Author: Baby Yit Lone

  • ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်

    ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်ပြီးနောက် နာရီပိုင်းအတွင်း စစ်ကော်မရှင်၏ ၆၆၆ ကာကင်းစခန်းကို သိမ်းပိုက်ခဲ့

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာတောင်ဘက် ၉ ကီလိုမီတာအကွာရှိ စစ်ကော်မရှင်၏ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    AA သည် တန်ပြန်ထိုးစစ်အနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၉ ကီလိုမီတာအကွာအဝေး၌ရှိသည့် စစ်ကော်မရှင်၏ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ၅ မိနစ်တွင် စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

    အဆိုပါ ပွိုင့်ကုန်းနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ် ပွားနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း အောက်တို ဘာ ၁၄ ရက်နေ့မှစ၍ AA ၏ ထိုး စစ်အရှိန်ကို မြှင့်၍တိုက်ခိုက်ခဲ့ပြီးနောက် ၃ နာရီခန့် သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အဆိုပါစခန်းကို သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း AA ကထုတ်ပြန်သည်။

    စစ်ကော်မရှင်၏ ပွိုင့် ၆၆၆ စခန်းတစ်ခုလုံးကို သိမ်းပိုက်စဉ်တွင် အလောင်းတချို့အပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံး အဆောင်ပစ္စည်းအချို့ကို သိမ်း ဆည်းရရှိခဲ့‌ကြောင်း သိရသည်။

    ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင် -ဧရာဝတီတိုင်း အစပ်တို့တွင် စစ်ကော်မရှင်၏ ထိုးစစ်များကို AA တပ်၏ အကောင်းဆုံးခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် ဟန်ချက်ညီဆင်နွှဲလျက်ရှိပြီး စစ်ကော်မရှင်တပ်နှင့် AA တို့ နှစ်ဖက်ရင်ဆိုင်ထားသည့် နေရာများတွင် တိုက်ပွဲများ နေ့စဥ်နီးပါး ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့တို့မှာ ပန်းတောင်း မြို့နယ်အတွင်း၌ ပြန်လည်၍အရှိန်မြှင့်ကာ ထိုးစစ်ဆင်လာသည့်အတွက် စစ်ကော်မရှင်တပ်သည် အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အတွင်းနှင့် ခံစစ်များတွင် အင်အားများတိုးချဲ့ကာ ဖြည့်တင်းထားပြီး အနီး‌ရှိ ကျေးရွာများကိုလည်း သွား လာခွင့်ပိတ်ထားမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

    ဓာတ်ပုံ-AA

    ပုံစာ- စစ်ကော်မရှင်၏ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းကို AA သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။

  • Inland Empire

    Inland Empire (2006)

    Inland Empire (2006) ကတော့ psychological thriller ရုပ်ရှင်တစ်ကားဖြစ်ပြီး David Lynch ရဲ့လက်ရာလည်း ဖြစ်ပါတယ်။

    ဇာတ်လမ်းအစမှာ Laura Dern သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်မင်းသမီး Nikki Grace ဆိုတဲ့ character က On High in Blue Tomorrows ဆိုတဲ့ ဇာတ်ကားမှာအဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ဖို့ ရွေးခံခဲ့ရပါတယ်။

    On High in Blue ရုပ်ရှင်ကလည်ရ ကျိန်စာသင့်နေလို့ ပြီးဆုံးအောင် မရိုက်လိုက်ရဘူးဆိုတဲ့ ပိုလန်ရုပ်ရှင်ဟောင်းတစ်ခုကို ပြန်ရိုက်တယ်ဆိုတာ Nikki သိလိုက်ရပါတယ်။ အဲအချိန်ကစပြီး သူ့ရဲ့လက်တွေ့ဘဝနဲ့ ရုပ်ရှင်ထဲကကာရိုက်တာနဲ့ ရောသွားပြီးတော့ စိတ်ကူးယဉ်ဆန်ဆန် အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။

    ဒီရုပ်ရှင်ကိုကြည့်တဲ့အခါမှာ နားလည်အောင် ကြိုးစားတာထက် David Lynch ရဲ့ တင်ဆက်ပုံကိုပဲ ခံစားပြီးကြည့်သင့်ပါတယ်။ David Lynch ရဲ့ လက်ရာတွေနဲ့ မစိမ်းသူတွေကတော့ သူ့ရဲ့တင်ဆက်ပုံတွေကို နှစ်သက်နိုင်ပေမဲ့ ခုမှထိတွေံမဲ့လူတွေအတွက်တော့ Inland Empire က ပျင်းစရာကောင်းနေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာကြီး David Lynch ရဲ့လက်ရာတွေကို ဘဝမှာတစ်ခါလောက်တော့ ခံစားဖူးတယ်ရှိအောင် တင်ဆက်ပေးလိုက်ရပါတယ်။

  • The Treatment

    The Treatment

    The Treatment (2014)

    ဒီဇာတ်ကားကတော့ အမှောင်မိုက်ဆုံး စုံထောက်ဇာတ်လမ်းတွေထဲက တစ်ပုဒ်ဖြစ်ပြီး Mo Hayder ရဲ့

    နာမည်ကြီးဝတ္ထုကို ပြန်လည်အသက်သွင်းထားတာပါ။ အတိတ်က ဇာတ်လမ်းဆိုးတစ်ခုကို ရင်မှာပိုက်ပြီး

    အမှုလိုက်နေတဲ့ စုံထောက်နစ်ခ်အဖြစ် မင်းသား Geert Van Rampelberg က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

    ဇာတ်လမ်းအစမှာ မိသားစုတစ်စုရဲ့အိမ်ထဲကို လူတစ်ယောက်ဝင်ရောက်ပြီး မိဘနှစ်ပါးကို ရက်ရက်စက်စက်

    ချုပ်နှောင်ညှဉ်းပန်းကာ သူတို့ရဲ့ ကလေးငယ်လေးကို ဖမ်းခေါ်သွားတဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီအမှုကို

    စုံထောက်နစ်ခ်က တာဝန်ယူလိုက်ရပါတယ်။ ဒါပေမဲ့ ဒီအမှုဟာ သာမန်ကလေးပျောက်မှုတစ်ခု မဟုတ်ပါဘူး။

    စုံထောက်နစ်ခ်တစ်ယောက် စုံစမ်းထောက်လှမ်းရင်းနဲ့ ဒီအမှုဟာ နှစ်ပေါင်းများစွာ အစဖော်လို့မရဖြစ်နေခဲ့တဲ့

    ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အသုံးချပြီး ရိုက်ကူးထားတဲ့ အမှောင်လောကက ဗီဒီယိုတွေနဲ့

    ဆက်စပ်နေတာကို သွားတွေ့ရပါတော့တယ်။ ဒီအမှုရဲ့နောက်ကွယ်မှာ သာမန်လူတွေထက် အများကြီးပိုပြီး

    ဉာဏ်ကောင်းလွန်းတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ တရားခံတစ်ယောက်ရှိနေမှန်း သိလိုက်ရတဲ့အခါ…

    အဆိုးဆုံးကတော့ ဒီအမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက နစ်ခ်ရဲ့ညီလေး ပျောက်ဆုံးသွားခဲ့တဲ့အမှုနဲ့

    ထပ်တူကျနေတာပါပဲ။ အတိတ်က သူ့ရဲ့အမှားကြောင့် ညီလေးတစ်ယောက်လုံး ဘဝပျက်ခဲ့ရတယ်လို့

    ခံစားနေရတဲ့ နစ်ခ်တစ်ယောက် သူ့ညီလေးလို နောက်ထပ်ကလေးတွေ ထပ်မဖြစ်အောင် တရားခံကိုလိုက်ရင်း

    သူကိုယ်တိုင်ပါ ထောင်ချောက်ထဲကို တဖြည်းဖြည်းရောက်သွားတဲ့အခါ…

    လူ့အဖွဲ့အစည်းရဲ့အမှောင်မိုက်ဆုံးအပိုင်းတွေကို Crime Thriller Vibe အပြည့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

  • The Guardians (or) Schutzengel

    The Guardians (or) Schutzengel

    The Guardians (2012)

    The Transporter, The Equalizer တို့လို အက်ရှင်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် ဂျာမန် Action-Thriller ကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီး Til Schweiger ကိုယ်တိုင် ဒါရိုက်တာနဲ့ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

    ဇာတ်လမ်းကတော့ ….

    အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ မက်စ်ဟာ အခုတော့ သာမန်အရပ်သားဘဝနဲ့ နေထိုင်နေသူတစ်ယောက်ပါ။

    ဒါပေမယ့် သူ့ရဲ့ဘဝဟာ မိဘမဲ့ဂေဟာက မိန်းကလေးတစ်ယောက်ဖြစ်တဲ့ နီနာနဲ့ တွေ့ဆုံချိန်မှာတော့ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။

    နီနာဟာ ဩဇာကြီးမားတဲ့ လက်နက်ကုန်သည်ကြီးတစ်ဦးရဲ့ လူသတ်မှုကို မထင်မှတ်ဘဲ မျက်မြင်တွေ့ရှိခဲ့တဲ့ တစ်ဦးတည်းသော သက်သေဖြစ်နေတယ်ဆိုတာကို ရဲတွေသိသွားတဲ့အခါ နီနာ့ကို သက်သေကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ထဲကို ထည့်သွင်းလိုက်ပါတယ်။

    ဒါပေမယ့် အဲဒီကုန်သည်ကြီးဟာ အစိုးရပိုင်းမှာပါ သူ့ရဲ့လူတွေကို မွေးမြူထားတဲ့အတွက် သက်သေဖြစ်တဲ့ နီနာ့ကို အလွယ်တကူပဲ ရှင်းပစ်ဖို ကြိုးစားလာပါတော့တယ်။

    ရဲတွေရဲ့ ကာကွယ်မှုကိုတောင် မယုံကြည်နိုင်တော့တဲ့အခြေအနေမှာ မက်စ်တစ်ယောက် နီနာ့ကို ကာကွယ်ပေးဖို့ တာဝန်ယူလိုက်ရပါတယ်။

    သူ့ရဲ့စစ်မြေပြင်အတွေ့အကြုံတွေနဲ့ အသက်ရှင်ကျန်ရစ်အောင်ရုန်းကန်ရတဲ့ စစ်သားဟောင်းတစ်ယောက် ….

    မျက်စိရှေ့မှာတင် လူသတ်မှုကိုမြင်ခဲ့ရလို စိတ်ဒဏ်ရာရနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူတို့နောက်ကို အသည်းအသန်လိုက်နေတဲ့ လက်နက်ကိုင်လူမိုက်တစ်ဖွဲ့…

    အင်အားမမျှတဲ့ ဒီတိုက်ပွဲမှာ မက်စ်တစ်ယောက် သူ့အသက်ထက်တောင် ပိုအရေးကြီးတဲ့ နီနာ့ကို အသက်ရှင်အောင် ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲ…

    အက်ရှင် Vibe အပြည့်နဲ့ ထုံးစံအတိုင်းမရိုးတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

  • Elumale

    Elumale (2025)

    “အချစ်ရဲ့စိန်ခေါ်မှု”

    အခုတစ်ခေါက်မှာတော့ အိန္ဒိယကာနာဒါရ်ဇာတ်ကားတစ်ကားဖြစ်ပြီး အချစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကိုပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ ဟာရစ်နဲ့ရေဗာသီတို့ရဲ့အချစ်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားပါတယ်။

    ဟာရစ်က ရေဗာသီနဲ့အတူ အနာဂတ်တစ်ခုကိုထူထောင်ဖို့ကြိုးစားနေပေမဲ့ ဟာရစ်က ကားဆရာ တစ်ယောက်ဖြစ်တာကြောင့် ရေဗာသီတို့မိသားစုက သဘောမတူဘဲ ရေ‌ဗာသီကိုအိမ်ထောင်အတင်းချပေးဖို့စီစဉ်ကြပါတယ်။

    ဒီလိုနဲ့ သူတို့နှစ်ဦးရဲ့အချစ်ရေးမှာ မိသားစုရဲ့ထိန်းချုပ်မှုတွေ၊ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။

    နောက်ဆုံးမှာ သူတို့နှစ်ဦးပေါင်းဖက်နိုင်ပါ့မလား။

    ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုပေးပါဦး။