Author: Baby Yit Lone

  • My Love Story with Yamada-kun at Lv999

    My Love Story with Yamada-kun at Lv999

    My Love Story with Yamada-kun at Lv999 (2025)

    မင်းသားချော Ryûto Sakuma နဲ့ အလှလေး Mizuki Yamashita တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ နာမည်ကြီး မန်ဂါစီးရီးကို ပြန်လည်အသက်သွင်းထားတဲ့ အွန်လိုင်းဂိမ်းအခြေခံ Rom-Com မနဲ့မောင် ဂျပန်အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    အွန်လိုင်းဂိမ်းကစားရင်း ချစ်သူရထားတဲ့ အာကာ့နဲဟာ ရုတ်တရက် လမ်းခွဲခြင်းခံလိုက်တဲ့အတွက် ဒေါသထွက်ပြီး စိတ်ထွက်ပေါက်အနေနဲ့ပဲ ဂိမ်းကစားနေရင်းကနေ Guild ဆိုတဲ့ စကားပြောခန်းထဲ မထင်မှတ်ဘဲ ရောက်သွားက လူမှုဆက်ဆံရေးညံ့တဲ့ ယာမာဒါဆိုတဲ့ နာမည်နဲ့ ကစားသူကို ဘုဘောက်တွေ ပွားမိပါတော့တယ်။

    အဲဒီနောက်မှာ အာကာ့နဲဟာ ရည်းစားဟောင်းကို လက်စားချေမယ့်အကြံနဲ့ ဂိမ်းရဲ့တစ်နှစ်ပြည့်အခမ်းအနားကို သွားခဲ့ပေမဲ့လည်း ရည်းစားဟောင်းကို ချစ်သူအသစ်နဲ့ တွေ့လိုက်ချိန်မှာတော့ အာကာ့နဲဟာ ထူပူပြီး ယာမာဒါက သူ့ချစ်သူအသစ်ပါဆိုပြီး ဟန်ဆောင်မိတ်ဆက်ပေးလိုက်မိပါတော့တယ်။

    အသည်းကွဲနေတဲ့ တက္ကသိုလ်ကျောင်းသူမမက အထက်တန်းကျောင်းသား ဂိမ်းသမားလေးကို ဘယ်လိုတွေ ရင်ခုန်အောင် လုပ်သွားမလဲဆိုတာ…

  • Boot Camp

    Boot Camp

    Boot Camp (2008)

    မင်းသမီး Mila Kunis နဲ့ မင်းသား Gregory Smith တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Boot Camp ဆိုတဲ့ ဇာတ်ကားလေးဟာ ဖီဂျီကျွန်းရဲ့ လှပတဲ့ သဘာဝအလှတရားတွေနောက်ကွယ်က “Camp Serenity” လို့ အမည်ရတဲ့ လူငယ်ပြုပြင်ရေးစခန်းတစ်ခုအကြောင်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။

    ဒါပေမဲ့ “Serenity” (အေးချမ်းခြင်း) ဆိုတဲ့ နာမည်နဲ့ မလိုက်အောင် ဒီနေရာဟာ မိဘတွေက သူတို့ရဲ့ဆိုးသွမ်းတဲ့ သားသမီးတွေကို ငွေပေးပြီးပို့လိုက်တဲ့ “တရားမဝင်ငရဲခန်း” တစ်ခုသာ ဖြစ်နေပါတယ်။

    ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့”ဆိုဖီ”ဆိုတဲ့ကလေးမလေးဟာ သူမရဲ့ ပထွေးဖြစ်သူရဲ့အကြံကြောင့် ဒီစခန်းကိုရောက်လာခဲ့သူဖြစ်ပါတယ်။

    ဒီစခန်းမှာ ဒေါက်တာဟေးလ်ဆိုတဲ့ လူဟာ “လူသစ်စိတ်သစ် ဖြစ်စေရမယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ညှင်းပန်းနှိပ်စက်ပြီး သူတို့ရဲ့ ပင်ကိုယ်စရိုက်ကို ရိုက်ချိုးဖို့ ကြိုးစားတယ်။

    ဒီနေရာမှာ စည်းကမ်းဆိုတာထက် အနိုင်ကျင့်မှုက ရှေ့တန်းရောက်နေပြီး အကျဉ်းသားအချင်းချင်း ပြန်လည်စောင့်ကြည့်ခိုင်းတဲ့စနစ်ကြောင့် ဘယ်သူ့ကိုမှ ယုံကြည်လို့မရတဲ့ အခြေအနေဆိုးကို ဆိုဖီတစ်ယောက် ရင်ဆိုင်လာရတော့တယ်။

    ဆိုဖီ ဒီငရဲတွင်းကနေ လွတ်မြောက်အောင် ဘယ်လိုရုန်းကန်မလဲ…

    သူမရဲ့ ချစ်သူကဘင်ကရော သူမကို ကယ်တင်နိုင်မှာလားဆိုတာကိုတော့…

  • Sideways

    Sideways

    Sideways (2004)

    ၂၀၀၄ ခုနှစ်ထွက် Sideways ရုပ်ရှင်က Rom / Com ဆိုပေမဲ့ Drama ဘက်ကိုပိုသွားတယ်လို့ဆိုရပါမယ်။

    ဒီရုပ်ရှင်က ကျွန်တော်တို့ တော်တော်များများနဲ့တိုက်ဆိုင်စေနေတာကတော့ လုံးဝကိုသေချာပါတယ်။

    ဒီရုပ်ရှင်ကိုကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်မေးမိမှာသေချာပါတယ်။

    ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုမျိုးမေးခွန်းတွေပြန်မေးမိလို့ပါပဲ။

    ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုလို့ဆိုရပါမယ်။

    အရမ်းကို Fantasy ဆန်တဲ့ချစ်ခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခု၊ Midlife Crisis တစ်ခုကို ပြသသွားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

    ဇာတ်ညွှန်း

    Miles ဆိုတာက လူလတ်ပိုင်း မိန်းမနဲ့လောလောလတ်လတ်ကွာရှင်းထားတဲ့လူတစ်ယောက်။

    သူ့မှာဝါသနာတစ်ခုရှိတယ်။

    အဲဒါကတော့ ဝိုင်တွေနဲ့ပတ်သက်ပြီး မြည်းစမ်းရတာ လေ့လာရတာတွေကိုလုပ်ရတာ။

    ဝိုင်တွေက သူ့ရဲ့ဘဝပဲ။ နောက်တစ်ခု သူက စာလည်းရေးတယ်။

    စာတိုက်ကိုဆက်သွယ်ပြီး စာမူကြမ်းတင်ထားပေမဲ့ ထုတ်ဝေပါမယ်လို့ အကြောင်းမပြန်သေးဘူး။

    ဆိုတော့ ပြန်တွေးကြည့်လိုက်ရင် မိန်းမနဲ့လည်းကွာရှင်းထားတယ်၊ ဝါသနာကလည်း ကြီးပွားမယ့်အရာမျိုးမဟုတ်ဘူး၊ စာအုပ်ရေးပေမဲ့ ထုတ်ဝေဖို့ကလည်းမသေချာပြန်ဘူး။

    ပြောရရင် ဘဝမှာ ကြီးကြီးမားမားအောင်မြင်မှုမရှိတဲ့ လူလတ်ပိုင်းတစ်ယောက်။

    သူ့မှာ အရမ်းကိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။

    သူ့နာမည်က Jack

    Jack က စနေနေ့ဆိုရင် မင်္ဂလာဆောင်တော့မှာ။

    ဆိုတော့ သူငယ်ချင်းနှစ်ယောက် တူတူ Santa Ynez Valley ဝိုင်မြို့တော်ကို ဝိုင်တွေမြည်းစမ်းကြည့်ဖို့ရယ်၊ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ရယ် ထွက်လာခဲ့တယ်။

    Jack ကလည်း မင်္ဂလာဆောင်တော့မှာဆိုတော့ နောက်ဆုံးအနေနဲ့ကဲမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

    သူ့ရဲ့ သူငယ်ချင်း Miles ကိုလည်း မိန်းကလေးတစ်ယောက်နဲ့ အတည်တကျဖြစ်သွားစေချင်တာလည်းပါတယ်။

    အဲဒီမှာ Maya ဆိုတဲ့ စားပွဲထိုးမလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်။

    Stephanie ဆိုတဲ့ Single Mom တစ်ယောက်နဲ့လည်းတွေ့ခဲ့တယ်။

    ကဲ ဒီမှာ ဘာဆက်ဖြစ်မှာလဲ။ စာတိုက်က စာအုပ်ထုတ်ဝေပေးဖို့ မသေချာ၊ မိန်းမနဲ့ကလည်းကွာရှင်းထားပြန်၊

    အဲဒီလိုမျိုး Midlife ကို Double Crisis ဖြစ်နေတဲ့လူတစ်ယောက်က အချစ်ဆိုတာကြီးကို ပြန်ပြီးတော့ ရှာတွေ့ဦးမှာလား။

    Jack ရဲ့ရည်မှန်းချက် ၂ ခုကရော ပြည့်မြောက်သွားဦးမှာလား ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးခင်ဗျာ။

  • Labinak: Mereka Ada di Sini

    Labinak: Mereka Ada di Sini

    Labinak: Mereka Ada di Sini (2025)

    ကျေးလက်ဒေသတစ်နေရာမှာ သမီးဖြစ်သူ ယန်တီနဲ့အတူဘ၀ကိုဆင်းဆင်းရဲရဲရုန်းကန်နေရတဲ့နာ့ချ်ဝါဆီကို တစ်ချိန်က သူပညာသင်ဆုရခဲ့ဖူးတဲ့ အဖွဲ့အစည်းဆီကနေ တက္ကသိုလ်ဆရာမအဖြစ်စာလာသင်ဖို့သမီးဖြစ်သူကိုပါ အပြည့်အ၀ထောက်ပံ့မှုနဲ့ပညာသင်ဆုကိုကမ်းလှမ်းလာချိန်မှာ သမီးရှေ့ရေးအတွက်လက်ခံခဲ့ပါတယ်။

    အဖွဲ့အစည်းတစ်ခုလုံးက သူတို့သားအမိကို ဖော်ဖော်ရွေရွေကြိုဆိုကြရုံမက ခမ်းနားလှတဲ့ နေအိမ်၊ ဇိမ်ခံပစ္စည်းအပြည့်အစုံနဲ့ဘ၀သစ်မှာပျော်ရွှင်နေသားကျရတော့မယ့်အချိန်မှာ နာ့ချ်ဝါအတွက် ထိတ်လန့်စရာအတွေ့အကြုံတွေကြုံလာရပါတော့တယ်။

    အိမ်မှာတစ်ယောက်တည်းရှိနေချိန်တွေမှာ ထွက်သွား ဆိုတဲ့ အသံတွေ၊ ကိုယ်ထင်ပြခြောက်လှန့်မှုတွေတင်သာမက ကျောင်းမှာရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း လူစင်စစ်မဟုတ်ဘူးဆိုတာသိလိုက်ရချိန်မှာတော့..။

    ဒီခြောက်လှန့်မှုတွေရဲ့နောက်ခံအကြောင်းရင်းက ဘာလဲ?

    ဒီအိမ်ကြီးမှာစွဲကပ်နေတဲ့ဝိဉာဉ်တွေရဲ့ ဇစ်မြစ်၊ သူတို့ကျောင်းအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေရဲ့လျှို့ဝှက်ချက်၊ အစရှိတဲ့အရာတွေကို ဖော်ထုတ်နိုင်မှအန္တရာယ်ကလွတ်မယ်ဆိုတာ သူ သိလာရပါတော့တယ်။

    ဇာတ်လမ်း အစကနေအဆုံးထိဆွဲဆောင်နိုင်ရုံမက၊ Jump scare တွေလှည့်ကွက်တွေနဲ့သရုပ်ဆောင်ချက်၊ နောက်ခံတေးဂီတအဆုံးသေသပ်ကောင်းမွန်တဲ့ ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။

  • My Date with a Vampire

    My Date with a Vampire

    My Date with a Vampire (2025)

    ဒါကတော့ သွေးစုပ်ဖုတ်ကောင်နဲ့မိစ္ဆာနှိမ်နင်းသူတို့ကြားက အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။

    မိစ္ဆာနှိမ်နင်းတဲ့ နဂါးမျိုးနွယ် မာမိသားစုရဲ့အမွေဆက်ခံသူ မာရှောင်လင်က မကောင်းဆိုးဝါးတွေကိုနှိမ်နင်းပြီးတော့ တရားမျှတမှုကိုဖော်ဆောင်ရမယ့် မိသားစုတာဝန်ထမ်းဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

    တစ်ဖက်မှာတော့ သာမန်စုံထောက်တစ်ယောက်ဖြစ်တဲ့ ခွမ်းထျန်းယို့က သူ့ရဲ့ထူးခြားတဲ့စွမ်းရဲ့ ထူးဆန်းတဲ့အမှုတွေကိုဖြေရှင်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

    ဒါပေမဲ့ သူ့ရဲ့တကယ့်နောက်ကြောင်းကတော့ ဘယ်တော့မှမသေနိုင်ဘဲ သွေးကိုအငမ်းမရစုပ်ယူတတ်တဲ့ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ဆိုတာကို ဖုံးကွယ်ထားခဲ့ပါတယ်။

    သူတို့နှစ်ယောက်ရဲ့အေးချမ်းနေတဲ့နေ့ရက်တွေဟာ အရိပ်မည်းတစ်ခုပေါ်လာတာကြောင့် ပျက်စီးသွားခဲ့ပါတယ်။

    အရိပ်မည်းရဲ့တိုက်ခိုက်မှုတစ်ခုကိုစုံစမ်းရင်း သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြပါတယ်။

    အသက်နဲ့ရင်းပြီး အတူတူရင်ဆိုင်ရတဲ့အခိုက်အတန့်တွေမှာ ရာစုနှစ်ချီကြာမြင့်ခဲ့တဲ့သူတို့နှစ်ဦးကြားက ရန်ကြွေးတွေနဲ့ချည်နှောင်ထားတဲ့ ကံကြမ္မာသော့ကြီးတိတ်တဆိတ်ပွင့်သွားသောအခါ……