Author: Baby Yit Lone

  • အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နဲ့ပစ်ခတ်တိုက်ခိုက်

    အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နဲ့ပစ်ခတ်တိုက်ခိုက်

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို အနောက်ပိုင်းခရိုင် ပကဖ နဲ့ Yangon Army တို့က လက်ပစ်ဗုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    အင်းစိန် မြို့သစ် (ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သြဂုတ် ၂၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်မှာ ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံး နဲ့ ပစ်မှတ် ကို ထိထိရောက်ရောက် ပစ်ခတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

    အကြမ်းဖက်စစ်အုပ်စု လက်‌အောက်ခံ အုပ်ချုပ်ရေးမှူးရုံးက ပျူစောထီး လူမိုက် ကျင်ဟုတ်ရဲ့ တပည့် အုပ်ချုပ်ရေးမှူး ဖိုးဇင် နဲ့ လူမိုက်အ ဖွဲ့တို့က တရားမဝင်ရွေးကောက်ပွဲကိစ္စတွေဆောင်ရွက်နေတာနဲ့ လူငယ် တွေကို စစ်မှုထမ်းလိုအပ်တဲ့ နေရာတွေကို ရောင်းစားနေတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အဆိုပါပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    နောက်ထက်လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ နဲ့ ဆိုင်တဲ့ ပစ်မှတ်တွေကိုလည်း ထပ်မံတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနောက်ပိုင်းခရိုင် ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။

  • ဗိုလ်ချုပ်ဂွမ်မော်ပေးခဲ့တဲ့ ကာတွန်းကား သတင်းစကား

    ဗိုလ်ချုပ်ဂွမ်မော်ပေးခဲ့တဲ့ ကာတွန်းကား သတင်းစကား

    တကယ်တော့ AA ရဲ့ထောက်ပို့လမ်းကြောင်းကမကွေးဖက်ကဖြစ်တယ်။ မကွေးဖက်က ပိတ်လိုက်ရင် AA ရဲ့ထောက်ပို့လမ်းကြောင်းပိတ်ပြီ။

    မကွေးကို NUG ကထိန်းချုပ်ထားတယ်။

    ဒါကြောင့် AA က မကွေး၊ စစ်ကိုင်း၊ ချင်း တကြောမှာ သူ့ရဲ့ ဩဇာခံတပ်တော်တွေကို မွေးထားတယ်။

    BPLA, BNRA , GenZ Army , ကျောင်းသားလက်ရုံးတပ်တော်၊ Yaw Army ၊ YDF စသည်ဖြင့်၊ စသည်ဖြင့်ရှိကြတယ်။

    အဲ့ဒီတပ်တော်တွေက NUG ရဲ့CoC အောက်မှာရှိလို့မရဘူး၊ ချင်းဖက်မှာလည်း ဒီသဘောကိုတွေ့ရတယ်။

    ချင်းတောင်ဖက်မှာ Chin Brotherhood က ရှိနေတယ်။

    ပလက်ဝကို AA ကတိုက်ရိုက်အုပ်ချုပ်ထားတယ်။

    ဒီအခြေအနေကိုကြည့်ရင် တရုတ်နယ်စပ်မှာ တရုတ်က UWSA ၊ MNDAA တို့ကို သူ့ရဲ့ဩဇာခံအဖြစ်ထားတဲ့ပုံစံနှင့် တပုံစံထဲဖြစ်တယ်။

    တရုတ်က သူ့အကျိုးစီးပွါးအတွက် UWSA , MNDAA တို့ကိုမွေးထားတယ်။

    ထို့အတူ AA က သူ့ရဲ့ လုံခြုံရေးအတွက် တပ်တော်တွေမွေးထားတယ်။

    အဲ့ဒီအခြေအနေဟာ NUG အတွက် မြေပြင်အခြေအနေကိုထိန်းရသိမ်းရခက်စေတယ်။ ပြည်မထဲမှာရှိတဲ့ တပ်ဖွဲ့တွေဟာ အကွဲကွဲအပြားပြားဖြစ်စေတယ်။

    Chain of Command ကိုပျက်စီးစေတယ်။ အဲ့ဒီအခြေအနေကို ဗိုလ်ချုပ်ဂွမ်မော် မကြိုက်ဘူးလို့သိရတယ်။

    ကျွန်တော်တို့လေ့လာစောင့်ကြည့်နေသူတွေ ဘယ်သူမှမကြိုက်တဲ့အခြေအနေဖြစ်တယ်။

    တကယ်တော့ AA က အဲ့ဒီအခြေအနေဟာ သူ့ရဲ့ စစ်ရေးမလုံခြုံရေး၊ ထောက်ပို့ လုံခြုံရေးအတွက် အဆင်ပြေတယ်ထင်ရပေမယ့် သေသေချာချာသုံးသပ်ရင်အဆင်မပြေဘူးဆိုတာတွေ့ရမယ်။

    အကြမ်းဖက်စစ်တပ်က သယံဇာတာအများစု ကိုဖင်ခုထိုင်ထားပြီး တရုတ်၊ ရုရှားရဲ့ Backing ကိ အပြည့်ယူထားတယ်။

    တော်လှန်ရေးရှည်ကြာလေလေ သူ့ဖက်ကအသာစီးရလေဖြစ်လာမယ်။

    AA ကို ကာကွယ်ကာဆီးထားပါတယ်ဆိုတဲ့ ခြံစည်းရိုးတွေ၊ တပ်တော်တွေဟာ ပြည်မဒေသစစ်ရေးနိမ့်ပါးလာရင် မလွှဲမသွေ ထိခိုက် အားနည်းလာမှာဖြစ်တယ်။

    ပြည်မဒေသစစ်ရေးက NUG အပေါ်လုံးလုံးလျှားလျှားမူတည်နေတယ်။

    ဒါကြောင့် AA အနေနဲ့ ယခု ခြံစည်းရီုးစစ်ဗျုဟာကနေ “ သံချပ်ကာစစ်ဗျုဟာ “ ပြောင်းဖို့လိုမယ်။

    သံချပ်ကာဆိုတာက NUG နှင့်အပြည့်ပူးပေါင်းပြီး တရုတ်ဇာတ်ကားတွေထဲက သံချပ်ကာလူအုပ်စုပုံစံအတိုင်း အချင်းချင်းကာကွယ်ရှေ့တက်တာဖြစ်တယ်။

    ဒါကဖတ်လို့ကောင်းအောင်ရေးတာဖြစ်ပြီး အခြေခံက NUG နှင့် မဟာဗျုဟာမြောက်ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်တယ်။

    ဒါမျိုးမှ အားလုံးအတွက်အကျိုးရှိမယ်။ အကြမ်းဖက်စစ်ကောင်စီကို အဆုံးသတ်နိုင်မှာဖြစ်တယ်။

    မြန်မာပြည်တော်လှန်ရေးသမိုင်းမှာ KNU ထက်စွမ်းဆောင်နိုင်တာအခုထိမရှိသေးပဲ၊ အင်းစိန်အထိသိမ်းပိုက်နိုင်ခဲ့တာကို သတိရကြရင် သင်ခန်းစာယူနိုင်မယ်။

    ဒါကြောင့် AA အနေနဲ့ တရုတ်နည်းနာအတိုင်း အဖွဲ့မွေး ၊ ခါးပိုက်ဆောင်မထားပဲ ၊ သွေးခွဲအုပ်ချုပ်တဲ့ဗျုဟာကနေ “ စုပေါင်း၊ အောင်ပွဲဆင်ဗျုဟာ “ ကိုသွားကြရမယ်။

    မနေ့က ဗိုလ်ချုပ်ဂွမ်မော်ပေးခဲ့တဲ့ ကာတွန်းကား သတင်းစကားကလည်း ဒါပဲဖြစ်တယ်။

    ဒါကိုကျွန်တော်တို့ သိရမယ်။ နားလည်ရမယ်၊ လိုက်နာဆောင်ရွက်ကြရမှာဖြစ်တယ်။

    Myo Yan Naung Thein

  • စစ်ကိုင်း၊ ကျော်ဇေယျာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    စစ်ကိုင်း၊ ကျော်ဇေယျာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    စစ်ကိုင်း၊ ကျော်ဇေယျာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအရှင် ဖမ်းမိကာ သေနတ် ၈ လက် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး ၃ ဦးအရှင်မိကာ သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဇူလိုင်လ ၂၇ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ သေနတ် ၈ လက်နှင့် စစ် အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    “ကျော်ဇေယျာရွာဘက်ကို ဝိုက်ပြီး တက်လာတဲ့ ခွေးစစ်ကြောင်းကို အရင်ပစ်ခတ်မှုယူပြီး တိုက်ပွဲဖော်ဆောင်ခဲ့တာပါ။ စစ်ခွေး အလောင်း ၇ လောင်းနဲ့ သေနတ် ၈ လက် သိမ်းဆည်းရမိတယ်။ စစ်ခွေး ၃ ကောင်လည်း အရှင်ဖမ်းမိတယ်။ စစ်ခွေး စစ်ကြောင်းက ကျော်ဇေယျာရွာဘက်ကို တောလမ်းကနေ တက်လာတာပေါ့။ ကျနော်တို့က ကြိုတင်သတင်းရလို့ အရင်စောင့်ပြီး တိုက် ခိုက်ခဲ့တာပါ။ ကျော်ဇေယျာရွာက ရွှေဘို ကားလမ်းမကြီးဘေးကရွာပါ။ အင် အားက ၁၀၀ လောက်ရှိမယ် စစ်ခွေး စစ်ကြောင်းက စစ်ကိုင်းမြို့နယ် သစ်ချိုကုန်းကျေးရွာကနေ လာခဲ့တာပါ။ သစ်ချိုးကုန်ရွာနဲ့ ကျော်ဇေယျာက သိပ်ပြီးမဝေးပါဘူး။ တိုက်ပွဲကတော့ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ” ဟု PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်ပွဲအတွင်း အထိနာခဲ့သော ကြောင့် သစ်ချိုကုန်းရွာ ၊ ကျော်ဇေယျာရွာ ၊ ပုဂံတူရွာ ၊ ယင်းမာကျင်းရွာ ၊ ချိုင်းကြီးရွာ ၊ လင်းတလူးရွာ ၊ ထန်းဖူးတောရွာနှင့် ကျားမင်းကြီးရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ရာနှင့်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

  • သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    ဖက်ဆစ်ခွေးမိစ္ဆာရဲ့ ပြန်ကြားရေး မီဒီယာဖွံဖြိုးတိုးတက်ရေးဌာန သီတာတင် အပါ ခွေး ၆၂ ကောင်

    တလရ နဲ့ မီဒီယာပေချ့်တွေအောက်မှာ

    တလရအကောင့်တု၊ ရဘ အကောင့်တု ၊ CDM အကောင့်တု၊

    ပြည်သူအကောင့်တု၊ Non CDM အကောင့်တုတွေ နဲ့

    အကန်၊ အနှောက်၊ သွေးထိုး၊ လှုံ့ဆော်၊

    အစွန်းရောက် လုပ်နေတဲ့ ခွေးစာရင်းဖြစ်ပါတယ်။

  • စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရ

    စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရ

    အိမ်ငှားနေတဲ့ စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရတာကြောင့် သံသယရှိသူတွေ အကုန်ဖမ်းဆီးစစ်ဆေးနေ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငွေဆောင်မြို့နယ် မှာ စစ်ကော်မရှင်ရဲ့ စစ်ဘက်ဆိုင်ရာ (စရဖ) ဗိုလ်ကြီးအောင်မြင့်ဦး ငှားနေတဲ့ နေအိမ်မှာ သြဂုတ်လ ၁၆ ရက်နေ့က သေနတ် နဲ့ ငွေသားတွေ အခိုးခံခဲ့ရတယ်လို့ သိရပြီး သံသယရှိသူတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

    စရဖ ဗိုလ်ကြီး အောင်မြင့်ဦး ငှားရမ်းနေတဲ့ အိမ်မှာ သူကိုင်တဲ့ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ Xiomi ဖုန်းတလုံး နဲ့ ကျပ်ငွေ သိန်း ၁၅၀ ကျော်အပါအဝင် မှတ်ပုံတင် ဝန်ထမ်းကတ်တွေပါ အခိုးခံခဲ့ရပြီး သူငှားနေတဲ့ အိမ်ပိုင်ရှင် နဲ့ အနီးတဝိုက်က လူငယ်တွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

    “အိမ်ရှင် နဲ့ အဲ့အနားတဝိုက်က လူငယ်တွေလည်းပါတယ်။ ကလေးတွေကိုလည်း ဖမ်းတယ်။ ခေါ်အစစ်ခံရတာတင် ၁၀ ယောက်ကျော်ပြီ။ ပြန်လွတ်လာတာတွေလည်းရှိတယ်။ ခုထိ ခေါ်စစ်ခံရတဲ့ သူတွေ ရှိနေသေးတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။

    အိမ်ပိုင်ရှင် အပါအဝင် အနီးနားက ဒေသခံတွေကို ငွေဆောင် ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေပြီး အဓိက အဖမ်းခံရသူအများစုက အိမ်ရှင် မိသားစုတွေ များတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

    ” အိမ်ရှင် ရဲ့ အမျိုးတွေကို အဓိက စစ်တာ။ ကလေးတွေလည်း ပါတယ်။ သိသလောက်က ၁၀ ယောက်ကျော်တယ်။ အိမ်ရှင်ရဲ့ သမီး အငယ်ဆုံးလေး အသက် ၈ နှစ်လောက်ကိုလည်း ဖမ်းသွားတယ်။ ခုထိ အဲ့ကလေးနဲ့ သူ့အဖေမလွတ်သေးဘူးလို့ ကြားတယ် ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

    ငွေဆောင်မှာ အုပ်ချုပ်ရေးမှူးတွေ၊ SB နဲ့ စရဖ တပ်ဖွဲ့တွေ၊ နယ်ထိန်းရဲတွေက သံသယရှိတဲ့ လူငယ်တွေကို ခေါ်ယူစစ်ဆေးနေပြီး ဒီကနေ့ထိ တရားခံ ဖမ်းမမိသေးတာကြောင့် သေနတ်ပျောက်ဆုံးမှုကို သတင်းဖုံးထားတယ်လို့ စုံစမ်း သိရှိရပါတယ်။