြိုကျလို့ လူ ၂၀ ဝန်းကျင် သေဆုံးနိုင်

    ကချင်ပြည်နယ်၊ ဖားကန့် ကုဋေမှော် အဲဗားမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီကျော်ခန့်က မြေစာပုံပြိုကျလို့ လူတချို့ ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

    “မနေ့ည ကိုးနာရီခွဲခန့်က ကုဋေမှော်မှာ မြေစာပုံပြတ်ကျပြီး လူတော်တော်များများ မြေစာပြိုတဲ့နောက်ပါသွားပါတယ်။ အနည်းဆုံး လူ၂၀ခန့် သေဆုံးတယ်လို့သိရတယ်။” လို့ ကယ်ဆယ်ရေးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

    မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီ ၁၅ မိနစ်၊ ၉ နာရီ ၂၀ မိနစ်လောက်မှာ မြေစာပုံ ပျက်ကျသွားတာလို့ သူက ပြောပါတယ်။

    “ကုဋေမှော် ၁၁၁ ကုမ္ပဏီ ရေအိုင်ဘက် ပြေစာပုံ ပြိုကျလာတာမှာ ရေလျှံကျလာတာ။ ကုဋေမှော် ဘက်ခြမ်း မြေစာပုံပြိုကျတာဖြစ်ပြီး လူ ၁၀ ယောက်လောက်က ပြန်လွတ်လာတာရှိတယ်”လို့ ​မျက်မြင်ကိုယ်​​တွေ့ ဒေသခံက ဆိုပါတယ်။

    ပြတ်ကျသွားတဲ့ မြေစာ ပမာဏများတဲ့အတွက် အောက်မှာပိနေတဲ့ လူတွေကို ပြန်တူးဖော်ဖို့ခက်ခဲပြီး စက်ယန္တယားပေါင်းများစွာနဲ့ အချိန်ပေး တူးဖော်မှရနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    ကူညီကယ်ဆယ်ရေးအတွက် လတ်တလော ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ည ၁၀နာရီ ခွဲခန့်ကလည်း ကုဋေကျေးရွာအနီးရှိ အရင်က အဲဗားဝင်းနားကုမ္ပဏီနေရာမှာ ကျောက်မျက်တူးဖော်စွန့်ပစ်တဲ့ မြေစာပုံပြိုကျပြီး လူ သုံးယောက်သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

    ဖားကန့်မှာ နှစ်တိုင်း​မြေစာပုံပိလို့ ​သေကြတာရှိ​ပေမယ့် အနယ်နယ်အရပ်ကလာတဲ့ ​ရေမ​ဆေး​ကျောက်ရှာသူ​တွေကို ဟန့်တားနိုင်ခြင်းမရှိသလို ကာကွယ်မှု ထိမ်းသိမ်းမှုမလုပ်နိုင်တာ​ကြောင့် ပြိုကျတိုင်း လူ​တွေ​သေဆုံး​နေရပါတယ်။

    Video-လူမှုကွန်ရက်

  • “မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့သူတွေကြား ကြားဖြတ်ဝင်ဖို့ ကြိုးစားခဲ့တဲ့ သဘာဝတရားရိပ်သာဆရာတော်ရဲ့ ဖြစ်ရပ်မှန်”

    “မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့သူတွေကြား ကြားဖြတ်ဝင်ဖို့ ကြိုးစားခဲ့တဲ့ သဘာဝတရားရိပ်သာဆရာတော်ရဲ့ ဖြစ်ရပ်မှန်”

    အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်နေတဲ့ “Walk For Peace” (ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ) ကြီးဟာ အောင်မြင်စွာနဲ့ ခရီးဆုံးပန်းတိုင်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

    ဒါပေမဲ့ (၁၀၈) ရက်မြောက်နေ့မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    ဖြစ်စဉ်ကတော့ ဝါရှင်တန်ဒီစီမြို့အတွင်း ဦးဆောင်ဆရာတော် (၁၉) ပါးနဲ့ အမေရိကန်ပြည်သူတွေ စည်းကမ်းတကျ လမ်းလျှောက်နေစဉ်မှာ သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရ က ကြိုတင်စာရင်းသွင်းထားခြင်း မရှိဘဲ ကြားဖြတ်ဝင်ရောက် လမ်းလျှောက်ဖို့ ကြိုးစားခဲ့တာပါ။

    စေတနာ့ဝန်ထမ်းတစ်ဦးကို အသိပေးပြီး လမ်းလျှောက်အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပေမဲ့…

    ၅ မိနစ်ခန့်အကြာမှာတော့…

    တာဝန်ရှိသူတွေက လုံခြုံရေးအရ သူ့ကို အဖွဲ့ထဲကနေ ဖယ်ရှား (မောင်းထုတ်) ခဲ့တာကို Live ထုတ်လွှင့်မှုတွေမှာ အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။

    ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?

    အမေရိကန်နိုင်ငံမှာ ဒီလိုပွဲမျိုးတွေလုပ်ရင် လုံခြုံရေးစည်းကမ်းက အရမ်းတင်းကျပ်ပါတယ်။

    “လုံခြုံရေးအရ ကြိုတင်ခွင့်ပြုချက်တင်ပြီးမှ ဝင်လျှောက်လို့ရပါတယ်။

    မည်သည့်သံဃာ၊ သီလရှင်မဆို ပါဝင်ခွင့်ရှိပေမဲ့ Register (စာရင်း) သွင်းရပါတယ်။

    အခုက စာရင်းမတင်ဘဲ ဝင်လာလို့ လုံခြုံရေးအရ ပါဝင်ခွင့်မပြုတာပါ” လို့ အမေရိကန်ရောက် မြန်မာတစ်ဦးက ရှင်းပြထားပါတယ်။

    ပြည်သူတွေရဲ့ ဝေဖန်သံများ

    ဒီဖြစ်ရပ်အပေါ်မှာ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ အဓိက အကြောင်းရင်းကတော့-

    ၁။ အချိန်ကိုက် ဝင်လာခြင်း – တက္ကဆက်ပြည်နယ်ကနေ စထွက်ကတည်းက မပါဝင်ဘဲ၊ ခရီးဆုံး ဝါရှင်တန်ရောက်မှ မျက်နှာပြောင်တိုက်ပြီး ဝင်ရောက်လာတာကို လူတွေက မနှစ်မြို့ကြပါဘူး။

    ၂။ အတိတ်က လုပ်ရပ်များ – ဆရာတော်ဟာ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူအဖြစ် လူသိများသလို၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက အနားယူဖို့ ပြောဆိုခဲ့တာတွေ၊ ပြည်သူတွေ ခံစားနေရတာဟာ “ဝဋ်ကြွေး” ကြောင့်လို့ ဟောပြောခဲ့တာတွေကြောင့် လူထုရဲ့ မကျေနပ်ချက်တွေ ရှိနေပြီးသား ဖြစ်ပါတယ်။

    ဒါ့အပြင် အိန္ဒိယနိုင်ငံက ရိပ်သာအတွက် အကြွေးဆပ်ဖို့ဆိုပြီး ရန်ကုန်က သာသနာ့မြေတွေကို ရောင်းချမယ်လို့ ကြေညာခဲ့ဖူးတာတွေကြောင့်လည်း ဝေဖန်မှုတွေ မြင့်တက်နေသူ တစ်ဦးဖြစ်ပါတယ်။

    သင်ခန်းစာယူစရာ

    ငြိမ်းချမ်းရေး ခရီးစဉ်ဆိုတာ “ဓာတ်ပုံရိုက်ခံဖို့ သက်သက်မဟုတ်ဘဲ” ကိုယ်တိုင် ပင်ပန်းဆင်းရဲခံပြီး ဖြတ်သန်းရတဲ့ ခရီးတစ်ခုပါ။

    စည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းကို မလိုက်နာရင် ဘယ်သူ့ကိုမဆို (ဘုန်းကြီးဖြစ်နေပါစေ) လက်မခံဘူးဆိုတာ ဒီဖြစ်ရပ်က သက်သေပြလိုက်တာပါပဲ။

    စာဖတ်သူမိတ်ဆွေများရော… ဒီဖြစ်ရပ်အပေါ် ဘယ်လိုမြင်မိလဲ?

    Comment မှာ ယဉ်ကျေးစွာ ဆွေးနွေးပေးသွားကြပါဦးခင်ဗျာ။

    Htein Lin