Author: Baby Yit Lone

  • ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး

    ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး

    တခြားသူနဲ့ဆို ခံသာသေးတယ် ခုဟာက ရည်းစားဟောင်းနဲ့ ဖြစ်နေလို့ တဲ့ ….

    သားလေးလည်းရှိတာကို သူမို့လုပ်ရက်တယ်။😪

    ယောက်ျားဖြစ်သူက ပြင်ဦီးလွင်ဘက် အလုပ်သွားလုပ်မယ်ဆိုပြီးထွက်သွားတာ။

    ဘာအဆက်သွယ်မှလည်းလုပ်မရ၊ ဖုန်းလည်းဆက်သွယ်လို့မရ။

    သူအလုပ်လုပ်ဖူးတဲ့ဆိုင်ကလူကို လှမ်းပြောတယ်။

    သူပေါ်တာဆွဲခံရလို့ပေါ့။

    ဆိုင်ကယ်၊ ဖုန်း၊ စုထားတဲ့ပိုက်ဆံလေး‌တွေလဲ ပါသွားတယ်။

    ခုကြတော့ တစ်တော့အအကောင့်မှာ သူရဲ့ရည်းစားဟောင်းနဲ့ယူပြီးကြပြီဆိုတဲ့ ပုံစံမျိုးနဲ့ ဗွီဒီယိုတွေ တင်ထားတယ်။

    ချစ်ရတဲ့မိန်းမလေးနဲ့ဆိုပြီး ရေးတင်ထားတယ် တဲ့..

    မိန်းမရဲ့ အကောင့်ကိုကြ block ထားတယ်..

    ရည်းစားဟောင်းနဲ့ပြန်ဆက်သွားတော့ တရားဝင်ယူထားတဲ့ ကောင်မလေးက ပိုပြီး စိတ်ထိခိုက်ရတာပေါ့။

    ယောက်ျားဖြစ်သူကို ပြန်လာပြီးကွာရှင်းပေးပါလို့ဆိုပါတယ်။

    ကွာရှင်းမပေးရင် နှစ်ယောက်လုံးရဲ့ ပုံတွေကို ချပြမယ်လို့ပြောလိုက်ပါတယ်။

    ကွာရှင်းပေးလိုက်ရင်တော့ ညီမဘက်ကရှုံးပြီ။

    ရည်းစားဟောင်းက နိုင်ပွဲရမှာပဲ။

    အဲတော့ ကွာရှင်းမပေးပါနဲ့ အရှက်မရှိတဲ့ဟာတွေကို ထောင်ကျတဲ့အထိ ဥပဒေအတိုင်း ဆက်လုပ်ပါ။

  • တိုက်ပွဲပြင်းထန်လာ၍ ကျောက်ဖြူ စီမံကိန်းများကို ကာကွယ်ရန် တရုတ်လုံခြုံရေးတပ် ရာချီ ချထား

    တိုက်ပွဲပြင်းထန်လာ၍ ကျောက်ဖြူ စီမံကိန်းများကို ကာကွယ်ရန် တရုတ်လုံခြုံရေးတပ် ရာချီ ချထား

    တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဖြန့်ဖြူးရေးစသည့် စီမံကိန်းများကို ကာကွယ်ရန်အတွက် တရုတ်လုံခြုံရေးတပ်သား ရာနှင့်ချီချထားပြီး စစ်ရေးစောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။

    လက်ရှိတွင် တရုတ်လုံခြုံရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ စီမံကိန်းအနီးတွင် ကတုတ်ကျင်းများနှင့် ဘန်ကာများ ဆောက်လုပ်၍ စစ်ရေးအကာအကွယ်များ ပြုလုပ်နေခြင်းဖြစ်သည်။

    ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာ ဂုံးချွိန်နှင့် အုန်းတောကျေးရွာရှိ ဓာတ်ငွေ့သန့်စင်ရုံ၊ လျှပ်စစ်ဖြန့်ဖြူးရေး စက်ရုံနှင့် ဓာတ်ငွေ့ခွဲရုံ စသည့် တရုတ် စီမံကိန်းနယ်မြေများတွင် ရှိနေခြင်းဖြစ်သည်။

    “Power China စက်ရုံ (လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ) ဘက်မှာဆိုရင် သေနတ်ပစ်ဖို့အနေအထားမျိုး ပြင်ဆင်နေတာရှိတယ်။ တခြားနေရာတွေမှာတော့ ကတုတ်ကျင်းတွေ တူးထားတာ ရှိတယ်” ဟု တရုတ် စီမံကိန်းများကို စောင့်ကြည့်နေသူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    အဆိုပါ တရုတ်စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက စ၍ ကျောက်ဖြူမြို့နယ်သို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဆက်စပ်သော အဆောက်အအုံများတွင် နေရာယူထားကြခြင်းဖြစ်သည်။

    လက်ရှိတွင် စီမံကိန်း အဆောက်အအုံများကို ကျည်ကာမှန်များ တပ်ဆင်ခြင်းနှင့် CCTV တပ်ဆင်ခြင်း အပါအဝင် လုံခြုံရေးဆိုင်ရာ စီမံမှုများကို ပြုလုပ်ထားပြီး စစ်ဘက်ဆိုင်ရာ အကာအကွယ်ကိုပါ ပြုလုပ်လာကြ ခြင်းဖြစ်သည်။

    “တရုတ်နိုင်ငံက စေလွှတ်ထားတာဆိုပေမယ့် တရုတ်ပြည်မကြီးက လူတွေတော့ မဟုတ်ဘူး။ ပလောင်တို့၊ ကိုးကန့်တို့လို ရှမ်းနယ်စပ်ဘက်က လူတွေ ပိုများတယ်။ တရုတ်စကားပြောတဲ့လူတွေ သိပ်မတွေ့ရဘူး။ ကျနော့်အထင် စစ်တပ်ကပါ ကြေးစားတပ်ဖွဲ့တွေ ငှားထားသလားလို့ သံသယ ဝင်မိတယ်” ဟု စစ်ကောင်စီနှင့်နီးစပ်သူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    တရုတ်လုံခြုံရေးတပ်များသည် ကျောက်ဖြူ စစ်မျက်နှာအတွင်း ဒရုန်းနှင့် အခြားသော စစ်ရေးနည်း ပညာများကို စစ်ကောင်စီအတွက် ပံ့ပိုးနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီက ကြေးစားတပ်ဖွဲ့ဝင်များ ငှားယူထားမှု ရှိ/ မရှိကို သီးခြားအတည်မပြုနိုင်သေးပါ။

    ရရှိထားသည့် အချက်အလက်အရ ကျောက်ဖြူမြို့နယ်တွင် တရုတ်စီမံကိန်းကို အကာကွယ်ယူနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ရှိပြီး တရုတ်စီမံကိန်းများရှိရာ ဧရိယာအနှံ့ ဖြန့်ကျက်ထားကြောင်း သိရသည်။

    “အဲဒီ တရုတ်စစ်သားတွေနဲ့ စစ်ကောင်စီဘက်ကလူတွေ တစ်ခါတစ်လေ ကားတွေနဲ့ အပြင်ကို ထွက်သွားတာမျိုးတော့ ရှိတယ်။ ဒီလို အပြင်ထွက်တဲ့ အခါမျိုးမှာတော့ တရုတ်စစ်သားတွေက ယူနီဖောင်း ဝတ်ထားပေမယ့် လက်နက်တွေ ကိုင်ထားတာမျိုးတော့ မတွေ့ရဘူး” ဟု ကျောက်ဖြူဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

    စစ်ကောင်စီနှင့် တရုတ်အစိုးရတို့သည် တရုတ်စီမံကိန်းများ၏ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ရန်ဟု ဆိုကာ ၂၀၂၄ ခု နှစ်ကုန်ပိုင်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက စ၍ တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျောက်ဖြူသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

    ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး စသည့် စီမံကိန်းများအပြင် ကျောက်ဖြူ အထူး စီးပွားရေးဇုန် (SEZ) စီမံကိန်းများ တည်ရှိသည်။

    လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် စစ်ကောင်စီက တရုတ်စီမံကိန်းနယ်မြေများအတွင်း လုံခြုံရေးကို ယခင်ကထက် ပိုမိုတင်း ကျပ်ထားကြောင်း သိရသည်။

  • စစ်ရေးအခြေအနေကြောင့် အရာတော်-မုံရွာ လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီပိတ်

    စစ်ရေးအခြေအနေကြောင့် အရာတော်-မုံရွာ လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီပိတ်

    စစ်အုပ်စု စစ်ကြောင်းတွေကြောင့် ဒေသခံတစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်းအတွင်းက အရာတော်-မုံရွာလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ကစပြီး တော်လှန်ရေးတပ်တွေက ယာယီပိတ်ထားသလို စစ်အုပ်စုစစ်ကြောင်းကြောင့် ကျေးရွာသုံးရွာထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအနီးက အမြှောက်တပ်(အမတ- ၃၆၉)မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    အဲဒီတိုက်ပွဲကို စစ်ကူလာတဲ့ စစ်အုပ်စုစစ်ကြောင်းက အရာတော်မြို့​ပေါ်ကို ပြန်ဆုတ်ဖို့ပြင်ဆင်နေတာကြောင့် အရာတော်-မုံရွာလမ်းပိုင်းကို ယာယီပိတ်ထားတာလို့ အရာတော်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။

    “ဇန်နဝါရီ ၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သစ်ကျင်းကြီးတပ်ခေါ် ၃၆၉ တပ်မှာ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ အရာတော်မြို့ကနေ ထွက်ပြီးတော့ အင်အား ၃၀ ခန့်ပါတဲ့ စစ်ကူလာတဲ့ စစ်ကူတွေ ရောက်တယ်ဗျ၊ အခု သစ်ကျင်းကြီးတပ်ကနေ ဒီနေ့ အရာတော်မြို့ကို ပြန်ဆုတ်တဲ့အနေအထားမျိုးပါ”

    လတ်တလောမှာတော့ အရာတော်မြို့နယ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိသေးဘဲ စစ်ကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ သူကဆိုပါတယ်။

    အဲဒီစစ်ကူ စစ်ကြောင်းပြန်ဆုတ်နိုင်ဖို့အတွက် ကျန်ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းတွေကလည်း အရာတော်မြို့ကို ရောက်ရှိနေပြီး စစ်ရေးအခြေအနေ ရှုပ်ထွေးနေသလို စစ်ကြောင်းတွေကြောင့် ကမ်းပြူရွာအပါအဝင် ကျေးရွာသုံးရွာထက်မနည်းက စစ်ဘေးရှောင်တစ်ထောင်ခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလကလည်း အရာတော်မြို့နယ်အတွင်းက ဝါးတောမ၊ ရေယဉ်သာ၊ မကျီးစု၊ ဘော်ကုန်းနဲ့ အောင်ချမ်းသား စတဲ့ ကျေးရွာတွေက နေအိမ် ၂၀၀ နီးပါးကို စစ်အုပ်စုတပ်က မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံလေးဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • ထိုင်း​ရောက်မြန်မာ​တွေကို ​ဒုက္ခ​ပေးဖို့ စစ်အုပ်စုနဲ့​ပေါက်ကိုယ်​တော် ​ခြေတလှမ်းတိုးကြံစည်

    ထိုင်း​ရောက်မြန်မာ​တွေကို ​ဒုက္ခ​ပေးဖို့ စစ်အုပ်စုနဲ့​ပေါက်ကိုယ်​တော် ​ခြေတလှမ်းတိုးကြံစည်

    ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။

    ပြီးခဲ့တဲ့ ၄နှစ်​ကျော်လုံး လက်နက်ကိုင်​တွေခြံရံပြီး မန္တ​လေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်​ပေးမယ့် ပျူ​စောထီး​တွေ​မွေးထုတ်ပြီး တော်လှန်​ရေးအင်အားစု​တွေ နဲ့ ပြည်သူ​တွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲက နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် စတင်ဖော်နေပါပြီ။

    အဲဒါက ပေါက်ကိုယ်တော်ဟာ ပျူစောထီးအဖွဲ့ဝင် လူငယ်အချို့ကို ဘန်ကောက်မြို့တော်ကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာဖို့ ဖြစ်ပါတယ်။

    ပေါက်ကိုယ်တော်က ထိုင်းမှာ ပြဿနာရှာဖို့အတွက်သူရဲ့လူအချို့ကို ထိုင်းကိုစေလွှတ်ဖို့ စီစဉ်​နေတာကို စုံစမ်းသိရထားပါတယ်။

    “ထိုင်းကိုသွားပြီး ပြဿနာရှာပေးရပါ့မယ်တဲ့။ ထိုင်းမှာ မြန်မာတွေအနေများတဲ့ ရက်ကွက်တွေ အလုပ်တွေဆီကိုသွားပြီး ပြဿနာရှာပေးရပါ့မယ်တဲ့။ ပြီးရင် ပြန်လာရပါ့မယ် ပြောပါတယ်” လို့ ပေါက်ကိုယ်တော်နဲ့ နီးစပ်သူတဦးက သတင်းပေးပါတယ်။

    ပေါက်ကိုယ်တော် တပည့်အဖြစ်ခံယူပြီး လူမိုက်လုပ်နေသူတွေဟာ အနေအစားချောင်လို့ လုပ်နေတဲ့သူတွေပဲလို့ သူက မှတ်ချက်ပေးပါတယ်။ ထိုင်းကိုသွားပြီး မြန်မာတဲ့​နေတာများတဲ့​နေရာ​တွေမှာ ပြသာနာရှာဖို့ ​ပေါက်ကိုယ်​တော်ကာသူ့တပည့်လူမိုက်​တွေကို အသွားအပြန်စာရိတ်ငြိမ်း​စေလွှတ်​ပေး​နေတာလို့စုံစမ်းသိရပါတယ်။

    အဲဒီလိုပြသာနာရှာရင် ထိုင်း​ရောက်မြန််မာ​တွေကိုအိမ်ရှင်ထိုင်းနိုင်ငံသား​တွေက မကြိုက်​အောင် ၊မြန်မာ​တွေအ​နေကြပ်ပြီး ဒုက္ခ​​ရောက်​အောင်၊ထိုင်းမှာမ​နေနိုင်​အောင် ​ပေါက်ကိုယ်​တော်ကတဆင့်စစ်တပ်ကကြံစည်​နေတာဖြစ်ပါတယ် ။

    ပေါက်ကိုယ်တော်ရဲ့ အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်ရေးထောက်ပို့လုပ်တဲ့သူတွေ အနေကြပ်အောင်လုပ်တဲ့အပြင် လူငယ်လုပ်သားတွေ စစ်မှုထမ်းဖို့ နေရပ်ပြန်လာစေဖို့ ဖိအားပေးဖို့ လကြံစည်​နေတာလို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတဦးကလည်း သုံးသပ်ပါတယ်။

    “ဒါက ဖြစ်လာမှာဘဲ။ ပေါက်လာပြီဆိုကတည်းက မီးမွှေးတော့မယ်ဆိုတာ သိတယ်။ သူကိုယ်တိုင်ဒီလိုထွက်လာတာဟာ တကယ်ကို ပြဿနာတွေရှုပ်အောင်လုပ်တော့မယ်ဆိုတာ သိတယ်” လို့ အမည်မဖော်လိုတဲ့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးက ပြောပါတယ်။

    ပေါက်ကိုယ်တော် ဘန်ကောက်ရောက်လာတာဟာလည်း ထိုင်းအာဏာပိုင်တွေရဲ့ လက်ချက်မကင်းကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေထဲမှာ စစ်ကောင်စီနဲ့ ပနာသင့်ပြီး အမျိုးသားရေးလုပ်နေသူတွေရှိတယ်လို့လည်း ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။

    ထိုင်းနှုတ်ခမ်းမွှေးဆိုသူဟာလည်း ထိုင်းရောက်မြန်မာလုပ်သားတွေ အနေကြပ်အောင် ထိုင်းအာဏာပိုင်တွေအပေါ် လိုက်လံဖိအားပေးလိုက်လံဖမ်းဆီးခိုင်းနေသူ ဖြစ်ပါတယ်။

    ထိုင်းရောက်မြန်မာလုပ်သားတွေကတော့ ထိုင်းမဘသ လို့ ခေါ်ကြပါတယ်။

    ထိုင်းနှုတ်ခမ်းမွှေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၂၃ ရက်မှာ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့မြန်မာသံရုံးရှေ့ ဆန္ဒပြတာက အစပြုပါတယ်။ ထိုင်းရောက်မြန်မာတွေ နှင်ထုတ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်ခေါ်ကြဖို့ ဆန္ဒပြ​တောင်းဆိုခဲ့တာပါ။

    အဲဒီနောက်ပိုင်းစကြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် သိသိသာသာဖိအားပေးလာခဲ့ပါတယ်။ အဓိက အကြောင်းအရာက နွေဦးတော်လှန်ရေးအားပေးနေကြလို့ပါ။

    အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာခဲ့တဲ့ ၂၀၂၅ ဧပြီ ၅ရက်က ကုလသမဂ္ဂ UN ရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့သူတွေကိုပါ ကိုယ်ထိလက်​ရောက် ထိုးကြိတ် ရန်ရှာခဲ့တဲ့တာ နှုတ်ခမ်း​​မွေးနဲ့ အဖွဲ့ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇွန်၊ဇူလိုင်က နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ တရားမဝင်မြန်မာတွေ ဖမ်းဆီးရေးစီမံချက်အတွင်းမှာလည်း နှုတ်ခမ်းမွှေးနဲ့ အဖွဲ့ကမဲဆောက်သွားပြီး သွေးထိုးလှုံ့ဆော်မှုတွေလုပ်ခဲ့ပါသေးတယ်။

    ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားတွေအရေးကူညီနေသူတွေ ပြောပြချက်အရ နှုတ်ခမ်းမွှေးနဲ့အဖွဲ့ကို စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။

    ဘန်ကောက်မြို့Saint Louis ဘူတာအနီးက မြန်မာသံရုံးအဟောင်းအဆောက်အဦထဲကို နှုတ်ခမ်းမွှေးနဲ့အဖွဲ့က မကြာခဏလာလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။

    စစ်ကောင်စီသံရုံးက မြန်မာ−ထိုင်း ချစ်ကြည်ရေးအသင်းအဖွဲ့အစည်းဖွဲ့ပြီး အဲဒီအဖွဲ့ကနေ ထိုင်းနှုတ်ခမ်းမွှေးအဖွဲ့ကို ထောက်ပံ့ပေးနေတာလို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကလည်း ​ပြောပါတယ်။

    အဲဒီအဖွဲ့မှာ မြန်မာ−ထိုင်း ဘာသာပြန်တွေခန့်ထားပြီး နှစ်နိုင်ငံအမုန်းစကားတွေပြန့်ပွားအောင်လူမှုကွန်ယက်က​နေဖြန့်ချီတာ​တွေလုပ်ခဲ့သလို ၊ပြင်ပမှာလုပ်နေကြတယ်လို့လည်းစုံစမ်းသိရပါတယ်။

    သူတို့ဟာ မြန်မာတွေက ထိုင်းနိုင်ငံနဲ့ပတ်သက်တာတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တင်တဲ့အခါ အဲဒီစာသားတွေနဲ့ အကောင့်တွေကို ဘာသာပြန်ပြီး ထိုင်းအမျိုးသားရေးအဖွဲ့တွေဆီ ပေးပို့နေတာလို့လည်း ပြောပါတယ်။

    နှုတ်ခမ်း​မွေးဟာ ​ပျူ​စောထီး​ခေါင်း​​ဆောင်လာတုန်းက လက်ခံ​တွေဆုံကြတဲ့ သတင်း​ကို မြန်မာနိုင်ငံကသတင်းဌာန​တွေက အကျယ်တဝင့်​​​ဖော်ပြပြီး​နောက်မှာ​တော့ ​ပေါက်ကိုယ်​တော်နဲ့အရင်ကမသိပဲ ထိုင်း​ရောက်​နေတုန်း အကုအညီလိုလို့တွေ့ချင်တယ်ဆိုတာ​ကြောင့် ခေတ္တ​တွေ့ခဲ့တာသာဖြစ်တယ်လို့ ပြန်​ဖြေရှင်းခဲ့ပါတယ်။

    နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး နေထိုင်ကြရမယ်လို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကသတိပေးပါတယ်။ ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။

    စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အလိုရှိနေတဲ့ လူငယ်တွေအလုံးအရင်းနဲ့ထွက်ခွာသွားတာနဲ့နွေဦးတော်လှန်ရေးအနီးကပ်ထောက်ပို့ ကူညီသူတွေအများဆုံးရှိတဲ့ ထိုင်းနိုင်ငံကို မျက်စိဆံပင်မွှေးဆူးနေတာလို့ ၎င်းတို့က ဆိုပါတယ်။

    နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။

    ဒါပေမယ့် ထိုင်းနိုင်ငံဟာ ဥပဒေအရစနစ်တကျ အကာအကွယ်ပေးထားတဲ့အတွက်ကြောင့် အရမ်းကြီး စိုးရိမ်ဖို့မလိုကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

    ပေါက်ကိုယ်တော်နဲ့ နီးစပ်ကတော့ စစ်တပ်ဟာ ပြည်ပရောက်မြန်မာတွေကို အဖမ်းခံရအောင် ဒုက္ခပေးတော့မှာမို့ သတိထားကြဖို့ အကြံပြုပါတယ်။

    “စစ်တပ်ရဲ့ရည်ရွယ်ချက်က ပြည်ပရောက်မြန်မာတွေ ဒုက္ခရောက်ပြီး အဖမ်းခံရအောင်၊ မြန်မာပြည်ပြန်လာရအောင် အောက်လုံးသုံးနေပါတယ်။ မြန်မာ​တွေစည်းလုံးစေချင်ပါတယ်” ။ ။

  • ရန်ကုန်မြို့က ပင်လုံလမ်းပေါ်မှာဖွင့်ထားတဲ့ ပရိဘောဂဆိုင်ကို လူအုပ်စုတစုက ဝင်ရောက် ဖျက်စီးသွား

    ရန်ကုန်မြို့က ပင်လုံလမ်းပေါ်မှာဖွင့်ထားတဲ့ ပရိဘောဂဆိုင်ကို လူအုပ်စုတစုက ဝင်ရောက် ဖျက်စီးသွား

    ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်ထားတဲ့ ပရိဘောဂ ပစ္စည်းဆိုင် တစ်ဆိုင်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ လူအုပ်စု တစုက ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ “နိုင်” အမည်ရှိ ပရိဘောဂဆိုင်ကို လူအုပ်စုလိုက် ရောက်ရှိလာပြီး ဆိုင်ကို ဖျက်ဆီးသွားခဲ့တဲ့ ဖြစ်စဉ်ကို ဆိုင်ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ အသိပေးဖော်ပြခဲ့ပါတယ်။

    “နာမည်ကြီး ဆိုင်တဆိုင်က လူရမ်းကားတစုက ကျမတို့ ဆိုင်ထဲထိ ဝင်ခွဲ ဝင်ရိုက်တာ၊ ကျမဆိုင်က ဝန်ထမ်းကောင်မလေး ၂ ယောက်ရယ်၊ ကျမကလေး ၂ ယောက် နဲ့ အမေ တို့ပဲ ရှိတဲ့အချိန်မှာ လုပ်သွားတာ၊ ကျမ သားငယ်လေးဆို ကြောက်လွန်းအားကြီးပြီး ငိုယိုထွက်ပြေးပြီး အခန်းထဲ ဝင်ပုန်းခဲ့ရတာ၊ ဘယ်လောက်တောင် မိုက်ရိုင်းလိုက်လဲ၊ ဒါ လုပ်ငန်းရှင် တစ်ယောက်ရဲ့ လုပ်ရပ်လား၊ ပြည်ထောင်စုလမ်းမပေါ်က ကျွန်းတံခါး ကျည်းဘောင်ဆိုင် ပိုင်ရှင်လုပ်တာ” လို့ ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောဆိုထားပါတယ်။

    ပြည်ထောင်စုလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ကျွန်းတံခါး ကျည်းဘောင်ဆိုင် ပိုင်ရှင်ဟာ လူမိုက်အုပ်စုနဲ့ “နိုင်” ပရိဘောဂ ဆိုင်အတွင်းရှိ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးသွားခဲ့သလို အသက် ၆၅ နှစ်အရွယ်ရှိ ဆိုင်ရှင်ရဲ့ အမေဖြစ်သူကိုလည်း ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

    “ရန်ကုန်မြို့ပေါ်မှာတောင် ခုလို လုပ်ရဲတာဟာ အတော်လေးကို စိုးရိမ်စရာဖြစ်တယ်၊ ဒုစရိုက်မှုတွေကလည်း တစ်ခု မပြီးသေးဘူး တစ်ခုက ဆက်တိုက်ဆိုသလို ဖြစ်နေတာ၊ စစ်ကောင်စီက လွတ်ငြိမ်းအမျိုးမျိုးနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ သူတွေကလည်း လူဆိုးလူမိုက်တွေချည်းပဲ၊ တရားဥပဒေစိုးမိုးမှု မရှိတော့ လူဆိုးလူမိုက်တွေကလည်း ပိုပိုပြီး လုပ်ရဲလာတာ၊ နိုင်ငံက အတော်လေး ပျက်စီးသွားပြီ” လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

    ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ “နိုင်” ပရိဘောဂဆိုင်အတွင်းထိ အုပ်စုလိုက် ဝင်ရောက်ပြီး ရိုက်ခဲ့တဲ့ဖြစ်စဉ်ကို ဦးဆောင်ကျူးလွန်တဲ့ လုပ်ငန်းရှင်ဟာ လတ်တလောမှာ ရှောင်တိမ်းနေတယ်လို့ သိရပါတယ်။