Author: Baby Yit Lone

  • သက်သက်ခိုင်ကို စစ်​ကော်မရှင်က နေအိမ်တွင်းကန့်သတ်ချက်ဖြင့်ထား

    သက်သက်ခိုင်ကို စစ်​ကော်မရှင်က နေအိမ်တွင်းကန့်သတ်ချက်ဖြင့်ထား

    စစ်​ကော်မရှင်က ​ပြည်သူ့​ရှေ့​ဆောင်ပါတီ(PPP) ပါတီ ဥက္ကဋ္ဌ ​ဒေါ်သက်သက်ခိုင်ကို (ဇန်နဝါရီလ ၁၃ ရက်​နေ့) က တရက်တာ​ခေါ်ယူစစ်​ဆေးပြီး​သည့်နောက် လက်ရှိအချိန်ထိ ၎င်းကိုနေအိမ်တွင် ကန့်သတ်ချက်ဖြင့်ထားရှိ​ကြောင်း ​ဒေါ်သက်သက်ခိုင်နှင့်နီးစပ်သူထံမှ စုံစမ်းသိရသည်။

    ပါတီမဲဆွယ်စည်းရုံး​ရေးကိစ္စမှလွဲ၍ ကျန်ကိစ္စများကို လူမှုကွန်ရက်ဆိုရှယ်မီဒီယာများတွင်တင်ပြခြင်း၊ မီဒီယာများကို​ဖြေကြားခြင်းမပြုရန်နှင့် ကိစ္စအဝဝကို စစ်​ကော်မရှင်ခွင့်ပြုချက်ယူခြင်း၊ သတင်း​ပေးပို့ခြင်းများလုပ်​ဆောင်ရန် ကန့်သတ်ထားခြင်းဟု သိရသည်။

    “ဘယ်မီဒီယာတွေနဲ့မှ လက်ခံဖြေဆိုတာမျိုးမလုပ်ရဘူး။ ကိစ္စတခုခုဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာကို အရင်သတင်းပို့ရမယ်။ လူမှုကွန်ရက်အကောင့်တွေကနေလည်း ဘာတခုမှမတင်ရဘူး။ ရဲ တို့ ဘာတို့တော့ မထားဘူး။ နေအိမ်အကျယ်ချုပ် သဘောမျိုးထက် ကန့်သတ်ခံထားရတယ်ဆိုရင် ပိုမှန်တယ်”ဟု ဒေါ်သက်သက်ခိုင်နှင့်နီးစပ်သူတဦးက ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်​နေ့ ​မွန်းလွဲတွင် သံရုံးတခုက တာဝန်ရှိသူနိုင်ငံခြားသားအချို့နှင့် ရန်ကုန်မြို့၊ နတ်မောက်လမ်းက စားသောက်ဆိုင်တဆိုင်တွင် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်​ကော်မရှင် စစ်ဘက်ဆိုင်ရာရဲတပ်ဖွဲ့များက ​ဒေါ်သက်သက်ခိုင်ကို ၂၄ နာရီ​ခေါ်ယူစစ်​ဆေးပြီးသည့်​နောက် ​နေအိမ်တွင်ကန့်သတ်​နေထိုင်ခိုင်းထား​ကြောင်း သိရသည်။

    စစ်​ကော်မရှင်လက်​အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ခွင့်ပြုချက်မရှိဘဲ ဒေါ်သက်သက်ခိုင်နှင့် PPP ပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ထက်ထက်လှိုင်တို့သည် နိုင်ငံခြားသံရုံးများနှင့် လျှို့ဝှက်တွေ့ဆုံခဲ့ခြင်း​ကြောင့်အရေးယူသွားမည်ဟု UEC က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ပြည်ပသံရုံးတခုဟု သံရုံးအမည်မ​ဖော်ဘဲ UEC က ထုတ်ပြန်ထား​သော်လည်း သတင်းဌာနအချို့တွင် ဗြိတိန်သံရုံးဖြစ်​ကြောင်း​ဖော်ပြထားကြသည်။

    နိုင်ငံရေး​လောကမှသူများသည် နိုင်ငံခြားသံရုံးမှသံတမန်များနှင့်​တွေ့ဆုံခြင်းမှာ သာမန်လုပ်ရိုးလုပ်စဥ်သာ သတ်မှတ်ထားကြ​​သော်လည်း စစ်​​ကော်မရှင်အဖို့ ကန့်သတ်တင်းကြပ်ထားခြင်းဟု နိုင်ငံ​ရေးပါတီဝင်အချို့က သုံးသပ်ကြသည်။

    စစ်​ကော်မရှင်၏ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ -၆ (စ) ပါ ပြဋ္ဌာန်းချက်တွင်ပါဝင်သည့် နိုင်ငံခြားတိုင်းပြည်တခုခု၏အစိုးရဖြစ်​​စေ ၎င်းတို့၏ ဩဇာခံယူခြင်းမပြုရေး ကို စောင့်ထိန်းလိုက်နာရန်တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်းနှင့် ​အ​ကြောင်းတခုခု​ကြောင့်တွေ့ဆုံမည်ဆိုလျှင် UEC ဘက်က ခွင့်ပြုချက်နှင့် စိစစ်ချက်ယူရမည်ဟု သိရသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ​အောက်တိုဘာလကလည်း ဒေါ်သက်သက်ခိုင်သည် ဘဏ်အကြွေးပြန်ဆပ်ရန်ရှိခြင်းကြောင့်ဆိုသည့်အချက်မှာ ရွေးကောက်ပွဲတွင် နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန် တာဝန်ကင်းရှင်းသူများဆိုသည့် ဥပဒေပုဒ်မ ၈(ဃ)နှင့် ငြိစွန်းနေခြင်းကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။

  • ဆယ်လီ ဧရာဝတီမ ဝင်ပူးပြီး ဖော်ပြီ

    ဆယ်လီ ဧရာဝတီမ ဝင်ပူးပြီး ဖော်ပြီ

    ဆယ်လီ ဧရာဝတီမရဲ့ ဈာပနကို မဲဆောက်မှာပြုလုပ်သွားမည်

    ဆယ်လီ ဧရာဝတီမရဲ့ ရုပ်အလောင်းကို ဈာပနပြုလုပ်မယ့်နေရာဆီ သယ်ဆောင်လာပြီး ဈာပနကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

    ဇန်နဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့မှာ အသတ်ခံရတာဖြစ်ပြီး ယနေ့အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းသိရပါတယ်။

    Photo- Aung Aung

  • တောင်ကြီး – ပုဂ္ဂလိကကျောင်းက အဓမ္မပြုကျင့်ခံရမှုဖြစ်စဥ်ကို သိရှိထားသူရဲ့ ပြောပြချက်

    တောင်ကြီး – ပုဂ္ဂလိကကျောင်းက အဓမ္မပြုကျင့်ခံရမှုဖြစ်စဥ်ကို သိရှိထားသူရဲ့ ပြောပြချက်

    (အခုဆောင်းပါးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာအချက် အချို့ပါဝင်ပါတယ်)

    ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အောင်မြေသစ် ပုဂ္ဂလိကျောင်းမှာဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှုဖြစ်စဥ်က ပြစ်မှုကျူးလွန်သူကို ရဲက ဖမ်းဆီးအမှုဖွင့် အရေးယူထားပြီဖြစ်ပါတယ်။

    နစ်နာသူ Grade-12 ကျောင်းသူ လုံမေ(အမည်လွှဲ) ကတော့ လိုအပ်တဲ့ ဆေးစစ်မှုပြုလုပ်ပြီး နောက်မှာ ဆေးကုသမှုခံယူနေရတယ်လို့ လုံမေရဲ့ သူငယ်ချင်းကပြောပါတယ်။

    လုံမေနဲ့အတူ အဆောင်တစ်ခန်းတည်းနေခဲ့တဲ့ သူငယ်ချင်းတွေထဲက ကျောင်းသူတစ်ဦးနဲ့ ဇန်နဝါရီ ၂၁ ရက်မှာ စကားပြောခွင့်ရခဲ့ပါတယ်။

    “သူ့ကို ရုပ်ပိုင်းကျန်းမာရေးကုသမှုအပြင် စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကုသနေရတယ်”လို့ လုံမေရဲ့သူငယ်ချင်း ကျောင်းသူက ပြောပြပါတယ်။

    တောင်ကြီးရဲစခန်း သတင်းရင်းမြစ်ကတော့ ရဲဘက်က နစ်နာသူရဲ့ ဆေးစစ်ချက်တွေကို ရရှိထားပြီး နစ်နာသူအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

    ဘီဘီစီက လုံမေရဲ့ သူငယ်ချင်းဖြစ်သူကတဆင့် နစ်နာသူ မိန်းကလေးရဲ့ မိသားစုဝင်တစ်ဦးကို ဆက်သွယ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေအရ ပြန်ဖြေဆိုဖို့ မိသားစုဘက်က ငြင်းဆိုပါတယ်။

    စစ်ကော်မရှင်ကတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့တရားခံကို ဖမ်းဆီးထားပြီး ကျောင်းဘက်ကိုလည်း ဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ဇန်နဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။

    အောင်မြေသစ်က ကျောင်းသားတွေအတွက် ကူညီမယ်လို့ ပုဂ္ဂလိကကျောင်းတွေ စာထုတ်

    အောင်မြေသစ်‌ကျောင်းက အဓမ္မပြုကျင့်မှုဖြစ်စဥ်ကြောင့် ကျောင်းသားမိဘအများစုနဲ့ မြို့ခံလူထုတွေကလည်း ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံရေးအတွက် အောင်မြေသစ်ကျောင်းမှာ ဆက်မထားကြဖို့ ဆော်ဩနေကြပါတယ်။

    တောင်ကြီးမှာရှိတဲ့ အခြားပုဂ္ဂလိကကျောင်း ၄ ကျောင်းထက်မနည်းကလည်း အောင်မြေသစ်ကျောင်းကနေ ရွှေ့ပြောင်းလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာဒါနပြုတဲ့အနေနဲ့ လက်ခံပြီး လက်ရှိစာသင်နှစ်ပြီးတဲ့အထိ အခမဲ့ သင်ကြားပေးသွားမယ်လို့ စာထုတ်ကြေညာထားကြပါတယ်။

    ဒါ့အပြင် Grade 12 ကျောင်းသူ/သားတွေကိုလည်း စာမေးပွဲဖြေဆိုနိုင်အောင် ကူညီပေးသွားမယ်လို့ ကျောင်းတွေဘက်က ကြေညာကမ်းလှမ်းထားကြပါတယ်။ အောင်မြေသစ်ကျောင်းမှာ တက်နေတဲ့ တောင်ကြီးမြို့ခံကလေးငယ်အများစုကိုတော့ ကျောင်းသားမိဘတွေက ပြန်‌ခေါ်သွားကြပြီလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    နယ်ဝေးကနေ လာတက်ရပြီး အောင်မြေသစ်မှာ အဆောင်နေရတဲ့ ကျောင်းသားတွေကတော့ မိဘတွေက အဝေးမှာဖြစ်နေတာကြောင့် အဆောင်ဆက်နေပြီး ကျောင်းဆက်တက်နေရတယ်လို့ အဆောင်ဆက်နေကြတဲ့ ကျောင်းသူတချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    တစ်ဖက်မှာလည်း အောင်မြေသစ်ကျောင်း တာဝန်ရှိသူတွေက ဖြစ်စဥ်ထွက်ပေါ်ပြီးနောက်မှာ ကျောင်းသားမိဘတွေကို ခေါ် ယူတွေ့ဆုံပြီး ကလေးတွေကို ကျောင်းဆက်ထားဖို့ တိုက်တွန်းခဲ့တယ်လို့ ကျောင်းသားမိဘတချို့ဆီကနေ သိရပါတယ်။

    ဒီလို ခေါ်ယူတွေ့ဆုံမှုမတိုင်ခင် အောင်မြေသစ်ကျောင်းဘက်က Grade-12 တက်ရောက်နေတဲ့ ကျောင်းသူ/သား တွေကို ကျောင်းဆက်တက်ဖို့ပြောပြီး ဆက်မတက်ရင် စာမေးပွဲဖြေဆိုခွင့်ကတ်ကို ထုတ်မပေးဘူးလို့ ဖိအားပေးပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ ကျောင်းသူတချို့က ပြောပြပါတယ်။

    စာမေးပွဲဖြေဆိုခွင့်ကတ်ကိစ္စနဲ့ ပတ်သက်တဲ့အချက်ကို သီးခြားအတည်ပြုနိုင်ဖို့ အောင်မြေသစ် ကျောင်းအုပ်ဖြစ်သူနဲ့ ကျောင်းဖုန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

    လက်ရှိမှာတော့ အောင်မြေသစ်ပုဂ္ဂလိကကျောင်းကို ဆက်ဖွင့်ထားပြီး ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက ဆိုပါတယ်။

    “ဆရာမတွေကိုလည်း ယူနီဖောင်းတွေနဲ့ ကျောင်းရှေ့မှာ တွေ့ခဲ့တယ်။ ကျောင်းမပိတ်ပါဘူး” လို့ ဇန်နဝါရီ ၂၁ ရက်မှာ မြင်တွေ့ခဲ့ရတာကို သူက ပြောပြပါတယ်။

    ကျူးလွန်သူကို ဖမ်းထားပြီလို့ စစ်ကော်မရှင်စာထုတ်

    စစ်ကော်မရှင်ကတော့ အောင်မြေသစ်ကျောင်းက အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ဇန်နဝါရီ ၁၈ ရက်ကတည်းက တောင်ကြီးအမှတ် ၁ နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ဖြေကြားပါတယ်။

    ပြစ်မှုကျူးလွန်သူဟာ အောင်မြေသစ်‌အထက်တန်း‌ကျောင်းအုပ်ရဲ့ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဖြစ်ပြီး အဲဒီကျောင်းမှာပဲ အလယ်တန်းအတွက် မြန်မာစာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးဖြစ်တယ်လို့ ကျောင်းသားတချို့က ဘီဘီစီကို ပြောကြပါတယ်။

    အဓမ္မကျင့်မှုဖြစ်ပွားခဲ့တဲ့ အောင်မြေသစ်ပုဂ္ဂလိကအထက်တန်းကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူတာတွေ ဆက်လုပ်မယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

    လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို တောင်ကြီးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု)နဲ့ နစ်နာသူဘက်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

    ပြစ်မှုကျူးလွန်သူဟာ ထိုင်းကနေ ကျောင်းတက်ပြီးပြန်လာတာ မကြာသေးဘူးလို့လည်း ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ကျူးလွန်သူဘက်ကနေ အမှုလိုက်ပေးမယ့် ရှေ့နေမရှိတဲ့အထိဖြစ်လာတယ်လို့ တောင်ကြီးရဲစခန်း က သတင်းရင်းမြစ်ကပြောပါတယ်။

    စစ်ကော်မရှင်ကတော့ Grade 12 စာမေးပွဲကာလက ကပ်နေပြီဖြစ်လို့ ပြစ်မှုကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ရဲ့ ဆန္ဒအရ ပြင်ပဖြေအဖြစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့ လုံမေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ သူငယ်ချင်းဖြစ်သူကတော့ လုံမေ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်မှုက ကြီးမားတာကြောင့် စာမေးပွဲဖြေဆိုဖို့ မသေချာသေးဘူးလို့ ပြောပါတယ်။

    အဓမ္မပြုကျင့်မှု ဘယ်လိုဖြစ်ခဲ့လဲ

    ဇန်နဝါရီ ၁၅ ရက်မှာ Grade 12 ကျောင်းသူ လုံမေဟာ ဖျားနာပြီး နေမကောင်းဖြစ်နေတာကြောင့် အဆောင်ပြန်နားချင်တဲ့အကြောင်း ဆရာမဖြစ်သူကို အသိပေးပြောပြခဲ့တယ်လို့ လုံမေရဲ့ သူငယ်ချင်းက ပြောပါတယ်။

    ကျောင်းသူ/သားတွေ နေမကောင်းဖြစ်ရင် ကျောင်းဘက်က ဆရာမတစ်‌ယောက်ပါ ထည့်ပေးပြီး ကျောင်းကပိုင်တဲ့ကားနဲ့ပဲ ဆေးခန်းလိုက်ပို့ပေးလေ့ရှိတယ်လို့ သူကဆိုပါတယ်။

    အဲဒီနေ့ကတော့ လုံမေအပါအဝင် နောက်ထပ်နေမကောင်းဖြစ်နေတဲ့ ‌ကျောင်းသူ ၂ ဦးတို့ကို ပြစ်မှုကျူးလွန်ခဲ့တဲ့ ကျောင်းဆရာကပဲ ဆေးခန်းလိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

    ဆေးခန်းကအပြန် လုံမေကတော့ သူနေတဲ့ လေးထပ်တိုက်က မြေညီထပ်အဆောင်ကို ပြန်လာခဲ့ပြီး နောက်ထပ်ကျောင်းသူတစ်ဦးကတော့ လေးလွှာမှာရှိတဲ့ သူ့ရဲ့အခန်းကို ပြန်သွားတယ်လို့ ဆိုပါတယ်။

    ‌ပြစ်မှုကျူးလွန်တဲ့ ကျောင်းဆရာက လုံမေရဲ့ အခန်းထဲအထိ ဝင်လာပြီး အဲဒီနောက်ပိုင်းမှာ အဓမ္မမှုကျူးလွန်ခဲ့တာလို့ လုံမေ ပြောပြခဲ့တဲ့အခြေအနေတွေအတိုင်း သူငယ်ချင်းဖြစ်သူက ဘီဘီစီကို ပြန်ပြောပြပါတယ်။

    လုံမေ အဆောင်ပြန်ရောက်တဲ့အချိန်နဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့အချိန်ဟာ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီ‌ခွဲကြားလောက်မှာဖြစ်ပြီး အတန်းတက်နေတဲ့ သူငယ်ချင်း ၃ ဦးကတော့ အဆောင်ကို နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ပြန်ရောက်လာခဲ့ကြတာလို့ လုံမေရဲ့ သူငယ်ချင်းက ပြောပါတယ်။

    လုံမေဟာ သူငယ်ချင်းတွေကြားမှာ သတ္တိရှိပြီး သွက်လက်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် အဲဒီနေ့က သူငယ်ချင်းတွေ အဆောင်ကို ပြန်ရောက်လာချိန်မှာတော့ လုံမေဟာ ကုတင်အောက်မှာ ပုန်းကာ ငိုယိုနေပြီး “အိမ်ပြန်ချင်တယ်…ကြောက်တယ်” ဆိုပြီး အကြိမ်ကြိမ်ရေရွတ်နေခဲ့တယ်လို့ သူမြင်တွေ့ရတဲ့အခြေအနေကို သူငယ်ချင်းဖြစ်သူက ပြန်ပြောပြပါတယ်။

    သူငယ်ချင်းတွေရောက်လာပြီးတဲ့နောက်မှာတော့ လုံမေဟာ သူအဓမ္မပြုကျင့်ခံရပုံနဲ့ ခြိမ်းခြောက်ငွေညှစ်ခဲ့ရတဲ့ အခြေအနေအသေးစိတ်ကို သူငယ်ချင်းတွေကို ဖွင့်ပြောပြခဲ့တယ်လို့ သူကဆိုပါတယ်။

    ပြစ်မှုကျူးလွန်တဲ့ ဆရာဟာ လုံမေ့ကို အဆောင်က အခန်းထဲပြန်လိုက်ပို့ပေးချိန်မှာ မဖွယ်မရာစကားတွေ စတင်မေးမြန်းခဲ့တယ်လို့ သူကပြောပါတယ်။

    “ရည်းစားထားဖူးလားလို့ မေးတယ်၊ လုံမေကလည်း ထားဖူးတယ်လို့ဖြေတယ်၊ ပြီးတော့ ကာမဆက်ဆံဖူးလားလို့ ထပ်မေးတယ်။ လုံမေက မသိဘူး၊ မလုပ်ဖူးဘူးလို့ ပြန်ဖြေခဲ့တယ်”ဆိုပြီး လုံမေဆီက ကြားခဲ့ရတဲ့အချက်တွေကို သူငယ်ချင်းဖြစ်သူက ထုတ်ပြောပါတယ်။

    အဲဒီနောက်မှာတော့ ပြစ်သူကျူးလွန်သူက “တယ်လီဂရမ်မှာ လုံမေရဲ့ မဖွယ်မရာဓာတ်ပုံတွေ တွေ့တယ်လို့ လုပ်ကြံပြောတယ်။ ဒီဓာတ်ပုံတွေကို ကျောင်းမှာ ဖြန့်လိုက်ရမလား၊ မဖြန့်စေချင်ရင် ငွေပေးရမယ်ဆိုတာမျိုး ခြိမ်းခြောက်တယ်” လို့လည်း ဆိုပါတယ်။

    အဲဒီနောက် ငွေမပေးနိုင်ရင် ခိုင်းတာလုပ်ရမယ်လို့ ခြိမ်းခြောက်ပြီး မြေညီထပ်က လုံမေနေတဲ့ အဆောင်အခန်းရဲ့ ဘေးအခန်းတစ်ခုကို အတင်းအကျပ် ဆွဲခေါ်သွားခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူက ဆိုပါတယ်။

    ဘေးအခန်းရောက်တဲ့အချိန် ပြစ်မှုကျူးလွန်သူဟာ လုံမေရဲ့ အပေါ်ပိုင်းမှာ ဝတ်ဆင်ထားတဲ့ “အင်္ကျီတွေကို ဆွဲချွတ်ပြီး မျက်နှာကို ဖုံးတယ်။ ဖုန်းနဲ့ဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်” လို့ လုံမေပြောပြခဲ့တဲ့အထဲက အချက်တချို့ကို သူငယ်ချင်းဖြစ်သူကျောင်းသူက ပြန်ပြောပြပါတယ်။

    ဇန်နဝါရီ ၁၅ ရက်မှာ ဖြစ်ပျက်ခဲ့တဲ့အမှုဖြစ်ပေမယ့် ပြစ်မှုကျူးလွန်သူ ဖမ်းဆီးခံရတဲ့ ၁၈ ရက်နေ့နောက်ပိုင်းမှာမှ လူမှုကွန်ရက်မှာ ဒီအမှုက ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

    ပြစ်မှုကျူးလွန်သူရဲ့ မိသားစုက မိန်းကလေးကို ဘာတွေပြောခဲ့လဲ

    ပြစ်မှုကျူးလွန်သူ ကျောင်းဆရာရဲ့ မိခင်ဖြစ်သူ ကျောင်းအုပ်ဆရာမကြီးက ဇန်နဝါရီ ၁၆ ရက်မှာ လုံမေ့ကို ခေါ်တွေ့ပြီး သူ့သားရဲ့ လုပ်ရပ်တွေကို မပေါက်ကြားဖို့ ညှိနှိုင်းခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

    လုံမေရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းသူရဲ့ ပြန်ပြောပြချက်ထဲမှာ ပြစ်မှုကျူးလွန်သူရဲ့ မိခင် ကျောင်းအုပ်ဆရာမကြီးက “လိုချင်တာ အကုန်ဝယ်ပေးမယ်။ ဒီကိစ္စကိုမပြောနဲ့” ဆိုပြီး နှုတ်ပိတ်နေပေးဖို့ ပြောတယ်လို့ ဆိုသလို ဖခင်ဖြစ်သူကလည်း လုံမေ့ကို သူ့သားနဲ့ ပေးစားလို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

    ပြစ်မှုကျူးလွန်သူရဲ့ ဖခင်နဲ့ မိခင်တို့ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ သူတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

    လုံမေကတော့ ကျောင်းအုပ်ဆရာမကြီးနဲ့တွေ့တဲ့အချိန် ဖုန်းပေးသုံးဖို့ တောင်းဆိုခဲ့ပြီး ဖြစ်ရပ်တွေအားလုံးကို မပြောပါဘူးလို့ သူ့ဘက်က ကတိပေးပြီးမှ ဖုန်းအသုံးပြုခွင့်ရခဲ့တယ်လို့ သိရပါတယ်။

    အောင်မြေသစ်ကျောင်းမှာ အဆောင်နေ ကျောင်းသူ/သားတွေကို ကျောင်းစည်းကမ်းအရ တစ်ပတ်မှာ တနင်္ဂနွေနေ့ တစ်ရက်တည်းပဲ ဖုန်းအသုံးပြုခွင့်ပေးပြီး ကျန်တဲ့ရက်တွေမှာတော့ ကျောင်းဘက်က ဖုန်းကိုသိမ်းထားတယ်လို့ လုံမေရဲ့ သူငယ်ချင်းက ပြောပါတယ်။

    ဖုန်းရပြီးတဲ့နောက် လုံမေဟာ အိမ်ကိုဆက်သွယ်ပြောပြပြီး ကျောင်းမှာမနေချင်တော့တာကြောင့် ပြန်လာ‌ခေါ်ပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

    ဇန်နဝါရီ ၁၇ ရက်မှာတော့ လုံမေ့ရဲ့ မိဘတွေက လုံမေ့ကို ပြန်ခေါ်ဖို့ ကျောင်းရောက်လာပြီး အဲဒီရက်မှာပဲ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

    ဇန်နဝါရီ ၁၈ ရက် (တနင်္ဂနွေနေ့) မှာလည်း ကျောင်းဘက်က သတင်းပေါက်ကြားမှာစိုးပြီး ကျောင်းသူ/သားတွေကို ဖုန်းပေးမသုံးတာကြောင့် ကျောင်းသူ/သားတွေအနေနဲ့ ငိုယိုပြီးတောင်းဆိုခဲ့ရတယ်လို့ ကျောင်းသူတချို့က ပြောပြပါတယ်။

    ပြစ်မှုကျူးလွန်သူဟာ ပြစ်မှုကျူုးလွန်ပြီးတဲ့နောက်မှာလည်း လုံမေ့ရဲ့ သူငယ်ချင်းဖြစ်သူတွေအပေါ် ဆွဲလားရမ်းလားလုပ်ပြီး လုံမေက လုပ်ကြံပြောဆိုနေတာဖြစ်ပြီး မဟုတ်မမှန်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    အောင်မြေသစ်ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦး အဓမ္မကျူးလွန်မှုခံရတာနဲ့ပတ်သက်လို့ ကျောင်းကို ဇန်နဝါရီ ၂၀ ရက်က တယ်လီဖုန်းခေါ် ဆိုခဲ့တဲ့အခါ ကျောင်းဘက်က အောင်မြေသစ်ကျောင်းကပါလို့ ဖုန်းကိုင်ဖြေဆိုပေမဲ့ မေးခွန်းတွေမေးမြန်းချိန်မှာတော့ တစ်စုံတရာတုံ့ပြန်ဖြေကြားတာမရှိဘဲ ဖုန်းချသွားပါတယ်။

    အောင်မြေသစ်ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားမိဘတစ်ဦးကတော့ “ကလေးကိုတော့ ဒီလို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော လုံခြုံမှုမရှိတဲ့ကျောင်းမှာ ဆက်မထားနိုင်လို့ ကျောင်းကနေ ထုတ်လာခဲ့ပြီ” လို့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

    နယ်ဝေးကနေ အဆောင်လာတက်ရတဲ့ ကျောင်းသား/သူတချို့ကလည်း မိဘတွေက အဝေးမှာရောက်နေတာကြောင့် ကျောင်းပြောင်းစီစဉ်ပေးဖို့အခက်အခဲရှိတာကြောင့် စိုးရိမ်စိတ်တွေနဲ့ ကျောင်းဆက်တက်နေကြရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    “သူတို့လည်း ရက်ပိုင်းလောက်ပါပဲ၊ မိဘတွေလာခေါ်ရင် ပြန်ကြမှာ၊ အဆောင်မှာဘယ်သူမှမနေရဲကြတော့ဘူး။”

    သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ဖတ်ရန်နှိပ်ပါ

    “နင်ကတားဆေးသောက်လိုက်ရင်ပြီးတဲ့ကိစ္စ ငါ့သားကအမှုရင်ဆိုင်ရတော့မယ်” ဖတ်ရန်နှိပ်ပါ

  • ဧရာဝတီမ ကိုTတ်သွားတဲ့တရားခံ ၂ယောက် နောက်ဆက်တွဲ သတင်းသူ့သူငယ်ချင်း အရင်း ပြောပီ

    ဧရာဝတီမ ကိုTတ်သွားတဲ့တရားခံ ၂ယောက် နောက်ဆက်တွဲ သတင်းသူ့သူငယ်ချင်း အရင်း ပြောပီ

    ဧရာဝတီမကို လုပ်ကြံသူမိပီလား

    ဘဝမှာ ဒီလိုလူတွေနဲ့ သူငယ်ချင်း မိတ်ဆွေဖြစ်ခွင့်ရချင်ကြမှာ အားလုံးနဲ့အတူ ကျနော်အပါအဝင်ပါ မြန်မာနိုင်ငံရဲ့ ရိုးရာအရ လူတစ်ယောက် သေဆုံးတဲ့အခါ ပထမဆုံးပြုလုပ်ကြတဲ့အရာကတော့ ကောင်းမှုကုသိုလ်ပြု အမျှဝေပေးတာပါပဲ

    ဧရာဝတီမရဲ့ သူငယ်ချင်း မိဖြိုးမကတော့ ဒီနေ့ ဘုရားသွား ကျောင်းတက်ပီး သူ့သူငယ်ချင်းတွက် ကောင်းရာ ဘုံဘဝရောက်ဖို့ သူတက်နိုင်တာလေးနဲ့ ကုသိုလ်ပြုအမျှပေးဝေခဲ့တာလေးမြင်တဲ့အချိန်မှာ အင်မတန်ကြည်နူးမိတယ် စိတ်ထဲမှာလဲတွေးမိတယ် ဒါဟာ တကယ့်သူငယ်ချင်းကောင်းပဲလို့

    နောက် ဧရာဝတီမကို လုပ်ကြံသူကို မမိသေးဘူးဆိုတာလဲ မိဖြိုးမရဲ့ accမှာ အတိအလင်းဖော်ပြထားပါတယ် ခတ်တာက Follower အများကြီးရှိပီး သတင်းတင်တဲ့ တချို့အကောင့်တွေကနေ လုပ်ကြံသူမိသွားပီဆိုပီး တင်ထားတာဟာ လုပ်ကြံသူတွက် အခွင့်သာအောင် ပိုပီးလွတ်မြောက်နိုင်အောင် သွယ်ဝိုက်ပီး အားပေးနေပါတယ် ဒါကြောင့် သတင်းမတိကျရင် မတင်စေချင်ဘူးခမျာ☝️

    ဧရာဝတီိမဟာ ရှိုင်းတို့ LGBT Community ကဖြစ်လို့ ရှိုင်းတို့ Community က ဧရာဝတီမတွက် တရားမျှတမူလိုချင်ပါတယ်နော် ဧရာဝတီမဟာ Good Soul ဆိုတာ လူတိုင်းမြင်နေရတဲ့အပြင် သူ့တွက် တရားမျှတမူ ရဖို့ ထိုက်တန်ကြောင်း ပြောရင်း ဧရာဝတီမ ကိုရှိုင်းပြုသမျှကုသိုလ်အစုစုတို့ကြောင့် ကောင်းရာဘုံဘဝရောက်ပါစေကွယ် 🕊️ Rest In Peace Ayarwaddyma 🕊️

    A true friend shows up with care, respect, and integrity.Having a friend who is a real lawyer and a genuinely kind, beloved person is a blessing.I truly appreciate and deeply respect him.မိဖြိုးမရေ လုံးဝ Respect ပါကွယ် 🫶🙏🩷

  • KBZ ဦးအောင်ကိုဝင်းကို ပိတ်ဆို့အရေးယူဖို့ ပိုမိုလှုံ့ဆော်လာ

    KBZ ဦးအောင်ကိုဝင်းကို ပိတ်ဆို့အရေးယူဖို့ ပိုမိုလှုံ့ဆော်လာ

    မြန်မာစစ်အုပ်စုနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးရှိသူ ကမော္ဘဇဘဏ် (KBZ) နာယက ဦးအောင်ကိုဝင်းနှင့် ခရိုနီတချို့ ဗြိတိန် နိုင်ငံတွင် စင်းလုံးငှားရဟတ်ယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ဗီဒီယို၊ ဓာတ်ပုံများ အနီးကပ်လူယုံ ဦးမိုးဆန်းအောင်၏ လူမှုကွန်ရက်မှ ထွက်ပေါ်လာပြီးနောက် ပိတ်ဆို့အရေးယူမှုများလုပ်ရန် တိုက်တွန်းလှုံ့ဆော်မှုများ တဖန် ပြန်မြင့်တက်လာ သည်။

    စစ်ခေါင်းဆောင်ဟောင်း ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ လူရင်းတပည့် ဦးအောင်ကိုဝင်းသည် အလွန်လျို့ဝှက်စွာနေထိုင် တတ်သူဖြစ်ရာ ယခုကဲ့သို့ ရွေးကောက်ပွဲပြီးခါနီး စစ်တပ်ပါတီ အစိုးရဖွဲ့နိုင်တော့မည့်အချိန် လူလုံးပြလာခြင်းအပေါ် အများက စိတ်ဝင်စား အာရုံစိုက်မှုဖြစ်ပေါ်ခဲ့ကြသည်။

    သူ၏ ဗြိတိန်အထိ သွားရောက်သည့် ခရီးစဉ်အစ ထိုင်းနိုင်ငံ၌ ဧရာဝတီဘဏ် (AYA) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့သလို ဗြိတိန်ရောက်စဉ် စစ်တပ်အား အထောက်အပံ့ပေးနေသည့် ခရိုနီပေါက်စ ဂျော်နသန်ကျော်သောင်းကိုလည်း ဦးအောင်ကိုဝင်းနှင့် ပူးတွဲ တွေ့မြင်လိုက်ရသည်။

    ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနဲ့ သမီး နန်းလိုင်ခမ်းကို တွေ့ရစဉ်

    ဦးအောင်ကိုဝင်း၏ လှုပ်ရှားမှု ဓာတ်ပုံ ဗွီဒီယိုများဖြန့်ဝေခဲ့သူ ဦးမိုးဆန်းအောင်မှာ အာဏာရှင် ဦးနေဝင်းမြေးများ၏ နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဗိုလ်မှူးရာထူးမှပြုတ်ခဲ့သူဖြစ်ပြီး ဦးအောင်ကိုဝင်း နေရာပေးမှုဖြင့် ကမ္ဘောဇ လေကြောင်းလိုင်း၌ မန်နေးဂျင်းဒါရိုက်တာ တာဝန်ယူခဲ့သူဖြစ်သည်။

    လက်ရှိ ဦးမိုးဆန်းအောင်သည် ဦးအောင်ကိုဝင်းခရီးစဉ် မှတ်တမ်းများအား ၎င်း၏ ဖေ့ဘွတ်ခ်မှ ဖြုတ်ချလိုက်ပြီး အကောင့် ကိုပါ ယာယီပိတ်ထား (Deactivate) ထားသလို အခြား ခရိုနီအကောင့်များလည်း ယာယီပိတ်သွားကြကြောင်း စစ်တပ်နှင့် ဆက်နွယ်သူများအား ဖော်ထုတ်ဆန့်ကျင်နေသည့် Fncc Burma Fact Check Community အဖွဲ့က ရေးသားထားသည်။

    Fncc Burma Fact Check Community အဖွဲ့သည် ဦးအောင်ကိုဝင်းနှင့် အပေါင်းအပါများအား ဗြိတိန်နိုင်ငံအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ရန်လည်း တိုက်တွန်းလှုံ့ဆော်လျက် ရှိသည်။

    ဦးအောင်ကိုဝင်းသည် လန်ဒန်ခရီးစဉ်တွင် COMO The Halkin Hotel ၌ တည်းခိုခဲ့ကြောင်း၊ ဇန်နဝါရီ ၁၈ ရက်တွင် ရဟတ်ယာဉ်စီး၍ လန်ဒန်မြို့ပေါ် လှည့်ပတ်ခဲ့ကြောင်းလည်း ထိုအဖွဲ့က ဖော်ပြခဲ့သည်။

    UK ရောက် မြန်မာ့အရေးလှုပ်ရှားသူတဦးက ဦးအောင်ကိုဝင်း ခရီးစဉ်သည် အလုပ်သဘောမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အားလပ် ရက် ခရီးစဉ်ဖြစ်ပုံရကြောင်း၊ ဗြိတိန်တွင် ၁ ရက် သို့မဟုတ် ၂ ရက်သာ နေထိုင်ခဲ့ပြီး ဂေါက်ရိုက်ခြင်းများပြုလုပ်ခဲ့သလို အခြား ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။

    စစ်အာဏာရှင်အဆက်ဆက် ရင်းနှီးသည့်ဆက်ဆံရေးဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ရပြီး ချမ်းသာလာသူ ဦးအောင်ကို ဝင်းသည် စစ်တပ်အာဏာမသိမ်းမီ တလကျော်အလို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများအား တောင်ကြီးမြို့ အေးသာယာဂေါက်ကွင်း၌ ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့သူ ဖြစ်သည်။

    ၂၀၂၁ အာဏာသိမ်းချိန်မှစ၍၂၀၂၆ ခုနှစ်အထိ ဗြိတိန်နိုင်ငံက မြန်မာစစ်အုပ်စုအား ပိတ်ဆို့အရေးယူမှုပေါင်း ၁၉ ကြိမ် တိုင် တိုင် ချမှတ်ထားသော်လည်း စစ်တပ်နှင့်ရင်းနှီးသော ဆက်ဆံရေးရှိသူ ခရိုနီတဦးအား အာဏာပိုင်များက ဗြိတိန်နိုင်ငံ အတွင်း ဝင်ရောက်ခွင့်ပြုလိုက်ခြင်းသည် မြန်မာပြည်သူများအတွက် အလွန်အမင်း စိတ်ပျက် နာကျည်းဖွယ်ရာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Myanmar Accountability Project အဖွဲ့မှ Christopher Gunness က သုံးသပ်ပြောဆို သည်။

    “ဦးအောင်ကိုဝင်းက ရိုဟင်ဂျာမျိုးတုံး သတ်ဖြတ်မှုနဲ့ အခြားရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်တွေအတွက် ငွေကြေး ထောက်ပံ့ပေးခဲ့သူ ဖြစ်တယ်။ သူ့လက်မှာ ပြည်သူတွေရဲ့ သွေးတွေ စွန်းပေနေတယ်။ လန်ဒန်မြို့မှာ သူ ဇိမ်ကျကျ နေထိုင် နေတဲ့ပုံတွေကို ကြည့်ရတာ အော့နှလုံးနာစရာ ကောင်းတယ်။ သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီး တရားစီရင်သင့်တယ်လို့ ကျနော် မြင်တယ်။ အနည်းဆုံးတော့ သူ့ကို ဗြိတိန်နိုင်ငံကနေ နှင်ထုတ်သင့်တယ်” ဟု သူက ပြောသည်။

    ၂၀၂၀ ရွေးကောက်ပွဲအပြီး မဲစာရင်းမှားယွင်းမှုအပေါ် အခြေခံကာ စစ်တပ်နှင့် NLD ကြား ပဋိပက္ခပြင်းထန်နေချိန် အရပ်သား NLD အစိုးရအဖွဲ့ဝင်များ မပါဝင်သည့် အေးသာယာဂေါက်ကွင်း ညစာစားပွဲတွင် ဦးအောင်ကိုဝင်းက ၎င်း၏မိတ်ဘက် ခရိုနီ များစွာအား စစ်ခေါင်းဆောင်နှင့် မိတ်ဆက်ပေးခဲ့ကြောင်း အာဏာသိမ်းပါ စစ်အုပ်စုနှင့်အတူ ရပ်တည်မည်ဟု သတင်းစကားပေးသည့် တွေ့ဆုံပွဲအဖြစ် စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ခဲ့ဖူးသည်။

    စစ်အာဏာသိမ်းပြီးနောက် ဦးအောင်ကိုဝင်း၏ ကမော္ဘဇဘဏ်သည် မြန်မာပြည်သူတို့ အများဆုံးသုံးသည့် Kpay အကောင့်များမှ ခြေရာခံကာ အများအပြား ဖမ်းဆီးထောင်ချခံရသလို ပြည်သူများ ငွေကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

    Fncc Burma Fact Check Community အဖွဲ့က ဒီမိုကရေစီစံနှုန်းများကို အလေးထားသည့် ဗြိတိန်နိုင်ငံ၌ စစ်တပ်၏ အရပ် သားများအား အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးမှုများတွင် ပတ်သက်ဆက်နွယ်နေသော KBZ နာယက ဦးအောင်ကိုဝင်းအပါ ခရိုနီ အထူးစင်းလုံးငှား လေယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ခရီးစဉ်နောက်ကွယ်မှ ပတ်သက်မှုများကို ဖော်ထုတ်ကြရန်လည်း လှုံ့ဆော်ထားသည်။

    ယခင် စစ်အစိုးရလက်ထက် ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူရင်းတပည့်ဖြစ်သူ ဦးအောင်ကိုဝင်း အား ဥရောပနှင့် ဗြိတိန်တို့ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့သော်လည်း ဦးသိန်းစိန် အစိုးရ အပြောင်းအလဲ ၂၀၁၁ ခုနှစ်၌ ပိတ်ဆို့ အရေးယူမှုစာရင်းမှ ပြန်လည် လွတ်မြောက်ခဲ့သည်။

    ဦးအောင်ကိုဝင်းနှင့် သူ၏ကုမ္ပဏီများသည် ဗြိတိန်သို့မဟုတ် ဥရောပသမဂ္ဂ (EU) တို့၏ ပိတ်ဆို့အရေးယူမှု (Sanction) စာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့်အတွက် ၎င်းအနေဖြင့် လွတ်လပ်စွာသွားလာနေနိုင်ခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ Mark Farmaner က ဧရာဝတီ ကို ပြောသည်။

    “သူ့ကို ပိတ်ဆို့အရေးယူမှုလုပ်နိုင်ဖို့ဆိုရင် သူနဲ့ သူ့ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့တာနဲ့ လက်နက် ခဲယမ်း တပ်ဆင်ပေးတဲ့နေရာမှာ ဘယ်လို ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ လိုပါတယ်။ အဲဒီ သက်သေတွေ ပိုပြနိုင်လေ အောင်ကိုဝင်း ကို အရေးယူနိုင်မယ့် အခွင့်အလမ်း ပိုများလေလေပါပဲ” ဟု ၎င်းက ဆိုသည်။

    ဦးအောင်ကိုဝင်းနှင့် ခရိုနီတချို့ ဗြိတိန်နိုင်ငံတွင် စင်းလုံးငှားရဟတ်ယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ဗီဒီယို၊ ဓာတ်ပုံ များအား လူမှုကွန်ရက်တွင်တင်ခဲ့သည့် အနီးကပ်လူယုံ ဦးမိုးဆန်းအောင်