Author: Baby Yit Lone

  • ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    မီးတိုင်များကို ဖျက်ဆီးပြီးနောက် ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    ကပစ ၂၁ နှင့် ၂၂ တွင် လေယာဉ်ဗုံး ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းရပ်

    မကွေးတိုင်းအတွင်းရှိ ကပစစက်ရုံများသို့ သွယ်တန်းထားသည့် မီးတိုင် ၁၀၀ကျော် ဖျက်ဆီးခံ ရပြီးနောက် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ရပ်တန့်နေကြောင်းသိရသည်။

    ဒီဇင်ဘာလအတွင်း မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁နှင့် ၂၂တို့သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင် ၁၀၀ကျော်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

    “သူတို့လျှပ်စစ်မီးရတဲ့ အခြေအနေတော့ မရှိသေးဘူးခင်ဗျ။ ဆိပ်ဖြူဘက်ကလည်း ဖြတ်တောက် ထားတာဆိုတော့ ထုတ်လုပ်နိုင်တာတော့ မရှိသေးပါဘူး။ ၂၂ နဲ့ ၂၃ ကတော့ လည်ပတ်မှုအားနည်း သွားမှာပေါ့။ ၂၄ ကတော့ ရပ်တန့်နေတယ်လို့တော့ သိရတယ်ဗျ။ ၂၂ နဲ့ ၂၃ ကလည်း ဥပ‌မာပေါ့။ ၁၀၀ရာခိုင်နှုန်း အရင်ကလည်ပတ်နေတယ်ဆိုရင် ၂၅ ရာခိုင်နှုန်းလောက်တော့ ကုန်ကြမ်းဘာညာ ထုတ်တာတော့ ရှိနိုင်တာပေါ့။ ၂၁ ကတော့ လုပ်ငန်းရပ်တာဝောာ့ပါတယ်။ ၂၃ကလည်း မိုင်းခွဲဖျက် ဆီးတာပါပါတယ်။ ပါတယ်ဆိုတာ သူတို့(MOD)ဆီကို video file တို့ဘာတို့ မရောက်တာတွေ ရှိနိုင်မှာပေါ့။” ဟု မြိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

    ပျက်စီးသွားသည့် မီးတိုင်များကို စစ်တပ်ဘက်က ‌လာရောက်ပြုပြင်ခြင်းမရှိသေးကြောင်းသိရသည်။

    “အင်နဲ့အားနဲ့ဆိုရင်တော့ လာပြင်ချင်ပြင်မှာ။ ခုလောလောဆယ်တော့ ပြန် ပြင်တာဆင်တာ မရှိသေး ဘူးဗျ” ဟု ၎င်းကပြောသည်။

    ပေါက်ကပစ ၂၄ သည် လက်နက်ကြီးကျည်ဆန်များထုတ်လုပ်ပြီး ဆိပ်ဖြူ ကပစ ၂၁ နှင့် ၂၂ သည် လေယာဉ်ဗုံးများထုတ်လုပ်သည့် စက်ရုံများဖြစ်ကြောင်းသိရသည်။

    ဓာတ်ပုံ – မြိုင်ပကဖ

  • Homeward Bound

    Homeward Bound

    Homeward Bound (2025)

    လူရယ်လို့ဖြစ်လာရင် ကိုယ်စီလျှို့ဝှက်ချက်ဆိုတာ ရှိကြစမြဲပါ။

    အရင်းနှီးဆုံးသွေးရင်းသားရင်းတွေကိုတောင် မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ပွေ့ပိုက်ရင်း ရှင်သန်နေကြတာ သဘာဝပဲ မဟုတ်ပါလား။

    အလားတူ ထုတ်ဖော်ဖို့ မဝင့်ရဲတဲ့ လျှို့ဝှက်ချက်အား ကာလရှည်ကြာ သိမ်းဆည်းလာခဲ့တဲ့ အီဂျောင်ဟာဆိုတဲ့ အမျိုးသမီးဟာ ချွန်းချောင်းအထက်တန်းကျောင်းက ကျောင်းဆရာမဖြစ်ပြီး သားဖြစ်သူကတော့ အရွယ်ရောက်လာတဲ့အခါ ကနေဒါနိုင်ငံမှာ ပညာသင်လျက်ရှိပါတယ်။

    တစ်နေ့မှာတော့ သားဖြစ်သူက အမေဖြစ်သူထံ အလည်လာပြီး သူရဲ့ကောင်မလေးဂျဲနီနဲ့ မိတ်ဆက်ပေးကာ လက်ထပ်တော့မည့်အကြောင်း ဖွင့်ပြောပါတော့တယ်။

    အဲဒီအချိန်မှာ ဂျောင်ဟာအနေနဲ့ သားဖြစ်သူကို ဖွင့်ပြောချင်ပေမယ့် ပြောမထွက်တဲ့ ကိစ္စတွေ ရှိနေတဲ့အချိန် ဖြစ်နေခဲ့ပါတယ်။

    တိုက်ဆိုင်စွာပဲ ဂျဲနီတို့မိဘတွေဟာ ဂျောင်ဟာအိမ်ကို ရောက်ရှိလာပြီး အမှတ်မထင် အကုန်လုံးစုပေါင်းနေရမယ့် အကြောင်းဖန်လာပါတော့တယ်။

    အနေနီးလာကြတာနဲ့အမျှ တစ်ယောက်အကြောင်း တစ်ယောက် ရိပ်ဖမ်းသံဖမ်းမိလာတဲ့အခါ ကိုယ်စီရဲ့ လျှို့ဝှက်ချက်တွေက ပေါ်စပြုလာချိန်မှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ…

    တစ်ဦးချင်းစီ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေ ရှိနေကြတာလဲ…

    အကုန်ပေါ်ပေါက်သွားချိန်မှာရော တစ်ဦးအတွက် တစ်ဦးရှိနေပေးနိုင်ကြဦးမှာလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

    အီဂျောင်ဟာအဖြစ် ဝါရင့်မင်းသမီး Jang Young Nam၊ Our Unwritten Seoul မှ မင်းသား Ryu Kyung Soo နဲ့ Start-Up ထဲက မင်းသမီး Stephanie Lee တို့အပြင် အခြားသော နာမည်ကြီး သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားပါတယ်။

  • Follow My Voice

    Follow My Voice

    Follow My Voice (2025)

    ကလာရာဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ကျရောဂါကိုခံစားနေပြီး ၂လကျော်ကြာ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ စိတ်ရောဂါကုထုံးခံယူနေရတဲ့ ကောင်မလေးပါ။

    သူ့မှာ စိတ်ဝင်စားတာရယ်လို့ မည်မည်ရရမရှိပေမဲ့ “ဂန်”ဆိုတဲ့ကောင်လေးရဲ့ Follow My Voice podcast ကိုတော့ နေ့စဉ်မပြတ်နားထောင်လေ့ရှိပါတယ်။

    ဂန်ကတော့ ကိုရီးယားကနေ စပိန်ကို ပြောင်းရွှေ့လာတဲ့ ‌ကောင်လေးဖြစ်ပြီး သူ့မှာလည်း ထုတ်မပြောဘဲ ဖုံးကွယ်ထားတဲ့ စိတ်ဒဏ်ရာတွေရှိလို့နေပါတယ်။

    ဒီလို စိတ်ဒဏ်ရာကိုယ်စီနဲ့ လူငယ်လေးနှစ်ယောက်ဟာ ရေဒီယိုရှိုးတင်ဆက်သူနဲ့ နားထောင်သူရယ်လို့ မဟုတ်တော့ဘဲ အပြင်လက်‌တွေ့မှာ မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ ဘာတွေဆက်ဖြစ်ရမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

  • The Mortal Instruments: City of Bones

    The Mortal Instruments: City of Bones

    The Mortal Instruments: City of Bones (2013)

    Stranger Things စီးရီးထဲမှာ Vecnaအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Jamie Campbell Bower နဲ့ Emily in Paris စီးရီးထဲက မင်းသမီး Lily Collins တို့ကအဓိကပါဝင်ထားတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

    ဒီရုပ်ရှင်က Cast line တောင့်ရုံတင်မကဘဲ နာမည်ကျော် Fantasy ဝတ္ထုစီးရီးဖြစ်တဲ့ The Mortal Instruments ဝတ္ထုတွဲတွေထဲက ပထမဆုံးစာအုပ် “City of Bones” ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

    အဓိကဇာတ်ကောင် ကလယ်ရီဟာ သာမန်နေ့စဉ်ဘဝမှာ နေထိုင်ရင်းကနေ ထူးဆန်းတဲ့အမှတ်အသားတွေ ပုံတွေကို ရေးဆွဲမိလာပြီး အဲဒီအမှတ်အသားတွေကို တဖြည်းဖြည်း သတိပြုလာမိပါတယ်။

    ဒီလိုနဲ့ မွေးနေ့မှာ ကလပ်ကိုသွားရာကနေ ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို မျက်မြင်တွေ့လိုက်ရပြီး မကြာခင်မှာပဲ ကလယ်ရီရဲ့အမေဟာလည်းပျောက်ဆုံးသွားပါတယ်။

    ပျောက်ဆုံးသွားတဲ့အမေကိုရှာဖို့နဲ့ သူကြုံနေရတဲ့ ပဟေဠိဆန်ဆန် အရာတွေကို အဖြေရှာဖို့ ကြိုးစားနေတဲ့ ကလယ်ရီဆီကို ဂျေ့စ်ဆိုတဲ့ လူတစ်ယောက်ကရောက်လာခဲ့ပြီး ကလယ်ရီဟာ သာမန်လူသားမဟုတ်ဘဲ သူတို့လိုမျိုး နတ်ဆိုးတွေကို နှိမ်နင်းသုတ်သင်ရတဲ့ Shadowhunter တစ်ဦးဖြစ်ကြောင်းကို ပြောပြပါတော့တယ်။

    အဲဒီကနေတစ်ဆင့် ကလယ်ရီဟာ သူမကြုံဖူးမတွေ့ဖူးခဲ့တဲ့ သဘာဝလွန် မှော်လောကကြီးထဲ စတင်ခြေလှမ်းမိပြီး လျှို့ဝှက်ချက်တွေကနေတစ်ဆင့် အမေဖြစ်သူကိုရှာဖို့ကြိုးစားပါတော့တယ်။

    ဒီရုပ်ရှင်ဟာ Twilight တို့ Harry Potter တို့လိုမျိုး Fantasy ကားတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။

    Stranger Things ပြီးသွားလို့ ဗက်ဂနာ/No.1 ကိုကြည့်မဝသေးဘူးဆိုတဲ့သူတွေအတွက်လည်း ဒီကားထဲမှာ Jamie ကို အလန်းစား ခပ်မိုက်မိုက်ပုံစံနဲ့မြင်တွေ့ရဦးမှာပဲဖြစ်ပါတယ်။

  • The Anacondas

    The Anacondas

    The Anacondas (2025)

    မက္ကဆီကိုရဲ့ဝေးလံခေါင်သီတဲ့ ချိုင့်ဝှမ်းတစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်နဲ့ စူးစမ်းရှာဖွေသူတစ်စုဟာ မြွေကိုကိုးကွယ်တဲ့ ရှေးခေတ်ယဉ်ကျေးမှုတစ်ခုရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

    ဒီတွေ့ရှိမှုကြောင့် သူတို့ဟာ စိတ်လှုပ်ရှားခဲ့ကြရပါတယ်။ ဒီအောင်မြင်မှုဟာ မကြာခင်မှာပဲ ကြောက်လန့်စရာအဖြစ်အပျက်တစ်ခုကို ဦးတည်သွားခဲ့ပါတယ်။

    သူတို့ဟာ ပိတ်လှောင်ထားတဲ့ ဗိမာန်တစ်ခုကို ဖွင့်မိခဲ့ကြပြီး ရာစုနှစ်ပေါင်းများစွာ လူသားစားသောက်ရခြင်းမရှိဘဲ ငတ်မွတ်နေတဲ့ ဧရာမမြွေကြီးတစ်ကောင်ကို နှိုးဆွလိုက်မိခဲ့ကြပါတယ်။

    ဒီမြွေကြီးဟာ သာမန်မြွေမျိုးမဟုတ်ဘဲ ရှေးခေတ်က ပူဇော်သက္ကာဘုရားကျမ်းတွေမှာ ဖော်ပြထားတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး လူသားတွေကို စားသောက်တိုင်း ပိုကြီးလာသလို ပိုရန်စလာတတ်ပါတယ်။

    မြွေကြီးနိုးလာချိန်မှာ ထွက်ပေါက်တွေပျောက်ကွယ်သွားပြီး အဖွဲ့ဝင်တွေရဲ့ကိုယ်ပိုင်အကြံအစည်တွေလည်း ပျက်ပြားသွားပါတယ်။

    လက်နက်နည်းပါးပြီး အချင်းချင်းယုံကြည်မှု ပျက်ပြားလာချိန်မှာ ကျန်ရှိတဲ့လူတွေဟာ နည်းအမျိုးမျိုးနဲ့မြွေကြီးကို ကာကွယ်ဖို့ ကြိုးပမ်းကြရပါတယ်။

    ဇာတ်လမ်းရဲ့အဆုံးမှာ စူးစမ်းရှာဖွေရေးအဖွဲ့ဟာ အရိုးစုတွေအဖြစ် ပြောင်းလဲသွားမလား ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေ ရှိမလား ဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။

    ဒီရုပ်ရှင်ဟာ The Asylum ကုမ္ပဏီရဲ့ရိုက်ကူးမှုဖြစ်ပြီး လူနဲ့သတ္တဝါယှဉ်ပြိုင်မှုဆိုတဲ့ ဇာတ်လမ်းမျိုးကို အဓိကထားပါတယ်။

    ဇာတ်လမ်းတစ်လျှောက်မှာ ရှေးဟောင်းကျမ်းဂန်တွေ၊ ကပ်ပါးဂူတွေ၊ စိတ်လှုပ်ရှားစရာရှောင်တိမ်းမှုတွေနဲ့ သတ္တဝါကြီးရဲ့ကြောက်မက်ဖွယ်ဖျက်ဆီးမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။