Author: Baby Yit Lone

  • The Hunter: Chapter 1

    The Hunter: Chapter 1

    The Hunter: Chapter 1 (2025) အသစ်ထွက်ရှိလာတဲ့ စိတ်ဝင်စားစရာ တလေဂူးသည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆွေးမြေ့ပျက်စီးနေတဲ့အလောင်းကိုကြည့်ပြီး မျက်နှာပုံကြမ်းကို အနီးစပ်ဆုံးရေးဆွဲနိုင်တဲ့ ရှီဗာ။ အဲဒါအပြင် ထက်မြတ်တဲ့စုံထောက်တစ်ယောက်လို အဖြစ်အပျက်ကို ခန့်မှန်းနိုင်တဲ့သူ။ ဒါကြောင့်လည်း စခန်းမှူးရာဂျန်ဒရန်က အမှုတိုင်းမှာ ရှီဗာ့အကူအညီ ယူနေရတယ်။ တနေ့တော့ စခန်းအဝင်ပေါက်မှာ ခန္ဓာကိုယ်အပိုင်းအစထည့်ထားတဲ့ စက္ကူပုံးတစ်ပုံးချသွားတယ်။ ရှီဗာကူညီဖြေရှင်းဖို့ ကြိုးစားပေမဲ့ စခန်းမှူးက ဒီအမှုမှာဝင်မပါဖို့ပြောပြီး ဘာအစအနမှရှာမရဘဲ စခန်းမှူးပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီမှာပဲ အသစ်ရောက်လာတဲ့ အရာရှိရဲမေနဲ့ နှစ်နှစ်စာမှတ်ဉာဏ်ပျောက်နေတဲ့ ရှီဗာတို့ တစတစကျယ်ပြန့်လာတဲ့ လူသတ်မှုနောက်ကို လိုက်ကြပါတော့တယ်။

  • On the Ring

    On the Ring

    On the Ring (2025) သာမန်ဘဝထဲမှာ စိတ်ဓာတ်တက်ကြွစရာ ဖြစ်စေမယ့် ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- တစ်ချိန်က လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သူ ပေါင်းယုံဟာ အခုအချိန်မှာ ထူးခြားစွာသင်ကြားပြသတတ်တဲ့ အထက်တန်းကျောင်းဆရာတစ်ဦး ဖြစ်နေပါပြီ။ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကို ကျောင်းတက်နိုင်အောင်ကူညီဖို့ သူဟာ လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အကြွေးတွေနဲ့ လက်ဝှေ့ကလပ်ကို ဖွင့်လှစ်ထားတဲ့ ကောင်းဟုန်နဲ့ ပူးပေါင်းပြီး ဆုကြေးစားပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ခေါင်းမာပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လူငယ်လေး ယန်ဖန်က ပေါင်းယုံရဲ့လျှို့ဝှက်ချက်ကို မတော်တဆသိသွားတဲ့အခါ ပေါင်းယုံရဲ့ ကျောင်းဆရာဘဝဟာ အဆုံးသတ်သွားခဲ့ပြီး သူချစ်ရတဲ့ သင်ကြားရေး လောကထဲက ထွက်ခွာခဲ့ရပါတယ်။ သွေးဆူစေတဲ့ စိတ်ဓာတ် တာဝန်သိမှုနဲ့ ကြီးပြင်းခြင်းတို့နဲ့သက်ဆိုင်တဲ့ ဒီကြိုးဝိုင်းတိုက်ပွဲဟာ အခုမှ အစပဲဖြစ်တာကြောင့် အားလုံး ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်…

  • Light in the Frame

    Light in the Frame

    Light in the Frame (2025) ခပ်ငြိမ့်ငြိမ့် ဒရာမာလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ခံစားလို့ကောင်းမယ် အိပ်မက်တွေကြားပျောက်ဆုံးနေတဲ့ လူငယ်အချစ်ဒရာမာရုပ်ရှင်လေးတင်ဆက်ပေးလိုက်ပါတယ်။ မထင်မှတ်တဲ့ တဒင်္ဂဆုံတွေ့မှုလေးကြောင့် အကမယ်လေးဖြစ်တဲ့ လင်နန်ယာက အထီးကျန်တဲ့မြို့ပြကြီးမှာ အချစ်ကိုတွေ့မလားလို့ စိတ်ကူးယဉ်ရှာဖွေနေပါတယ်။ ကျန်ကိန်းရှန်းဆိုတဲ့ ဓာတ်ပုံဆရာကောင်လေးကတော့ လှပတဲ့အခိုက်အတန့်တွေကို သူ့ရဲ့ကင်မရာနဲ့ဖမ်းယူရင်း တစ်ချိန်ထဲမှာပဲ တခြားသူနဲ့အချစ်ရေးတစ်ခုကို ပြန်အဆင်ပြေနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ အချစ်ရဲ့ဖိအားနဲ့ အလုပ်လက်မဲ့ဖြစ်ရတဲ့ ဖိအားတွေနဲ့ ဘဝရဲ့ထွက်ပေါက်ကို ဂရုတစိုက်ရှာဖွေနေတဲ့ လူငယ်လေးနှစ်ယောက်ဟာ ဒီမြို့ပြကြီးမှာ နောက်တစ်ခေါက်ပြန်ဆုံနိုင်ကြဦးမလား…

  • American Warrior

    American Warrior

    American Warrior (2024) ဒီရုပ်ရှင်ကတော့ Action, Drama နဲ့ Sport (အားကစား) အမျိုးအစားတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ (IMDb မှာ Rating 8.5) အထိ ရရှိထားတဲ့ ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ အတိတ်မှာ ပြဿနာတွေ၊ အရှုပ်အရှင်းတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ လူတစ်ယောက် အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ သူဟာ တစ်ရက်မှာ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တစ်ခု (Heroic act) ကို လုပ်ဆောင်မိပြီးတဲ့နောက်မှာတော့၊ သူ့ရဲ့ ဘဝကို ဒီအတိုင်း ဆက်မသွားတော့ဘဲ အသစ်ကနေ ပြန်လည်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလို ဘဝကို ပြောင်းလဲဖို့အတွက် သူ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းကတော့ Mixed Martial Arts (MMA)…

  • အိုတစ်ပင်ထဲ ရင်ထဲကနွယ်

    အိုတစ်ပင်ထဲ ရင်ထဲကနွယ်

    ကျွန်မနာမည်က နွယ်ပါ။ တောသူလေးပေါ့။ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်၊ အသားညိုညိုလေး၊ ခန္ဓာကိုယ်ကလည်း မော်ဒယ်လေးလို ပိန်ပိန်လေးရှင့်။ ချစ်စရာလေးပေါ့နော်။ ကျမကိုချစ်တဲ့ ကောင်လေးတွေက ဝိုင်းနေတာပဲရှင့်။ ဒါပေမယ့် တစ်ယောက်တော့ စတွေ့ခဲ့တယ်။ နာမည်က ကိုတဲ့။ ဘယ်လောက်တောင် နာမည်က ပိုင်စိုးသလဲကြည့်။ သူနဲ့က တစ်ရွာထဲရှင့်။ ကျွန်မက အိမ်မပိုင်တော့ အပြင်သိပ်မထွက်ရဘူးလေ။ အဲဒီတော့ အသိကျွမ်း နည်းတာပေါ့။ ဒါပေမယ့် တစ်ခုသော သင်္ကြန်ရက်မှာ ကျမအိမ်ရှေ့ထွက်ပြီး ရေကစားနေတဲ့သူတွေကို ကြည့်နေတုန်း ကျမရှေ့မှာ သူက နတ်သားလေးတစ်ပါးလို ပေါ်လာခဲ့တယ်။ ရေလောင်းလို့ ရမလားတဲ့။ ကျမလည်း ရှက်ရှက်နဲ့ ခေါင်းငုံ့ပြလိုက်တယ်။ သူက ကလေးနားက ကလေးရဲ့ ရေခွက်ကိုတောင်းပြီး ကျမပုခုံးပေါ်ကနေ ရေလေးလောင်းချလိုက်တယ်။ ကျမ အေးသွားတာပဲ နှလုံးသားထဲကပေါ့ ဟိဟိ။ သူက…