Author: Baby Yit Lone

  • Akhanda

    Akhanda

    Akhanda (2021)

    ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ရုပ်ရှင်ကားကောင်းတွေထဲမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ကားလို့ပြောရလောက်အောင်ကို ရှယ်ကောင်းတဲ့‌တောင်ပိုင်းကားလေးပါ။

    Box office မှာ ကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက် ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။

    Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့ အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ် မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။

    အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့ထိန်းသွားတဲ့ ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။

    ဇာတ်လမ်းဇာတ်ကွက်က ကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။

    မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့ စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေက တစ်ခြားတွေနဲ့ကိုမတူတာအမှန်။

    ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်း အ‌ဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။

    ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။

    ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်‌ရောက်ပြီး ကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီး ကျေး‌မိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။

    ဒါပေမဲ့ မတူတဲ့အချက်ကတော့ ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းက ဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။

    ဒီတစ်‌‌ယောက်ဟာ သဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီး သဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။

    ဒီတော့ဗျာ ညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာ သဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီး ဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။

    ဒီလိုသဘောတရားဇာတ်လမ်း‌တွေရှိပေမဲ့ ဒီကားလောက်တော့ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကွက်ဇာတ်ပြောင်းမကောင်းနိုင်တာသေချာတယ်ဗျ။

    ဒီတော့ တောင်ပိုင်းကားဖန်တွေအတွက် ၂၀၂၁ ခုနှစ်မှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ထွက်ထားတဲ့ ဒုတိယမြောက်ရုံတင်ဝင်ငွေအကောင်းဆုံးကားလေးကိုလည်း ရှယ်ဝုန်းပေးကြပါဦးခင်ဗျာ။

    720P

    Telegram Link

  • Akhanda-2 (2025)

    Akhanda-2 (2025)

    Akhanda-2 (2025)

    အသက်လုပွဲ

    ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Akhanda (ပထမကား) ဟာ အိန္ဒိယရုပ်ရှင်လောကမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

    COVID-19 ကပ်ရောဂါအပြီး ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့အချိန်မှာ ပရိသတ်တွေကို ရုံထဲပြန်ခေါ်နိုင်ခဲ့တဲ့ ကားကြီးလည်း ဖြစ်ပါတယ်။

    မင်းသားကြီး Nandamuri Balakrishna ရဲ့ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးနဲ့ ပထမဆုံး ရူပီး ၁၀၀ ကုဋေတန်းဝင်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။

    ဒီတစ်ခါမှာတော့ အိန္ဒိယနိုင်ငံရဲ့ ဝိညာဉ်ရေးရာ အစဉ်အလာတွေကို ဖျက်ဆီးပြီး နိုင်ငံကို မငြိမ်မသက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ ပြည်ပရန်သူတွေနဲ့ ပြည်တွင်းက အဂတိလိုက်စားသူတွေကို ရင်ဆိုင်ရမှာပါ။

    အထူးသဖြင့် Maha Kumbh Mela ပွဲတော်ကြီးအတွင်း ဇီဝလက်နက် (Bioweapon) သုံးပြီးတိုက်ခိုက်မယ့် အစီအစဉ်ကို တားဆီးဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

    မူရာလီ ခရစ်ရ်ရှနာ ရဲ့ သမီးဖြစ်သူ IQ ၂၆၆ ရှိတဲ့ ပါရမီရှင် သိပ္ပံပညာရှင်လေး ဂျာနာနီ ဟာ ဒီဇီဝလက်နက်ကို နှိမ်နင်းနိုင်မယ့် ကာကွယ်ဆေးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    ဒါကြောင့် သူမဟာ ရန်သူတွေရဲ့ အဓိကပစ်မှတ် ဖြစ်လာတဲ့အခါမှာတော့… သူမကို ကာကွယ်ပေးဖို့နဲ့ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ဖို့အတွက် အစွမ်းထက်လှတဲ့ အခန်ဒါ ရုဒြာ ရှိခန်ဒါ ဂိုရာ(Nandamuri Balakrishna) ကြီး ပြန်လည်ထွက်ပေါ်လာပါတော့တယ်။

    720 P

    1080 P

  • The Informant

    The Informant

    The Informant (2025)

    ဒီတစ်ခေါက်မှာတော့ Supporting Role အနေနဲ့ပဲ မြင်ရတာများတဲ့ Squid Game ထဲက မင်းသားကြီး Heo Sung-Tae နဲ့ Moving ထဲက မင်းသား Jo Bok-Rae တို့ကို အဓိက ဇာတ်လိုက်မင်းသားတွေအဖြစ် မြင်တွေ့ရမဲ့ ရုံတင်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

    Main Cast နှစ်ဦးအပြင် Taxi Driver ထဲက တာဝန်ခံနှစ်ဦးဖြစ်တဲ့ Jang Hyuk-Jin နဲ့ Bae Yoo-Ram တို့ကိုလည်း တွဲဖက်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

    – ဇာတ်လမ်းအကျဉ်း –

    အိုနမ်ဟျော့ (Heo Sung-Tae) ဟာဆိုရင်တော့ ဖမ်းဆီးစစ်ဆင်ရေးတစ်ခု ကျရှုံးသွားပြီးနောက် ရာထူးချခံလိုက်ရတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး ဂျိုထယ်ဘုံး (Jo Bok-Rae) ကတော့ စုံထောက်အိုက မှောင်ခိုဂိုဏ်းထဲမှာ ထည့်ထားတဲ့ သတင်းပေးတစ်ယောက်ပါ။

    စုံထောက်အိုက ဂျိုထယ်ဘုံးကို အသုံးချပြီး သူ့ဘဝကြီး အလှည့်အပြောင်းရှိလာဖို့ မျှော်လင့်နေခဲ့ပေမယ့် မှောင်ခိုဂိုဏ်းထဲမှာ သတင်းပေးအဖြစ် တာဝန်ထမ်းဆောင်နေရင်း ဂျိုထယ်ဘုံးရဲ့ သရုပ်မှန်က ပေါ်သွားပါတော့တယ်။

    ဒီအခြေအနေကို မသိဘဲ စုံထောက်အိုက မှောင်ခိုဂိုဏ်းရဲ့ ရုံးခန်းတစ်ခန်းထဲ မှားဝင်မိရာကနေ လျှို့ဝှက်နက်နဲတဲ့ ရာဇဝတ်မှုကြီးထဲ ဆွဲသွင်းခံလိုက်ရပြီး ဂျိုထယ်ဘုံးကလည်း ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်မြောက်သွားပေမဲ့ စုဆောင်းထားသမျှ ပိုက်ဆံအားလုံးကို ဆုံးရှုံးလိုက်ရတဲ့အခါမှာတော့…

    အမှုနောက်လိုက်မဲ့ စုံထောက်နဲ့ ပိုက်ဆံနောက်လိုက်မဲ့ သတင်းပေးတို့ရဲ့ အလွဲများစွာနဲ့ ကမောက်ကမ လက်တွဲပူးပေါင်းမှုလေးကို ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦး။

  • P77 (2025)

    P77 (2025)

    P77 (2025)

    လူးနားဟာ ပန်းနာရင်ကျပ်ရောဂါသည်မောင်လေးတစ်ယောက်ရဲ့အစ်မဖြစ်ပြီး ကြုံရာကျပမ်းအလုပ်လုပ်တဲ့မိခင်၊ အဆောင်လက်ဖွဲ့တွေကိုရောင်းတဲ့အဘွားတို့ကို ဆင်းရဲတွင်းက ခေါ်ထုတ်ပေးချင်တဲ့မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး အဲ့ဒီစိတ်ကူးအိမ်မက်တွေနဲ့အပျော်စီးခရီးသည်တင်သင်္ဘောဝန်ထမ်းဘ၀ကိုခံယူခဲ့တာပါ။

    ဒါပေမယ့်လည်း ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဖိလစ်ပိုင်ကိုအချိန်မတိုင်ခင်ပြန်ခဲ့ရချိန်မှာ P77 သို့မဟုတ် Penthouse 77 မှာသန့်ရှင်းရေးဝန်ထမ်းအဖြစ်အလုပ်ဝင်ခဲ့ရပါတယ်။

    အလုပ်စဝင်တဲ့အချိန်မှာပဲ အိမ်ရှင်လင်မယားက ခရီးသွားစရာရှိလို့အိမ်စောင့်အဖြစ်ပါ သူ့ကို အခန်းအပ်ခဲ့ချိန်မှာတော့ ဇိမ်ခံတိုက်ခန်းကြီးကစည်းစိမ်တွေကို သူ့မောင်လေးကိုပါခံစားစေချင်လို့အတူခေါ်လာမိခဲ့ပြီး သူ့ဘ၀ရဲ့ပြင်မရတဲ့အမှားကိုကျူးလွန်မိခဲ့ပါတော့တယ်။

    ဘာကြောင့်လဲဆိုတော့ P77 ဟာအမှောင်လျှို့ဝှက်ချက်တွေပြည့်နေတဲ့၊ လူတွေရဲ့စိတ်ကိုစိုးမိုးခြယ်လှယ်နိုင်တဲ့၊ ကြောက်စရာနေရာကြီးတစ်ခုဖြစ်နေလို့ပါပဲ။

    P77 ဟာဟောလိဝုဒ်ကုမ္ပဏီတစ်ခုက ဒုတိယအကြိမ်ဖြန့်ချိခွင့်ရယူခဲ့တဲ့ GMA Pictures ထုတ်ဇာတ်ကားတစ်ကားဖြစ်ပြီး ခမ်းခမ်းနားနားရိုက်ကူးထားတဲ့ စလယ်ဆုံး ဆွဲဆောင်နိုင်တဲ့ Psychological Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • The Travellers

    The Travellers

    The Travellers (2025)

    ဒီရုပ်ရှင်ဟာ မိသားစုသံယောဇဉ်နဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေကို ရသစုံလင်စွာ တင်ဆက်ထားတဲ့ Drama အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်ကျော်ကြားတဲ့ အော်ပရာဇာတ်ခုံဒီဇိုင်းပညာရှင် Stephen Seary ဟာ ဥရောပကနေ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဩစတေးလျနိုင်ငံက မြို့လေးတစ်မြို့ကို ပြန်လာခဲ့ပါတယ်။

    အကြောင်းရင်းကတော့ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို နောက်ဆုံးနှုတ်ဆက်ဖို့ပါပဲ။

    မွေးရပ်မြေမှာ ခဏတာပဲနေပြီး ပြန်ဖို့ ရည်ရွယ်ခဲ့ပေမဲ့၊ သူစိမ်းဆန်နေတဲ့ ဖခင်ဖြစ်သူနဲ့ ဆက်ဆံရေး၊ ငယ်သူငယ်ချင်းတွေ၊ ရည်းစားဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့မှုတွေကြားမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေနဲ့ အလွဲလေးတွေ ကြုံတွေ့ရပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

    ဒီရုပ်ရှင်ဟာ ဆက်ဆံရေး‌တွေကြားက နက်ရှိုင်းတဲ့ ချစ်ခြင်း၊ နားလည်မှုလွဲခြင်းနဲ့ တာဝန်ဝတ္တရားတွေကို ရိုးရှင်းလှပစွာ ပုံဖော်ထားပါတယ်။

    အထူးသဖြင့် မိသားစုနဲ့ ဝေးကွာနေသူတွေအတွက် မိမိတို့ရဲ့ အမြစ်တွယ်ရာ ဇာတိမြေနဲ့ ပတ်သက်တဲ့ ခံစားချက်ကို နိုးကြားစေမယ့် ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။