Author: Baby Yit Lone

  • The Sun Rises on Us All

    The Sun Rises on Us All

    The Sun Rises on Us All (2025) အခုတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမှာကတော့ တရုတ်နိုင်ငံမှာ ရုံတင်မပြခင်မှာပဲ ဗင်းနစ်ရုပ်ရှင်ပွဲတော်က အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးသွားခဲ့တဲ့အတွက် နာမည်ကြီးနေခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ မိန်ယွင်နဲ့ ပေါင်ရှူးတို့ဟာ လွန်ခဲ့တဲ့ ၇ နှစ်က ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ကားမတော်တဆမှုတစ်ခုကြောင့် ပေါင်ရှူးဟာ ထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲမှာ ရှိနေတဲ့ ပေါင်ရှူးကို မိန်ယွင်က ပစ်ပယ်သွားခဲ့တဲ့အတွက် သူတို့နှစ်ယောက် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ၇ နှစ်ကြာပြီးနောက် မိန်ယွင်ဟာ အင်္ကျီဆိုင်တစ်ဆိုင်ဖွင့်ထားပြီး ဘဝကို ကြိုးစားဖြတ်သန်းနေခဲ့ပါတယ်။ ချီဖုန်းကတော့ အိမ်ထောင်ရှိနေရက်နဲ့ မိန်ယွင်ကို မျှော်လင့်ချက်အိပ်မက်တွေပေးပြီး ဖောက်ပြန်နေသူပေါ့။ မိန်ယွင်ဟာလည်း သူလိုချင်တဲ့ မိသားစုဘဝတစ်ခု ရနိုင်မယ်ထင်ပြီး ချီဖုန်းကို ယုံစားနေခဲ့တာ ပေါင်ရှူး ကင်ဆာရောဂါနဲ့ သူ့ကို…

  • Attack Force

    Attack Force

    Attack Force (2006) ရိုးရိုးအက်ရှင်ကားတွေ ကြည့်ရတာ ငြီးငွေ့နေပြီလား? ဒါဆိုရင် “Attack Force” (၂၀၀၆) ဇာတ်ကားက မင်းအတွက် မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲ! ဘာကြောင့်လဲဆိုတော့ ဒီကားဟာ သာမန် အက်ရှင်ကားတွေလို ရိုးစင်းတာမျိုးမဟုတ်ဘဲ၊ လုံးဝကို မထင်မှတ်ထားတဲ့ လှည့်ကွက် တစ်ခုနဲ့ ဦးနှောက်ကို ဖမ်းစားထားမှာ သေချာလို့ပဲ! အဓိကဇာတ်ကောင်က ကွန်မန်ဒါမာရှယ်လော်ဆန်ပါ။ သူ့အဖွဲ့သားတွေက ရိုမေးနီးယားမှာရှိတဲ့ စစ်ဘက်အခြေစိုက်စခန်းတစ်ခုမှာ ထူးဆန်းစွာအသတ်ခံလိုက်ရတယ်။ လူသတ်မှုတွေရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ရာကနေ မူးယစ်ဆေးဝါးတစ်ခုကို လျှို့ဝှက်ထုတ်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့လိုက်ရတယ်။ အဲ့ဒီမှာ ဇာတ်ကွက်အလှည့်အပြောင်းက စတာပဲ! အစပိုင်းမှာတော့ သာမန် မူးယစ်ဆေးဝါးဂိုဏ်း ဒါမှမဟုတ် သူ့အဖွဲ့သားတွေအတွက် လက်စားချေတဲ့ ဇာတ်လမ်းမျိုးလို့ ထင်ရပေမယ့်၊ ဇာတ်လမ်းအလယ်ရောက်တော့ ရုတ်တရက်…

  • The Foreigner

    The Foreigner

    The Foreigner (2003) “The Foreigner” ဇာတ်ကားဟာ၂၀၀၃ ခုနှစ်မှာ Steven Seagal ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို စာရေးဆရာ Darren O Campbell ရေးသားခဲ့ပြီး ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ဒါရိုက်တာ Michael Oblowutz ရိုက်ကူးခဲ့ကာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ရုံမတင်ဘဲ ဗီဒီယိုခွေအဖြစ် တိုက်ရိုက်ဖြန့်ချိခဲ့တဲ့ ဇာတ်ကားများစွာထဲကပထမဆုံးကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jonathan “Jon” Cold ဟာ ယခင်က “The Foreigner” ခေါ် အဖွဲ့အစည်းတစ်ခုရဲ့မထင်မရှား လျှို့ဝှက်သူလျှိုအဖြစ် လုပ်ကိုင်ခဲ့ပြီး ခုတစ်ခါမှာ အန္တရာယ်များတဲ့ ပါဆယ်ထုပ်တွေကို သယ်ယူပို့ဆောင်ပေးလေ့ရှိတဲ့ အလွတ်လုပ်ငန်းရှင်တစ်ဦးအဖြစ် လုပ်ကိုင်နေတာပါ။ ဂျွန်ဟာ သူ့ဖခင်ရဲ့ဈာပနအတွက် ပြင်ဆင်နေချိန်မှာ Alexander…

  • Mortal Game

    Mortal Game

    Mortal Game (2025) များပြားလှတဲ့ ဆုကြေးငွေနဲ့ ကျော်ကြားမှုအတွက် မုဆိုးတစ်စုက ကျွန်းပေါ်မှာ ကျင်လည်ကျက်စားနေပြီး ဘယ်သူမှမမြင်ဖူးသေးတဲ့ သတ္တဝါကြီးကို အမဲလိုက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း သူတို့အမဲလိုက်ဖို့ရည်ရွယ်တဲ့ သတ္တဝါကြီးက သူတို့နည်းလမ်းတွေကိုသိနေတဲ့အပြင် သူတို့ကိုလမ်းပြပေးတဲ့သူကလည်း သူတို့အဖွဲ့ကို အပြန်လမ်းဆီပြန်ပို့ဖို့ ရည်ရွယ်မထားတဲ့အခါ။ သူတို့ရည်ရွယ်ချက်အတိုင်း သတ္တဝါကြီးကို ဖမ်းဆီးနိုင်မှာလား။ သတ္တဝါကြီးလက်ကနေပဲ အသက်နဲ့ကိုယ်အိုးစားမကွဲအောင် လွတ်မြောက်နိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။

  • The Sticks

    The Sticks

    The Sticks (2025) သည်းထိတ်ရင်ဖို Horror/Thriller ကိုမှ ခံစားချင်တဲ့ ပရိသတ်ကြီးရေ… ဒီဇာတ်ကားကြည့်ပြီးရင် တောထဲကို ခရီးထွက်ဖို့ နှစ်ခါလောက် ပြန်စဉ်းစားမိသွားစေမယ့် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Peter Kominek ရိုက်ကူးထားတဲ့ “The Sticks” ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားက Beth ဆိုတဲ့ကောင်မလေးတစ်ယောက်က တောတောင်ရေမြေကို ကျွမ်းကျင်တဲ့ ခင်ပွန်းနဲ့အတူ တောထဲကို ထွက်လာရင်း ကားမတော်တဆမှု ကြုံခဲ့ရပြီးနောက်… တောနက်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရတယ်။ ခင်ပွန်းက တောကျွမ်းပေမယ့် Beth မှာတော့ ရှင်သန်ရပ်တည်ဖို့အတွက် ကျွမ်းကျင်မှုက နည်းတယ်။ အဆက်အသွယ်ပြတ်၊ ဘယ်သူမှ မကူညီနိုင်တဲ့ တောနက်ကြီးထဲမှာ အသက်ရှင်လိုစိတ် တစ်ခုတည်းကသာ ဦးဆောင်နေချိန်မှာ ဘယ်လောက်တောင် ထိတ်လန့်နေမလဲ? ဒီကားဟာ Shelby…