Author: Baby Yit Lone

  • Blood and Ties

    Blood and Ties

    Blood and Ties (2013)

    ဒီတစ်ခါမှာတော့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး Kim Gab Soo နဲ့ အားလုံးချစ်ကြတဲ့ မင်းသမီး Son Ye Jin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Blood and Ties ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ..

    ဇာတ်လမ်းအကျဉ်း

    ဂျောင်ဒါအွန်း (Son Ye Jin) ဟာ ဖခင်ဖြစ်သူ ဂျောင်ဆွန်းမန်(Kim Gab Soo) နဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတယ်။ ဂျောင်းဆွန်းမန်ဟာ သမီးကို သည်းသည်းလှုပ်ချစ်တဲ့ အဖေတစ်ယောက်ဖြစ်ပြီး သမီးအတွက် အရာရာကို ပေးဆပ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

    ဒီလို အေးချမ်းနေတဲ့ သူတို့ ဘဝလေးမှာ တစ်နေ့မှာတော့ အလှည့်အပြောင်းတွေ ဖြစ်လာခဲ့ပါတယ်။

    ဒါအွန်းက သူ့အဖေကို ကြောက်ရွံ့ဖွယ် ပြန်ပေးဆွဲမှုတစ်ခုရဲ့ တရားခံအဖြစ် သံသယရှိလာခဲ့တယ်။

    အဖေဖြစ်သူက ကျူးလွန်သူမဟုတ်လောက်ဘူးလို့ ယုံကြည်နေရင်းနဲ့ပဲ တစ်ဖက်မှာလည်း သက်သေကို ရှာနေခဲ့မိပါတယ်။

    ဒီလိုနဲ့ ဒါအွန်းက သူ့အဖေရဲ့ တကယ့်ပုံစံအစစ်အမှန်ကို ရှာတွေ့သွားမလား…

    အမှန်တရားကို ရှာဖွေရင်း သံသယတွေကို အတည်ပြုနိုင်သွားခဲ့ရင်ရော ဘယ်လိုဆက်လုပ်မလဲ…ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ် အဖြေရှာကြည့်လိုက်ပါနော်

  • Daddy’s Home

    Daddy’s Home

    Daddy’s Home (2015)

    ပရိသတ်ကြီးရေ၊ အခုတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ၊ ဟာသတွေ ရောစပ်ထားတဲ့ မိသားစုဟာသကား Daddy’s Home (2015) ကို တင်ဆက်ပေးချင်ပါတယ်။ ဒီကားမှာတော့ ဟာသဘုရင် Will Ferrell နဲ့ အက်ရှင်မင်းသား Mark Wahlberg တို့ရဲ့ တွဲဖက်ညီညီ သရုပ်ဆောင်မှုတွေကို ရှုစားရမှာပဲ ဖြစ်ပါတယ်။

    ဇာတ်လမ်း အကျဉ်းချုပ်

    ဇာတ်လမ်းက သိမ်မွေ့ပြီး စည်းကမ်းရှိတဲ့ ရေဒီယိုအမှုဆောင် Brad Whitaker (Will Ferrell) အကြောင်းပါ။

    သူဟာ သူ့ရဲ့ ဇနီး Sara (Linda Cardellini) နဲ့ သူမရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ Megan နဲ့ Dylan တို့ကို အကောင်းဆုံး ပထွေးတစ်ယောက်အနေနဲ့ ပြုစုစောင့်ရှောက်နေပါတယ်။

    ကလေးတွေနဲ့ သူ့ရဲ့ ဆက်ဆံရေး တဖြည်းဖြည်း ကောင်းမွန်လာချိန်မှာပဲ၊ ကလေးတွေရဲ့ အဖေအရင်းဖြစ်သူ Dusty Mayron (Mark Wahlberg) ရုတ်တရက် ရောက်လာပါတော့တယ်။

    Dusty ဟာ လွတ်လပ်ပေါ့ပါးတဲ့ အမိုက်စား ဆိုင်ကယ်စီးသူ တစ်ယောက် ဖြစ်ပြီး၊ Brad ရဲ့ စည်းကမ်းတင်းကျပ်တဲ့ အဖေပုံစံနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါ။ ကလေးတွေရဲ့ အဖေအစစ်ဖြစ်တဲ့ Dusty ရောက်လာတဲ့အခါ၊ Brad ဟာ ကလေးတွေရဲ့ အာရုံစိုက်မှုကို ပြန်ရဖို့အတွက် Dusty နဲ့ ပြိုင်ဆိုင်မှုတွေ၊ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူဖို့ ကြိုးစားမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။

    ဒီအဖေနှစ်ယောက်ဟာ ကလေးတွေရဲ့ ချစ်ခင်မှုကို ရရှိဖို့အတွက် အလွဲလွဲ အချော်ချော်တွေ၊ ရှက်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရပြီး၊ ဒီပြိုင်ဆိုင်မှုတွေက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို ရယ်မောရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။

  • Stitch Head

    Stitch Head

    Stitch Head (2025)

    Stitch Head ဆိုတဲ့ဇာတ်ကားလေးကတော့ အဂ်လန်ကစာရေးဆရာ Guy Bass ရဲ့နာမည်ကြီးဝတ္တုစီးရီး Stitch Headထဲက အဓိကဇာတ်ဆောင်ဖြစ်တဲ့ Stitch Head(ချုပ်ရာခေါင်းလေး)ကို အခြေခံရိုက်ကူးထားပြီး ကိုယ့်ဖြစ်တည်မှုကိုလက်ခံခြင်း၊ မေတ္တာရဲ့စွမ်းအား၊ ကျော်ကြားမှုရဲ့အန္တရာယ်ကိုဖော်ကျူးထားတဲ့ ၂၀၂၅ မှထွက်ရှိထားတဲ့ animation ဇာတ်ကားကောင်းလေးလေးဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဥ်း

    မိစ္ဆာတွေရှိတယ်ဆိုပြီး လူတွေကြောက်ရွံ့နေကြတဲ့ ဂရော့တက်စ်ကျူရဲတိုက်မှာ ဖန်တီးရှင် ပါမောက္ခမှပထမဆုံးဖန်တီးထားတဲ့ ချုပ်ရာခေါင်းလေး ဟာပါမောက္ခက ဖန်တီးမွေးထုတ်နေတဲ့ မိစ္ဆာအသစ်တွေကို စောင့်ရှောက်ရင်း အထီးကျန်စွာနေနေရပါတယ်။

    ပါမောက္ခဟာ ကြောက်စရာအကောင်းဆုံး မိစ္ဆာကိုဖန်တီးဖို့ပဲ ခေါင်းထဲရှိနေတာကြောင့် ချုပ်ရာခေါင်းလေး ဟာသူ့ဆီက အသိအမှတ်ပြုမှုကိုတောင့်တမိနေပါတော့တယ်။

    ဒီလိုနဲ့ တစ်နေ့မှာ ဖူးလ်ဘတ် ဖရိလ်ဖိုင်ဒါ ဆိုတဲ့ ဆပ်ကပ်ပိုင်ရှင်ဟာ ရဲတိုက်ကိုရောက်ရှိလာပြီး ချုပ်ရာခေါင်းလေးကို ချစ်ခြင်းမေတ္တာတွေ၊ အသိမှတ်ပြုမှုတွေ၊ ကျော်ကြားမှုတွေ ရရှိရမယ်ဆိုပြီး ခေါ်သွားပါတော့တယ်။

    မြို့ကိုရောက်ရှိပြီးနောက် ချုပ်ရာခေါင်းလေးဟာ ချစ်ခြင်းမေတ္တာတွေ၊ အသိမှတ်ပြုမှုတွေ၊ ကျော်ကြားမှုတွေ ရရှိနေတဲ့အချိန်မှာ သူ့အချစ်ဆုံးသူငယ်ချင်း သတ္တဝါဆိုတဲ့ မိစ္ဆာလေးဟာ ချုပ်ရာခေါင်းလေးကို လူသားတွေလက်ထဲကလာကယ်ပေမယ့် ချုပ်ရာခေါင်းလေးက ပြန်သွားငြင်းဆန်ခဲ့ပါတယ်။

    ဒါပေမယ့် အာရဘယ်လာဆိုတဲ့ လူသားမလေးကြောင့် သူဟာ စိတ်တွေဘယ်လိုပြန်ပြောင်းလဲလာတဲ့အချိန်မှာ ဖူးလ်ဘတ် ဖရိလ်ဖိုင်ဒါရဲ့ ယုတ်မာပုံတွေ ဘယ်လိုပေါ်ထွက်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ။

  • အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး

    အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး

    မြန်မာနိုင်ငံက ကျရှုံးနိုင်ငံဖြစ်နေပြီး ကမ္ဘာ့ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကာ အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး

    စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်၊ တရားမျှတလိမ့်မည်ဟု ဆိုခြင်းမှာ စိတ်ကူးယဉ်သာ ဖြစ်လိမ့်မည်ဟု ထောက်ပြ

    မြန်မာနိုင်ငံက ကျရှုံးနိုင်ငံတော်ဖြစ်နေပြီး ကမ္ဘာ့ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကာ မြန်မာအကြမ်းဖက် စစ်တပ်က အမေရိကန်နိုင်ငံသားများထံမှ ကျားဖြန့်လုပ်ငန်းများမှတစ်ဆင့် ဒေါ်လာဘီလီယံချီ ခိုးယူနေကြောင်း အမေရိကန် အောက်လွှတ်တော်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် လွှတ်တော်အမတ်များနှင့် ကော်မတီဥက္ကဋ္ဌများက ထုတ်ဖော်ပြောဆိုကြသည်။

    နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်အောက်လွှတ်တော်တွင် “No Exit Strategy: Burma’s Endless Crisis and America’s Limited Options” “ထွက်ပေါက်မရှိသော မဟာဗျူဟာ- မြန်မာနိုင်ငံ၏ အဆုံးမရှိသော အကျပ် အတည်းနှင့် အမေရိကန်၏ ကန့်သတ်မှုရှိနေသည့် ရွေးချယ်စရာများ” ခေါင်း စဉ် ဖြင့် ဆွေးနွေးပွဲတွင် လွှတ်တော်အမတ်များနှင့် ကော်မတီဥက္ကဋ္ဌများကထိုသို့ ထုတ်ဖော်ပြောဆိုကြခြင်းဖြစ်သည်။

    အမေရိကန်အောက်လွှတ်တော်၏ နိုင်ငံခြားရေးရာ အရှေ့အာရှနှင့် ပစိဖိတ် ဆပ်ကော်မတီ ဥက္ကဋ္ဌ Young Kim က မြန်မာနိုင်ငံသည် ကျရှုံးသော နိုင်ငံတော်တစ်ခုဖြစ်နေပြီး ကမ္ဘာရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကြောင်း၊ မြန်မာ့ လူဦးရေ၏ တစ်ဝက်ကျော်မှာ ဆင်းရဲမွဲတေမှုဖြင့် နေထိုင်နေကြရပြီး လူပေါင်း ၃ ဒသမ ၆ သန်းနီးပါးမှာ ပြည်တွင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း၊ သန်းပေါင်းများစွာသော လူများသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ပြောဆိုသည်။

    လွန်ခဲ့သော တစ်နှစ်ခွဲကျော်အတွင်း တော်လှန်ရေးအင်အားစုများက ထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သော်လည်း စစ်အာဏာရှင်အဖွဲ့က ကြံ့ကြံ့ခံနေဆဲဖြစ်ပြီး နိုင်ငံ၏ နယ်မြေ ၂၀ ရာခိုင်နှုန်း ခန့်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကာ၊ အတိုက်အခံအင်အားစုများက ထိုပမာဏ၏ နှစ်ဆခန့်ကို ထိန်းချုပ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်အဖွဲ့သည် ၎င်းတို့၏ တရားဝင်မှုကို ပိုမိုခိုင်မာစေရန်သာ လုပ်ဆောင်ခဲ့ပြီး၊ ၎င်းတို့ ကျဆုံးနေသည်ဆိုသော ပြောဆိုမှုများကိုလည်း ပယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    မြန်မာစစ်အာဏာရှင်အဖွဲ့ဖြစ်သော စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အာဏာရှင်အုပ်ချုပ်မှုကို ဒီမိုကရေစီလုပ်ငန်းစဉ်အသွင် လိမ်လည်ဖုံးကွယ်အသွင်ပြောင်းရန်အတွက် ရလဒ်များကို ကြိုတင်သတ်မှတ်ထားသော အယောင်ပြ ရွေးကောက်ပွဲများကို ကျင်းပရန် စီစဉ်ထားကြောင်း၊ ထိုရွေး ကောက်ပွဲများသည် တရားဝင်မှု၏ အထင်အမြင်ကို ဖန်တီးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး တချိန်တည်းမှာပင် စစ်အာဏာရှင်များက တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့်ထိတွေကဆက်ဆံလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

    တရုတ်နှင့် ရုရှားက လက်နက်များနှင့် ထောက်လှမ်းရေးနည်းပညာများဖြင့် စစ်တပ်ကို ထောက်ခံခြင်းဖြင့် စစ်ရာဇဝတ်မှုများစွာကို အထောက်အကူပြုနေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာရှင်အုပ်ချုပ်မှုဆိုင်ရာ ကျူးလွန်မှုနှစ်ခုလုံးကို ပြတ်ပြတ်သားသား ပြောဆိုရန်နှင့် လုပ်ဆောင်ရန်အတွက် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရား ရှိနေကြောင်း ၎င်းက ဆိုသည်။

    မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော စစ်အာဏာရှင်အဖွဲ့နှင့် ဆက်စပ်နေသည့် ကျားဖြန့် ကွန်ရက်များက အမေရိကန်ပြည်သူများကို ပစ်မှတ်ထားပြီး အမေရိကန်အခွန်ထမ်းများထံမှ တစ်နှစ်လျှင် ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူနေကြောင်း၊ ဤရန်ပုံငွေများသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များအတွက်သာမက စစ်အာဏာရှင်အဖွဲ့၏ အိတ်ကပ်များကို ဆက်လက်ဖြည့်တင်းပေးနေကြောင်း၊ ကွန်ဂရက်လွှတ်တော်က အမေရိကန် နိုင်ငံသားများ၏ ကြိုး စားရှာဖွေထားသော ငွေစုငွေများကို ကာကွယ်ရန်အတွက် ချက်ချင်းဆောင် ရွက်ရမည်ဟု သူမက ဆက်လက်ပြောဆိုသည်။

    မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်၊ အရှေ့ တောင်အာရှရှိ ၎င်း၏ မဟာဗျူဟာမြောက် အရေးပါမှုနှင့် လက်ရှိစစ်ပွဲကြောင့် သာမန်အမေရိကန်များအပေါ် ဖြစ်ပေါ်နေသော ဆိုးကျိုးများအားလုံးသည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒကို သေချာစွာ ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း သူက ထောက်ပြသည်။

    အလားတူ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ တောင်အာရှနှင့် အလယ်အာရှ ဆပ်ကော်မတီ ဥက္ကဋ္ဌ Bill Huizenga ကလည်း မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသော အစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုင်း ဒီမိုကရေစီလိုလားသူများ၏ ဆန္ဒပြမှုများနှင့် အထွေထွေသပိတ်များသည် စစ်အစိုးရ၏ ရမ်းကားသော နှိမ်နင်းမှုများကို ဖြစ်စေခဲ့ကြောင်း၊ ဆန္ဒပြသူများနှင့် ယခင်က ရွေးကောက်တင်မြှောက်ခံခဲ့ရသော ခေါင်းဆောင်များကို သတ် ဖြတ်ခြင်း၊ ကျောင်းများ၊ IDP စခန်းများနှင့် အရပ်ဘက် အခြေခံအဆောက် အအုံများကို လေကြောင်းမှ တိုက်ခိုက်ခြင်းများ စစ်တပ်က လုပ်ဆောင်နေကြောင်း ထောက်ပြသည်။

    စစ်တပ်က တရားမဝင်သော အစိုးရ အပေါ် တရားဝင်မှု တည်ဆောက်ရန်အတွက် နောက်ဆုံးလှည့်ကွက်အဖြစ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားကြောင်း၊ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများနှင့် ဖွဲ့စည်းပုံများ မရှိခြင်းအပေါ် စိုးရိမ်ကြောင်း၊ ထို့အပြင်၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲကာကွယ်ရေးဥပဒေက ရွေးကောက်ပွဲကို ဆန့်ကျင်ပြောဆိုသူ သို့မဟုတ် ဆန္ဒပြသူတိုင်းကို ပစ်မှတ်ထားပြီး ပြစ်ဒဏ်ချမှတ်ခံရသူများအတွက် နှစ်ပေါင်းများစွာ ထောင်ဒဏ် (သို့မဟုတ်) သေဒဏ်အထိ ခြိမ်းခြောက်ထားကြောင်း၊ ဤလုပ်ရပ်က မြန်မာနိုင်ငံရှိ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ပိုမိုဆိုးဝါးစေပြီး စစ်တပ်၏ရွေးကောက်ပွဲများက လွတ်လပ်ပြီး တရားမျှတမည်ဟု ဆိုခြင်းမှာ စိတ်ကူးယဉ်ခြင်းမျှသာ ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။

    အမေရိကန်လွှတ်တော်အမတ်များက မြန်မာ့အရေးဆွေးနွေးရာတွင် စစ်တပ်က အရပ်သားပြည်သူများ၊ ကလေးများကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်နေကြောင်း၊ ကျေးရွာများနှင့်လူနေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး စစ်ဘေးရှောင်ပြည်သူ သန်းချီ ထွက်ပြေးနေရကြောင်း၊ လက်ရှိ အာဆီယံဘုံသဘော တူညီချက် ၅ ချက်က အလုပ်မဖြစ်ဘဲ အမေရိကန်အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက်အတိုင်းမဟုတ်တော့ဘဲ မိမိကိုယ်ပိုင်ပေါ်လစီဖြင့် သွားသင့်နေပြီဖြစ်​ကြောင်း ထောက်ပြကြသည်။

    အကြမ်းဖက်စစ်တပ်က KK Park ကို ရှင်းလင်းနေခြင်းမှာလည်း အယောင်ပြသာဖြစ်ပြီး သက်သေများကို ဖျောက်ဖျက်နေခြင်းဖြစ်ကြောင်း၊ အဓိက ကျားဖြန့် တရုတ်များကို ခေါ်ထုတ်ပြီး အရေးယူမှုမရှိဘဲ ကျားဖြန့် လုပ်ငန်းများကို ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း၊ ယခင်နှစ်များတွင် စစ်တပ်နှင့် မဟာ မိတ် လက်နက်ကိုင်တပ်ဖွဲ့များက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် အမြတ် အစွန်းရရှိသွားကြောင်း၊ မြန်မာနိုင်ငံက ကမ္ဘာ့ဘိန်းထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ကြောင်း အမေရိကန်အောက် လွှတ်တော်၏ မြန်မာ့အရေး ဆွေးနွေးပွဲတွင် Mr. Steve Ross က ထွက်ဆိုသွားသည်။

    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
  • The Friend

    The Friend

    The Friend (2024)

    Boulder နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ The Friend ကို ခရမ်းချဉ်သီးပုပ်ကလည်း rating 7/10 ပေးထားပါတယ်။

    လူသားနဲ့အိမ်မွေးခွေးကြားက နှစ်လိုဖွယ်ရာသံယောဇဉ်ကို ပူဆွေးသောကနဲ့တွဲဖက်ဖော်ကျူးထားပြီး မင်းသား၊ မင်းသမီးကြီးတွေဖြစ်တဲ့ Naomi Watts၊ Bill Murray တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။

    The Friend ဟာ ခွေးပိုင်ရှင်တွေနဲ့ ချစ်ရသူတွေကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေအတွက် ခံစားချက်တွေထပ်တူကျစေမယ့်ကားဖြစ်ပါတယ်။

    စာရေးဆရာမအိုင်းရစ္စဟာ မိတ်ဆွေဖြစ်သူဆုံးပါးသွားတာကြောင့် အဲဒီမိတ်ဆွေရဲ့ဆန္ဒအရ အပိုလိုဆိုတဲ့အသက်ကြီးနေပြီဖြစ်တဲ့ Grate Dane ခွေးကြီးကို သူ့တိုက်ခန်းလေးထဲမှာ မွေးရဖို့ဖြစ်လာတဲ့အခါ အိုင်းရစ္စတစ်ယောက် အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

    ကိုယ်တိုင်က မိတ်ဆွေကိုဆုံးရှုံးရလို့ ပူဆွေးသောကရောက်နေတဲ့တိုင်အောင် အပိုလိုရဲ့ပူဆွေးသောကကပိုကြီးနေတဲ့အတွက် အပိုလိုကိုကယ်ဆယ်ရေးဂေဟာတွေကိုမပို့တော့ဘဲ အိုင်းရစ္စဟာ အသက်ကြီးနေပြီဖြစ်တဲ့အပိုလိုရဲ့နောက်ဆုံးအချိန်တွေကိုအဖော်ပြုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

    နှစ်ကြိမ်တိုင်တိုင်စွန့်ပစ်ခံခဲ့ရတာကြောင့် အမြဲတမ်းဝမ်းနည်းနေပုံပေါက်တဲ့အပိုလိုဆိုတဲ့ခွေးကြီးရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ စာရေးဆရာမပီပီ ပူဆွေးသောကနဲ့ပတ်သက်လို့ အိုင်းရစ္စရဲ့ပြောင်မြောက်တဲ့ခံစားချက်တွေကလည်း ရုပ်ရုပ်ခံစားမှုကိုပိုပြီးအသက်ဝင်စေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။