Author: Baby Yit Lone

  • 7ရက်နေ့က- 4ယောက်မြောက် မယားလေးကို ထပ်ယူလိုက်တဲ့ ထိုင်းအမျိုးသား

    7ရက်နေ့က- 4ယောက်မြောက် မယားလေးကို ထပ်ယူလိုက်တဲ့ ထိုင်းအမျိုးသား

    လွန်ခဲ့တဲ့၁ပတ်လောက်ကပဲ- သူ့မှာ မယား3ယောက်ရှိတာကို ထုပ်ပြောလာတဲ့ သူကတော့-

    7ရက်နေ့က- 4ယောက်မြောက် မယားလေးကို ထပ်ယူလိုက်ပြန်ပါပီ။

    သူပြောတာကတော- ကျတော့်အသက်က-36နှစ်ပါ၊

    ကျတော့်မှာ မယား3ယောက်ရှိပီး- အခုမယားတွေကို-

    ငါ…မယားထပ်လိုချင်သေးတယ်လို့-ခွင့်တောင်းတယ်။

    အဲတော့ သူ့မယားတွေကလဲ- 4ယောက်မြောက် မယားယူဖို့ ..ယူစေလို့ ခွင့်ပြုပြန်တယ်ရှင့်။

    ဒီကိစ္စနဲ့ ပတ်သက်ပီး- ကျတော့်ကို ပြောဆိုကြမယ်ဆိုတာ သိပါတယ်။

    ကျတော်က- တကိုကောင်းသမား မဟုတ်ပါဘူး။

    မယားတွေကို- ညီတူညီမျှ အိပ်ပေးပါတယ်။

    ကျတော်ကို ကျတော်လဲ- ဝန်ခံပါတယ်။

    ကျတော်က နှာဘူးကောင်းကြီးဆိုတာ။

    ပီးတော့- ကျတော် မယား 3ယောက်က- ဘာပြောလဲဆိုတော့- နိပတ် 3ဂဏန်းက- မကောင်းဘူး၊

    4ဂဏန်းဖြစ်သွားအောင်- 4နိပတ်ကကောင်းတယ်။

    ထပ်ယူဆိုလို့- ယူလိုက်ရတာပါ။

    စီးပွါးရေးကတော့- မူကထဆိုင်ဖွင့်ထားပီး၊ လိုင့်လွင့်စျေးရောင်းပါတယ်။

    4-ယောက်မြောက် မယားယူဖို့- ကျန်မယား3ယောက်ကလဲ- သဘောတူကြတယ်။

    ညအိပ်တဲ့ အချိန်ဆိုရင်- မယား၁-ယောက်စီကို တစ်ည

    အလှည့်ကြ အိပ်တယ်တဲ့ရှင့်။

    ဒါကနောက်ဆုံးပါ- ထပ်မတော့ဘူးလို့ ပြောပေမဲ့၊

    ခပ်များများကတော့- မယုံရေးချ…မယုံကြဘူး။

  • PDF လုံခြုံရေး ယူပေးထားတဲ့ ရွာကို သွားဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင် လမင်းကဗျာကို ဖမ်းဆီးဖို့ လှုံ့ဆော်ခံနေရ

    PDF လုံခြုံရေး ယူပေးထားတဲ့ ရွာကို သွားဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင် လမင်းကဗျာကို ဖမ်းဆီးဖို့ လှုံ့ဆော်ခံနေရ

    Headline: 🚨 Tik Tok ဗီဒီယိုတစ်ခုကြောင့် ဖမ်းဝရမ်းထုတ်ဖို့အထိ လှုံ့ဆော်ခံနေရတဲ့ အနုပညာရှင် လမင်းကဗျာ

    Mm News.xyz 2026 03 08 095926

    ✅ အကြောင်းအရင်း – မြိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်သည့် ပွဲလမ်းသဘင်တစ်ခုတွင် ဖျော်ဖြေခဲ့သည့် ဗီဒီယိုဖိုင် ပျံ့နှံ့လာမှု

    ✅ အငြင်းပွားမှု – စတိတ်စင်ဘေး၌ လုံခြုံရေးယူပေးနေသည့် ရဲဘော်တစ်ဦးကို အကြောင်းပြု၍ အွန်လိုင်းတွင် ဝေဖန်မှုများ မြင့်တက်

    ✅ လှုံ့ဆော်မှုများ – အနုပညာရှင်တစ်ဦးကို ဖမ်းဆီးပေးရန် စစ်တပ်ထောက်ခံသူများက Telegram နှင့် Facebook ချန်နယ်များတွင် တောင်းဆိုမှုများ ပြုလုပ်

    ✅ အခြေအနေ – အနုပညာရှင်များအပေါ် ပစ်မှတ်ထားမှုများ ရှိနေသည့်အတွက် လက်ရှိတွင် အလွန်စိတ်ဝင်စားဖွယ် ဖြစ်နေသည့် အခြေအနေ

    ✅ မှတ်ချက် – အမှန်တရားကို သိလိုလျှင် ရုပ်သံအပြည့်အစုံကို ကြည့်ရှုနိုင်ပါသည်။

    အညာဒေသ တနေရာမှာ ယခုရက်ပိုင်းက လုပ်ခဲ့တဲ့ပွဲလေးပါ

    Mm News.xyz 2026 03 08 095936

    အဲ့ Vd မှာ ထူးခြားချက်လေးပါ ပါတယ် မြင်အောင်သေချာကြည့်ပါ

    (သီချင်းတပုဒ်ကို ငွေကျပ် ဆယ်သိန်းပါ)

    ဟိုဘက်ရပ်ကွက်ကတော့ လောင်နေပြီ

    လမင်းကဗျာ ကို ဖမ်းဖို့တွေအထိ လှုံ့ဆော်နေကြပြီ

    VD -Crd

  • တောင်သူလယ်သမားများကို ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်စနစ်များ သုံး၍ လယ်စိုက်ပျိုးရန် မင်းအောင်လှိုင်ပြော

    တောင်သူလယ်သမားများကို ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်စနစ်များ သုံး၍ လယ်စိုက်ပျိုးရန် မင်းအောင်လှိုင်ပြော

    မြန်မာနိုင်ငံတဝန်း လျှပ်စစ်မီး ပြတ်တောက်မှု အဆိုးရွားဆုံး ကြုံတွေ့နေရပြီး အင်တာနက်လိုင်းများ အဖြတ်တောက်ခံထားရသည့်ကြားမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်သူလယ်သမားများကို ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်စနစ်များ သုံး၍ လယ်စိုက်ပျိုးရန် တိုက်တွန်းလိုက်သည်။

    (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် စစ်ကော်မရှင် ဥက္ကဋ္ဌက မြန်မာ့လယ်ယာကဏ္ဍကို Smart Farming သို့ ကူးပြောင်းရန်နှင့် တောင်သူများအနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ရုံမျှဖြင့် ပိုးမွှားကို စက္ကန့်ပိုင်းအတွင်း နှိမ်နင်းနိုင်မည်ဟု ဆိုထားသည်။

    စစ်ကောင်စီဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် AI အခြေပြု Application များကို အသုံးပြုလာနိုင်ပါက စမတ်ဖုန်းဖြင့် သီးနှံအရွက်ကို ဓာတ်ပုံရိုက်ရုံဖြင့် ပိုးမွှားရောဂါကို သိနိုင်မည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ တောင်သူများမှာ ဖုန်းအားသွင်းရန် လျှပ်စစ်မီးပင် ပုံမှန်မရရှိကြပေ။

    မြန်မာအင်တာနက် ပရောဂျက်၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်း ၁၄ ခုရှိ မြို့နယ်ပေါင်း ၇၃ ခုတွင် အင်တာနက်ဖြတ်တောက်မှုပေါင်း ၁၀၅ ကြိမ် အထိ ရှိခဲ့သည်။

    အထူးသဖြင့် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သည့် ရှမ်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ ဒေသများတွင် အင်တာနက်လိုင်းများ လုံးဝဖြတ်တောက်ခံရခြင်း သို့မဟုတ် အလွန်အမင်းနှေးကွေးခြင်း ပိုအဖြစ်များခဲ့ပြီး သတင်းအချက်အလက်ရယူရန် ခက်ခဲသည့် အခြေအနေရှိနေသည်။

    ထို့အပြင် လက်ရှိတွင် တောင်သူများမှာ စစ်ကောင်စီ၏ လျှပ်စစ်မီးကို အားကိုး၍မရသဖြင့် တရုတ်နိုင်ငံထုတ် ဈေးပေါသော ဆိုလာပြားများကိုသာ ကိုယ်ထူကိုယ်ထ အားကိုးနေရသည်။

    သို့သော် ထိုဆိုလာပြားများမှာ အခြေခံမီးသီးထွန်းရန်နှင့် ဖုန်းအားသွင်းရန်သာ အနိုင်နိုင်ဖြစ်ပြီး စစ်ခေါင်းဆောင် မျှော်မှန်းသည့် “AI အခြေပြု စမတ်လယ်ယာ” စနစ်အတွက် လုံလောက်သော စွမ်းအင်မဖြစ်နိုင်ပေ။

    ကမ္ဘာ့ဘဏ်၏ ၂၀၂၄ အစီရင်ခံစာအရ မြန်မာ့လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် ၂၀၂၁ ခုနှစ် မေလတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ ဆက်တိုက်ကျဆင်းလာခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ကျော်က အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

    “တောင်သူတွေ လိုအပ်နေတာ AI မဟုတ်ပါဘူး။ ကုန်ဈေးနှုန်းသင့်သင့် နဲ့ အေးအေးချမ်းချမ်း စိုက်ပျိုးစားသောက်နိုင်တဲ့ အခြေအနေပါ၊ မီးကတော့ မွေးကတည်းက မရလို့ မပြောတော့ပါဘူး” ဟု မြစ်ဝကျွန်းပေါ်က အသက် ၄၇ နှစ်အရွယ် လယ်သမားတစ်ဦးက ပြောသည်။

    အထူးသဖြင့် စိုက်ပျိုးရေး အဓိကလုပ်ကိုင်သည့် စစ်ကိုင်း၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသဖြင့် စစ်ကော်မရှင်ဥက္ကဋ္ဌ၏ AI အိပ်မက်သည် ရယ်စရာ ပြက်လုံးတစ်ခုကဲ့သို့ ဒေသခံတောင်သူများအကြား ဝေဖန်မှုများရှိနေသည်။

    ပုံစာ- မြစ်ဝကျွန်းပေါ်က လယ်သမားများ ပျိုးကြဲနေပုံ

    ဓာတ်ပုံ- ပေးပို့

  • မြန်မာကိုဝင်တိုက်ရအောင် စွရူးလား ဘာညာ ပြောနေတော့

    မြန်မာကိုဝင်တိုက်ရအောင် စွရူးလား ဘာညာ ပြောနေတော့

    အခုတလော မအလ ဘောမတချို့က US က မြန်မာကိုဝင်တိုက်ရအောင် စွရူးလား ဘာညာ ပြောနေတော့

    အခု အမေရိကန် စစ်တိုက်နေတဲ့ပုံကို သေခြာ ပြန်လေ့လာကြည့်မိတယ်။

    လတ်တလော US စစ်ဗျူဟာကိုကြည့်ရင်

    ၁။ အဓိကအားသာချက်ကိုပဲသုံးတယ်။ (လေကြောင်းကိုအဓိကသုံးတယ် )

    ၂။ ခေါင်ကိုပဲ တွယ်တယ် (လတ်တလော ဆော်ထားတာကြည့် )

    ၃။ သူ့စစ်စွမ်းရည်ကို အမြဲချန်ထားတယ် (သူ့ဆီမှာ ဒိ့ထက်အားကောင်းတဲ့လက်နက်ရှိနိုင်ပေမယ့် အကုန်ထုတ်မသုံးဘူး)

    ၄။အခုအမေရီကန်က ကမ္ဘာ့အရေးအခင်းမှာ ခပ်စွာစွာလေး လုပ်ပြနေပေမဲ့ သူ့စစ်သားတွေကိုမသုံးသေးဘူး။

    US က ဘယ်လိုအကြောင်းပြပြီး ဘယ်အချိန်တွေမှာတိုက်သလဲ

    ၁။ မူးယစ်ဆေး

    ၂။ အမေရိကန်လုံခြုံရေး

    ဒါတွေကိုအခြေခံတယ်ပြောပေမယ့် အခု အမေရိကန် ဆော်ပြထားတဲ့နိုင်ငံအားလုံးဟာ တရုတ်၊ ရုရှား ပလဲနံပသင့်တဲ့နိုင်ငံတွေချည်းပဲ။

    အထူးအားဖြင့် တရုတ်က ဒီနိုင်ငံဟာဖြင့် တရုတ်မဟာမိတ်ဖြစ်တယ် ဘာညာပြောတာနဲ့ ကိုင်ထည့်တာပါပဲ။

    အရင်အခြေအနေ ဆိုရင်တော့ အခု မအလ လော်ဘီတွေပြောသလို မြန်မာ့မြေပေါ် US စစ်ဆင်စရာအကြောင်းမရှိပါဘူး

    သို့သော် ယခု US လှမ်းနေတဲ့ခြေလှမ်းက ငါတို့ မင်းတို့မုန်းတဲ့ ပြည်သူမကြိုက်တဲ့ခေါင်းဆောင်ကို ရှင်းပေးမယ် ကျန်တာမင်းတို့ဆက်လုပ်။

    မင်းတို့အောင်မြင်ရင် အမေရီကန်က အရင်းနည်းနည်းလေးနဲ့ သစ္စာတော်ခံတိုင်းပြည်တခု ရမယ်။

    အရင်လို အမေရိကန်စစ်သည်တွေလည်း အသေအပျောက်မရှိပဲ စစ်ပွဲအောင်မယ်။

    ဒါဆိုအမေရီကန်ပြည်သူတွေလည်း လက်ရှိအစိုးရကို အခုထက်ပိုလက်ခံလာမယ် နိုဝင်ဘာရွေးကောက်ပွဲမှာ ပိုပြီး လူထုထောက်ခံမှုရလိမ့်မယ်။

    ဒါ့ကြောင့်မြန်မာကို ကျားဖြန့်နဲ့ထောက်ထားတာ တရုတ်ရဲ့အစွယ်ကိုရှာနေတာခုထိမတွေ့သေးဘူး

    အီရန်မှာအထိမတွေ့ရင် အရှေ့တောင်အာရှမှာ US က တရုတ်ရဲ့ အစွယ်ထက်ရှာပါလိမ့်မယ်။

    အဲ့လိုရှာလို့ရအောင် မြန်မာ ကျားဖျန့် နဲ့ထစ်ထားတာပါ။

    ကျားဖျန့်စစ်ဆင်ရေးမှာ နပတ က အဓိကကြိုးကိုင်တာဖြစ်ပါတယ်ဆိုပြီး နပတကို ဝင်မကိုင်ဘူးလို့ဘယ်သူပြောနိုင်မှာလဲ။

    နပတ ကိုဝင်ကိုင်ရင် တရုတ်ဘယ်လိုနေမှာလဲ တရုတ်နည်းပညာတွေက တကယ်အလုပ်ဖြစ်မှာလား

    အမေရိကန်က စမ်းသပ်နိုင်ခြေရှိတယ်။

    အဲ့လို အမေရိကန်ကစမ်းသပ်လာရင် တရုတ်က မင်းအောင်လှိုင်ကိုကူရဲမလား?

  • ကျားဖြန့်တွေလက်ခံထားမိတဲ့ မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တကယ့်သေရေးရှင်ရေးဖြစ်သွားပြီ

    ကျားဖြန့်တွေလက်ခံထားမိတဲ့ မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တကယ့်သေရေးရှင်ရေးဖြစ်သွားပြီ

    🛑 ကျားဖြန့်တွေလက်ခံထားမိတဲ့ မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တကယ့်သေရေးရှင်ရေးဖြစ်သွားပြီ 🌡️

    • Trump ရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ အထူးအမိန့်တရပ်က မြန်မာ့နယ်စပ်ကို ဘယ်လိုတုန်လှုပ်စေမလဲ ?

    “အရင်က လိမ်တာကို ကာကွယ်ခဲ့တယ်၊ အခုတော့ လိမ်တဲ့သူကိုရော ကာကွယ်ပေးထားသူတွေကိုပါအမြစ်ဖြတ်တော့မယ်” တဲ့။

    ဒါဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ သမ္မတ Donald Trump လက်မှတ်ရေးထိုးလိုက်တဲ့ အထူး

    အမိန့်ရဲ့ အနှစ်ချုပ်ပါပဲ။

    ဒီအမိန့်ဟာ ရိုးရိုးဆိုက်ဘာလုံခြုံရေးအမိန့် မဟုတ်ပါဘူး။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှတကြောက ကျားဖြန့်လောကကို အပြီးတိုင် ချေမှုန်းမယ့် War on Scams စစ်ကြေညာချက် ဖြစ်နေလို့ပါ။

    ဘာကြောင့် မြန်မာ့ကျားဖြန့်ခေါင်းဆောင်တွေ အိပ်ရေးပျက်တော့မလဲဆိုတာ ဒီအချက်တွေကြောင့်ပါ။

    ၁။ ကျားဖြန့်ဆိုတာ ရိုးရိုးရာဇဝတ်မှုမဟုတ်တော့ဘဲ Cartel ဖြစ်သွားပြီ

    Trump က ကျားဖြန့်ဂိုဏ်းတွေကို မက္ကစီကိုက မူးယစ်ဂိုဏ်းတွေ (Cartels) လိုပဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း (TCO) အဖြစ် သတ်မှတ်လိုက်ပါတယ်။

    ဆိုလိုတာကတော့… အရင်က လိမ်လည်မှုဆိုပြီး ရဲဖမ်းတာမျိုးထက်၊ အခုတော့ အမေရိကန်ရဲ့ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက အကြမ်းဖက်သမားတွေကို ရှာသလို လိုက်ရှာတော့မှာပါ။

    ဗင်နီဇွဲလားသမ္မတ မာဒူရိုကို Cartel ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး ဖမ်းဝရမ်းထုတ်

    ခဲ့သလိုမျိုး မြန်မာ့နယ်စပ်က ခေါင်းဆောင်တွေ ဖြစ်လာနိုင်ပါတယ်။

    ၂။ မြန်မာနိုင်ငံက Ground Zero (ဗဟိုချက်)

    သတင်းတွေအရ ဒီစစ်ဆင်ရေးရဲ့ ပစ်မှတ်ဟာ အရှေ့တောင်အာရှ ဖြစ်ပြီး၊ အဲဒီထဲမှာ မြန်မာ-ထိုင်းနယ်စပ်က အဓိကပါ။​

    🔴 KNA (BGF) နဲ့ DKBA

    အမေရိကန်က သူတို့ကို ရာဇဝတ်ဂိုဏ်းတွေအဖြစ် အနီရောင်အဆင့် သတ်မှတ်ထားပြီးသားပါတဲ့။

    သူတို့ခြေကုပ်ယူထားရာ ​ရွှေကုက္ကိုလ်နဲ့ မြဝတီဒေသ

    ဒီနေရာတွေဟာ အမေရိကန်ရဲ့ Scam Center Strike Force ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေ၊ နည်းပညာမြေပုံတွေအောက်မှာ ရောက်နေပါပြီ။

    ၃။ “လက်ခံထားရင် ရန်သူပဲ” ဆိုတဲ့ ထရန့်ရဲ့မူဝါဒအသစ်

    ဒီအမိန့်မှာ အကြောက်စရာအကောင်းဆုံးက

    ဖိအားပေးမှုပါ။ ကျားဖြန့်တွေကို လက်ခံထားတဲ့ နိုင်ငံတွေ ဒါမှမဟုတ် အကာအကွယ်ပေးထားတဲ့ အစိုးရအဖွဲ့အစည်းတွေကိုပါ Sanction (ပိတ်ဆို့မှု) လုပ်မယ်၊ Visa ပိတ်မယ်၊ အကူအညီတွေ ဖြတ်မယ် လို့ ပါရှိပါတယ်။

    ဒါဟာ စစ်ကောင်စီ ဒါမှမဟုတ် နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေအတွက် ကျားဖြန့်ကို ရွေးမလား၊ အမေရိကန်ရဲ့ ရန်သူဖြစ်မှာကို ရွေးမလားဆိုတဲ့ အကျပ်ရိုက်စေမယ့် ရွေးချယ်မှုပါပဲ။

    💡 နောက်ထပ် ဘယ်သူဖြစ်မလဲ? (Who is Next?

    ဗင်နီဇွဲလားနဲ့အီကွေဒေါမှာ Cartel တွေကို ဖြိုခွင်းပြခဲ့တဲ့ Trump အစိုးရဟာ အခု မြန်မာ့မြေပေါ်က ကျားဖြန့်မင်းစိုးရာဇာတွေကို ပစ်မှတ်ထားလာပါပြီ။

    မြန်မာနိုင်ငံရဲ့ ကျားဖြန့်ခေါင်းဆောင်လို့ အမည်တပ်ခံရမယ့်သူဟာ ကမ္ဘာ့ဘယ်နေရာကိုမှ ထွက်ပြေးလို့မရတဲ့ No-Fly List ထဲ ရောက်သွားတော့မယ့် သဘောပါပဲ။

    ဒါဟာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုပါ ရိုက်ခတ်နိုင်ပါတယ်။

    နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမေရိကန်ရဲ့ အနက်ရောင်စာရင်းထဲမပါချင်ရင် ကျားဖြန့်တွေကို သူတို့ဘာသာ ရှင်းထုတ်ရတော့မယ့် အခြေအနေပါ။

    သင်ရော ဘယ်လိုထင်လဲ?

    မြန်မာ့နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို အမေရိကန်က တကယ်ပဲ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးနိုင်မလား?

    ကိုးကား : WSJ ( Wall Street Journal & US POTUS)