Author: Baby Yit Lone

  • နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ဆို

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က မနက် ၉ နာရီ ၃၆ မိနစ်အချိန်မှာ နေပြည်တော်-မကွေးနယ်ခြားကို ဖြတ်သန်းမောင်းနှင်လာတဲ့ အင်အား ၁၂ ဦးပါ စစ်ကော်မရှင်ကား ၁ စီးကို မကွေး-ကန်ပြားလမ်း ၁၇ မိုင် ၇ ဖာလုံ (နေပြည်တော်နဲ့ ၂၅ မိုင်ခန့်အကွာ) ဥတ္တရသီရိမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ကားဟာ မီတာ ၁၅၀ ခန့်အကွာမှာ ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းနဲ့ နောက်ခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးသာ ကားပေါ်က ဆင်းပြေးနိုင်ခဲ့ပြီး ကျန်ရှိသူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်နေချိန်အတွင်း စစ်ကော်မရှင်တပ်ယာဉ်တန်းတွေ ရောက်ရှိလာခဲ့တာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခြင်းမရှိဘဲ အမြန်ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ဦးစီးတပ်ဖွဲ့ဝင်တွေအားလုံး ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း နေပြည်တော် တပ်ကုန်းမြို့နယ် အောင်သပြေကျေးရွာကို မဲပုံးတွေသယ်ဆောင်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို ညောင်ပတ်ရွာ သင်္ချိုင်းကုန်းအနီးမှာ စစ်ကြောင်းရဲ့အလယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။

  • မဟာရန်ကုန် အနီရောင်အဆင့်

    မဟာရန်ကုန် အနီရောင်အဆင့်

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရောက်

    လေထုအရည်အသွေးတိုင်းတာချက်ကိုဖော်ပြနေတဲ့ IQAir ရဲ့ တိုက်ရိုက်တိုင်းတာ ထုတ်ပြန်ချက်အရ ဒီ‌နေ့ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ကို ရောက်နေပါတယ်။

    မြို့လယ်က ဒဂုံမြို့နယ်မှာ AQI ၁၉၂ အထိရှိပြီး လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့နယ်ဖြစ်နေတာပါ။

    ရန်ကုန်မြို့မှာ မနက်ခင်းကတည်းက နေမမြင်ရဘဲ ပတ်ဝန်းကျင်မှာ အုံ့ဆိုင်းနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

    “ဒလဘက် ကမ်းဘက် လှမ်းကြည့်လိုက်ရင်လည်း မြူတွေကျနေတဲ့ပုံစံပဲ။ မြို့ဘက်က တိုက်တွေဘက်လည်း အဲဒီအတိုင်းပဲ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ကမ္ဘာ့မြို့ကြီးတွေနဲ့ယှဥ်ရင်လည်း ရန်ကုန်လေထုညစ်ညမ်းမှုဟာ အဆင့် ၄ ရောက်နေတာပါ။

    “နှာခေါင်းယား တာမျိုးတော့မဖြစ်ဘူး။ လေထုညစ်ညမ်းမှန်းတောင် သေချာမသိဘူး” လို့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးကပြောပါတယ်။

    လေထုညစ်ညမ်းမှုကြောင့် ရေတိုမှာ အဆုတ်စွမ်းဆောင်ရည်ကျဆင်းတာ၊ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတွေနဲ့ ရင်ကျပ်တာတွေ ခံစားရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ကဆိုပါတယ်။

    ရေရှည်မှာ‌‌တော့ လေဖြတ်တာ၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါနဲ့ ကင်ဆာအထိဖြစ်နိုင်တာပါ။

    ဒါကြောင့် လေထုညစ်ညမ်းချိန်မှာ အပြင်ထွက်ရင် N 95 နှာခေါင်းစည်းတပ်ဖို့၊ လေထုအခြေအနေကြည့်ပြီး အပြင်ထွက်တာကို လျှော့ချဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

    လေထုညစ်ညမ်းမှုမြင့်မားနေချိန်မှာ ကလေးငယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ရောဂါအခံရှိသူတွေမှာ ပိုမိုသတိထားဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

  • အီရန်တပ်က အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စခန်း ၁၄ ခုကို တိုက်ခိုက်

    အီရန်တပ်က အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စခန်း ၁၄ ခုကို တိုက်ခိုက်

    ၂၀၀ ကျော်သေဆုံးဟု ပြော

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အမေရိကန်စခန်း ၁၄ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်အယောက် ၂၀၀ ထက်မနည်း သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာနဲ့ တက်စ်နင်မ် သတင်းဌာနတို့က ကြေညာပါတယ်။

    IRGC က ကာတာနိုင်ငံ အယ်လ်အူဒိတ်စခန်းမှာ တပ်ထားတဲ့ အမေရိကန်ရဲ့ FP-132 ရေဒါကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

    ဒီရေဒါမှာ ပဲ့ထိန်းဒုံးကျည်ကြားဖြတ်နည်းပညာ တပ်ဆင်ထားပြီး ကီလိုမီတာ ၅,၀၀၀ အထိ ထောက်လှမ်းနိုင်တယ်လို့လည်း အီရန်ဘက်က ထပ်ပြောပါတယ်။

    ဒေသတွင်းက အမေရိကန်၊ အစ္စရေးအခြေစိုက်စခန်းတွေနဲ့ ပိုင်ဆိုင်မှုအားလုံးဟာ အီရန်ရဲ့ တရားဝင်စစ်ရေး ပစ်မှတ်တွေဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာချီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌဆီ စာပေးပို့ခဲ့တယ်လို့ IRIB သတင်းမှာ ဖော်ပြပါတယ်။

    အမေရိကန်နဲ့ အစ္စရေးအစိုးရတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၂၊ အပိုဒ် ၄ ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာ ဖြစ်ပြီး အီရန်အစ္စလာမ်သမ္မတ နိုင်ငံအပေါ် လက်နက်ကိုင် ကျူးကျော်မှုရဲ့ ရှင်းလင်းတဲ့ ဥပမာလို့လည်း အာရတ်ချီက စာထဲမှာ ဖော်ပြထားပါတယ်။

    ဒီကျူးကျော်မှုလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၅၁ နဲ့ အညီ မွေးရာပါနဲ့ တရားဝင်ကိုယ်ပိုင် ကာကွယ်ရေးအခွင့်အရေးကို ကျင့်သုံးနေတယ်လို့ ပြောပါတယ်။

    အီရန်တပ်တွေက ရာဇဝတ်မှုဆိုင်ရာကျူးကျော်မှုကို ရင်ဆိုင်ဖို့၊ ရန်လိုတဲ့လုပ်ရပ်တွေကို တားဖို့ လိုအပ်တဲ့ ကာကွယ်ရေးစွမ်းရည်တွေနဲ့ အထောက်အကူပြုပစ္စည်းတွေ အားလုံးကို သုံးသွားမယ်လို့ ပြောခဲ့ပါတယ်။

    IRGC အကြီးတန်းတပ်မှူး အီဘရာဟင် ဂျက်ဘာရီက အီရန်ဟာ အမေရိကန်နဲ့စစ်ပွဲမှာ အဆင့်မြင့်နဲ့ အစွမ်းထက်ဆုံးဒုံးကျည်တွေကို သုံးဖို့ အသင့်ရှိတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။

    “ကျနော်တို့က ခင်ဗျားတို့ကို တိုက်ဖို့ အဆင့်မြင့်ဆုံး စွမ်းရည်တွေကို ဟိုးလွန်ခဲ့တဲ့ နှစ်တွေတည်းက တပ်ဆင်ထားတယ်”လို့ အီဘရာဟင် ဂျက်ဘာရီက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

  • စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ၉၀၀ တိုးကောက်ပြီး LNG နဲ့ ၂၄ နာရီမီးပေးမယ်လို့ စစ်အုပ်စုထုတ်ပြန်

    စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ၉၀၀ တိုးကောက်ပြီး LNG နဲ့ ၂၄ နာရီမီးပေးမယ်လို့ စစ်အုပ်စုထုတ်ပြန်

    စက်မှုဇုန်တွေ နဲ့ အထူးစီးပွားရေးဇုန်တွေ အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေ နဲ့ ၂၄ နာရီ လျှပ်စစ်ဖြန့် ဝေပြီး မီတာခ တစ်ယူနစ် ၉၀၀ တိုးမြှင့် ကောက်ခံမယ်လို့ စစ်အုပ်စု က ထုတ်ပြန်ထားပါတယ်။

    စစ်အုပ်စုရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့တာပြီး သီလဝါနဲ့ တခြား စက်မှုဇုန်တွေကိုလည်းအကြောင်းကြားထားတယ်လို့ သိရပါတယ်။

    အဆိုပါ သတ်မှတ်နှုန်းထားကစက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေအတွက်သာ ဖြစ်ပြီး အိမ်သုံးမီတာခနှုန်းထားတွေကိုတော့ ယခင်အတိုင်း ဆက်လက်ကောက်ခံသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

    စက်မှုဇုန်တွေအပြင် အိမ်ရာစီမံကိန်းတွေ၊ ကွန်ဒိုတွေနဲ့ ဟိုတယ်လုပ်ငန်းတွေကိုလည်း လျှပ်စစ်မီတာခ တယူနစ် ၉၀၀ ကျပ်နှုန်း ကောက်ခံသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားပါသေးတယ်။

    “၂၄ နာရီ မီးရမယ်ဆိုတာ လုပ်ငန်းရှင်တွေဘက်က ကြိုဆိုရမယ့် အချက်ပါ။ တကယ်ပဲ ၂၄ နာရီ တည်ငြိမ်စွာပေးနိုင်မယ်ဆိုရင် အချို့လုပ်ငန်းတွေ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် စနစ်ပိုင်းဆိုင်ရာ ပြတ်တောက်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် အခုလြု ဈေးနှုန်းအမြင့်နှုန်းပေးပြီး မီးမပြည့်ဝရတာမျိုး မဖြစ်စေချင်ပါဘူး” လို့ စက်မှုဇုန်အတွင်း ထုတ်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ဒါပေမယ့် တစ်ယူနစ် ၉၀၀ ကျပ်ဆိုတာ လက်ရှိကုန်ကျ စရိတ်မြင့်တက်နေတဲ့ အခြေအနေမှာ အလွန်မြင့်တဲ့နှုန်း ထားတစ်ခုဖြစ်နေပြီး အထူးသဖြင့် အထည်ချုပ်လို လျှပ်စစ်အသုံးများတဲ့ လုပ်ငန်းတွေမှာ ထုတ်လုပ်မှုကုန်ကျစရိတ် တက်လာနိုင်သလို နောက်ဆုံး ကုန်ဈေးနှုန်းတက်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

    လက်ရှိ စက်မှုဇုန်တွေမှာ ကောက်ခံနေတဲ့ မီတာခ နူန်းထားက တယူနစ်မှ ၅၀၀၀ ယူနစ်အထိကို ၂၅၀ ကျပ်ဖြစ်ပြီး ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိကို ၄၀၀ ကျပ် နဲ့ ၂၀၀၀၁ ယူနစ် နဲ့ အထက်ကို ၅၀၀ ကျပ်အထိသာ အများဆုံး ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ် ။

    ရန်ကုန်တိုင်းမှာတော့ စက်မှုဇုန် ၂၉ ဇုန်ရှိပြီးစက်မှုဇုန်တွေကို အရင်ကပေးထားတဲ့ လျှပ်စစ်မီးကိုတော့ အများပြည်သူကို ပေးမှာဖြစ်တာကြောင့် အရင်ကထက် မီးပြတ်တောက်မှု နည်းပါးသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က ဆိုထားပါတယ်။

  • မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏အဖွဲ့သားများ စီးနင်းလာသည့်ကားကို PDF တိုက်ခိုက်၍ ငါးဦးသေဆုံး

    မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏အဖွဲ့သားများ စီးနင်းလာသည့်ကားကို PDF တိုက်ခိုက်၍ ငါးဦးသေဆုံး

    ညောင်ဦး-မြင်းခြံလမ်းပိုင်းတွင် မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကားကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က တိုက်ခိုက်၍ ငါးဦးသေဆုံးသွားကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Pakokku Special Task Force က ထုတ်ပြန်ထားသည်။

    TDYM Mm News 2

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကော်မရှင် လက်ပါးစေ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကားကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်ဒီးနှင့် ရဲဘော် ဓာတ်ဗူး ဦးဆောင်သည့် ရဲဘော် (၁၀)ဦးက ညောင်ဦး-မြင်းခြံလမ်းပိုင်းတစ်နေရာအရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ထိုတိုက်ခိုက်မှုတွင် စစ်ကော်မရှင်အဖွဲ့ဝင် ငါးဦး‌သေဆုံးပြီး G4 သေနတ်တစ်လက်၊ ကာဘိုင် နှစ်လက်နှင့် ကျည်အများအပြားသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

    TDYM Mm News 3

    တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force(ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပကဖ)၊ Bagan Nyaung Oo Special Task Force အဖွဲ့နှင့် မကွေးတိုင်းပကဖ အမှတ်(၄) အထူးလှုပ်ရှားစစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။