Author: Baby Yit Lone

  • မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး

    မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး

    မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး၊ ပြည်တွင်း ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်မည်

    အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။

    ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ၁ လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း သိရှိရသည်။

    လက်ရှိ ရန်ကုန်ခေတ်သစ်၏ စျေးကွက်အတွင်း စုံစမ်းချက်အရ ဆန်ကြမ်း (ဆင်းသွယ်၊ ရက် ၉၀) တစ်ပြည်လျှင် ၃,၅၀၀ ကျပ်မှ ၄,၀၀၀ ကျပ်၊ ဆန်ချော ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်နှင့် ရွှေဘိုပေါ်ဆန်း ရှယ်တစ်ပြည်လျှင် ၁၀,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။

    သားငါးများအနေဖြင့်လည်း CP ကြက်သား တစ်ပိဿာလျှင် ငွေ ၃၅,၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈,၀၀၀ မှ ၄၀,၀၀၀ ကျပ်၊ ငါးကြင်း ၁ ပိဿာလျှင် ၃၀,၀၀၀ ကျပ် နှင့် ဆိတ်သားမှာ တစ်ပိဿာလျှင် ၁ သိန်းခွဲအထိ စံချိန်တင် မြင့်တက်နေသည်။

    ပြင်ပစျေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ၁၈,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်ကြားရှိနေပြီး ပဲဆီမှာ တစ်ပိဿာလျှင် ၃၂,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

    လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာ ၄,၇၃၅ ကျပ်၊ 95 တစ်လီတာ ၄,၉၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၆,၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ်မှာ ၇,၇၅၅ ကျပ်အထိ မြင့်တက်နေသည်။

    UMFCCI မှ စီးပွားရေးသမားတစ်ဦးက “စက်သုံးဆီအရေး မပြေလည်ရင် သင်္ကြန်ပြီးတာနဲ့ ဈေးတွေ ဆတိုးထပ်တက်မယ့် အခြေအနေ မြင်ရတယ်။ တစ်ကမ္ဘာလုံး ဖြစ်တာဆိုပေမယ့် ကိုယ့်နိုင်ငံက စီးပွားရေးအခြေခံ မကောင်းတော့ ပိုပြီးခံရမယ့် အခြေအနေ ဖြစ်နေတယ်” ဟု သုံးသပ်ထားသည်။

    WFP အနေဖြင့် ယခုကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေပြီး ဝမ်းရေးအခက်အခဲဖြစ်နေသော မိသားစုများ စားနပ်ရိက္ခာ လုံလောက်စွာရရှိစေရန်အတွက် လက်ရှိပေးအပ်နေသော အကူအညီများကို အခြေအနေနှင့်အညီ ပုံစံပြောင်းလဲကာ ဆက်လက်ပံ့ပိုးပေးသွားရန် အသင့်ပြင်ဆင်ထားကြောင်း WFP က သတင်းထုတ်ပြန်ထားသည်။

    အီရန်စစ်ပွဲနောက်ဆက်တွဲ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု ကြာရှည်ပါက ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ ‘ကပ်ဘေး’ ဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က လည်း ယနေ့ သတိပေးသည်။

    စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သော သွင်းအားစုများ တင်ပို့မှု ပြတ်တောက်နေခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာပြီး စားနပ်ရိက္ခာ ငွေဖောင်းပွမှုဒဏ်ကို ခံရနိုင်ခြေ ရှိနေကြောင်း သိရှိရသည်။

    အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် အလွန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ သွားလာ၍မရဘဲ ပိတ်ဆို့နေခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းသည် “ကပ်ဘေး” အသွင်သို့ ကူးပြောင်းသွားနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အလေးအနက် ပြောဆိုသည်။

    လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမှာ လက်ကျန်အဟောင်းများ ရှိနေသေးသဖြင့် သိသိသာသာ မြင့်တက်လာခြင်း မရှိသေးသော်လည်း ရေလက်ကြား ဖြတ်သန်းသွားလာမှုများ အမြန်ဆုံး ပြန်မစနိုင်ပါက လာမည့် ၂၀၂၇ ခုနှစ်အထိ စွမ်းအင်နှင့် မြေသြဇာဈေးကွက်များအပေါ် ရိုက်ခတ်ကာ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာလိမ့်မည်ဟု FAO ၏ စီးပွားရေးပညာရှင်များက ဆိုသည်။

    FAO ၏ အချက်အလက်များအရ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသော သွင်းအားစု (Agrifood inputs) ၂၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ တင်ပို့နေရခြင်း ဖြစ်သည်။

    FAO မှ ညွှန်ကြားရေးမှူး David Laborde က “ကျွန်တော်တို့ အခု သွင်းအားစု အကျပ် အတည်းနဲ့ ရင်ဆိုင်နေရပါပြီ၊ ဒါကို ကပ်ဘေးအဆင့်ထိ မရောက်သွားစေချင်ဘူး။ ဒါဟာ ကျွန် တော်တို့ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်” ဟု ပြောကြားခဲ့သည်။

    ကမ္ဘာပေါ်တွင် အသုံးအများဆုံး မြေသြဇာဖြစ်သည့် ယူရီးယား (Urea) ရောင်းဝယ်မှု၏ ထက်ဝက်နီးပါးကို ပင်လယ်ကွေ့နိုင်ငံများမှ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တင်ပို့နေခြင်း ဖြစ်သည်။

    ယခုအခါ သဘာဝဓာတ်ငွေ့ ပြတ်တောက်မှုနှင့် သင်္ဘောများ သွားလာမရမှုကြောင့် ပင်လယ်ကွေ့ဒေသရှိ မြေသြဇာစက်ရုံများမှာ ပိတ်သိမ်းရခြင်း သို့မဟုတ် ထုတ်လုပ်မှု လျှော့ချရခြင်းများ ကြုံတွေ့နေရသည်။

    အကယ်၍ ရေလက်ကြား ဆက်လက်ပိတ်နေပါက တောင်သူလယ်သမားများသည် မြေသြဇာ အနည်းငယ်ဖြင့်သာ စိုက်ပျိုးကြရတော့မည်ဖြစ်ပြီး ယင်းက ထွက်နှုန်းကို လျော့ကျစေကာ ကုန်ဈေးနှုန်းများကို မြင့်တက်စေမည် ဖြစ်သည်။ အထူးသဖြင့် ဆင်းရဲသောနိုင်ငံများသည် စိုက်ပျိုးရာသီ နောက်ကျခြင်းနှင့် သွင်းအားစု ရှားပါးခြင်းဒဏ်ကို အဆိုးရွားဆုံး ခံစားရနိုင်သည်ဟု သိရသည်။

    ဓာတ်ပုံ- AFP။

  • ဧပြီလအတွင်း စစ်တပ်စခန်း ၅ ခုကိုသိမ်းပိုက်ပြီး KNU ထိုးစစ်အရှိန်မြှင့်

    ဧပြီလအတွင်း စစ်တပ်စခန်း ၅ ခုကိုသိမ်းပိုက်ပြီး KNU ထိုးစစ်အရှိန်မြှင့်

    ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလဆန်းမှ ဧပြီလ ၁၃ ရက်အထိ နှစ်ပတ်အတွင်း စစ်တပ်ရှေ့တန်း ခြေကုပ်စခန်း ငါးခုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်အခြေအနေသိသည့် စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

    နှစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည့် စခန်းများမှာ KNU တပ်မဟာ (၇) လှုပ်ရှားရာ လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသရှိ ကြယ်ပြောင်စခန်း ၊ KNU တပ်မဟာ (၁) လှုပ်ရှားရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ လေးကေစခန်း ၊ KNU တပ်မဟာ (၃) လှုပ်ရှားရာ ရွှေကျင်မြို့နယ်ရှိ လက်ယက်စခန်း၊ KNU တပ်မဟာ (၅) လှုပ်ရှားရာ ဖာပွန်မြို့နယ်မြောက်ဘက်ရှိ ထနဲကျိုးနှင့် ကော်သွေးကျိုးစစ်စခန်းများဖြစ်သည်။

    ကြယ်ပြောင်စခန်း

    ယမန်နေ့ (ဧပြီလ ၁၃ ရက်)နံနက်ပိုင်းတွင် လှိုင်းဘွဲ့မြို့နယ်မြောက်ဘက်ရှိ ကြယ်ပြောင်စခန်းကို KNU ၏လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ (၇) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်သည်။

    ကြယ်ပြောင်စခန်းသည် ထိုင်း-မြန်မာနယ်စပ်ရှိရာ သောင်ရင်းမြစ်နှင့် သုံးမိုင်ခန့်သာဝေးပြီး အနီးဝန်းကျင်တွင် စစ်တပ်၏ မဲသဝေါစခန်း၊ ပွိုင့် ၉၆၂ တောင်ကုန်းစခန်းစသည်တို့ ကျန်ရှိနေဆဲဖြစ်ကြောင်း မြေပြင်အခြေအနေသိသည့် ကရင်လူမျိုး စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “ကြယ်ပြောင်ကုန်းကတော့ ရသွားပြီ။ ၉၆၂ ကတော့မရသေးဘူး။ ကြယ်ပြောင်ကုန်းကတော့ ၉၆၂ ရဲ့ ကာကင်းစခန်းကုန်းဖြစ်တယ်” ဟုဆိုသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း စစ်တပ်၏ ကြယ်ပြောင်စခန်းအား သိမ်းပိုက်သည့် တိုက်ပွဲတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း Facebook စာမျက်နှာမှတဆင့် ဓာတ်ပုံများနှင့် တကွသတင်းထုတ်ပြန်သည်။

    ABSDF က ထုတ်ပြန်သည့် ဓာတ်ပုံများအရ တိုက်ပွဲအတွင်း စစ်တပ်ထံမှ MA စီးရီးဝင် ရိုင်ဖယ် ၁၄ လက်၊ ငါးကြင်းမြီးခေါ် စက်သေနတ် တစ်လက် ၊ ပခုံးထမ်းဗုံးပစ်လောင်ချာ (RPG)တစ်လက်၊ ၆၀ မမ စိန်ပြောင်း နှစ်လက်နှင့် ခဲယမ်းအမြောက်အမြားရထားကြောင်းတွေ့ရသည်။

    KNU ၊ ABSDF နှင့် NUG/PDF တို့သိမ်းပိုက်ခဲ့သည့် လေးကေစခန်း

    အလားတူ ဧပြီလ ၁၂ ရက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်တပ်၏ လေးကေအမည်ရှိ ရှေ့တန်းခြေကုပ်စခန်းကို ABSDF အပါအဝင် KNU တပ်မဟာ (၁) လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အထူးတိုင်းစစ်ဌာနလက်အောက်ခံ PDF များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    လေးကေစခန်းကို ဧပြီလ ၇ ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့ပြီးခြောက်ရက်အကြာ ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG အထူးတိုင်းစစ်ဌာနက ဧပြီလ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

    လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်၏ ဒုတပ်ရင်းမှူး အောင်သော်နှင့် အခြားဆင့်တပ်ဖွဲ့ဝင်တစ်ဦး အရှင်ဖမ်းမိခဲ့သည်။

    သေဆုံးသည့် စစ်တပ်တပ်ဖွဲ့ဝင် ငါးဦးရှိကြောင် စခန်းစွန့်ခွာထွက်ပြေးသွားသူ ၁၀ ဦးခန့်ရှိကြောင်း NUG အထူးတိုင်းစစ်ဌာနက ကနဦး သတင်းထုတ်ပြန်သည်။

    နောက်ပိုင်းတွင် စခန်းက စွန့်ခွာသွားသည့် စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးအနက် ခုနစ်ဦးကို အသေပစ်ခတ်နိုင်ခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းမိကြောင်း NUG အထူးတိုင်းစစ်ဌာနဘက်က ဧပြီလ ၁၃ ရက်တွင် ကြေညာသည်။

    လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က သုံးဦးသေဆုံးသည်။

    ABSDF တပ်ရင်း(၃)မှ တပ်ခွဲမှူး တစ်ဦးနှင့် ဒုတပ်ကြပ်နှစ်ဦးသေဆုံးသည်ဟု ABSDF က ၎င်းတို့၏ Facebook စာမျက်နှာမှတဆင့်သတင်းထုတ်ပြန်သည်။

    ပဲခူးတိုင်းအရှေ့၊ ရွှေကျင်မြို့ လက်ယက်စခန်း

    KNU တပ်မဟာ (၃) လှုပ်ရှားရာ ပဲခူးတိုင်းအရှေ့ပိုင်း ရွှေကျင်မြို့နယ်တွင်လည်း လက်ယက်စခန်းခေါ် ပွိုင့် ၁၂၈ စခန်းကို ဧပြီလ ၇ ရက်တွင် KNU တပ်မဟာ (၃)၏ တပ်ရင်း (၇) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် NUG လက်အောက်ခံ PDF များပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    စခန်းကို ဧပြီလ ၄ ရက်တွင်စတိုက်ပြီး လေးရက်မြောက်၊ နံနက် ၆ နာရီတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း NUG ၏ အထူးတိုင်းစစ်ဌာနဘက်က သတင်းထုတ်ပြန်သည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း MA စီးရီးဝင် ရိုင်ဖယ် ခြောက်လက်၊ ၆၀ မမ စိန်ပြောင်းတစ်လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများရကြောင်း NUG အထူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

    တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးသူ ရှစ်ဦးရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားသူ ၃၀ ခန့်ရှိနိုင်ကြောင်း NUG အထူးတိုင်း စစ်ဌာနဘက်ဆိုသည်။

    KNU တပ်မဟာ (၅) လှုပ်ရှားရာ ဖာပွန်မြို့နယ်မြောက်ပိုင်းတွင်လည်း ဧပြီလ ၃ ရက်တွင် ထနဲကျိုးနှင့် ကော်သွေကျိုးအမည်ရှိ စစ်တပ်ရှေ့တန်း ခြေကုပ်စခန်းနှစ်ခုကို KNU တပ်မဟာ (၅) နှင့် တော်လှန်ရေးပူးပေါင်း တပ်များက သိမ်းယူနိုင်ခဲ့ကြောင်း တပ်မဟာ (၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက KIC သတင်းဌာနကို ပြောသည်။

    အဆိုပါစခန်းနှစ်ခုကို သိမ်းပိုက်ပြီးနောက် KNLAနှင့် ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ထားကြောင်း ၎င်းက KIC သတင်းဌာနကို ဖြေကြားသည်။

    တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းမှုအခြေအနေကိုမူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက မပြောပေ။

    မြေပြင်အခြေအနေသိသည့် ကရင်လူမျိုး စစ်ရေးသတင်းရင်းမြစ်အမျိုးသားကမူ စခန်းငါးခုကို သိမ်းနိုင်သော်လည်း အဆိုပါစခန်းများတွင် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ် စခန်းထိုင်နိုင်ခြင်းမရှိကြောင်း Myanmar Now ကိုပြောသည်။

    “ထိန်းလို့မရတဲ့ တချို့စခန်းတွေလည်းရှိတာပေါ့။ လေကြောင်းကပစ်တာမခံနိုင်ဘူးလေ။ တပ်စခန်းရဲ့ပွိုင့်တွေကို သူတို့ စစ်တပ်က သိနေတာပဲ။ သိမ်းပြီးတာနဲ့ ပြန်ဆုတ်တယ်။ စစ်တပ်ဘက်က တချို့စခန်းတွေ ပြန်တက်နေတယ်။ ဒီတိုက်ပွဲတွေကို ချေမှုန်းရေးတိုက်ပွဲလို့ပဲ KNU က သတ်မှတ်ထားတယ်” ဟု ၎င်းက ဆိုသည်။

    ဆက်လက်၍ ကရင်လူမျိုး စစ်ရေးသတင်းရင်းမြစ်အမျိုးသားက KNU တပ်မဟာ(၆) လှုပ်ရှားရာ မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေမြို့ဝန်းကျင်တွင် စစ်တပ်နှင့် KNU ဦးဆောင်သည့် တော်လှန်ရေးတပ်အကြား တိုက်ပွဲများဆက်ရှိနေကြောင်း ပြောသည်။

    လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်ကလည်း စစ်တပ်သည် ကရင်ပြည်နယ်တွင် အဓိကဗျူဟာကုန်းကြီးများနှင့် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရန် အာရုံစိုက်စစ်ဆင်နေချိန်တွင် KNU ဘက်က စစ်တပ်စခန်းငယ်များအား ထိုးစစ်ဆင်တိုက်ခိုက်လာသည်ကိုတွေ့ရကြောင်းပြောသည်။

    “KNU က ကြိုပြီးပြင်ဆင်ထားပုံရတယ်။ ဖာပွန်ဘက်ရော ၊ ဘီးလင်းဘက်ရော ၊ မဲသဝေါဘက်မှာရော စခန်းတွေကိုဆက်တိုက် တိုက်လာတယ်။ စစ်တပ်က ဝေါ်လေဗျူဟာတို့ ၊ ဖာပွန်ဗျူဟာတို့လို စခန်းကြီးတွေမကျအောင် အာရုံစိုက်ပြီး တိုက်နေတာတွေ့ရတယ်။ ဒီအချိန်မှာ KNU ဘက်က အလစ်အငိုက်သုံးပြီး စနစ်တကျတိုက်ခိုက်လာတယ်” ဟု ၎င်းက ပြောသည်။

    စစ်တပ်၏ ဗျူဟာကုန်းအခြေစိုက်ရာ စခန်းကြီးများ၌ ဒရုန်းကာကွယ်ရေးစနစ် အားကောင်းသောကြောင့် တော်လှန်ရေးတပ်များ၏ ဒရုန်းများ ထိုးဖောက် ဗုံးကြဲရန် ခက်ခဲလေ့ရှိသော်လည်း ရှေ့တန်းကာကင်းစခန်းနှင့် ခြေကုပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒရုန်းများသုံး၍ ဗုံးကြဲလာနိုင်သည်ကိုတွေ့ရကြောင်း စစ်ရေးလေ့လာသူအချို့ကဆိုသည်။

    CDM ဗိုလ်ကြီးဇင်ယော်ကမူ စစ်တပ်၏ စခန်းများ၌ ဒရုန်းကာကွယ်ရေးစနစ်များ အဆင်သင့်မဖြစ်သောကြောင့် တော်လှန်ရေးတပ်၏ ဒရုန်းများ ဝင်ရောက်ဗုံးကြဲနိုင်ခြင်းဖြစ်နိုင်သလို တော်လှန်ရေးတပ်ဘက်က ဒရုန်းအရေအတွက် အမြောက်အမြားသုံးတိုက်ခိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်းပြောသည်။

    “ စခန်းတွေကို လာမတိုက်တာကြာတော့ စစ်တပ်ရဲ့ Jammer (ဒရုန်းနှင့် မောင်းနှင်သူကြားအဆက်အသွယ်ကို ဖြတ်တောက်သည့် ကိရိယာ) တွေကို အားသွင်းဖို့လိုအပ်နေတာမျိုး ဖြစ်နိုင်တယ်။ တော်လှန်ရေးတပ်က နည်းပညာတိုးတက်လာတာကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်တစ်ချက်က စစ်တပ်သုံးတဲ့ Jammer အရေအတွက်ထက် တော်လှန်ရေးတပ်ဘက်က ဒရုန်းအရေအတွက်ပိုသုံးလာနိုင်တာကလည်း ဖြစ်နိုင်ခြေရှိတဲ့ကိစ္စလို့ ပြောလို့ရပါတယ်” ဟုဆိုသည်။

    စစ်တပ်သည် ကရင်ပြည်နယ်တွင် အောင်ဇေယျစစ်ဆင်ရေးဖြင့် ကော့ကရိတ်မြို့မှ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီအား ဆက်သွယ်ထားသည့် အာရှလမ်းတစ်လျှောက်ကို ၂၁ လ အကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

    ကော့ကရိတ် – သင်္ဃန်းညီနောင် – မြဝတီ အာရှလမ်းမကြီးအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မြဝတီ၊ ကော့ကရိတ်၊ ဘားအံမြို့တို့ကို သိမ်းပိုက်၍ သီးခြား လွတ်လပ်သော ကော်သူးလေပြည်နယ်နှင့် ကော်သူးလေအစိုးရ ထူထောင်ရေးအိပ်မက်အား အပြီးတိုင် ရိုက်ချိုးနိုင်ခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် စစ်တပ်က ကြွေးကြော်သည်။

    သို့သော်လည်း ခုနစ်လကျော်အကြာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် ကော်သူးလေအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း KNU က ကြေညာခဲ့သည်။

    အာရှလမ်းဖြတ်သန်းရာ ကော့ကရိတ်-မြဝတီလမ်းကို ထိန်းချုပ်ပြီးနောက် စစ်တပ်သည် မြဝတီမြို့မှ တောင်ဘက်ရှိ ဝေါလေမြို့အထိ ဆက်သွယ်ထားသောလမ်းပိုင်းတွင် စိုးမိုးထားသည့် KNUနှင့် PDF တပ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သည်။

    စစ်တပ်က ပိတ်ဆို့ခံနေရသည့် ဗျူဟာကုန်းများအတွက် ကုန်းလမ်းဆက်သွယ်ရေးလမ်းပွင့်နိုင်ရန် စစ်ကြောင်းထိုးနေစဉ်တွင် KNUနှင့် ပူးပေါင်းတပ်များက ရှေ့တန်းစခန်းငယ်များကို တိုက်စစ်ဆင် သိမ်းယူလာနေခြင်းဖြစ်သည်။

    KNU သည် ကရင်ပြည်နယ်တွင် ဖာပွန် ၊ ကျိုက်ဒုံမြို့များကို သိမ်းထားပြီး KNU တပ်မဟာ (၄) လှုပ်ရှားရာ တနင်္သာရီတိုင်းတွင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ထီးခီးရွာနှင့် မောတောင်မြို့ကို သိမ်းပိုက်ထားသည်။

  • ရန်ကုန်မြို့ တောင်မြောက်လမ်းဆုံအနီး ရေပက်ခံကား ဘီးကျွတ်ပြီးတိမ်းမှောက်

    ရန်ကုန်မြို့ တောင်မြောက်လမ်းဆုံအနီး ရေပက်ခံကား ဘီးကျွတ်ပြီးတိမ်းမှောက်

    ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) တောင်/မြောက်လမ်းဆုံအနီးတွင် ရေပက်ခံကားတစ်စီး ဘီးကျွတ်ကာ တိမ်းမှောက်ခဲ့သဖြင့် ခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

    ဧပြီ ၁၄ ရက်၊ နံနက် ကိုးနာရီကျော်ခန့်က တောင်မြောက်လမ်းဆုံအနီးတွင် ကားတစ်စီး ဘီးကျွတ်ပြီး တိမ်းမှောက်ခဲ့ရာ ဒဏ်ရာရသူများထဲတွင် ကိုယ်ဝန်ဆောင်တစ်ဦးပါဝင်ကြောင်း မြို့နယ်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

    “ရေပက်ခံကားက ဘီးကျွတ်ပြီး လမ်းလယ်ဘလောက်တုံးနဲ့ တိုက်မိပြီး မှောက်သွားတာ။ ကားပေါ်ပါလူတွေက ဒဏ်ရာရတယ်။ ကိုယ်ဝန်ဆောင်သည်လည်းပါတယ်”ဟု တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါ ယာဉ်ပေါ်တွင် ၁၃ ဦးလိုက်ပါလာပြီးဒဏ်ရာရရှိသူများကို မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

  • ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်

    ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်

    တနင်္သာရီတိုင်းအစိုးရ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွား

    ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအနီးတွင်လည်း ပေါက်ကွဲမှုများဖြစ်

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး တည် ဆောက်ထားသော တနင်္သာရီတိုင်းအစိုးရ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို အကြမ်းဖက် စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦးတက်ရောက်၍ ဖဲကြိုးဖြတ်ပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း ဗဟိုမဏ္ဍပ်အနောက်ဘက်ခြမ်းကို ဗုံး ၁ လုံး၊ တိုင်းရဲရုံးကို ဗုံး ၁ လုံးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဗုံး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းတိုက်ခိုက်ခံရမှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး စစ်ကား ၃ စီးဖြင့် ရှင်းလင်းရေး လုပ်ဆောင်ကာ မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။

    “ဗဟိုမဏ္ဍပ်က ဗိုလ်ချုပ်ကြေးရုပ်နားမှာ လုပ်တာ ဒရုန်းကျတာလို့တော့ သိရတယ်။ ဗုံးကျဲပြီးတာနဲ့ သူတို့ ဖွင့်ပွဲတောင် ဆက်မလုပ်နိုင်ဘူး။ အကုန်ပြေးကုန်တာ စစ်ခွေးကား ၃ စီးနဲ့ ရှင်းလင်းရေး လာလုပ်သွားတယ်။ စစ်ခွေးဘက်က အကောင်ကြီးတွေလာပြီးဖွင့်ပွဲလုပ်နေတဲ့ အချိန် တိုက်ခိုက်ခံရတာ အပြင်လူလည်း ဘယ်သူမှ ပေးမဝင်ဘူး။ လမ်းပိတ်ချပြီး အထဲမှာ ဖဲကြိုးဖြတ်တာပေါ့။ သူတို့ တိုက်ခိုက်ခံရတော့ သေနတ်တွေနဲ့ ဝိုင်းပစ်ကျတာရှိတယ်။ အပေါ်ကို လိုက်ပစ်တာတော့ ရှိတယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့သို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု မဖြစ်ပွားမီ မွန်းလွဲပိုင်းကလည်း ထားဝယ်မြို့ ဝန်ကြီးအိမ် ရာအနီးတွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် ထားဝယ်မြို့၌ အကြမ်းဖက် စစ်တပ်က စစ်ကားများဖြင့် ကင်းလှည့်နေကြောင်း သိရသည်။

  • လေယာဉ်တင် သင်္ဘောတွေပါ အသုံးပြုပြီး ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိတ်ဆို့ထား

    လေယာဉ်တင် သင်္ဘောတွေပါ အသုံးပြုပြီး ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိတ်ဆို့ထား

    ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

    အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အီရန် ကမ်းလွန်မှာ ရှိနေတဲ့ နိုင်ငံတကာ စွမ်းအင် တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ဧပြီ ၁၃ ရက်နေ့မှာ စတင် ပိတ်ဆို့ကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲရေးဌာန (CENTCOM)က ကြေညာခဲ့ပါတယ်။

    CENTCOMရဲ့ အဆိုအရ အဲဒီ ပိတ်ဆို့မှုဟာ အီရန်ဆိပ်ကမ်းတွေဆီ အဝင်အထွက် လုပ်ခဲ့တဲ့၊ ပြီးတော့ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အီရန်ဆီ အခကြေးငွေ ပေးချေခဲ့တဲ့ ရေယာဉ်တွေကို ပစ်မှတ်ထား တားဆီးသွားမယ်လို့ သိရပါတယ်။ ဟောမုဇ်ရဲ့ ဘယ်အပိုင်းတွေမှာ ရေလမ်းကြောင်း ပိတ်ဆို့မှုတွေ သတ်မှတ်ပြီး ဘယ်လောက် အတိုင်းအတာထိ တင်းကျပ်မလဲ ဆိုတာကိုတော့ CENTCOMက မထုတ်ပြန်ပါဘူး။

    ဒါပေမဲ့ အမေရိကန် ရေတပ်နဲ့ လေတပ်ဟာ အီရန် ကမ်းလွန်ရေပြင်ကနေ အထွက်၊ အိုမန်ပင်လယ်ဆီ ဝင်ရောက်မယ့် ရေလက်ကြား အရှေ့ပိုင်းက ကျယ်ပြန့်တဲ့ ရေပြင်မှာ အဓိက ဖြန့်ကျက် နေရာယူမယ်လို့ ယုံကြည်ရကြောင်း The Atlanticရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားခဲ့ပါတယ်။

    အမေရိကန်ဟာ အီရန်နဲ့ စစ်ပွဲ စတင်ချိန် ကတည်းက ကြီးမားတဲ့ ရေတပ်အင်အားကို အီရန်တဝိုက်မှာ ဖြန့်ကျက်ထားပြီး ဖြစ်ပါတယ်။ လေယာဉ်တင် သင်္ဘောကြီးတွေ ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ်အုပ် (CSG) အနည်းဆုံး နှစ်ခုဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ပင်လယ်ပြင်တွေမှာ ရှိနေပါတယ်။ ရေပြင်က စစ်သင်္ဘောတွေကို ကာကွယ်ပေးဖို့အတွက် ဒေသတွင်း မဟာမိတ် နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ မြေပြင်အခြေစိုက် တိုက်လေယာဉ်တွေက အကူအညီ ပေးသွားဖွယ် ရှိကြောင်း The Atlanticက ဆိုပါတယ်။

    အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် ရေတပ်က လုံးဝဥဿုံနီးပါး ပြိုကွဲသွားပေမယ့်လည်း အဲဒီရေပြင်ကို အကျွမ်းတဝင်ရှိပြီး လျင်လျင်မြန်မြန် လှုပ်ရှား စစ်ကစားနိုင်တဲ့ ဒုံးကျည်တင် အပေါ့စား မော်တော်ဘုတ်တွေကတော့ အမေရိကန် စစ်သင်္ဘောတွေကိုအတွက် ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပါ။ အဲဒီအတွက်လည်း P-8 Poseidon အမျိုးအစား ရေပြင် ကင်းလှည့် လေယာဉ်တွေနဲ့ E-2 Hawkeye အဆင့်မြင့် ရေဒါတပ် ကင်းထောက်လေယာဉ်ကြီးတွေက ဒေသတွင်းမှာ ပျံသန်းရင်း စောင့်ကြပ်ပေးနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ လိုအပ်လာရင် ရေလက်ကြား အနှံ့မှာ ဒရုန်းတွေ အုံလိုက်ကျင်းလိုက် အသုံးပြုတဲ့ စစ်ဆင်ရေးတွေကိုလည်း လုပ်ဆောင်လာနိုင်ပါတယ်။

    အမေရိကန်က ထိန်းချုပ်ထားတဲ့ နေရာတိုင်းမှာ ဒါဇင်နဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတွေနဲ့ အသေးစား တိုက်ရေယာဉ်တွေ နေရာယူထားဖွယ် ရှိပါတယ်။ ပြီးတော့ ဖျက်သင်္ဘော တချို့ဟာ အလိုအလျောက် ထိန်းချုပ် မောင်းနှင်နိုင်တဲ့ ဒရုန်းရေယာဉ် တချို့နဲ့ ပူးပေါင်းပြီး ဟောမုဇ်ရဲ့ ရေပြင်အစိတ်အပိုင်း တချို့မှာ မိုင်းရှင်းမှုတွေ စတင်နေပါပြီ။ အဲဒီ ရေမြှုပ်မိုင်းတွေကိုတော့ ဟောမုဇ်ကို ပိတ်ချချိန်မှာ အီရန်ရေတပ်က ထောင်ထားခဲ့တာ ဖြစ်ပါတယ်။

    မိုင်းရှင်းတာတွေနဲ့ ဟောမုဇ်မှာ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ အားထုတ်နေတာတွေကို အမေရိကန်ရဲ့ ဒေသတွင်းမိတ်ဖက် အာရပ်နိုင်ငံတွေကပါ ပံ့ပိုးကြဖွယ် ရှိပါတယ်။

    တကယ်လို့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖီဆန်ပြီး အီရန်ကနေ ထွက်ခွာလာတဲ့ ရေယာဉ်တွေ ရှိရင်တော့ အမေရိကန် တပ်ဖွဲ့တွေက တက်ရောက် စီးနင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီ မစ်ရှင်မျိုးတွေမှာတော့ အမေရိကန်ဟာ မရိန်းတပ်ဖွဲ့ ကွန်မန်ဒိုတွေ၊ ရေတပ်ရဲ့ ထိပ်တန်း တိုက်ခိုက်ရေး ယူနစ်ဖြစ်တဲ့ sealတွေကို အသုံးပြုနိုင်ပါတယ်။ အဲဒီ ကွန်မန်ဒိုတွေဟာ ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ သင်္ဘောဆီကို ရဟတ်ယာဉ်ငယ်တွေ၊ မော်တော်ဘုတ်တွေ အသုံးပြုပြီး မြန်မြန်ဆန်ဆန် ရောက်ရှိသွားနိုင်ပါတယ်။ ပစ်မှတ် သင်္ဘောတစ်စီးကို ခြေချပြီး စီးနင်းရတာဟာ အရမ်း လေ့ကျင့်သား ပြည့်ဝနေတဲ့ အထူးတပ်ဖွဲ့တွေ အတွက်တောင်မှ အန္တရာယ် များလွန်းပါတယ်။ ဥပမာ ၂၀၂၄ ခုနှစ်တုန်းက ဆိုမာလီယာမှာ အလားတူ မစ်ရှင်တစ်ခုကို လုပ်ဆောင်ရင်း Seal တပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။

    ထရမ့်ကတော့ ရေလက်ကြား ပိတ်ဆို့ရေး မစ်ရှင် နှောင့်ယှက်ဖို့ အီရန်ရဲ့ တိုက်ခိုက်ရေး မော်တော်ဘုတ်ငယ်တွေက အမေရိကန် ရေယာဉ်တွေနား ချဉ်းကပ်လာတာ တွေ့တာနဲ့ ဖျက်ဆီး နှစ်မြှုပ်ပစ်မယ်လို့ သတိပေးထားပါတယ်။ CENTCOMရဲ့ ထုတ်ပြန်ချက်မှာတော့ လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်က ဟောမုဇ်မှာ တပ်အင်အား ထပ်ဖြည့်မှာ ဖြစ်သလို ရေအောက် ဒရုန်းတွေကိုပါ ပို့ဆောင်မယ်လို့ ကြေညာထားပါတယ်။

    ဧပြီ ၁၃ ရက်နေ့မှာ အမေရိကန်က ဟောမုဇ်ကို စတင် ပိတ်ဆို့လိုက်ချိန် ကတည်းကနေ လက်ရှိ ကာလအထိတော့ ကြီးကြီးမားမား ပြဿနာတစ်ခုခု ဖြစ်ပေါ်မလာသေးပါဘူး။ အီရန်ကတော့ ဟောမုဇ်မှာ အမေရိကန် စစ်သင်္ဘောတွေ ရောက်နေတာဟာ နှစ်ပတ်ကြာ အပစ်ရပ် သဘောတူညီမှုကို တိုက်ရိုက် ချိုးဖောက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲပြီး အမေရိကန်ကသာ အီရန် ရေယာဉ်တွေကို တိုက်ခိုက်ခဲ့မယ်၊ ဖမ်းဆီးခဲ့မယ်ဆိုရင် ငြိမ်ခံမနေဘဲ လက်တုံ့ပြန်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

    ကိုးကား: The Atlantic