Author: Baby Yit Lone

  • Under the Stars

    Under the Stars

    Under the Stars (2025)

    ဒီဇာတ်ကားလေးကတော့ အီတလီကျေးလက်ဒေသအငွေ့အသက်အပြည့်နဲ့ နှစ်စမှာ ချစ်ကြည်နူးဖွယ်ရာ ကြည့်ရှုရမဲ့ Romance Comedy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    အီယန်ဆိုတဲ့ ဗြိတိန်စာရေးဆရာဟာ ပထမစာအုပ်ထုတ်ဝေပြီးတဲ့နောက် စာဖတ်ပရိသတ် တော်တော်များများက သူ့ကို မှတ်မှတ်ထင်ထင်ရှိလာတဲ့အလျောက် ဒုတိယစာအုပ်ကို ထပ်ထုတ်ဖို့ စာရေးနေဆဲဖြစ်ပါတယ်။

    သူအခုရေးနေတဲ့စာအုပ်က အချစ်ဝတ္ထုဆိုပေမဲ့ သူ့ရဲ့အချစ်ရေးကတော့ အေးစက်လို့နေခဲ့ပါတယ်။

    သူ့ချစ်သူ ကိတ်နဲ့ သူဟာ အတူရှိနေပေမဲ့ အလုပ်ကိုယ်စီနဲ့ အနေဝေး အေးစက်နေပြီး အီယန်ခမျာလည်း အချစ်ဝတ္ထုကို ဈာန်ထည့်ပြီး ဆက်မရေးနိုင်ပဲ တန်းလန်းဖြစ်နေပါတယ်။

    ဒီလိုနဲ့ တစ်နေ့မှာတော့ အီယန်က သူအချိန်ပိုင်းလုပ်တဲ့ကုမ္မဏီနဲ့ တော်တော်လှမ်းတဲ့ ဆန်းဒဝှစ်ချ်ဆိုင်ကို အကြောင်းတစ်ခုကြောင့် ရောက်သွားရာက သူ့ကောင်မလေး ကိတ်က တခြားကောင်လေးနဲ့ ဖောက်ပြန်နေတာကို ပက်ပင်းတိုး တွေ့လိုက်ရပါတော့တယ်။

    အဲဒီအချိန်မှာ သူဟာ ရင်ကွဲနာကျပြီး တစ်ဖက်မှာ နေ့ခင်းက ခရီးသွားကြော်ငြာဗွီဒီယိုထဲမှာ တွေ့လိုက်ရတဲ့ မာဆရီယာဆိုတဲ့ အီတလီကျေးလက်အိမ်ကလေးကို စိတ်ပေါက်ပေါက်နဲ့ ထထွက်သွားခဲ့ပါတော့တယ်။

    အီတလီက ရွာကလေးကိုရောက်တဲ့အခါမှာ သူတည်းမဲ့အိမ်ကို ရှာမတွေ့တာနဲ့ ပေါင်မုန့်ဆိုင်ထဲ လမ်းဝင်မေးရာက အဲဒီအိမ်ပိုင်ရှင်ရဲ့ သမီးဖြစ်သူ အရီယာနာနဲ့ တိုးပြီး စစတွေ့ချင်းမှာပဲ အထင်တွေလွဲကြပါတော့တယ်။

    ဒီတော့ အီယန်တစ်ယောက် အဲဒီအီတလီကျေးလက်အိမ်လေးမှာ ရင်ကွဲနာကို ကုစားနိုင်မလား၊ စာအုပ်ကိုအပြီးရေးနိုင်မလား၊ အရီယာနာဆိုတဲ့ အိမ်ပိုင်ရှင်သမီးနဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ၊ သူ့ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

  • Loving Bali

    Loving Bali

    Loving Bali (2024)

    ဒီဇာတ်ကားလေးကတော့ အင်ဒိုနီးယား-ဒတ်ချ် ကပြား ဆယ်လီကောင်မလေးတစ်ယောက်ရဲ့ ဘာလီခရီးစဉ်ကို ရိုက်ကူးတင်ဆက်ထားတာပါ။

    ဇာတ်လမ်းအကျဉ်းကတော့ ဂျန်နီဆိုတဲ့ကောင်မလေးက ဖော်လိုဝါထောင်ဂဏန်းရှိတဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ပြီးတော့ သူ့မှာလည်း အလုပ်သဘောအရတွဲနေတဲ့ မက်စ်ဆိုတဲ့ ဆယ်လီကောင်လေး ရှိပါတယ်။

    ဒါပေမဲ့ ဂျန်နီဟာ သူမရဲ့အဖွားဖြစ်သူ ဆုံးသွားတာ မကြာသေးတော့ ဝမ်းနည်းပူဆွေးနေတဲ့အတွက် လိုင်းပေါ်မှာ ပို့စ်ကောင်းကောင်းမတင်နိုင်ပါဘူး။

    ဒီလိုနဲ့ သူမက အားပေးတဲ့နှုန်း ကျလာတော့ သူမကို စပွန်ဆာပေးထားတဲ့သူတွေက သူမကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် သူ့ကောင်လေးကပါ သူ့ကို ထားခဲ့ပါတော့တယ်။

    ဒီတော့ သူမဟာ ဝမ်းနည်းပူဆွေးနေတဲ့ သူ့အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့ကို စိတ်အပြောင်းအလဲဖြစ်အောင်၊ သူကလည်း သူ့နည်းသူ့ဟန်နဲ့ ဖော်လိုဝါတိုးလာအောင် ရည်ရွယ်ပြီး အဖွားဖြစ်သူရဲ့ အရိုးပြာကို အဖွားရဲ့ဇာတိဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သွားကြဲဖို့ ထွက်လာပါတော့တယ်။

    ဒီတော့ သူတို့သားအမိသုံးယောက် ဘာလီမှာ ဘယ်လိုများနှစ်ပါးသွားကြမလဲ၊ ဆိုရှယ်မီဒီယာက ဘဝဖြစ်နေတဲ့ ဂျင်နီအတွက်ရော ဒီခရီးက ဘယ်လိုအပြောင်းအလဲတွေနဲ့ ခရီးမျိုးဖြစ်လာမှာလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာဖြစ်ပါတယ်။

  • Last Life in the Universe

    Last Life in the Universe

    Last Life in the Universe (2003)

    ဘဝမှာ အထီးကျန်တယ်ဆိုတဲ့စကားလုံးကို အပြည့်အဝခံစားနေရတဲ့ ခိန်ကျိဆိုတဲ့ ဂျပန်လူမျိုး ကောင်လေးတစ်ယောက်

    သ-တ်သေဖို့လည်း မကြာခဏကြိုးစားတတ်ပြီး သီးသီးသန့်သန့်နေတတ်သူမျိုးဖြစ်ပါတယ်

    တနေ့မှာတော့ ခိန်ကျိက နွိင်းဆိုတဲ့မိန်းမလှလေးနဲ့ သိကျွမ်းခဲ့ပြီး ဘဝက တဖြန်ပန်းရောင်သမ်းလာတဲ့အချိန်မှာတော့…

    အထီးကျန်လို့ ဘဝကြီးကို လက်လျှော့ဖို့ ခဏခဏကြိုးစားတဲ့ လူတစ်ယောက်ကို မျှော်လင့်ချက်ပြန်သမ်းလာအောင် လုပ်ပစ်နိုင်စွမ်းရှိမဲ့ အချစ်ဖြစ်လာမလားဆိုတာကတော့……..

  • One Nite in Mongkok

    One Nite in Mongkok

    One Nite in Mongkok (2004)

    ဒီဇာတ်ကားလေးကတော့ ၂၀၀၄ မှာ ထွက်ရှိခဲ့ပြီး Daniel Wu အပါအဝင် နာမည်ကျော်တရုတ်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့အပြင် ဟောင်ကောင်ညရဲ့ နီယွန်မီးတွေအောက်မှာ ရိုက်ကူးထားတဲ့ ဆွတ်ပျံ့လွမ်းဆွေးဖွယ်ရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    လိုင်ဖူ (Daniel Wu) ဆိုတဲ့ကောင်လေးဟာ ကြေးစားလူသတ်သမားဟာ ဂိုဏ်းတစ်ခုက ပြိုင်ဘက်ဂိုဏ်းခေါင်းဆောင်ရဲ့သားကို သတ်ခိုင်းဖို့ သူ့ကိုငှားခဲ့တဲ့အတွက် ဟောင်ကောင်ကို ရောက်ချလာပါတော့တယ်။

    တဖက်မှာလည်း လူသတ်သမား ဟောင်ကောင်ကိုရောက်လာတယ်လို့ သတင်းပေးဆီက သိထားရတဲ့ အရာရှိ မိုင်လို ဦးဆောင်တဲ့ရဲတပ်ဖွဲ့ကလည်း ဂိုဏ်းချင်းတိုက်ပွဲကြောင့် အသက်အများကြီး ထပ်ဆုံးရှုံးရပြီး သွေးချောင်းစီးမဲ့အဖြစ်မျိုး မဖြစ်ရလေအောင် တားဆီးဖို့ လိုင်ဖူကို အသည်းအသန် ကြိုးစားရှာနေကြပါတယ်။

    လိုင်ဖူကလည်း ဟောင်ကောင်ကိုရောက်ပြီး ကံကြမ္မာက အကြောင်းဖန်လာလေတော့ အကြမ်းဖက်ခံနေရတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်နဲ့ ကြုံကြိုက်မိပြီး မနေနိုင်လို့ ဝင်ကယ်ရာကနေ ဒီပြည့်တန်ဆာမလေးကို လမ်းမေးရာက သူမက ကျေးဇူးတင်လို့ သူ့ကို လမ်းပြဖို့ လိုက်ပို့ပေးရာက နှစ်ယောက်သား ဟောင်ကောင်တစ်ခွင် အတူသွားလာဖြစ်ခဲ့ပါတော့တယ်။

    ဒီတော့ ဟောင်ကောင်မြို့ပြရဲ့ နီယွန်မီးရောင်တွေကြားမှာ ပစ်မှတ်ကိုလိုက်ရှာနေတဲ့ ကြေးစားလူသတ်သမားနဲ့ ကံခေလို့ ပြည့်တန်ဆာဘဝရောက်ရတဲ့ကောင်မလေးတို့ ဘယ်လိုရှေ့ဆက်ကြမလဲ၊ သူတို့လမ်းခရီးက ဘယ်လိုအဆုံးသတ်မလဲဆိုတာကို လွမ်းဆွယ်ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

  • “ကော်သူးလေ သမ္မတနိုင်ငံတော်” ထူထောင်လိုက်ပြီလို့ ကြေညာ

    “ကော်သူးလေ သမ္မတနိုင်ငံတော်” ထူထောင်လိုက်ပြီလို့ ကြေညာ

    ပြိုကွဲပျက်စီးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံထံက လွတ်လပ်ရေးကြေညာပြီး “ကော်သူးလေသမ္မတနိုင်ငံတော်”အမည်နဲ့ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ နိုင်ငံတော်သစ်တခုတည်ထောင်လိုက်ပြီလို့ ကော်သူးလေအစိုးရ (G.O.K) က ဇန်နဝါရီ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    ကြေညာချက်အရ ကော်သူးလေအစိုးရအဖွဲ့ ဖွဲ့စည်းမှုမှာ သမ္မတ အဖြစ် စောနယ်ဒါးဘိုမြ၊ ဒုသမ္မတ (၁) နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စောဆာဂေးဖိုး၊ ဒုတိယသမ္မတ (၂) အဖြစ် စောဒေးဗစ်သာကဘော၊ ဝန်ကြီးချုပ်အဖြစ် စောဖိုးသူးလေးနဲ့ ကာကွယ်ရေးဝန်ကြီး အဖြစ် စောဒေးဗစ်လောဒူး တို့ဖြစ်တယ်လို့သိရပါတယ်။

    သမ္မတနေရာယူထားတဲ့ ဗိုလ်ချုပ် စောနယ်ဒါးဘိုမြဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့သားဖြစ်ပြီး ကော်သူးလေတပ်တော် (KTLA) ရဲ့ စစ်ဦးစီးချုပ်လည်း ဖြစ်သလို အရင် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ရဲ့ စစ်ဦးစီးချုပ်ဟောင်းလည်း ဖြစ်ပါတယ်။

    ဗိုလ်ချုပ် စောနယ်ဒါးဘိုမြကို KNU က အရပ်သား ၂၅ ဦးသတ်ဖြတ်မှုမှာ တာဝန်ရှိသူအဖြစ်နဲ့ ၂၀၂၂ ခုနှစ်မှာ တာဝန်ကနေ ရပ်နားခဲ့တာဖြစ်ပါတယ်။ KNU ကတော့ ဗိုလ်ချုပ်နယ်ဒါးဘိုမြ ဦးဆောင်တဲ့ KTLA နဲ့ မပတ်သက်သလို ဒီအဖွဲ့ရဲ့ လုပ်ရပ်တွေကလည်း KNU နဲ့ မသက်ဆိုင်ကြောင်း စတင်ဖွဲ့စည်းချိန်ထဲက သဘောထား ထုတ်ပြန်ခဲ့ဖူးပါတယ်။