Author: Baby Yit Lone

  • မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်

    မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်

    စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ်သော ဧရာ၀တီ မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ဟု မြန်မာဘူမိသိပ္ပံပညာရှင်များ သတိပေး

    တရုတ်တွင် ဘန်ချောင်-Banqiao ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ် သော ဧရာ ၀တီ မြစ်ဆုံစီမံကိန်းတွင် တည်ဆောက်မည့် ဆည်များ ပျက်စီးခဲ့လျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ကြောင်း မြန်မာ ဘူမိသိပ္ပံပညာရှင်များက သတိပေးချက်ထုတ်ပြန်လိုက်သည်။

    ဧရာ၀တီမြစ်ဆုံ ခေါ် မြစ်ဆုံ ရေကာတာ ပြန်လည် စတင်ရန် ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်များအနေဖြင့် ပညာရပ်ဆိုင်ရာ အခြေခံသော အချက် အလက်များအရ မြစ်ဆုံဆည် ဆောက်လုပ်ရန် လုံး၀ မသင့်တော်သည်ကို အကြံ ပြုလိုကြောင်း၊ မြစ်ဆုံဒေသသည် ငလျင်ဇုန်တိုင်းတာမှုဇယားအရ အန္တရာယ်ကြီးမားသည့် ပြင်းထန်ငလျင်ဇုန်တွင်ရှိနေကြောင်း၊ ဘူမိဗေဒဆိုင်ရာ အနေအထားအရ မကြာသေးသော ကာလ ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ရှားခဲ့သည့် အင်အားပြင်း ငလျင်ကို ဖြစ်ပေါ်စေသည့် စစ်ကိုင်းပြတ်ရွေ့ကြီးနှင့် အ လွန် နီးကပ်နေကြောင်း၊ မြစ်ဆုံကဲ့သို့သော နေရာတွင် ကြီးမားသော ဆည်နှင့်ရေကာတာများ တည်ဆောက်ပါက ရေကာတာကြီးကြောင့် ဖိအားပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်များ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြထားသည်။

    ယင်းအပြင် သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ အဆိုပါ မြစ်ဆုံဒေသ၏ မေခနှင့် မလိခမြစ်ဝှမ်းတစ်လျှောက် တန်ဖိုးကြီးပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ရွှေနှင့်မြေရှားသတ္တုသိုက်ကြီးများ အပါအဝင် အဖိုးတန်သယံဇာတများ တွေ့ရှိနိုင်မည့် ဒေသဖြစ်ကြောင်း၊ မြစ်ဆုံဒေသတွင် မိုး သည်း ထန်ခြင်း၊ မတ်စောက်သော တောင်တန်းများ ရှိခြင်းနှင့် မတည်ငြိမ်သော ဘူမိ ဗေဒအနေအထားများကြောင့် မြေပြိုမှုများဖြစ်ပေါ်လာနိုင် ကြောင်း မြန်မာဘူမိသိပ္ပံပညာရှင်များက ဆက်လက် ထောက်ပြထားသည်။

    ဧရာ၀တီမြစ်တစ်လျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းသည် သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနုအပေါ် မှီခိုနေရသည့် မြစ်ဝှမ်းတလျှောက် ကိုင်းကျွန်းလုပ်ငန်းများနှင့် ဧရာ၀တီမြစ်၀ကျွန်းပေါ်၏ စိုက်ပျိုးရေးကို ထိခိုက်နိုင်ကြောင်း သိရှိရသည်။

    အရေးကြီးသော သတိပြုရမည့် အချက်အနေဖြင့် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသတွင် ဆည် ၇ ခု ဆောက်လုပ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့် တစ်ပြိုင် နက် ပျက်စီးမည်ဆိုပါက မြစ်ဆုံဒေသအပြင် ကချင်ပြည်နယ်နှင့် မြန်မာပြည်တစ်ပြည်လုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်ကြောင်း ထပ်မံ သတိပေးထားသည်။

    မြစ်ဆုံကဲ့သို့​ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်လျှင် အထက်ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုး ပြီး နိုင်ငံများ အပါ အဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဆက်လက် သတိပေးထားသည်။

    ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် ၁၉၅၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆည်နှင့်ရေ ကာတာပေါင်း ၃၆၀၀ ကျိုးကျပျကစီးခဲ့ပြီး ထိုအထဲတွင် ဘန်ချောင် (Banqiao) ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကြောင်း ဥပမာပေး ထောက်ပြထားသည်။

    ၁၉၇၅ ခုနှစ် တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ် (Henan Province)တွင် ဘန်ချောင် (Banqiao) ဆည်ပြိုကျမှုသည် လူသားသမိုင်းတွင် အသေအပျောက် အများဆုံးနှင့် အဆိုးရွားဆုံး ဆည်ပြိုကျမှုကြီးဖြစ်ခဲ့သည်။

    ၁၉၇၅ ခုနှစ် ဩဂုတ်လအတွင်း တိုင်ဖွန်းမုန်တိုင်း နီနာက တရုတ်နိုင်ငံ ဟီနန်ပြည်နယ်အပေါ်တွင် ရပ်တန့်သွားပြီး မကြုံစဖူး ပြင်းထန်သည့် မိုးရွာသွန်းမှုကို ဖြစ်စေခဲ့ကြောင်း၊ ၂၄ နာရီအတွင်း ၁၀၆ စင်တီမီတာ (တစ်နှစ်စာ မိုးရေချိန်နီးပါး) ရွာသွန်းခဲ့ကြောင်း၊ ဘန်ချောင်ဆည်ကို “နှစ်ပေါင်း ၁၀၀၀ တွင် တစ်ကြိမ်” ဖြစ်နိုင်သည့် ရေကြီးမှုကို ခံနိုင်ရည်ရှိအောင် တည် ဆောက်ခဲ့သော် လည်း တကယ့်လက်တွေ့တွင် ရွာသွန်းသည့် မိုးက ဆည်တည်ဆောက်ခဲ့သည့် ဒီဇိုင်းထက် အဆပေါင်းများစွာ ပိုများနေခဲ့သဖြင့် နောက်ဆုံးတွင် ဆည်ကျိုးကျခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည်ကျိုးကျချိန်တွင် မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး တရုတ်ပြည်သူများကို သတိပေးရန် အချိန်မရလိုက်ကြောင်း၊ ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ နံနက် ၁ နာရီဝန်းကျင်တွင် ဘန်ချောင်ဆည် စတင်ပြိုကျခဲ့ပြီး ရေလှိုင်းအမြင့်မှာ ၁၀ မီတာ (၃၃ ပေ) ကျော်ရှိပြီး အကျယ် ၁၁ ကီလိုမီတာ (၇ မိုင်) ခန့် ရှိကြောင်း၊ ဆည်မှ ကျိုး ပေါက်လာသော ရေလှိုင်းမှာ တစ်နာရီကို ၅၀ ကီလိုမီတာ (၃၁ မိုင်) နှုန်းဖြင့် ဆည်အောက်ဘက်ရှိ ကျေးရွာများကို အကြီးအကျယ်တိုက်စား ရေလွှမ်းမိုးသွားခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည် ပြိုကျမှုကြောင့် ဆည်အောက်ဘက်ရှိ ဆည်ငယ်ပေါင်း ၆၁ ခု ပါ ဆင့်ကဲဆင့်ကဲ (Domino effect) ပြိုကျသွားခဲ့ပြီး ယင်းအချိန် တရုတ် အစိုး ရ၏ တရားဝင်ထုတ်ပြန်ချက်အရ လူပေါင်း ၂၆,၀၀၀ သေဆုံးခဲ့ကြောင်း၊ သို့ရာ တွင် သုတေသီများ၏ ထုတ် ဖော်ချက်များအရ ပြည်သူ စုစုပေါင်း ၁၇၁,၀၀၀ မှ ၂၃၀,၀၀၀ အကြား အထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည်ပြိုကျမှုကြောင့် လူပေါင်း ၁၁ သန်း ခန့် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၆ သန်း နီးပါး ပျက်စီးခဲ့ကြောင်း၊ ဆည်ကျိုးပြီးနောက် သန့်ရှင်းသည့် ရေမရရှိမှုကြောင့် ကာလဝမ်းရောဂါနှင့် တခြား ကူးစက်ရောဂါတွေကြောင့် လူအများအပြား ထပ်မံသေဆုံးခဲ့ရကြောင်း သိရှိရသည်။

    တရုတ်အစိုးရက ဘန်ချောင်ဆည်ပြိုကျသည့် သတင်းကို နှစ်ပေါင်း ၃၀ ကြာ လျှို့ဝှက်ထားခဲ့ပြီး ၂၀၀၅ ခုနှစ်ကျမှသာ သတင်းအချက်အလက် စာရွက် စာ တမ်းများဖြင့် တရားဝင် လူသိရှင်ကြား သတင်း ထုတ်ပြန်ခဲ့သည်။

  • လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု  ဦးနေမျိုးဝေ ကြေညာ

    လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု ဦးနေမျိုးဝေ ကြေညာ

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု ကြံ့ခိုင်ရေးပါတီနှင့်စစ်တပ်၏မဟာမိတ်ပါတီဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (Peace and Diversity Party)၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိနာယက ဦးနေမျိုးဝေက ကြေညာလိုက်သည်။

    ရိုဟင်ဂျာများကို “ပစ်သတ်၊ သတ်ပစ်၊ ပစ်မြှုပ်၊ မြှုပ်ပစ်” ဆိုသည့် ၎င်း၏ ယခင် ပြောဆိုချက်များကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က လူမျိုးတုံးသတ်ဖြတ်မှု သက်သေအဖြစ် ကြားနာနေသည်။

  • မိသီတာရဲ့ ကူလီကူမာကွက်တွေ ဖော်ပြီဟေ့

    မိသီတာရဲ့ ကူလီကူမာကွက်တွေ ဖော်ပြီဟေ့

    သီတာယုမွန်က စိန်လွင်ဟာ သူ့ယောက်ျားမဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ၄ နှစ်က ကွာရှင်းထားတာလို့ပြောတာဟာလိမ်တာဖြစ်တယ်။ အခု မြင်းခြံခရိုင် တပ်ရင်း ၃ ကဖမ်းထားတာဟာ သူနဲ့ဘာမှမဆိုင်တဲ့လူဖြစ်တယ်၊ ဒါကြောင့်သူကိုဘာမှမသက်ရောက်ဘူးဆိုတဲ့ ပုံစံချိုးပြတာဖြစ်တယ်။ နောက်ပြီး သူယောက်ျားကိုဖမ်းထားတာ PDF တွေဖြစ်တဲ့အတွက် သူနဲ့မသက်ဆိုင်ဘူးလို့ပြောခြင်းအားဖြင့် သူ့ယောက်ျားသက်သာရာရနိုင်တယ်လို့သူယူဆတယ်။ စိန်လွင့်ကို ဖမ်းသွားတာ အကြမ်းဖက်စစ်တပ်ဆိုရင် ဒါကျွန်မယောက်ျားပါဆိုပြီးလိုက်ကယ်ထုတ်မှာဖြစ်တယ်။

    သီတာယုလွင်ဟာ တချိန်က ကေတီဗီမှာ အခကြေးငွေပေးပြီး တညတာပျော်ပါးဖို့ခေါ်လို့ရတဲ့သူလို့သိရတယ်။ သူတို့လိုလမ်းဘေးမှာရှင်သန်ကြီးပြင်းခဲ့သူတွေက လူကျောနပ်တယ်၊ လူရည်လယ်တယ်။ဉာဏ်နီဉာဏ်နက်များတယ်၊ ကလိမ်ကကျစ်ကျတယ်၊ ဗြောင်လိမ်ဗြောင်စားလုပ်ကြတယ်။ အဲ့ဒါလမ်းဘေးနေလူတန်းစားရဲ့သဘောသဘာဝဖြစ်တယ်။ အဲ့ဒါကြောင့် ဒီအမျိုးသမီးက ဒီပုံစံဖြစ်နေတာဖြစ်တယ်။ သူ့ယောက်ျားပျောက်သွားစဉ်က ပြာယာခတ်ပြီးKTV အစုံလိုက်ရှာတဲ့မိန်းမက ၊ သူယောက်ျားဘယ်မှာရှိနေတယ်၊ အန္တရယ်ကင်းတယ်လဲသိသွားရော လေသံပြောင်းသွားတာဖြစ်တယ်။ စိန်လွင်ကိုယ်တိုင်က သူဟာသီတာယုမွန်ရဲ့ လက်ရှိယောက်ျားပါ၊ တအိမ်ထဲနေတယ် လို့ထွက်ဆိုထားတယ်။

    နောက်ပြီးသီတာယုမွန်တို့လို အလေအလွင့်၊ ကလိမ်ကကျစ်တွေဟာ သူတို့ကိုယ်တိုင် တခြားသူတွေအပေါ်ဖျံကျနေကြဖြစ်တဲ့အတွက် ၊ တခြားသူတွေကသူတို့ကိုဖျံကျမယ်လို့အမြဲထင်ကြတယ်၊ အဲ့ဒီတော့ တခြားသူကို ဘယ်တော့မှမယုံဘူး၊ ဒါကြောင့်စိန်လွင်ဟာ သူ့ယောက်ျားမဟုတ်တော့ဘူးဆိုရင် ပြည်သူ့စစ်ဒုခေါင်းဆောင်အဖြစ်ဆက်ထားမှာမဟုတ်ဘူးဆိုတာတွက်ကြည့်လို့ရတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကကွာရှင်းထားတဲ့ယောက်ျားကို သူရဲ့ဒုခေါင်းဆောင်အဖြစ်ဆက်ထားတယ်ဆိုတာ ဟာသဖြစ်နေတယ်။ ဒီအမျိုးသမီးလိမ်နေတာသိသာစေတယ်။

    စိန်လွင်ဟာ ဘာမသုံးစားမရတဲ့ကောင်ဆိုတာကသိသာတယ်။ ၂၄ နာရီဆေးသုံး၊ ဖာချနေတဲ့သူမျိုးဖြစ်တယ်။ အဲ့လိုလူကို ဒုခေါင်းဆောင်နေရာမှာပေးထားတာ သူ့ယောက်ျားဖြစ်နေလို့ဖြစ်တယ်။ စိန်လွင်ကိုဖမ်းဆီးမိစဉ်က မူယစ်ဆေး ၊ လိင်ဆက်ဆံတဲ့ဆေးနှင့် အမျိုးသမီးငယ်နှစ်ဦးနှင့် အတူတူဖမ်းဆီးမိခဲ့တာဖြစ်တယ်။ အဲ့လ်ိုလူကို သီတာယုမွန်က စိတ်ပျက်တာဖြစ်နိုင်ပေမယ့် ၊ ကာလရှည်ကြာပေါင်းလာကြတဲ့ လင်မယားမကွာနိုင်လို့ဆက်ပေါင်းနေတာလို့ယူဆတယ်။ ဒါကြောင့်လည်း ဒီလောက် သောက်သုံးမကျသူကို ဒုတာဝန်ခံအနေနဲ့ဆက်ထားတာဖြစ်တယ်။

    သီတာယုမွန် နဲ့ စိန်လွင်ဘယ်လိုပဲပက်သက်၊ ပက်သက် ၊ စိန်လွင်ဟာ သူတို့သမီးနှစ်ဦးရဲ့အဖေဖြစ်တယ်။ သီတာယုမွန်က စိန်လွင်နဲ့ရပြီးမွေးသည်ဖြစ်စေ၊ မမွေးသည်ဖြစ်စေ သမီးနှစ်ဦးအတွက် စိန်လွင်ကို သူတို့အဖေပဲဖြစ်တယ်။ ဒါကြောင့် စိန်လွင်ကို ဖမ်းမိထားခြင်းဟာ သူတို့မိသားစုရဲ့ အားနည်းချက်ကိုနင်းထားတာပဲဖြစ်တယ်။ မာဒူရိုကို ထရမ့်က သူနားလည်နိုင်တဲ့ ဘာသာစကားနှင့် ဆက်သွယ်ခဲ့တာကို ကျွန်တော်တို့စဉ်းစားဖို့လိုတယ်။ သူတို့နားလည်နိုင်တဲ့ ဘာသာစကားက အကြောက်တရား ဖြစ်တယ်။

    ဒီလိုပြောလို လက်စဖျောက်ရမယ်ဆိုရင် ၊ မှားတယ်။ စိန်လွင်ဟာ “ စာရင်းစာအုပ်’ ဖြစ်တယ်၊ သူ့ဆီကရသမျှအချက်အလက် ၊ ရသမျှစာရင်းအကုန်ယူထားရမယ်။ နောက်ပြီး စိန်လွင်မရှိတော့ရင် သီတာယုမွန်တို့ကရက်အနည်းငယ်ဝမ်းနည်းပြီးမေ့ပျောက်သွားလိမ့်မယ်။ စိန်လွင်ကို ရရှိထားတာဟာ သီတာယုမွန်တို့ရဲ့ ငယ်ထိပ်ပေါ်တက်နင်းထားတာဖြစ်တယ်။ သီတာယုမွန်အတွက်စိန်လွင်က အရေးမကြီးရင်တောင် ၊ သမီးနှစ်ဦးအတွက်စိန်လွင်က အရေးကြီးတယ်။ သီတာယုမွန်အတွက် သမီးနှစ်ဦးကအရေးကြီးတာကသေချာတယ်။ အဲ့ဒီတော့ သမီးနှစ်ဦးနာကျင်ရရင် သီတာယုမွန်ခံနိုင်မှာမဟုတ်ဘူးဆိုတာသေချာတယ်။ အဲ့ဒါကြောင့် စိန်လွင်ကိုရထားတာဟာ သီတာယုမွန်တို့ကို နိုင်ကွက်ကိုင်ထားတာဖြစ်တယ်။

    သီတာယုမွန်တို့အဖွဲ့ပြည်သူတွေအပေါ်တစ်ခုခုကျုးလွန်ချင်ရင်​တောင် ။ သူတို့​ယောက်ျားက ပြည်သူ့သူရဲ​ကောင်း​တွေလက်ထဲမှာရှိ​နေတဲ့အတွက် သူတို့လုပ်ရဲဖို့ခက်သွားမယ်။ ဒါဆို သီတာယုမွန်တို့အဖွဲ့ဟာ ဘာမှမလုပ်ရဲတော့တဲ့ အခြေအနေဖြစ်သွားပြီဖြစ်တယ်။ တချိန်တည်းမှာ စိန်လွင်ကို ရသမျှစစ်မေးနေဖို့လိုတယ်။ စိန်လွင်ဟာ သူသိသမျှအကုန် ပြောအောင် ရှိသမျှ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနနဲ့ နည်းမျိုးစုံသုံးပြီးစစ်မေးကြရမယ်။

    ကလေးဘဝသရဲကြောက်တာ မမြင်ရလို့ဖြစ်တယ်၊ မမြင်ဖူးလို့ဖြစ်တယ်။ မသိရခြင်းဟာ အကြောက်တရားကိုဖြစ်စေတယ်။ အမှောင်ဟာ ခြောက်ခြားမှုကိုဖြစ်စေတယ်။ ဘာဆက်ဖြစ်မှာလဲ မသိရတဲ့အခြေအနေဟာ ထိန့်လန့်စီုးရွံ့မှုကိုဖြစ်စေတယ်။

    အသက် ၂၀ အရွယ် ပိန်ပိန်သေးသေး စာကြမ်းပိုး စက်မှုတက္ကသိုလ် ကျောင်းသားလေး ဖြစ်တဲ့ ကျွန်တော့်ကို ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းအတွက် အကြမ်းဖက်စစ်တပ်က ဖမ်းဆီး နှိပ်စက် စစ်မေးခဲ့စဉ်က ခေါင်းကိုအချိန်ပြည့်စွပ်ထားပြီး ဘယ်သူက ၊ ဘယ်အချိန်၊ ဘယ်လိုနှိပ်စက်မလဲ စိုးရိမ်ကြောက်ရွံ့နေအောင် လုပ်ခဲ့တာဖြစ်တယ်။ လက်နက်ဆို အပ်တိုတစ်ချောင်းတောင်မပါပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ကျွန်တော်တို့တွေကို လူပေါင်းများစွာသတ်ခဲ့တဲ့ ရာဇဝတ်ကောင်ကြီးတွေ အလား ခေါင်းစွပ် ၊ လက်ပြန်ကြိုးတုပ်၊ ဦးခေါင်းပေါ် ဖိနပ်နဲ့ နင်းထားပြီး နည်းမျိုးစုံ နှိပ်စက် စစ်မေးခဲ့တာဖြစ်တယ်။ ( အဲ့ဒိအချိန်က အတွေ့အကြုံကို လူငယ်တွေသိရအောင် ပြန်ရေးပြမယ်လို့ ဆုံးဖြတ်ထားတယ်။ )

    ဒါတွေဟာ အကြမ်းဖက်ခေါင်းဆောင်တစ်ဦးဖမ်းမိခဲ့ရင် ဘယ်လိုထားရမလဲ ဘယ်လိုစစ်မေးရမလဲဆိုပြီး စဉ်းစားတဲ့အခါ အခြေခံစဉ်းစားရမည့်အချက်တွေဖြစ်တယ်။

    ✍🏻ဦးမျိုးရန်နောင်သိန်း

    အမှန်တော့ သူမ အရမ်းကြောက်
    နေပါပြီ…..m
    တုန်ရီစွာ ထွက်လာတဲ့စကားလုံး
    တွေက သက်သေ..😁

    ဖင်ရှိရင်လင်ရှိတယ်..😜
    ဖင်ယားရင်လဲ လင်မရှားပါဘူး…🤣🤣🤣
    လင်တစ်ယောက်ထွက်သွားလို့အစားအသောက်ပျက်မယ်မထင်နဲ့..

    သီတာယုမွန်သမိုင်းမှာ…
    ယောက်ျားတိုင်းကိုလင်တော်ရဖို့
    ဖင်ဖော်ပြ လိုက်ရုံပဲ..ဟဲ..ဟဲ..

    မျက်ရည်ဆိုတာယုမွန်အတွက်ယောက်ျားသေရင်ငိုဖို့အကန့်မဟုတ်ဘူးနော်သိဖို့…

    နေပါဦး…နင်တို့ဖမ်းမိတာငါ့လင်..ဆိုတော့ ပထမ၊ဒုတိယ,တတိယ၊စတုတ္ထ,ပဉ္စမ ဆဋ္ဌမလားဘယ်လင် တုန်းမေးပေးဦးနော်…

    ငါလင်စာရင်းတောင်ငါမမှတ်မိတောဘူးပဒက်လေးတွေရဲ့…

    ငါ့လင်ကိုဖမ်းမိတယ်ဆိုပြီးဂုဏ်ဆာပြမနေနဲ့..
    ရင်ကိုမခုန်တာနော်🤣

    မှတ်ထား..ပဒက်တွေ..
    သီတာယုမွန်ဘဝမှာဖင်ပေါက်ရှိနေသရွေ့
    လင်ပျောက်မှာကြောက်ကိုမကြောက်ဘူး…
    ဖင်ချောတော့လင်ပေါတယ်လေ…

    😂😂😂
    ရယ်လိုက်ရတာ..၁၆.နှစ်မပြည်ခင်ကထဲကဖင်သရမ်းပီးလင်ဖမ်းလာတာဟေ့…
    ပြည့်တန်ဆာကို,ဂေါ်လီတပ်ခြိမ်းခြောက်နေတော့…
    ရယ်တာပေါ့..🤣🤣🤣🤣

    ပုံ/သီတာယုမွန်

    တို့တွေကလည်း ပြန်ရယ်တာပေါ

    😂😂😂😂😂😂😂😂😂😂

    ✍🏻MayCho🤎🤎

    “အာဏာရှင် လက်ပါးစေဟာ အာဏာရှင် အချိုးပဲ ချိုးပါတယ်…ဒီပုံမှာဆိုကြည့်ပါ”

    သီတာယုမွန် အိမ်မှာနေပြီး မုန့်စားတာကို သေနတ်ကိုင်ပြီး စောင့်ပေးနေရတာ တယောက်။ ယပ်ခတ်ပေးရတာ တယောက်။ပိုက်ဆံအိပ်နဲ့ ဖုန်းကို ကိုင်ပေးရတာ တယောက်။

    ဒီမိန်းကလေးတွေ အနေနဲ့လည်း တာဝန်ထမ်းဆောင်နေတာလား၊ ကျွန်ခံနေရတာလားဆိုတာ ကွဲကွဲပြားပြား ခွဲခြားတတ်ပုံမရပါဘူး။

    လက်နက်နဲ့ တည်ဆောက်ထားတဲ့ အာဏာအပေါ် အလွဲ သုံးစားလုပ်ပြီး လက်‌အောက် ငယ်သားတွေ အပေါ် ကျွန် ပြုခြင်တဲ့ အာဏာရှင်လက်ပါးစေ အာဏာရှင်အသေးစားလေးတွေရဲ့ စရိုက်ပေါ့ ။ဒီလိုလူတွေ ဦးဆောင်မယ့် နိုင်ငံအနာဂတ်ကို စဉ်းစားကြည့်ကြပေါ့။

  • မုန်တောင် ရဲစခန်းကို PDF တွေသိမ်းပိုက်ပြီးမီးရှို့

    မုန်တောင် ရဲစခန်းကို PDF တွေသိမ်းပိုက်ပြီးမီးရှို့

    မကွေးတိုင်း မင်းဘူးမြို့နယ် မုန်တောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မနေ့က(ဇန်နဝါရီ ၁၆ ရက်) မနက် အစောပိုင်းက မုန်တောင်ရွာရဲစခန်းကိုသိမ်းပိုက်ခဲ့တာဖြစ်ပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

    “စခန်းမှူးဒဏ်ရာရတယ်။ နောက်ရဲတချို့လည်းကျည်ထိတယ်။ ပြေးကြတာ။ စကုဆေးရုံရောက်သွားတယ်။ မိတဲ့သူ မရှိဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    မုန်တောင် စခန်းကို သိမ်းပိုက်ပြီး နောက် မီးရှို့ရှင်းလင်းခဲ့တယ်လို့ သူက အသိပေးပါတယ်။ စခန်းကနေ စစ်ဘက်အသုံးအဆောင်ပစ္စည်း တချို့ သိမ်း ရခဲ့တယ်လို့ ဆိုပါတယ်။

    မုန်တောင်ရွာဟာမင်းဘူးမြို့ရဲ့တောင်ဘက်ခြမ်းနဲ့ ဆားပွက်ချောင်းဘေးမှာရှိပါတယ်။လက်ရှိမှာ မုန်တောင်ရွာကိုဦးတည်ပြီး စစ်တပ်က မင်းတုန်းမြို့ကနေစစ်ကူတချို့ ပို့နေတယ်လို့ သိရပါတယ်။

    မကွေးတိုင်းထဲက မကွေးခရိုင်၊ သရက်ခရိုင်၊ပခုက္ကူခရိုင်၊မင်းဘူးခရိုင် နဲ့ ဂန့်ဂေါခရိုင် တွေမှာ ရှိတဲ့စစ်တပ်ကင်းစခန်း၊ဂိတ်စခန်းတွေ ကို ကာကွယ်ရေးတပ်တွေက အခုလပိုင်း အရှိန်မြှင့်တိုက်ခိုက်နေတာ တွေ့ရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်​နေ့ကလည်း တောင်တွင်းကြီးမြို့နယ် မှာ စစ်တပ်ကို တိုက်ခိုက်မှု နဲ့ ၈ ရက်နေ့မှာ ဆင်ပေါင်ဝဲမြို့နယ်က စစ်တပ် ကာကင်းစခန်းသုံးခုကို ကာကွယ်ရေးတပ်တွေ သိမ်း ပိုက်ခဲ့ပြီး လက်နက်တွေနဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။

    ဒါ့အပြင် သရက်ခရိုင်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့မှု တွေ ရှိနေပါတယ်။

    (PDF မင်းဘူးခရိုင်တပ်ရင်း ၆ မှရဲ​ဘော်​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-မင်းဘူးခရိုင်တပ်ရင်း-၆)

  • ကျောက်ဖြူ သိုင်းချောင်းပတ်ဝန်းကျင်သို့  ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို AAတိုက်ခိုက်

    ကျောက်ဖြူ သိုင်းချောင်းပတ်ဝန်းကျင်သို့ ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို AAတိုက်ခိုက်

    ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော စစ်ကော်မရှင်စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်မှ တိုက်ခိုက်ရာကနေ တိုက်ပွဲဆက်လက် ပြင်းထန်နေသည်ဟု သတင်းရရှိသည်။

    “သိုင်းချောင်းပတ်ဝန်းကျင်ကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးကာနေရာယူလာတဲ့စစ်ကြောင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်‌တာပါ။တိုက်ပွဲပြင်းထန်နေပါတယ်။စစ်တပ်ကအင်အား ၁၅၀ လောက်ရှိမယ်ထင်ပါတယ်။ မနေ့ကဇန်နဝါရီ ၁၆ ရက်နေ့မှာဖြစ်နေတာပါ။ စစ်တပ်ဘက်က မရှုမလှ ဖြစ်နေတဲ့ အနေထားလို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ၎င်းစစ်ကြောင်းသည် ကျောက်ဖြူမြို့နယ် အမှတ်(၃၂)ရဲတပ်ရင်းမှ ထွက်လာသောစုပေါင်း စစ်ကြောင်းဖြစ်ပြီး ဒရုန်းပစ်ကူ၊လက်နက်ကြီးပစ်ကူများဖြင့်သိုင်းချောင်းဘက်သို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။

    “သူတို့ကတော့ စစ်ကြောင်းတစ်ခုထိုးမယ်ဆိုရင် အခုက ဒရုန်းတွေနဲ့ရော၊ မြေပြင်ကရော လက်နက်ကြီးတွေနဲ့ သူတို့ စစ်ကြောင်းထိုးမယ့် နေရာတွေကို ပစ်တယ်။ ပီးရင်နေဗီကလည်းလက်နက်ကြီးတွေနဲ့ ပစ်တယ်။ အေအေဘက်ကတော့ နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ရင် ရှိနေတဲ့ နေရာက ရှောင်ပေးတာပေါ့။ လေယာဉ်လာရင်လည်း အတက်၊ အဆုတ်ပေးတဲ့ လုပ်တဲ့ အနေအထား ရှိတယ်။ အေအေက ကျောက်ဖြူစစ်ပွဲမှာ စစ်ရှင် ကစားတယ်။ ပိုင်မဲ့နေရာဆိုရင် ဝင်တိုက်တယ်။ မပိုင်ရင် ဆုတ်ပေးတယ်။ ဒီလိုကစားနေတာပါ” ဟု ပြောသည်။

    စစ်ကော်မရှင်ဖက်က အသေအပျောက်အကျအဆုံးများသော်လည်း ဒရုန်း၊စက်တပ်လေထီး၊နေဗီများပေါ်မှလက်နက်ကြီးကျည်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေသဖြင့်တိုက်ပွဲမှာပြင်းထန်နေသည်ဟုဆိုသည်။

    “စစ်တပ်က မြေပြင်မကျွမ်းတော့ အသေအပျောက်ကတော့များတယ်။ သူတို့ဖက်က လက်နက်တွေမိုးရွာသလိုပစ်နေတော့ မြေပြင်မှာအထိအခိုက်ဘယ်လောက်ရှိလဲမသိရသေး။သူတို့စစ်တပ်က လက်နက်ဘဲသာ၊ တိုက်ခိုက်စွမ်းရည်ကမရှိဘူး” ဟု ပြောသည်။

    သိုင်းချောင်းဆည်ကုန်းနှင့် မင်းပြင်ရေဒါစခန်းအနီးရှိတောင်တွင်ရှိနေသည့်စစ်ကော်မရှင် စစ်ကြောင်းများသည် (AA)၏ဝန်းဝန်းပိတ်ဆို့ခြင်းကိုခံထားရပြီး အဆိုပါနေရာများသို့ စစ်ကူရောက်ရန် စစ်ကြောင်း ထိုးနေသည်ဟု သိရသည်။

    “သိုင်းချောင်းဆည်ကုန်းပေါ်မှာစစ်သားတွေပိတ်မိတယ်။အောက်မဆင်းရဲဘူး။မင်းပြင် ရေဒါစခန်းမှာလည်း ကုန်းပေါ်ကနေအောက်ကိုမဆင်းရဲ။ AA ဖက်က ရိက္ခာပြတ်အောင်ဖြတ်တောက်ထားတဲ့သဘော။ လာသမျှစစ်ကြောင်းတွေလည်း ကြားဖြတ်အတိုက်ခံရတယ်” ဟု ပြောသည်။

    စစ်ကော်မရှင်ဖက်မှ စစ်ကြောင်းထိုးတက်လာချိန်တွင် တိုက်ပွဲနှင့်မသက်ဆိုင်သည့် သိုင်းချောင်းနှင့်မင်းပြင်ကြားတွင်တည်ရှိသည့် ကျေးရွာများ၊ ဒေသခံများ နေထိုင်သည့်လူနေကျေးရွာများ၊တောင်တန်းများနှင့်တောအုပ်များကိုဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်သည့် အပြင် ပင်လယ်ပြင်တွင်ရပ်နားထားသည့် နေဗီများမှလည်းလက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

    ယင်းသို့လက်နက်ကြီးကျည်ပစ်ခတ်ခဲ့မှုကြောင့် ဇန်နဝါရီ ၁၄ ရက်‌ နေ့ က နေဗီပေါ်မှပစ်ခတ်သည့်လက်နက်ကျည်သုံးလုံးမှာ သဖန်းချောင်းရွာသို့ ကျရောက်ပြီးစစ်ဘေးရှောင်ဇနီးမောင်နှံနှစ်ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

    စစ်ကော်မရှင်စစ်‌ကြောင်းများ အသေပျောက်များပြီးအထိနာနေသည့်အတွက် မင်းပြင်ပတ်ဝန်းကျင် ကို စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၁၃ရက်နေ့၊ ညပိုင်းတွင် ဒရုန်း‌များဖြင့် ဗုံးအလုံးအရေအတွက် ရာနှင့်ချီ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း နောက် ဇန်နဝါရီ ၁၄ ရက်နေ့၊နံနက်ပိုင်းတွင်လည်း အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကော်မရှင်၏ စစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)တို့မင်းပြင်နှင့် သိုင်းချောင်းကြားတွင် ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု​သိရသည်။