Author: Baby Yit Lone

  • ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    ဘာကိုစိတ်ဓါတ်ကျရမှာလဲ ?

    စစ်ရှုံးမအလ အကြမ်းဖက်စစ်တပ်က အချိန်တန်ရင် ကျိန်းသေ ပြိုကိုပြိုကျမှာ။

    ——————————

    မအလက ဘာ​ရွေး​ကောက်ပွဲ​တွေလုပ်​နေ​နေ။ ဘာပလန်​တွေ ဆွဲ​နေ​နေ​။

    အချိန်တန်ရင် ဒီ​တော်လှန်​ရေး ကျိန်း​သေ နိုင်ကိုနိုင်လိမ့်မယ်။

    သူထိမ်းချုပ်နိုင်တဲ့ လက်တစ်ဆုပ်စာ မြို့ကြီးတွေပေါ်မှာသာ သွားလာပြနေတဲ့ မအလ။

    နောင်ချို ၊ သပိတ်ကျင်း နဲ့ လားရှိုး မြို့လေး ၃ မြို့လောက်ပြန်ရသွားတာကို ပွဲခံဂုဏ်ဆာပြနေတဲ့ မအလ ။

    အောက်မှာဖေါ်ပြထားတဲ့ မြေပုံကိုကြည့်လိုက်ပါ။

    တစ်နိုင်ငံလုံးမှာ မြို့ပေါင်း ၉၃ မြို့ကိုသိမ်းထားတာ။

    အဲဒီထဲက ၃ မြို့လောက် ပြန်ပါသွားတာ။

    ယ​နေ့အချိန်ထိ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၉၀ လောက်ကို ထိမ်းချုပ်သိမ်းပိုက်ထားဆဲဖြစ်တယ်။

    မအလ စစ်အုပ်စု​တွေ ရှက်တတ်ရင် လဲ​သေလို့ရတယ်။

    ဒါ့​ကြောင့် လူ​တွေက
    စစ်ရှုံး မအလ အကြမ်းဖက်စစ်အုပ်စုလို့ ခေါ်ကြတာဖြစ်တယ်။

    ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    အဲဒီမြို့တွေကို မအလ ခြေချရဲလား မေးကြည့်လိုက်။

    မအလ မပြောနဲ့ ကစထမှုး – တိုင်းမှုး – သက်ဆိုင်ရာ နယ်မြေတွေရဲ့ ဝန်ကြီးချုပ်ဆိုတဲ့ ကောင်တွေတောင် ခြေမချရဲဘူး။

    မြန်မာပြည်သမိုင်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း တော်လှန်ရေးအုပ်စုတွေဘက်က ဒီလို အောင်မြင်မှု့မျိုး ဘယ်တုန်းကမှ မရခဲ့ဖူးဘူး။

    ဒီထဲမှာ အမ်း( နပခ ) နဲ့ လားရှိုး( ရမခ ) လို တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုတောင် သိမ်းပိုက်နိုင်ခဲ့တယ်။

    ပထွေးတရုပ်ရဲ့ အကူအညီကြောင့် လားရှိုး ဌာနချုပ်ကိုပြန်ရသွားတာ။

    နို့မို့ဆို အခုချိန်ထိ လားရှိုးကို အနံ့တောင်ခံလို့ရမှာမဟုတ်သေးဘူး။

    မကြာခင် KIA လက်ထဲကို ဗန်းမော်မြို့ကြီးလည်း ကျတော့မှာဖြစ်တယ်။

    သူတို့ ခြေချလို့ မရတဲ့ မြို့နယ်တွေမို့ အဲဒီမြို့တွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူးဆိုပြီး အရှက်ကွဲခံပြီး တရားဝင်လူသိရှင်ကြား သတင်းထုတ်ပြန်ခဲ့ရတာက သက်သေဘဲ။

    ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    အကြမ်းဖက် စစ်အာဏာရှင်တော်လှန်ရေးမှာ ဘယ်တုန်းကမှ မပေါ်ခဲ့ဘူးတဲ့ –

    အင်အား ထောင်ပေါင်းများစွာရှိပြီး ဉီးဆောင်မှု့ နဲ့ စီမံခန့်ခွဲမှု့ အားကောင်းတဲ့ အဖွဲ့တွေဖြစ်တဲ့ –

    မောင်ဆောင်းခ ဉီးစီးတဲ့ ဗမာ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( BPLA ) ။

    ဒေါက်တာစိုးသူရဇော် ဉီးစီးတဲ့ မန္တလေး PDF ( MDY – PDF ) ။

    အကြမ်းဖက်စစ်အုပ်စုကို အထိနာအောင် စွမ်းဆောင်ရည် ရှိတဲ့ ဒီလိုအဖွဲ့တွေနဲ့ ဒီလိုအင်အားတွေ ရှိနေတာ

    ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    သူတို့စစ်အုပ်စုထဲမှာလည်း သူတို့ကို မကြိုက်တဲ့ ဖရဲသီးတွေကလည်း အများကြီးရှိနေကြတယ်။ မတတ်သာလို့ အခြေအနေမပေးသေးလို့သာ ကြောက်ပြီးငြိမ်နေကြတဲ့လူတွေမှ အများကြီး။

    NLD ကို ဝိုင်းပြီး မဲပေးခဲ့လို့ အနိုင်ရခဲ့တဲ့ မင်္ဂလာဒုံ – မှော်ဘီ – အင်းတိုင် – ရပ်ဆောက်- ဗထူး လို စစ်တပ်နယ်မြေတွေက သက်သေဘဲ ။

    ပြီးတော့ အာဏာရှင်သန်းရွှေ ရဲ့ သမက်အရင်းခေါက်ခေါက်ကြီး ဒေါက်တာနေစိုးမောင်လိုလူမျိုး။

    တချိန်က သူတို့ဘက်တော်သား ပြန်/ဝန်ဟောင်း ဦီးရဲထွဋ်လို လူမျိုးတွေတောင် သူတို့ရဲ့ လုပ်ရပ်တွေကိုလက်မခံဘဲ ပြည်သူဘက်ကရပ်တည်လာလို့ အခု ထောင်ထဲထည့်ထားတာတွေက
    ဒီတော်လှန်ရေး ရဲ့ အားသာချက် သက်သေတွေဘဲ။

    ပြီးတော့ –

    ဒီတော်လှန်ရေးမှာ ပြည်သူတရပ်လုံးရဲ့ တခဲနက်ထောက်ခံမှု့ ။ အားပေး ကူညီမှု့ တွေ ဆိုတာ ခေတ်အဆက်ဆက် ဘယ်တုန်းကမှ ဒီလိုမျိုး ရခဲ့ဘူးတာမဟုတ်ဘူး။

    တော်လှန်ရေးရဲ့ တပ်ဉီးဖြစ်တဲ့ NUG ပြည်သူ့အစိုးရကို မလိုသူတွေက ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ဘယ်လိုဘဲ ဝေဖန်ရှုပ်ချ ပုံဖျက်နေကြပေမယ့်

    ပြည်သူအများစုက အခုချိန်ထိ NUG ကို အားပေးထောက်ခံနေကြဆဲ။ ဝိုင်းရံနေကြဆဲ။ ယုံကြည်ကိုးစားနေကြဆဲ။ ထောက်ပံ့ နေကြဆဲဘဲ ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရဘူး။

    ဖျက်လိုဖျက်စီး လုပ်နေတဲ့ အနည်းစု လူတွေ ဝေဖန်လေကန်နေကြတာကို မကြည့်နဲ့ အားပေးထောက်ခံ ဝိုင်းရံနေကြဆဲဖြစ်တဲ့ အများစုလူထုကိုကြည့်ပြီး သုံးသပ်ပါ။

    ကျွန်တော်အသိဆုံး လက်တွေ့တစ်ခုပြောပြမယ်။

    ကျွန်တော်တို့ ဖလော်ရီဒါပြည်နယ်မှာ ကျွန်တော်နဲ့ ရင်းနှီးခင်မင်တဲ့ လူတစ်ဉီးရှိတယ်။

    ဒိတ်ဒိတ်ကြဲ ပညာတတ်လူတစ်ဉီး။

    သူဟာ NUG ကိုဘဲ တစိုက်မတ်မတ် အားပေးထောက်ခံတယ်။ အပြစ်မတင် အပြစ်မပြောဘူး။ ဝေဖန် လေကန်ရေးမလုပ်ဘူး။

    ကြိုက်ကြိုက် မကြိုက်ကြိုက် အခြေအနေနဲ့ အချိန်အခါအရ ဒီအချိန်မှာ တော်လှန်ရေး တပ်ဦးဖြစ်တဲ့ NUG ကိုသာ အားပေးထောက်ခံရမယ်ဆိုတဲ့ ခံယူထားတဲ့လူ။

    သူ ဒီတော်လှန်ရေး အစ ကနေ ယနေ့အချိန်ထိ သူ့ကိုယ်ပိုင်ငွေ နဲ့ ထောက်ပံ့ကူညီခဲ့တာ ဒေါ်လာ ၁.၅ သန်းကျော်ရှိနေပြီ။

    CDM တွေကိုလည်းကူညီတယ်။

    စစ်ဘေးရှောင်တွေကိုလည်းကူညီတယ်။

    တော်လှန်ရေးအဖွဲ့တွေကိုလည်းထောက်ပံ့တယ်။

    သူဟာ COC အဆင့်ဆင့်အမိန့် နာခံမှ ဒီတော်လှန်ရေး အမြန်အောင်မြင်မယ်ဆိုတာ သိထားတဲ့အတွက်

    NUG အစိုးရရဲ့ MOD လက်အောက်ခံ PDF အဖွဲ့တွေကို ပိုပြီးကူညီထောက်ပံ့တယ်။

    လူတစ်ယောက်ထဲက သူကိုယ်ပိုင်ငွေနဲ့ ဒေါ်လာ ၁.၅ သန်း ထောက်ပံ့ကူညီခဲ့တဲ့ လူ။

    ယနေ့အချိန်ထိ ကျွန်တော်က

    “ အကိုရေ ဘယ်နေရာ ဘယ်အဖွဲ့က ဘာအကူအညီလိုနေလို့ “

    ဆိုပြီး ပြောလိုက်တာနဲ့ ချက်ချင်း ကူညီပေးနေတဲ့လူ ။

    ဒီလို လူမျိုးတွေ ရှိနေတဲ့ ဒီတော်လှန်ရေး အချိန်တန်ကြရင် ဘာလို့ မနိုင်ရမှာလဲ ?

    ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    NUG ကို ဝေဖန် လေကန်ရေး လုပ်ပြီး စစ်အုပ်စုအားရအောင် ဖျင်ယားပြနေကြတဲ့လူတွေ။

    ပြည်သူကို စိတ်ဓါတ်ကျစေမယ့် စကားတွေပြောပြီး အာသီးယောင်နေကြတဲ့လူတွေရဲ့ စကားတွေကိုကြားပြီး

    ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    တနေ့တခြား အင်အားတောင့်တင်းခိုင်မာလာပြီး တိုက်ရည်ခိုက်ရည်ပြည့်ဝလာတဲ့

    မောင်ဆောင်းခ ဉီးစီးတဲ့ BPLA လိုတပ်တွေ။

    အင်အားထောင်ပေါင်းများစွာရှိပြီး မြို့တွေကို သိမ်းပိုက်ထားနိုင်တဲ့ ဒေါက်တာစိုးသူရဇော်ဉီးစီးတဲ့ မန္တလေး PDF လို တပ်တော်ကြီးတွေ ။

    ပေါ်ပေါက်လာတာကိုလည်း မြင်အောင်ကြည့်ပြီး အားတွေမွေးတတ်ဘို့လိုတယ်။

    မအလ က သူခြေချလို့ရတဲ့ မစွတ်မပြွတ် ကျန်နေတဲ့ မြို့ကြီးတွေပေါ်မှာ ပွဲတွေတက် လမ်းသလားပြနေတာလောက်ကို ကြည့်ပြီး အထင်သွားကြီးမနေကြနဲ့။

    ယနေ့အချိန်ထိ တော်လှန်ရေး အင်အားစုတွေက မြန်မာတစ်နိုင်ငံလုံး မြို့ပေါင်း ၉၀ လောက်ထိ သိမ်းပိုက်ထားဆဲ ဆိုတာကိုလည်း မြင်အောင်ကြည့်တတ်ဘို့လိုတယ်။

    ဒီလို အခြေအနေမှာ ဘာကိုစိတ်ဓါတ်ကျရမှာလဲ ?

    ပြည်သူတွေဘက်မှာလဲ သူ့ကိုယ်ပိုင်ငွေနဲ့ ဒေါ်လာ ၁.၅ သန်းအထိ ကူညီထောက်ပံ့ခဲ့ပြီး ယနေ့အချိန်ထိလည်း ကူညီပေးနေဆဲ လူမျိုးတွေရှိနေတာ

    ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    ဒီတော်လှန်ရေး မကြာခင်မှာ ကျိန်းသေ နိုင်ကို နိုင်ရလိမ့်မယ်။

    Henry Aung ( Florida )

  • ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်

    ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်

    ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၅ ရက်ဆက် ၆၀ မမ ဗုံး ၄၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Federal Revolution Force-FRF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၇ရက်နေ့အထိ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာတစ်ရွာတွင် အင်အား ၈၀ ခန့်ဖြင့် အထိုင်ကျ တပ်စွဲထားစဉ် KNDO ပူပေါင်းအဖွဲ့များ နှင့် FRF ရဲဘော်များက ၆၀ မမ လက်နက်ကြီး ၄၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

    ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေး အင်အားကတော့ ၈၀လောက်ရှိတယ်။ လက်ရှိချိန်ထိ စစ်ခွေးတွေဘက်က လေကြောင်းသုံး တိုက်ခိုက်နေပါတယ်။ သြဂုတ် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ ထိ ပစ်ခဲ့ပါတယ်။ လက်နက်ကြီး ၄၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ လက်ရှိချန်ထိ တိုက်ပွဲပြင်းထန်နေပါတယ်။ ညီမတို့ အဖွဲ့က ၆၀ မမ လက်နက်ကြီးထုတ်ပါတယ် ကိုယ်တိုင်လည်းရှေ့တန်ထွက်ပစ်တယ်။ စစ်ခွေး သေးဆုံးမှုက ခန့်မှန်းခြေ ၁၀ ကောင်ကျော် လောက်ရှိမယ်။ ထိခိုက်မူအများပြားရှိပါတယ်။ KNDOနဲ့က ပူပေါင်းတိုက်တာပါ။ FRF က ထုတ်လုပ်ပြီး KNDOနဲ့ပူပေါင်း တိုက်တာပါ” ဟု Federal Revolution Force-FRF မှ တာဝန်ရှိသူက ပြောဆိုသည်။

    လက်ရှိအချိန်အထိ ကော့ကရိတ်မြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

  • ပြည်သူကိုမျက်နှာမူလို့ရွေးကောက်ပွဲဝင်ပြိုင်တာလို့ပြည်သူ့ပါတီဆို

    ပြည်သူကိုမျက်နှာမူလို့ရွေးကောက်ပွဲဝင်ပြိုင်တာလို့ပြည်သူ့ပါတီဆို

    “ရုံးခန်းဖွင့်သွားတာတောင် မသိလိုက်ပါဘူး။ ဘိုကလေးက အဲ့လောက်လည်း ကျယ်တာမဟုတ်ပေမယ့် သူတို့ကို စိတ်မဝင်စားကြလို့ဖြစ်မယ် သတင်းမသိလိုက်ဘူး။ ကျွန်တော်ကတော့ဗျာ မျက်မှန်စိမ်းနဲ့ကြည့်တယ်ပြောပြော ဒီရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက ဒါက ပြည်သူကို မျက်နှာမူတာ မဟုတ် တော့ဘူးလို့ပဲ မြင်ပါတယ်”လို့ လူမှုကူညီရေး တက် ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။

    ပြည်သူ့ပါတီက ပြည်သူကိုမျက်နှာမူတဲ့ပါတီဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးကိုကိုကြီးက ဩဂုတ်လ ၁၇ ရက်နေ့က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပါတီရုံးခန်းဖွင့်လှစ်ပွဲမှာ ပြောခဲ့တယ် လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

    “သူနဲ့ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ နိုင်ငံရေး ဖြတ် သန်းမှုတွေကိုပြောတယ်။ သူတို့က ပြည်သူကို မျက်နှာမူလို့သာ ဒီလမ်းကို(ရွေးကောက်ပွဲဝင်ပြိုင်ဖို့)ရွေးချယ်တာဖြစ်ကြောင်းပြောတယ်။ သူတို့က ပြည်သူကို ပျက်ဆီးအောင်မလုပ်ဘူးပေါ့ အဲ့ဒါမျိုးတွေလည်း ပြောတယ်”လို့ ဒေသခံတဦးက ဆိုပါတယ်။

    ဒီဒေသခံဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုထောက်ခံသူဖြစ်ပေမယ့် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နီးစပ်မှုရှိသူ တဦးဖြစ်ပါတယ်။

    ပြည်သူ့ပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲတုန်းက ဘိုကလေးမြို့နယ်မှာဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေမယ့် ဧရာဝတီတိုင်းထဲက မြို့နယ် ၉ ခုမှာ ပြည်သူ့လွှတ်တော်နေရာကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီကိုအပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

    ဒါ့အပြင်ကျုံပျော်မဲဆန္ဒနယ်ထဲက တချို့မဲရုံတွေမှာ ပြည်သူ့ပါတီဟာ တမဲမှ ရရှိခဲ့ခြင်း မရှိဘူးလို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

    “ရုံးခန်းဖွင့်သွားတာတောင် မသိလိုက်ပါဘူး။ ဘိုကလေးက အဲ့လောက်လည်း ကျယ်တာမဟုတ်ပေမယ့် သူတို့ကို စိတ်မဝင်စားကြလို့ဖြစ်မယ် သတင်းမသိလိုက်ဘူး။ ကျွန်တော်ကတော့ဗျာ မျက်မှန်စိမ်းနဲ့ကြည့်တယ်ပြောပြော ဒီရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက ဒါက ပြည်သူကို မျက်နှာမူတာ မဟုတ် တော့ဘူးလို့ပဲ မြင်ပါတယ်”လို့ လူမှုကူညီရေး တက် ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။

    စစ်ကောင်စီက လာမယ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲစတင်ပြုလုပ်မယ်လို့ ဒီကနေ့ ဩဂုတ် ၁၈ ရက်နေ့မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။

    ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကိုမသိရသေးခင် အချိန်ကတည်းက ဧရာဝတီတိုင်းထဲမှာ ပါတီရုံးခန်းဖွင့်လှစ်မှု အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ပါတီလှုပ်ရှားမှုတွေကို ပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။

    ပြည်သူ့ပါတီရဲ့ ထုတ်ပြန်ချက်တွေအရလည်းအခုလအတွင်းမှာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲမှာ ရုံးခန်းတွေ ဆက်တိုက်ဖွင့်လှစ်နေတယ်ဆိုတာ သိရပါတယ်။

    အာဏာသိမ်းစစ်တပ်က အပိုင်းလိုက်ခွဲပြုလုပ်ဖို့ကြေညာထားတဲ့ လာမယ့်ရွေးကောက်ပွဲမှာစစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီကိုးခုတနိုင်ငံလုံးအတိုင်းအတာဝင်ပြိုင်မှာဖြစ်ပြီးစုစုပေါင်း ပါတီ ၅၀လောက်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ စစ်ခေါင်းဆောင်ကပြောဆိုထားတာပါ။