Author: Baby Yit Lone

  • Mr. Buzzkill

    Mr. Buzzkill

    Mr. Buzzkill (2025)

    Slasher/Horror ဇာတ်ကားလေးတစ်ခု အပျင်းပြေ ကြည့်ဖို့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါမယ်။

    Succubus လို့ခေါ်တဲ့ ဒဏ္ဍာရီလာ နတ်ဆိုးမ တစ်ယောက် လူ့လောကကို လူစီဖာရဲ့ အလိုကျ ရောက်လာပြီးတော့ လူတွေကို ဒုက္ခပေး သတ်ဖြတ်တာကို ကြည့်ရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။

    Dark Humor ဆန်ဆန် ဟောလိဝုဒ်လောကကို လှောင်ပြောင် သရော်ထားတဲ့ အရာတွေပါတဲ့အပြင် လူတွေရဲ့ အပေါ်ယံ သကာရည်လောင်း အတွင်းပိုင်းမှာ ယုတ်မာတတ်ကြတဲ့ သဘောကိုလည်း ခပ်ထေ့ထေ့ ရိုက်ကူးပြထားတာပါ။

    ခြောက်ခြားထိတ်လန့်စရာ ဇာတ်ကားမျိုး မဟုတ်ပေမယ့် Budget Slasher ဇာတ်ကားတွေထဲမှာဆိုရင်တော့ သူများနဲ့မတူဘဲ တင်ဆက်ပုံ ကွဲထွက်နေတာတော့ အမှန်ပါပဲ။

  • Tere Ishk Mein

    Tere Ishk Mein

    Tere Ishk Mein (2025)

    အချစ်နဲ့အမုန်း

    ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Raanjhanaa ရုပ်ရှင်ရဲ့ အဆက်မဟုတ်တဲ့အဆက်လို့ပြောလို့ရတဲ့ ဒနွတ်ရှ်နဲ့ ကရီတီဆန်နွန်တို့ရဲ့ အချစ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

    ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၆၅ ကုဋေထိရရှိခဲ့ပြီး ဝင်ငွေပိုင်းအရလည်းအောင်မြင်ခဲ့ပါတယ်။

    ဇာတ်လမ်းကတော့ ရှန်ကာဟာ ဒေါသကြီးပြီး ကြမ်းတမ်းတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။

    မူတီကတော့စိတ္တဗေဒသုတေသနပညာရှင်တစ်ယောက်ဖြစ်ပြီး လူတစ်ယောက်ရဲ့ ကြမ်းတမ်းတဲ့စိတ်ကို မေတ္တာနဲ့ ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတဲ့ သူ့ရဲ့ PhD ကျမ်းအတွက် ရှန်ကာကို လေ့လာစရာအဖြစ် ရွေးချယ်ခဲ့ရာကနေ သူတို့နှစ်ဦး ပတ်သက်ခဲ့ကြပါတယ်။

    ဒါပေမယ့် ဒီပတ်သက်မှုဟာ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းသက်သက်မဟုတ်ဘဲ လူတန်းစားကွာဟမှု၊ မိသားစုပဋိပက္ခနဲ့ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေကြားမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာပါတယ်။

    နောင်နှစ်အနည်းငယ်အကြာမှာတော့ရှန်ကာ ဟာ လေတပ်လေယာဉ်မှူးတစ်ယောက် ဖြစ်လာပြီး မူတီ နဲ့ စစ်မြေပြင်တစ်ခုမှာ ကံကြမ္မာအလှည့်အပြောင်းအရ ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့ သူတို့ရဲ့ မပြီးဆုံးသေးတဲ့ အမုန်းနဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ရိုက်ကူးထားပါတယ်။

  • စစ်တပ်သတိပေးပေမဲ့ မြဝတီမြို့ပေါ်မှာ KNA တပ်တွေဆက်ရှိ

    စစ်တပ်သတိပေးပေမဲ့ မြဝတီမြို့ပေါ်မှာ KNA တပ်တွေဆက်ရှိ

    ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်တွေ ထွက်ခွာကြဖို့ ဇန်နဝါရီတတိယအပတ်ထဲမှာပဲ စစ်ကော်မရှင်က စာထုတ်သတိပေးထားတယ်လို့ KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    မြို့ပေါ်ကနေ ထွက်ပြီး KNA အနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ တပ်နယ် ၂ နေရာတွေမှာပဲ ဇန်နဝါရီ ၂၅ ရက်အပြီး ရွှေ့ပြောင်းပြန်လည်နေထိုင်ကြဖို့ စစ်ကော်မရှင်က ပြောထားတယ်လို့ သူက ဆိုပါတယ်။

    တပ်နယ် ၂ ဟာ KNA ရဲ့ ဗိုလ်မှူးချုပ်စောတင်ဝင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့နယ်မြေတွေဖြစ်ပါတယ်။

    တပ်နယ် ၂ ဟာ မြဝတီမြို့‌မြောက်ဘက်ပိုင်းမှာရှိပြီး နဒီချောင်းဆုံ၊ ဝမ်ခ၊ သဲပုံ၊ သစ်ကတေကျေးရွာတွေနဲ့ ရွှေကုက္ကိုမြို့သစ်တွေ ပါဝင်ပါတယ်။

    KNA ကို ထွက်ခွာဖို့ သတိပေးချက်မတိုင်ခင် ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် အမှတ် ၂၂ တပ်မမှူးကလည်း မြဝတီမြို့ပေါ်မှာရှိတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နဲ့ ကရင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ဖြစ်တဲ့ KNU/KNLA (PC) တပ်ဖွဲ့ဝင်တွေရဲ့ တပ်ဖြန့်မယ့်တည်နေရာတွေကိုလည်း စာရင်းပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “အမည်စာရင်းနဲ့ ဓာတ်ပုံတွေကို ဒီနေ့ (ဇန်နဝါရီ ၂၄) ရက်နောက်ဆုံးထားပို့ခိုင်းထားတာ” လို့ သူက ဆိုပါတယ်။

    ဇန်နဝါရီ ၁၉ ရက်က တပ်မ ၂၂ တပ်မမှူးနဲ့ ဆက်ဆံရေးရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

    တပ်မ ၂၂ တပ်မမှူးက KNA ဖွဲ့စည်းတာနဲ့ပတ်သက်လို့ တရားဝင်ခွင့်ပြုထားတာမရှိတာကြောင့် မြို့ပေါ်မှာ နေထိုင်ခွင့်မပြုဖို့ ညွှန်ကြားချက်တွေ ရှိတယ်ဆိုပြီး ထုတ်ပြောခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    လက်ရှိ မြဝတီမြို့ပေါ်မှာတော့ KNA တပ်တွေ ဆက်ရှိနေသေးတယ်လို့ မြဝတီမြို့ခံတချို့က ပြောပါတယ်။ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ကို ကရင်အမျိုးသားတပ်(KNA) ဆိုပြီး ၂၀၂၄ မှာ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးမှ ၂၀၂၆ ဇန်နဝါရီမှာ KNA ဘက်တံဆိပ်ပြောင်းလဲတပ်ဆင်ခဲ့တာဖြစ်ပါတယ်။

    KNA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ တံဆိပ် ပြောင်းလိုက်ပြီဖြစ်ပေမဲ့ တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ရှိဘူးဆိုပြီး အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။

  • ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

    ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

    ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

    ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က အင် ပင် ကျေးရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲထားပြီး ဂိတ်ဖွင့်စစ်ဆေးနေတဲ့ စစ်ကောင်စီဂိတ်ကို အောင်မြေပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ- လက်နက်ကြီး- COBRAONE Pakokku တပ်ဖွဲ့တို့က ရှော့တိုက်ဒုံး လေးလုံးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

    ရှော့တိုက်ဒုံးတွေဟာ ဂိတ်အနီး သုံးလုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    “အင်အားငါးဆယ်ကျော်လောက်ရှိတယ်။ ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေကလည်းတော်တော်ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာ။ပခုက္ကူတပ်မ ၁၀၁ကနေ စစ်ကြောင်းထိုးတာတွေ၊ ရိက္ခာကားတန်းတွေထွက်ချင်ရင် အဲဂိတ်ကိုအင်အားစုနားပြီးမှထွက်တယ်”လို့ COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

    ဒါ့အပြင် ည ၈နာရီလောက်မှာတော့ တိုက်ခိုက်ခံရတဲ့ အဲဒီဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ဘေးဝန်းကျင်ရွာတွေကို ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

    ပခုက္ကူမြို့နယ်က ဝင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ကမ္မမြို့နယ်မှာတော့ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

    (စစ်ကောင်စီဂိတ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Cobra One)

  • မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ

    မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ

    မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ

    ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

    အဲဒီဖြစ်စဉ်ဟာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

    “အဲဒီလူက ခေါင်းကို တွဲလောင်းယူပြီး ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။ ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။ ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။ တိုးဂိတ်ရောက်တော့ ခေါင်းကြီးပစ်ချခဲ့တယ်။ သူ့ကို အဲဒီ တိုးဂိတ်မှာပဲ ဖမ်းမိတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

    လူသတ်မှု ကျူးလွန်သူကို လုံခြုံရေးတပ်ဖွဲ့တွေက ရန်ကုန်မြို့ကနေ ထောက်ကြန့်ဘက်ကိုသွားတဲ့ သန္ဓေပင်ရွာအနီးက မှော်ဘီတိုးဂိတ်မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၊ မြို့မ‌ဈေး (အရှေ့ဘက်)၊ သမ၀ါယမရုံးရှေ့မှာ လင်မယားချင်း စကားများ ရန်ဖြစ်ပြီး ဇနီးဖြစ်သူ ဓားနဲ့အထိုးခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

    ဒါအပြင် ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာမှာ လင်မယားချင်း စကားများရာမှ ယောင်္ကျားဖြစ်သူက မိန်းမဖြစ်သူကို ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ မတ်လ ၁၁ ရက်နေ့ကလည်း ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းရှိ နေအိမ်တအိမ်မှာ လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

    ဓာတ်ပုံ – ဒေသခံ