Author: Baby Yit Lone
-

Paanch Minar
Paanch Minar (2025) “ပန့်ချ်မီနာ” တေလဂူး ဟာသဇာတ်လမ်းလေးကို ပရိတ်သတ်တို့အမောပြေစေဖို့ တင်ဆက်ပေးပါရစေ။ ချိုတူးက သူ့ရဲ့လုပ်ငန်းရှင် အဖေကြီးကို အသက် ၇၅ နှစ်ပြည့်မွေးနေ့ စပရိုက်တိုက်ဖို့ကြံရင်း သူ့အဖေကြီး လုပ်ကြံခံလိုက်ရတဲ့အခါမှာ သူ့အဖေအင်ပါယာကြီးကို အမွေဆက်ခံရပါတော့တယ်။ တစ်ဖက်မှာတော့ ချစ်သူကောင်မလေးကို လက်ထပ်ချင်ပေမယ့် အလုပ်အင်တာဗျူးတောင် တစ်ခုမှ မအောင်သေးတဲ့ ကစ်တူဆိုတဲ့ အညတရလေးက ရုန်းရင်းကန်ရင်းနဲ့ ခုနကဂိုဏ်းကြီးနဲ့ မတော်တဆပတ်သက်မိရာကနေ ဘယ်လိုအလွဲလေးတွေ ဖြစ်လာမလဲဆိုတာကိုတော့ ပရိတ်သတ်တို့ပဲ ဆက်လက်ကြည့်ရှုအားပေးပါဦး။
-

Gayong
Gayong (2025) ဒီဇာတ်လမ်းကတော့ မလေးရှား ကိုယ်ခံပညာရပ်တစ်ခုဖြစ်တဲ့ Silat Gayong ကို တည်ထောင်ခဲ့တဲ့ ဆရာကြီး Dato’ Meor Abd Rahman ရဲ့အကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ လာနယ်ချဲ့တဲ့ရန်ကနေ ကိုယ့်မြေကို ကာကွယ်ခဲ့တဲ့ Dato’ Meor Abd Rahman ရဲ့ဘဝနဲ့ ရုန်းကန်မှုတွေကို ကြည့်ရှုရမှာဖြစ်ပြီး Meor အဖွဲသားတွေရဲ့ စည်းလုံးမှုကို ဖော်ကြူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
-

Blood Brothers
Blood Brothers (2025) လျိုလန့်ဟာ အထက်တန်းကျောင်းမှာ သုံးနှစ်တိုင်တိုင် စာမေးပွဲကျခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နီးကပ်လာချိန်မှာ သူ့ကို စာမေးပွဲခိုးချတယ်လို့ အကြောင်းမဲ့ စွပ်စွဲတာကို ခံခဲ့ရပါတယ်။ အဲလို မမျှော်လင့်ထားတဲ့ ကံဆိုးမိုးမှောင်ကျမှုကို ရင်ဆိုင်ရချိန်မှာ သူက အမှန်တရားအတွက် တိုက်ပွဲဝင်ပြီး သူ့ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ခဲ့ပေမယ့် သူစာမေးပွဲ အကြိမ်ကြိမ်ကျနေတာကို နားမလည်ပေးနိုင်တဲ့ အဖေကြောင့် မိသားစုရဲ့ စီးပွားရေးဝန်ထုပ်ဝန်ပိုးနဲ့ တစ်နေ့တခြား ပိုများလာတဲ့ မိဘတွေရဲ့ ဆံပင်ဖြူနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ထောက်ထားပြီး လျိုလန့်ဟာ မိသားစုတာဝန်ကို သူ့ရဲ့နုနယ်တဲ့ပခုံးပေါ်မှာ ထမ်းပိုးပြီး ကျောင်းထွက်ဖို့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ပါတယ်။ အဲဒီနောက်မှာ လျိုလန့်ဟာ သူ့သူငယ်ချင်းတွေဖြစ်တဲ့ လောင်စို့၊ ညီလေးတို့နဲ့အတူ ကွမ်တုန်းကို သွားပြီး အလုပ်လုပ် ဘဝကိုတည်ဆောက်ဖို့ ခရီးစတင်ခဲ့ပါတယ်။ စည်ကားလှတဲ့မြို့ကြီးမှာ ကျေးလက်ကလာတဲ့…
-

Dracula: A Love Tale
Dracula: A Love Tale (2025) ဒါကတော့ မရိုးနိုင်တဲ့ ဒရက်ကူလာ ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ သဘာဝလွန် ဟော်ရာအမျိုးအစားဖြစ်ပါတယ်။ ကိုက်တာဖြတ်တာတွေ ကြမ်းပါတယ်။ မိသားစုနဲ့ကြည့်လို့မပြေတာတွေ ပါပါတယ်။ ဒါရိုက်တာကတော့ Lucy တို့ Leon တို့ ရိုက်ခဲ့တဲ့ Luc Besson ပါပဲ။ ဒရက်ကူလာနေရာကနေ မင်းသား Caleb Landry Jones ပါဝင်ထားပြီး ဘုန်းတော်ကြီးနေရာမှာ မင်းသားကြီး Christoph Waltz ပါဝင်ထားပါတယ်။ Inglourious Basterds ထဲက ဗီလိန်ကြီးကို သိကြမှာပါ။ ဇာတ်လမ်းအကျဉ်း ဘုရားသခင်ကို အရမ်းယုံကြည်တဲ့ ဝေါ်လာခီယာမင်းသား၊ နယ်စားကြီး ဒရက်ကူလာဟာ ခရူးဆိတ်စစ်ပွဲမှာ ဆင်နွှဲဖို့ ထွက်သွားခဲ့ပါတယ်။ မသွားခင်မှာ ဘုရားဆီကနေ တစ်ခုပဲ တောင်းဆိုခဲ့ပါတယ်။ သူ့ချစ်ရတဲ့…
-

Down in the Valley
Down in the Valley (2025) Edward Nortonနဲ့ West World မင်းသမီး Evan Rachel Woodတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ သူတို့၂ယောက်စလုံး ငယ်တုန်းနုတုန်းကကားပေါ့။ မင်းသမီးဆို တော်တော်ငယ်သေးတယ်။ ဇာတ်လမ်းကတော့ မြို့လေးတစ်မြို့မှာ အခြေတည်ထားတယ်။ ကောင်မလေးက သူ့အဖေရဲကြီးနဲ့ သူ့မောင်လေးနဲ့အတူတူ နေပေမဲ့ သူ့အဖေတောင် ထိန်းမနိုင်အောင် ကောင်မလေးက ဆိုးသွမ်းတယ်။ ပြောရရင် သူ့အဖေနဲ့ ကောင်မလေးက မတည့်ကြဘူးပေါ့။ တစ်နေ့ကောင်မလေးက ကမ်းခြေသွားရင်း လမ်းမှာဆီဝင်ဖြည့်တော့ ဆီဆိုင်က ကောင်ချောချောလေးနဲ့ ကြိုက်မိကြတယ်။ အိမ်ကိုခေါ်လာတော့ သူ့အဖေက ကောင်လေးနဲ့ သဘောမတူရာကနေ ကောင်လေးနဲ့ကောင်မလေးကြား ကမ္ဘာခြားကုန်ကြရော။ ဒါကဇာတ်လမ်းရဲ့အစပါပဲ။ တကယ်တမ်း ဒီဇာတ်ကို Romance လို့ အမျိုးအစားခွဲထားပေမဲ့ အချစ်ကားမဟုတ်သလို ကောင်လေးက ကောင်းဘွိုင်ဆန်ဆန်တွေလုပ်ပြနေလို့…