Author: Baby Yit Lone

  • ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

    ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

    စက်သုံးဆီရှားပါးမှုကြောင့် ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

    ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။

    လက်ရှိ ရှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရင်ဆိုင်နေရသည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု အပါအဝင် အဘက်ဘက်မှ ပိုမိုကြပ်တည်း ခက်ခဲလာသည့်အခြေအနေထိ ရောက်ရှိလာသည်။

    ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးမြင့်တက်လာမှုကြောင့် စက်သုံးဆီရရှိရန် နေ့စဉ် တန်းစီနေရသည့် ကား၊ ဆိုင်ကယ်များ စက်သုံးဆီဆိုင်ရှေ့တွင် အများအပြား ရှိလာသည်။

    ထိုသို့ စက်သုံးဆီ တန်းစီရာတွင် အရေးပေါ်လူနာတင်ကားများလည်း စက်သုံဆီဖြည့်ရန် တန်းစီရသဖြင့် အရေးပေါ်လူနာများ အသက်ဆုံးရှုံးလုနီးပါး ပြဿနာများ ရင်ဆိုင်ခဲ့ရကြောင်း တောင်ကြီး နာရေးကူညီမှုအသင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။

    “တစ်နေ့ တစ်နေ့ ဆီလာတန်းတဲ့ ယာဉ်တွေမှ အရမ်းများတယ်၊ ကျနော်တို့ ဆီတန်းစီနေချိန် အရေးပေါ်လူနာ ဖုန်းဆက်လာရင်လည်း ရှေ့တိုးမရ နောက်ဆုတ်မရတွေ ဖြစ်တယ်။ ဆီကလည်း ခွဲတမ်းနဲ့ ထည့်ရတော့ ပြဿနာရှိတာပေါ့။ ဖုန်းဆက်ခေါ်ရင်လည်း ချက်ချင်းထသွားလို့မရဘူး။ ဘယ်လောက်ပဲအရေးပေါ်လူနာဖြစ်ဖြစ် ဆီမရှိရင် သွားမကူနိုင်ဘူးလေ” ဟု ၎င်းနာရေးကူညီမှုအသင်း အဖွဲ့ဝင်က ပြောသည်။

    လက်ရှိ စက်သုံးဆီ ရှားပါးလာမှုကြောင့် အရေးပေါ်လူနာများကို ချက်ချင်း သွားရောက်မခေါ်နိုင်ခြင်း၊ ပရဟိတ ကားအများစုသည် လိုင်စင်မဲ့ကားများ ဖြစ်သဖြင့် စက်သုံးဆီဆိုင်တွင် အလွယ်တကူ မဝယ်ယူနိုင်ခြင်းနှင့် စုံ၊ မ ခွဲခြားပြီး စက်သုံးဆီ ထည့်ရခြင်းတို့ကြောင့် အရေးပေါ်လူနာများကို အချိန်မီ သွားရောက်မခေါ်နိုင်ကြကြောင်း ပရဟိတ ကားသမားများက ပြောသည်။

    “ပရဟိတ ကားအများစုက လိုင်စင်မရှိကြဘူ။ ဒါကြောင့် ဆီဆိုင်မှာ ထည့်ဖို့ကလည်းခက်၊ နောက် စုံ မ ရက်ပဲ ထွက်ရ ထည့်ရတော့ ပြဿနာဖြစ်၊ လွယ်တော့မလွယ်ဘူး။ အရေးပေါ်လူနာကို အလွယ်တကူမခေါ်နိုင်တော့ သူတို့အသက်အန္တရာယ် ဖြစ်နိုင်တယ်” ဟု ၎င်းပရဟိတ ကားမောင်းသူတစ်ဦးက ပြောသည်။

    အလားတူ အောင်ပန်းမြို့မှ အရေးပေါ်ကားများသည်လည်း စက်သုံးဆီရရှိရေးအတွက် အများနည်းတူ တန်းစီစောင့်ဆိုင်းရသောကြောင့် လူနာများကို အချိန်မီ သွားရောက် မတင်ဆောင်နိုင်သောကြောင့် အဆင်မပြေ ဖြစ်နေရကြောင်း သိရသည်။

    “အစိုးရဝန်ထမ်းတွေကို ဦးစားပေး ဆီဖြည့်သလိုမျိုး ကျနော်တို့ အရေးပေါ်ကားတွေကိုလည်း ဆီဖြည့်ပေးစေချင်တယ်။ တော်ကြာ ဆီတန်းနေရင်း လူနာဆုံးသွားတာတို့ဆို အဆင်မပြေဘူးလေ၊ ကျနော်တို့လည်း စိတ်မကောင်းဖြစ်ရတယ်။ အရင်လို အရေးပေါ်ကား ခေါ်တဲ့အချိန် အချိန်မီမရောက်နိုင်တော့ဘူး”ဟု အောင်ပန်းမြို့ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    အဆိုပါ စက်သုံးဆီပြဿနာကြောင့် လူမှုအဖွဲ့အစည်းတွင်း စားဝတ်နေရေးသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေအထိ သက်ရောက်မှုရှိနေပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။

    ထို့ကြောင့် လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုသာမက လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆေးဝါးပစ္စည်းတို့ ပြတ်လပ်လာပြီး ကုန်စျေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် လခစားဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်လာနိုင်ကြောင်း တောင်ကြီးဒေသခံများကပြောသည်။

  • ချမ်းမြမြသော် ရဲ့  ရှင်းလင်းချက် အနှစ်ချုပ်

    ချမ်းမြမြသော် ရဲ့ ရှင်းလင်းချက် အနှစ်ချုပ်

    Korea က ဘောမသွားတဲ့ Tr. ချမ်းမြမြသော် ရဲ့ စာမျက်နှာ ၁၄ မျက်နှာပါ ရှင်းလင်းချက် စာတွေကို အကုန်မဖတ်နိုင်လို့ အဓိကဆိုလိုရင်းကို Ai ကနေ အနှစ်ချုပ် ပေးလိုက်ပါတယ်

    အချုပ်ဆိုလိုရင်း – သူမသည် နိုင်ငံရေး အဖွဲ့အစည်းများ၏ စနစ်မကျမှုနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကို စိတ်ပျက်၍ လမ်းခွဲခဲ့ခြင်း ဖြစ်ပြီး၊ အဖွဲ့အစည်းဝင် အဖြစ်ထက် လွတ်လပ်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအနေဖြင့် မြန်မာပြည်သူများ၏ လက်တွေ့ကျသော လူမှုစီးပွား ဘဝများ တိုးတက်လာစေရန်သာ အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ရှင်းလင်းထားခြင်း ဖြစ်ပါတယ်။

    သူမဟာ တောင်ကိုရီးယား နိုင်ငံရေး/အဖွဲ့အစည်း (တလရ – တော်လှန်ရေးဟု ယူဆရ) လောကကနေ ဘာကြောင့် ထွက်ခွာခဲ့ရတယ်ဆိုတာကို အခုလို ရှင်းပြထားတာ ဖြစ်ပါတယ် –

    🟩၁။ ကိုယ်ပိုင် ရပ်တည်ချက်နှင့် နိုင်ငံသားအဆင့်အတန်း

    မြန်မာနိုင်ငံသားအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ခြင်း: ကိုရီးယားမှာ ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီး နိုင်ငံသား ခံယူခွင့် ရှိသော်လည်း မြန်မာနိုင်ငံသားအဖြစ်သာ ဆက်လက် ရပ်တည်ခဲ့သည်။

    Blacklist သွင်းခံရမှု: နိုင်ငံရေး အယူအဆ မတူမှုကြောင့် Blacklist သွင်းခံရပြီး ပတ်စပို့ သက်တမ်းတိုးမရခြင်း၊ မိဘများနှင့် ဝေးကွာရခြင်း စသည့် ဒဏ်ခတ်မှုများကို ခံခဲ့ရသည်။

    🟩၂။ နိုင်ငံရေး အဖွဲ့အစည်းများအပေါ် ဝေဖန်ချက်

    NUG နှင့် အခြားအဖွဲ့အစည်းများ: မည်သည့် အစိုးရ သို့မဟုတ် ပါတီဝင်မှ မဟုတ်သလို၊ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် ပြည်သူ့အတွက် လက်တွေ့မကျဘဲ ဝေဝါးသော ဝေါဟာရများ (Third Party စသည်ဖြင့်) ဖြင့်သာ အချိန်ဖြုန်းနေသည်ဟု မြင်သည်။

    * ကိုယ်ကျိုးစွန့်သူ မဟုတ်ဟု ယူဆခြင်း: တော်လှန်ရေး ခေါင်းစဉ်အောက်တွင် ပြည်သူ့အလှူငွေဖြင့် ရပ်တည်နေသူများထက် မိမိဘာသာ ရုန်းကန်နေရသည့် ပြည်သူများ၏ ဘဝက ပို၍ အရေးကြီးသည်ဟု ယူဆသည်။

    🟩၃။ ကိုရီးယားရှိ အဖွဲ့အစည်း (တလရ) မှ ထွက်ခွာရခြင်း အကြောင်းရင်း

    ပွင့်လင်းမြင်သာမှု မရှိခြင်း: အဖွဲ့အစည်းအတွင်း လုပ်ဆောင်ချက်များတွင် အကျိုးအကြောင်း ဆီလျော်မှု မရှိခြင်းနှင့် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများကို စိတ်ပျက်၍ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

    * လက်ကိုင်တုတ် အဖြစ်မခံခြင်း: မည်သူ့၏ အသုံးချခံ၊ မည်သူ့၏ လက်ကိုင်တုတ်မှ အဖြစ်မခံဘဲ မိမိ၏ လွတ်လပ်သော သဘောထားဖြင့်သာ ရပ်တည်လိုသည်။

    🟩၄။ လက်တွေ့ကျသော ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးခြင်း

    * စီးပွားရေးနှင့် လူမှုရေး: နိုင်ငံရေးထက် လက်တွေ့ကျသည့် ပညာရေး (ကျောင်းတက်နိုင်ရေး)၊ ကျန်းမာရေး (ဆေးကုသနိုင်ရေး) နှင့် စားဝတ်နေရေးကိုသာ အာရုံစိုက်လိုသည်။

    * ကိုရီးယား လုပ်ငန်းရှင်များနှင့် ပူးပေါင်းမှု: မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းများကို လုပ်ဆောင်နေသည်။

    🟩၅။ ပြည်သူများသို့ သတင်းစကား

    မျက်စိပိတ် နားပိတ် မနေရန်: နိုင်ငံရေး လှည့်ကွက်များကို သတိထားရန်နှင့် အကျိုးအကြောင်း ဆီလျော်စွာ တွေးခေါ်ကြရန် တိုက်တွန်းသည်။

    👉လက်ရှိအစိုးရနှင့် ဆက်ဆံရေး: ဘယ်အစိုးရပဲ ဖြစ်ဖြစ် ပြည်သူ့အတွက် အမှန်တကယ် အကျိုးရှိမည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ခွင့်ပြုပေးပါက ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဆိုထားသည်။

  • မန္တလေး၌ စက်သုံးဆီတန်းစီဝယ်ဖို့ နေရာရောင်းစား

    မန္တလေး၌ စက်သုံးဆီတန်းစီဝယ်ဖို့ နေရာရောင်းစား

    စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရန် Bar code၊ QR code စနစ်သစ်ဖြင့် ရောင်းချပေးမှုကြောင့် ဆိုင်ကယ်၊ သုံးဘီး၊ ကားအစီးရေ သိန်းချီလျော့ကျသွားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသော်လည်း မန္တလေးမြို့ရှိ စက်သုံးဆီ ဆိုင်များ၌ အချိန်ကြာတန်းစီနေရဆဲဖြစ်သလို စက်ဘီးများဖြင့်ပါတန်းစီ၍ နေရာရောင်းစားမှုရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

    မန္တလေးမြို့ခံတဦးက “၄၈ လမ်း ၁၁၀ လမ်းထိပ် နေလဆီဆိုင်က ဆီတန်းတဲ့သူတွေကို စနစ်တကျတန်းစီခိုင်းတာမျိုး မရှိတဲ့အပြင် စက်ဘီးတွေနဲ့ တန်းတာကိုပါ လက်ခံပေးနေတာ။ စက်ဘီးတစီးနေရာကို ဆိုင်ကယ်အစီးရေ ၁၅ စီးလောက် ထည့်ပေးနေတာ။ အဲဒီလို နေရာတန်းခဆိုပြီး ဆိုင်ကယ်တစီးအတွက် တသောင်းတောင်းတယ်။ ဓားပြမှု၊ လုယက်မှုတွေနဲ့ ထောင်ကျ လွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့‌ ကောင်တွေက လုပ်စားနေကြတာ”ဟု ပြောသည်။

    စစ်ကော်မရှင်က မတ် ၂၇ ရက်မှစပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တို့၌ စက်သုံးဆီဝယ်ယူခွင့် သတ်မှတ် ပမာဏအတိုင်း Bar Code/ QR Code များဖြင့် ရောင်းချပေးနေပြီး စနစ်သစ်မစမီ မတ် ၂၆ ရက်တွင် ဆိုင်ကယ်/ သုံးဘီး (၁၈၄,၂၈၄)စီး၊ ကား (၁၁၃,၀၂၈)စီး စက်သုံးဆီဖြည့်တင်းခဲ့ကာ မတ် ၂၇ ရက် စနစ်သစ်စချိန် ဆိုင်ကယ်/သုံးဘီး (၁၄၉,၆၉၀) စီး၊ ကား ၁၀၅,၃၄၅ စီး ဖြည့်ခဲ့သဖြင့် ကား၊ ဆိုင်ကယ်/သုံးဘီး ၄၂၃,၃၁ စီးထိ လျော့ကျသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    မြေပြင်တွင်မူ စက်သုံးဆီရောင်းချပေးရန် သတ်မှတ်ချက်ထဲ မပါဝင်သော ဆိုင်ကယ်ဘေးတွဲများဖြင့်ပါ လာရောက်တန်းစီ နေကြသလို အမှန်တကယ် လိုအပ်သည့် ပြည်သူများအနေဖြင့် သတ်မှတ်ပေးစက်သုံးဆီပမာဏ ဝယ်ယူရရှိနိုင်ရေး အနည်း ဆုံး ၄ နာရီခန့်ထိ တန်းစီနေရကြောင်း သိရသည်။

    “ဆိုက်တွဲတွေကလည်း အုပ်စုလိုက်လာ လူမိုက်တွေလုပ်ပြီး တန်းစီနေတဲ့သူတွေကိုမှ အားမနာ ဇွတ်ဝင်တိုးနေကြတာ။ သူတို့ထုတ်ပြန်ထားတာမှာ ဆိုက်တွဲမပါဘူး။ လူမိုက်တွေဆိုတော့ ဆီဆိုင်တွေကလည်း ကြောက်ပြီးထည့်ပေးနေရတာ” ဟု တန်းစီဝယ်ယူနေရသူတဦးက ပြောသည်။

    ထိုသို့ တန်းစီနေခြင်းမျိုး ဆီဆိုင်ကြီးများက လက်မခံသော်လည်း ဆီဆိုင်အများစု၌ တန်းစီရင်း ရန်ဖြစ်ထိုးကြိတ်ကြသည် အထိ ရှိသလို ဆီဆိုင်များတွင် လှည့်လည်တန်းစီထုတ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်ဖြင့် ပြန်လည်ရောင်းစားကြသူ များရှိနေသည်ဟု ဆိုသည်။

    စစ်ကော်မရှင်၏ စနစ်သစ်အရ ဆိုင်ကယ်များအတွက် တပတ် နှစ်ကြိမ် ၈ လီတာ၊ သုံးဘီး၊ အိုးဝေ တပတ် သုံးကြိမ် ၁၅ လီတာ၊ ထော်လာဂျီ တပတ် သုံးကြိမ် ၃၀ လီတာ၊ အိမ်စီးကားများ တပတ် နှစ်ကြိမ် ၂၀၀၀ စီစီအထိ ၃၅ လီတာ၊ ၂၀၀၀ စီစီမှ ၃၀၀၀ စီစီအထိ ၄၀ လီတာ၊ ၃၀၀၀ စီစီအထက် ၄၅ လီတာ၊ နံပါတ်အနီ(အငှားကား) တပတ် သုံးကြိမ် ၂၀၀၀ စီစီအထိ ၉၀ လီတာ၊ ၂၀၀၀ စီစီမှ ၃၀၀၀ စီစီအထိ ၁၀၀ လီတာ၊ ၃၀၀၀ စီစီအထက် ၁၁၀ လီတာ၊ Light Truck၊ Truck၊ Pickup များ အတွက် တပတ် နှစ်ကြိမ် ၂၀၀၀ စီစီအထိ ၉၀ လီတာ၊ ၂၀၀၀ စီစီအထက် ၁၁၀ လီတာအထိ သတ်မှတ်ထားသည်။

    ဓာတ်ပုံ – CJ

  • ကသာမြို့က ဗုံးကြဲခံရတဲ့​ကျောင်းကို ​ကျောင်းထိုင်ဆရာ​တော် လိုက်လံကြည့်ရှု

    ကသာမြို့က ဗုံးကြဲခံရတဲ့​ကျောင်းကို ​ကျောင်းထိုင်ဆရာ​တော် လိုက်လံကြည့်ရှု

    “ရှင်းလို့မလွယ်သေးဘူး ဘုရား၊မီးအရှိန်တွေ ရှိနေသေးတယ်ဘုရား။အခုဝင်လို့ မရသေးဘူး။အပူရှိန်ရှိနေတုန်းပဲ”

    စစ်တပ်ဗုံးကြဲခဲ့တဲ့ ကသာမြို့ က မဟာလေးထပ်ကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ အဂ္ဂမဟာဂန္တဝါစက ဦးကုသလ ကို တပည့်၊သံဃာတွေက အပျက်အစီးပုံထဲမဝင်ဖို့ ​မိန့်ကြား​နေတာဖြစ်ပါတယ် ။

    ရဟန်း​တွေအပါအဝင်အစုလိုက်အပြုံလိုက်စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်ခံခဲ့ရတဲ့ပြည်သူ​တွေအတွက် ရက်လည်တရားနာတာကို မတ်လ ၂၇ ရက်နေ့မှာလုပ်ခဲ့ပါတယ်။

    အဲဒီ​နေ့မှာပဲ ဆရာ​တော်ဘုရားကအပျက်အစီး တွေကြားက ကျောင်းတိုက်ထဲကိုတောင်ဝှေးအားပြုပြီး ဦးကုသလ က ဝင်ကြည့်ချင်နေတာဖြစ်ပါတယ်။

    သက်တော် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဦးကုသလဟာ ကသာမြို့ ၃ ရပ်ကွက်မှာရှိတဲ့ မဟာလေးထပ်ကျောင်းမှာ ကျောင်းထိုင် ဆရာတော် အဖြစ်သီတင်းသုံးနေတာပါ။

    စစ်တပ်ဗုံးကြဲချိန်မှာ ဆရာ​တော်က ကံ​ကောင်း​ထောက်မလို့ ​ဘေးကင်းခဲ့တာပါ။

    ကျောင်းတိုက်က ကသာမြို့ရဲ့ သမိုင်းဝင် အမွေ အနှစ်တစ်ခုဖြစ်ပြီး ဘာသာရေးဆိုင်ရာ အချက် အချာနေရာအပြင် မာန်လည်ဆရာတော်ဘုရားကြီး တည်ထားခဲ့တဲ့ တာဝတိံသာမဟာစေတီတော် လည်း ကျောင်းတိုက်ဝင်းထဲ ရှိပါတယ်။

    ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကသာမြို့ဟာ ရေကြီးရေလျှံလေ့ရှိတာကြောင့် ငါးဧက ကျော်ကျယ်တဲ့ မဟာလေးထပ်ကျောင်းဟာရေဘေးကယ်ဆယ်ရေးစခန်း အဖြစ် အသုံးပြုနိုင်ခဲ့ပါတယ်။

    အခုလို ကသာနယ်မှာ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ လည်းမြို့တွင်းနဲ့ မြို့အနီး က ဒေသခံတွေအတွက် စစ်​ဘေး​ရှောင်​တွေကိုခိုလှုံခွင့်​ပေးတဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့တပတ်ကျော်(မတ်လ ၂၀ ရက်) မနက်ပိုင်းမှာ မဟာလေးထပ်ကျောင်းကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့ပါတယ်။

    “ဗုံးကြဲခံရတုန်းက ကျောင်းတိုက်ထဲမှာ ဆရာတော်ကြီး(ဦးကုသလ) နဲ့ သူ့တပည့်ဦးဒေဝိန္ဒ လည်းရှိတယ်။ ဦးဒေဝိန္ဒက ကယ်ထုတ်နိုင်သွားတာ”လို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။

    ဗုံးဒဏ်ကြောင့် သံဃာတော် နဲ့ စစ်ရှောင်ပြည်သူ၊ကလေးငယ်တွေ ၅၀ ကျော် သေဆုံးတယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့ ဒေသခံတွေက အသိပေးပါတယ်။

    ​အလောင်းရှာမရတာ၊မတွေ့တာ နဲ့ တစ်စစီ ဖြစ်သွား ရတဲ့ အခြေအနေတွေကြောင့် သေဆုံးသူအရေ အတွက် အတိအကျ ကိုတော့ စာရင်းမကောက်ယူနိုင်သေးပါဘူး။ ​

    ဘုန်ကြီးကျောင်းမှာ ခိုလှုံရင် ဘေးကင်းတယ်လို့ ယူဆကြတဲ့ ဒေသခံ ၁၂၀ ဝန်းကျင်ဟာ လေးထပ်ကျောင်းတိုက် ဗုံးကြဲခံရတဲ့အချိန်ထိ ရှိခဲ့ပါတယ်။

    အဲဒီထဲက ဒဏ်ရာရခဲ့တဲ့စစ်ရှောင် ၆၀ ဝန်းကျင်ကို ကသာမြို့အမှတ် ၂ ရဲစခန်း ကို ခေါ်သွားခဲ့ပါတယ်။

    ဘုန်းကြီး​တွေပါမ​ရှောင် အစုလိုက်အပြုံလိုက်သတ်ပြီးတဲ့​နောက်မှာ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်​တွေက ဘုန်းကြီး​ကျောင်းမှာ PDF ​တွေရှိလို့ သတင်းအမှားဖြန့် ပြန်ပါတယ်။

    တကယ်​တော့ ဘုန်းကြီး​ကျောင်းဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ ကသာမြို့​ပေါ်မှာရှိပြီး ​ကျောင်းထဲမှာ PDF မရှိပါဘူး ။

    ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ ရက် မနက်အစောပိုင်းမှာ ​တော်လှန်​ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။

    မြို့တွင်းနေ ပြည်သူတွေ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းခဲ့တာရှိပေမယ့် စစ်တပ်က ဒေသခံတွေကို စစ်ရှောင်ခွင့် တားဆီးပိတ်ပင်တာတွေရှိခဲ့ပါတယ်။

    ၂၀၂၆ နှစ်ဆန်းပိုင်းမှာတော့ ​တော်လှန်​ရေးအဖွဲ့​တွေက ပြည်သူ​တွေမထိခိုက်​အောင်မြို့​ပေါ်က​နေ ပြန်လည်ဆုတ်ခွာ​ပေးခဲ့ပါတယ်။ ဒါ​ကြောင့် ကသာမြို့​ ​​နေရာအများစုကို စစ်တပ်က ထိန်းချုပ်ထားပြီး စစ်တပ်​ထောက်ခံသူ​တွေက မြို့ပုံမှန်ဖြစ်​နေပြီမို့ အ​​ဝေးမှာ စစ်​ဘေး​ရှောင်​နေသူ​တွေ မြို့ကို ပြန်လာ​နေနိုင်ပြီလို့ လူမှုကွန်ယက်ကတဆင့် မြို့ထဲလူပြန်လာ​အောင် ​ခေါ်ခဲ့ကြပါတယ်။

    တော်လှန်​ရေးအဖွဲ့​တွေက​တော့ စစ်တပ်နဲ့ စစ်တပ်​ထောက်ခံသူ​တွေက မြို့​နေပြည်သူ​တွေကို ပြန်ခေါ်တာဟာ ကျန်​ဒေသ​တွေမှာလို စစ်တပ်က တိုက်ပွဲဖြစ်လာရင် ပြည်သူ​တွေကို လူသားတံတိုင်းလုပ်ချင်လို့ ဖြစ်နိုင်တယ်လို့ သတိ​​ပေးခဲ့ကြပါတယ်။

    ​တော်လှန်​ရေးအဖွဲ့​တွေသတိ​ပေးခဲ့သလိုမြို့အနီးဝန်းကျင်မှာတိုက်ပွဲ​တွေဖြစ်လာတဲ့အခါ စစ်တပ်က ပြည်သူ​တွေကို မြို့အပြင်​ပေးမထွက်ပဲလူသားတံတိုင်း တကယ်လုပ်​​ခဲ့ပါတယ်။

    သေဆုံးခဲ့တဲ့ စစ်ရှောင်တွေအတွက် သက်ဆိုင်တဲ့ မိသားစု ဝင်အကျဥ်းချုံးပြီး မတ်လ ၂၇ ရက်က မဟာလေးထပ်ကျောင်းဝင်းထဲမှာပဲ ရက်လည်အမျှဝေ ခဲ့ကြပါတယ်။

    “ကောင်းရာမွန်ရာ ရောက်ကြပါစေ။အခုလို အဖြစ်ဆိုးမျိုး မကြုံပါစေနဲ့တော့ ” လို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ မဟာလေးထပ်ကျောင်းတိုက်ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

    ရုပ်သံ-​ဒေသခံ

  • နာရယ်လီဆိုင်ကလုန်း မဝင်မီ ဩစတြေးလျကောင်းကင်တွင် သွေးနီရောင်လွှမ်း

    နာရယ်လီဆိုင်ကလုန်း မဝင်မီ ဩစတြေးလျကောင်းကင်တွင် သွေးနီရောင်လွှမ်း

    မတ် ၂၇ ရက်က ဩစတြေးလျနိုင်ငံ ငါးမန်းပင်လယ်အော်ဒေသသို့ အပူပိုင်းမုန်တိုင်း နာရယ်လီဆိုင်ကလုန်း မတိုက်မီ မီနစ်အတော်ကြာ မြင်သမျှ ကောင်းကင်မြင်ကွင်းအားလုံး သွေးနီရောင် လွှမ်းသွားသည့် ထူးခြားဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

    ၂၀၀၉ ခုနှစ်က အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားစဉ် မုန်တိုင်းလေပြင်းသည် ဖုန်မှုန့်များစွာကို ကီလိုမီတာ ထောင်ချီ သယ်ဆောင်သွားပြီး ဆစ်ဒနီမြို့ကြီးတစ်မြို့လုံး ကောင်းကင်နှင့် လေထုသည် လိမ္မော်ရောင် ပြောင်းသွားဖူးသော်လည်း ယခုလို သွေးနီရောင် လေထုကြီးဖြစ်ကာ မြင်နိုင်စွမ်း သုညဒီဂရီနီးပါ မှုန်ဝါးပြီး လေထုသိပ်သည်းမှုလည်း အလွန်ထူထပ်သဖြင့် အသက်ရှူမရသည်အထိ ဖြစ်ခဲ့မှုမျိုး မကြုံဖူးဟု ဒေသခံများက ဖွင့်ဟပြောဆိုခဲ့သည်။

    ဩစတြေးလျ အနောက်ပိုင်းဒေသသို့ နာရယ်လီဆိုင်ကလုန်းသည် တစ်နာရီလေတိုက်နှုန်း ၁၂၄ မိုင်နှုန်း အထိပြင်းထန်စွာတိုက်ခတ်ပြီးနောက် အဆောက် အအုံများစွာ ပျက်စီးခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုများ ပျက်စီးခြင်း၊ စိုက်ပျိုးပင်များ ပျက်စီးခြင်းများရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကို နောက်ရက်များအထိ လိုက်လံဆောင်ရွက်နေရသည်။

    မုန်တိုင်းမဝင်မီ မိနစ်အတော်ကြာ ကောင်းကင်နှင့်လေထု တစ်ခုလုံး သွေးနီရောင်ပြောင်းသွားမှုနှင့် ပတ်သက်ပြီး မုန်တိုင်းလေပြင်းများသည် သံအောက်ဆိုဒ်ဓာတ်များစွာပါသည့် မြေနီမှုန့်များကို သယ်ဆောင်လာသဖြင့် သွေးနီရောင်လွှမ်းကာ လေထု သိပ် သည်းပြီး အသက်ရှူမ၀ ဖြစ်ရခြင်းသာ ဖြစ်သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်သော်လည်း ယခင်က ထိုမျှ နီရဲသည့် ပတ်ဝန်းကျင်ကို မမြင်ဖူးခဲ့ကြသော ဒေသခံများက ကမ္ဘာပျက်နေ့အလား ထင်မှတ်ကာ စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်ဟု ဖွင့်ဟ ပြောဆိုခဲ့ကြသည်။

    ယင်းနာရယ်လီမုန်တိုင်းသည် ခရီးသွားမြို့တော် အိတ်စ်မောက်တွင် အဆိုးရွားဆုံး တိုက်ခတ်ပြီး မုန် တိုင်းဖြတ်သန်းရာ ကာရိုးပင်လယ်အော်၊ ငါးမန်းပင်လယ်အော်၊ ဂီရယ်လ်တန်မြို့၊ ကာနာဗွန်မြို့များတွင် ပျက်စီးမှုများခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်။