Author: Baby Yit Lone

  • Sayew

    Sayew

    Sayew (2003)

    စိတ်ကူးယဉ်ဆန်ဆန် မဂ္ဂဇင်းစာစောင်တွေ ဝတ္ထုတွေရေးတတ်တဲ့ သောင်ဆိုတဲ့ မိန်းကလေးတစ်ယောက်…

    ဘဝမှာ စိတ်လှုပ်ရှားမှုတွေရှိမှ အရသာရှိတယ်ဆိုပြီး သူမရဲ့တည်ငြိမ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်နေတတ်တဲ့သူလေး….

    တစ်ချိန်မှာ သူမဟာ ဘဝရဲ့စစ်မှန်တဲ့အရာက ဘာလဲဆိုတာ ရှာတွေ့ချိန်မှာတော့ သူမဘဝကိုကျေနပ်သွားမလား ဆက်ပြီး စွန့်စားချင်ဦးမလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…

  • The Big Holdup

    The Big Holdup

    The Big Holdup (2026)

    အရမ်းကိုရက်စက်ပြီး စနစ်ကျတဲ့ဓားပြတစ်ဖွဲ့ဟာ မြို့လယ်ခေါင်မှာ နေ့ခင်းကြောင်တောင်ရဲရဲတင်းတင်းဓားပြတိုက်ပါတယ်။

    အဲဒီအချိန်မှာ ရဲအရာရှိတစ်ယောက်ဟာ အနီးနားမှာရှိနေပေမယ့် သူတို့ကိုတားဆီးဖို့မစွမ်းသာခဲ့ပါဘူး။

    ဒီဘဏ်ဓားပြမှုမှာ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးလိုက်ရတဲ့ ရဲအရာရှိဟာ ဒီဓားပြအဖွဲ့ကို မရရအောင်ဖမ်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

    ဓားပြတွေဟာ မြန်မြန်တိုက်ပြီး မြို့ကမြန်မြန်ထွက်သွားဖို့ အစီအစဉ်ဆွဲထားပေမယ့် ရဲတွေကမြို့ထွက်ပေါက်တွေအကုန်လုံးကို အချိန်မီပိတ်လိုက်တဲ့အခါမှာတော့ ဓားပြအဖွဲ့ဟာ မြို့ထဲမှာပိတ်မိနေပြီးတော့ ရှေ့တိုးမရ နောက်ဆုတ်မရ ကျဉ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားတဲ့အခါ ဘဝအတွက်အချီကြီးနောက်တစ်ကြိမ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

    သူတို့ဟာ ရဲတွေထပ်ခြေတစ်လှမ်းသာပြီး လွတ်မြောက်သွားမလား……

    ဒါမှမဟုတ် တရားဥပဒေဘက်တော် ရဲအရာရှိကပဲ သူတို့ကိုဖမ်းနိုင်မလားဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရမှာဖြစ်ပါတယ်။

  • The Whirlwind of Sword and Fairy

    The Whirlwind of Sword and Fairy

    The Whirlwind of Sword and Fairy (2022)

    “မသေမျိုးတွေနဲ့ နတ်ဆိုးတွေကြားထဲက မကျေအေးနိုင်သော အငြိုးတရားတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်”

    လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီလောက်က မသေမျိုးတွေနဲ့ နတ်ဆိုးတွေအတွင်းမှာ အချင်းချင်းအပြိုင်အဆိုင် တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

    ရှန်းကျန့်ဂိုဏ်း (မသေမျိုးဓားဂိုဏ်း) က ဘိုးဘေးတွေနဲ့ နတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင် ဧကရာဇ်မင်းယိုတို့ဟာ ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူသေ ကိုယ်သေ တိုက်ပွဲဝင်ခဲ့ကြပြီးတဲ့နောက်မှာတော့ နတ်ဆိုးဘုရင် ဧကရာဇ်မင်းယိုဟာ မရှုမလှနဲ့ အရှူံးဒဏ်ကို ခံစားလိုက်ရပါတော့တယ်

    အဲဒီနောက် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာပဲ ကျန်းကျီလင်ဟာ ရှန်းကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်လာခဲ့ပါတယ်။

    နတ်ဆိုးဘုရင်ကို ချေမှုန်းနိုင်တဲ့ ဇီချင်းဓားနှစ်သွယ်ဟာလဲ တစ်ဖန်ပြန်ပြီး အသက်ဝင်လာခဲ့သလို နတ်ဆိုးဘုရင်ဟာလဲ တစ်ဖန်ပြန်ပြီး ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။

    နတ်ဆိုးဘုရင်ပြန်လည်ပေါ်ထွက်လာတာနဲ့အတူ ရွာထဲကမိန်းမပျိုလေးတွေကလဲ ထူးထူးခြားခြား ပျောက်ဆုံးလို့ လာခဲ့ပါတော့တယ်။

    နတ်ဆိုးတွေကိုသတ်ပြီး လောကကြီးကိုကယ်တင်ဖို့ ရှန်းကျန့်ဂိုဏ်းက ထျန်းကန်းပေသို ဆိုတဲ့ ဓားသိုင်းအဖွဲ့ကို တည်ထောင်ခဲ့ပါတော့တယ်။

    ကဲ…ဒါဆိုရင် သူတို့ရှန်းကျန့်ဂိုဏ်း(မသေမျိုးဓားဂိုဏ်း) ကရော အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် နတ်ဆိုးဘုရင်ကို ဘယ်လိုတွေပြန်ပြီးလက်စားချေကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

  • Judgment of Demons

    Judgment of Demons

    Judgment of Demons (2026)

    ဒီတစ်ခါမှာတော့ ထန်မင်းဆက်နှောင်းပိုင်းခေတ်ကို အခြေတည်ထားပြီး စိတ်လှုပ်ရှားစရာ တစ္ဆေပုံပြင်ဆန်ဆန် လူသတ်မှုခင်း ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    iQIYI ကနေ ထုတ်လွှင့်ခဲ့တဲ့တရုတ် web film အမျိုးအစားရုပ်ရှင်တစ်ကားဖြစ်ပြီး ထန်မင်းဆက်နှောင်းပိုင်း အငတ်ဘေးကြီးကျရောက်နေချိန် အရာရှိမင်းတွေရဲ့အကျင့်ပျက်ခြစားမှုကို နောက်ခံထားပြီး Han Dong နဲ့ Zhao Daixi တို့က အဓိက သရုပ်ဆောင်ထားတဲ့ thriller / suspense ပုံစံရုပ်ရှင်လေးတစ်ပုဒ်ဖြစ်ပါတယ်။

    ဇာတ်လမ်းအညွှန်း

    ထန်မင်းဆက်နှောင်းပိုင်းခေတ် ညအမှောင်ရိပ်အောက်က ရှေးဟောင်းဘုရားကျောင်းတစ်ခုဟာ သာမန်မဟုတ်တဲ့ လျှို့ဝှက်မှုတွေကို ဖုံးကွယ်ထားခဲ့ပါတယ်။

    ညတိုင်းရေကန်အတွင်းက မသိသာသလိုပေါ်လာတဲ့အရိပ်တွေ လူမရှိတဲ့နေရာမှာ ကြားရတဲ့အသံတွေ ဒါတွေဟာ တစ္ဆေသရဲပုံပြင်တစ်ပုဒ်ပဲလား။

    ဒီရုပ်ရှင်လေးထဲမှာ လူသုံးယောက် မသိမသာ အိပ်ပျော်ရာကနေ နိုးထလာပြီး သူတို့ကို တံခါးပိတ်အခန်းတစ်ခန်းအတွင်း ထိန်းသိမ်းထားခံနေရပြီး မိမိတို့အတိတ်အကြောင်းကို တစ်ယောက်ချင်းစီ ပြောပြဖို့ အတင်းအကြပ် ခိုင်းစေခံရပါတယ်။

    သူတို့ပြောပြတဲ့ ဇာတ်လမ်းတွေမှာ မိမိတို့ကိုယ်တိုင်ကို သမာဓိရှိတဲ့သူ တရားမျှတမှုရှိတဲ့သူတွေအနေနဲ့ ဖော်ပြကြပြီး မကောင်းမှုတွေအားလုံးကို မကောင်းဆိုးဝါးမိစ္ဆာတွေအပေါ် အပြစ်ပုံချထားကြပါတယ်။

    ဒါပေမဲ့ သူတို့ပြောတဲ့ အကြောင်းအရာတွေက လိမ်လည်ထားတာ လှည့်စားထားတာတွေဖြစ်ကြောင်း အမှန်တရား တဖြည်းဖြည်း ပေါ်လာတဲ့အခါ…

    အမှုအခင်းတစ်ခုစီကို ပဟေဠိဆန်ဆန် အပိုင်းအစလေးတွေ ပြသထားပါတယ်။

    အဖြစ်အပျက်တစ်ခုစီဟာ သီးခြားဖြစ်နေသလိုထင်ရပေမယ့် အဆုံးသတ်မှာ အချင်းချင်း ဘယ်လိုချိတ်ဆက်သွားမလဲ။

    တစ္ဆေဆန်ဆန်ပုံပြင်တွေရဲ့နောက်ကွယ်က တကယ့်ဖြစ်ရပ်မှန်က ဘယ်လိုဖြစ်မလဲ။

    လူ့စိတ်အတွင်းက အမှောင်ဘက်ခြမ်းကို ထိုးဖောက်မေးခွန်းထုတ်ထားတဲ့အကြောင်းအရာတွေကြောင့် ဒီရုပ်ရှင်လေးဟာ ကြည့်ရှုသူတွေကို နောက်ဆုံးထိ မျက်စိမခွာနိုင်အောင် ဆွဲဆောင်နိုင်မှာပါ။

    ဒီရုပ်ရှင်လေးအဆုံးမှာသိရမဲ့အမှန်တရားတစ်ခုက တစ္ဆေသရဲတွေထက် လူ့စိတ်ကပိုကြောက်စရာကောင်းလားဆိုတဲ့ ကြည့်ရှုသူပရိသတ်တွေကို မေးခွန်းထုတ်စရာဖြစ်လာစေမှာပါ။

  • Artiste

    Artiste

    Artiste (2025)

    အနုပညာရှင်

    ပန်းချီဆွဲမှ အနုပညာခေါ်သလား ဇာတ်ကားတွေကြည့်မှ အနုပညာခေါ်သလား

    ဇာတ်ကားတွေကျ ကွင်းဆက်ကားတွေကြည့်ပေမယ့် လက်တွေ့ဘဝက serial killer ကျ ဘာလို့ရွံရှာကြတာလဲဆိုပြီး သာမန်လူတွေနဲ့ အတွေးအခေါ် ချော်ထွက်နေတဲ့ ကွင်းဆက်လူသတ်သမား

    အုပ်စုလိုက်ဝိုင်းဖမ်းခဲ့ကြပေမဲ့ ချော်ချော်ထွက်နေတဲ့ သူကပဲ ကံကောင်းလွန်းတာလား

    သူ့နာမည်က ဗစ်ကီ၊ မောင်နှမ၂ယောက်တည်း ဘဝကို အေးအေးလူလူဖြတ်သန်းနေကြတဲ့လူတွေ အချင်းချင်း ဂရုစိုက်မှုတွေနဲ့ အပြန်အလှန်ဖေးမကြသူတွေပေါ့။

    ကံဆိုးရတဲ့ တစ်နေ့မှာတော့ ၂ယောက်မရှိတဲ့ အစ်မဖြစ်သူက ကွင်းဆက်သားကောင်ဖြစ်ခဲ့ရပြီး
    ဗစ်ကီ့ဘဝကြီးလည်း အလဲလဲအပြိုပြိုဖြစ်ခဲ့ရတာပေါ့။

    ဒီကနေစလိုက်တဲ့ဇာတ်လမ်းက ဘယ်ထိခေါ်သွားနိုင်မလဲ ဘာတွေဆက်ဖြစ်သွားမလဲကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး