Author: Baby Yit Lone

  • Kingdom III: The Flame of Destiny

    Kingdom III: The Flame of Destiny

    Kingdom III: The Flame of Destiny (2023)

    အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။
    Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.entzip.com/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။
    Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။

    ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်းဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။

    ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သောစစ်သူကြီးတို့ရဲ့စစ်ဗျူဟာတွေ၊ စစ်ပရိယာယ်တွေ၊ အနိဋ္ဌာရုံတွေကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင်ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။

    ရှေ့နှစ်ကားအကြောင်းကို မှတ်မိသွားကြပြီဆိုရင် Kingdom III ရဲ့ ဇာတ်ကြောင်းကိုပြောပြပါမယ်။ ဒီတစ်ခါ ချင်ပြည်ထောင်ကိုလာရောက်ကျူးကျော်တာကတော့ ကျောက်ပြည်ထောင် (Zhao State) ကပါ။ ချင်ပြည်ထောင်ကို ချောဟဲလူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာ‌ရောက်ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို (Bayo) ဆီသွားပါတော့တယ်။ ဒီတစ်ခါ စစ်ပွဲကနေရော ဘယ်လိုအတွေ့အကြုံတွေရမလဲ၊ ဘာအခက်အခဲတွေတွေ့မလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါခင်ဗျာ။

    Kingdom Live-Action ဇာတ်ကားတွေကို Yasuhisa Hara ရေးတဲ့ “Kingdom” Manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ လက်ရှိအချိန်အထိ စုစုပေါင်း 70 volumes နဲ့ 768 chapters အထိ ထွက်ရှိထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-4 (129 episodes) အထိထွက်ရှိထားပြီး Season 5 ကိုလည်း ဒီနေ့ကစပြီး ပြသတော့မှာပါ။ Live-Action အနေနဲ့လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်လာရင်း အခုဆိုရင် စတုတ္ထမြောက်ဇာတ်ကား Kingdom IV: Return of the Great General (2024) အထိရောက်ရှိလာပါပြီ။ ဂျပန်မှာ ဒီနှစ် ဇူလိုင်လကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

    Kingdom Live-Action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ Kingdom III မှာ ပထမနှစ်ကားထဲက သရုပ်ဆောင်တွေပြန်ပါလာသလို Anne Watanabe, Yuki Yamada, Koji Yamamoto, Ainosuke Kataoka တို့လို သရုပ်ဆောင်အသစ်၊ ဇာတ်ကောင်အသစ်တွေပါလာပါတယ်။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Gold (Until We Meet Again)” ကို Hikaru Utada ကဆိုပေးထားပါတယ်။

    Kingdom III ကိုကြည့်ပြီးတာနဲ့ Kingdom IV ကို ဆက်ကြည့်ချင်ကြပါလိမ့်မယ်။ တကယ့်ကို ဆန့်တငင်ငင်နဲ့ဇာတ်သိမ်းသွားခဲ့တာမို့လို့ပါ။ စကားမစပ် စိတ်မကောင်းစွာနဲ့ပြောရရင် တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကိုစောင့်မျှော်နေကြသူများအတွက်တော့ ဒီဇာတ်ကားထဲမှာလည်း (တကယ်) မပါသေးပါဘူး။

  • Broke

    Broke

    Broke (2025)

    ထရူးဘရန်ဒီဝိုင်ဆိုတဲ့ မြင်းစီးပြိုင်ပွဲ အားကစားသမား‌ဟောင်းတစ်ယောက် နှင်းမုန်တိုင်းထဲပိတ်မိနေခဲ့တာကို ဇာတ်အိမ်တည်ထားပါတယ် ။

    အန္တရာယ်များတဲ့ ခေတ်ဟောင်းအားကစားမှာမှ အသက်မွေး၀မ်းကျောင်းလုပ်မိတော့ ကြုံတွေ့ခဲ့သမျှဒုက္ခတွေအပြင် ကိုယ်ဘာလုပ်လုပ်အရာမထင်ပါဘူးလားဆိုတဲ့အသိကို အမြဲရိုက်သွင်းနေတတ်တဲ့ ဖခင်ဖြစ်သူကြား လုပ်ခဲ့မိတဲ့ဆုံးဖြတ်ချက်အမှားတွေကို သေရေးအတွက်ရုန်းကန်နေရချိန်မှာ တစိမ့်စိမ့်ပြန်အောင့်မေ့တဲ့သဘော တင်ဆက်ရိုက်ကူးထားပါတယ် ။

    ကောင်းဘွိုင်အငွေ့အသက်အပြည့်အ၀ပါ၀င်နေပြီး ကြည့်ရှု့သူတွေကို ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားမဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ ။

    (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)

  • Hunters on a White Field

    Hunters on a White Field

    Hunters on a White Field (2024)

    ဇာတ်လမ်းကတော့ အခက်အခဲများစွာကြားမှာ သစ်တောထဲမှာ တိရစ္ဆာန်တွေကို လိုက်လံဖမ်းနေတဲ့ Hunter ဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်းကို အခြေခံပါတယ်။

    သူ့ရဲ့ ဘဝအကြောင်းကို ရှာဖွေရာမှာ အတိတ်နဲ့ ရင်ဆိုင်ရပြီး၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

    Sophia Lane ကလည်း သူ့ဇာတ်ကောင်အနေနဲ့ လိုက်ဖက်မှုရှိပြီး, အထူးသဖြင့် စိတ်ကူးအတိုင်းဖြစ်ပါတယ်။

  • ဗန်းမော်တိုက်ပွဲမှာ မင်းကင်း PDF ဒု-တပ်ရင်းမှူးအပါ ၁၄ ဦးကျဆုံးခဲ့

    ဗန်းမော်တိုက်ပွဲမှာ မင်းကင်း PDF ဒု-တပ်ရင်းမှူးအပါ ၁၄ ဦးကျဆုံးခဲ့

    ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ ဒု−တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှ သိရသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် ဧပြီလတွင် စတင်ပါဝင်တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းအထိ ခြောက်လကျော် တိုက်ပွဲကာလအတွင်း အဆိုပါတပ်ရင်း၏ ဒု−တပ်ရင်းမှူး၊ တပ်စိတ်မှူး၊ တပ်စုမှူးအပါအဝင် ရဲဘော်များ သေဆုံးခဲ့ခြင်းဖြစ်သည်။

    ဒုတပ်ရင်းမှူးနှင့် ရဲဘော်တစ်ဦးသည် အောက်တိုဘာလဆန်းပိုင်းတွင် ဗန်းမော်မြို့ထဲသို့ တပ်ဖွဲ့ဝင်များကို စစ်ဆေးရန်သွားချိန် စစ်ကော်မရှင်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တပ်မှသိရသည်။

    အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်းမှူးသည် အားကစားနှင့် ကာယပညာဦးစီးဌာနမှ CDM ဝန်ထမ်း တစ်ဦးဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးအစပိုင်း တပ်ဖွဲ့ကိုစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်လာသူဖြစ်သည်ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃) ယာယီတပ်ရင်းမှူး ကိုနောင်ရိုးက ပြောသည်။

    “တပ်ရင်းမှာဆိုရင် သူက စံပြပုဂ္ဂိုလ်ပဲ။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ထန်းရည်ဆိုတာ လုံးဝမသောက်ဘူး။ အရှုပ်အရှင်းလည်းကင်းတယ်။ လောင်းကစားလည်း မလုပ်ဘူး။ အကုန်လုံးကို အမြဲတမ်း ငဲ့ညှာပြီး အကုန်လုံးအတွက် တွေးပေးတဲ့သူပါ။ ကျွန်တော်တို့အတွက်တော့ ဆုံးရှုံးမှုအကြီးကြီးပေါ့”ဟု ကိုနောင်ရိုးက ပြောသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ကလေးခရိုင် အမှတ် ၆ တပ်ရင်း PDF ကလေးဝတပ်ဖွဲ့မှ တပ်ဖွဲ့မှူးအပါအဝင် ရဲဘော် ၁၇ ဦးသည်လည်း တိုက်ပွဲများအတွင်း သေဆုံးခဲ့ရသည်ဟု ထိုတပ်ဖွဲ့က စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

    အာဏာသိမ်းစစ်တပ်ကို စတင်လက်နက်ကိုင်တော်လှန်ချိန် တူမီးဖြင့်စတင်ခဲ့ရပြီး အညာဒေသတွင် ပြောက်ကျား တိုက်ခိုက်မှုများသာ လုပ်နိုင်ခဲ့ရာမှ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်အတွင်း စစ်ရေး အတွေ့အကြုံအများပြား ရရှိခဲ့သည်ဟုလည်း ကိုနောင်ရိုးက ဆိုသည်။

    “ကျွန်တော်တို့ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ ပေးဆပ်မှုတွေလည်း အများကြီးပဲ။ ကျွန်တော်တို့ဘက်တွေမှာက စစ်ဆင်ရေးဖော်ဆောင်တာတွေက ပြောက်ကျား ဖော်ဆောင်တာတွေများတယ်။ ပျူစောထီးရွာတွေ လောက်ကိုတော့ သိမ်းနိုင်တာပေါ့။ မြို့ပြစစ်ဆင်ရေးတော့ မလုပ်ဖူးဘူး။ ဒီမှာတော့ ကျွန်တော်တို့ ထုနဲ့ထည်နဲ့ပေါ့။ သူတို့ဘက်ကလည်း ထုနဲ့ပဲ။ ကျွန်တော်တို့ဘက်ကလည်း ထုနဲ့ပဲ။ ထုထုချင်းကိုမှ အားပြိုင်ပြီးတိုက်ခိုက်ကြတာ”ဟု ကိုနောင်ရိုးက ပြောသည်။

    ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ ထိုတိုက်ပွဲကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်၍ အာရက္ခတပ်တော် (AA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

    ဗန်းမော်မြို့သည် တရုတ်နယ်စပ်နှင့်မိုင် ၄၀ ခန့်သာဝေးပြီ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင်အမြောက်တပ်များ၊ တင့်ကားတပ်နှင့်လက်ရုံးတပ်စသည့် စစ်စခန်းအများအပြား အခြေစိုက်ထား သည်။
    ထို့ပြင် ဗန်းမော်မြို့သည် ကချင်ပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်းကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် ဆက်သွယ် နိုင်သည့် ဗျူဟာမြောက်မြို့ဖြစ်သည့်အတွက် မြို့ကိုလက်မလွှတ်ရရေး စစ်တပ်က အပြင်းအထန်ခုခံနေသည်။

    လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါးရှိနေသည့်အပြင် အကြီးမားဆုံးစိန်ခေါ်မှုသည် ဒရုန်းတိုက်ခိုက်မှု ဖြစ်ကြောင်း ဗန်းမော် ရှေ့တန်းစစ်မြေပြင်တွင် ခြောက်လကျော်ပါဝင်တိုက်ခိုက်ခဲ့သည့် ကိုနောင်ရိုးက ပြောသည်။

    “ကျွန်တော်တို့အနေနဲ့ လေယာဉ်လာတာလောက်ကတော့ ခေါင်းထဲမထည့်ဘူး။ သိပ်လည်း မကြောက်ဘူး။ ဒရုန်းကိုတော့ တော်တော်ကြီးကြောက်ရတယ်။ ဒရုန်းရန်ကတော့ တော်တော်လေး ဒုက္ခပေးတယ်။ သူတို့ရဲ့ဒရုန်းတွေက အသေခံဒရုန်းတွေက ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်”ဟု ၎င်းကဆိုသည်။

    “ဘန်ကာတွေ၊ ကတုတ်ကျင်းတွေထဲမှာ ဘယ်လိုကြီးပဲ လုံခြုံအောင်နေနေ၊ ကျွန်တော်တို့ ထမင်းစား ရေသောက် သို့မဟုတ် ဟိုနားဒီနား တာဝန်အရ ကင်းပတ်တာမျိုးတွေမှာ တစ်ချက်သူတို့အမြင်ခံလို့ မရဘူး။ မြင်တာနဲ့အဲ့ဒီနေရာတွေကို သူတို့ကမှတ်ပုံတင်ပြီးတော့မှ ကျွန်တော်တို့ကို လေယာဉ်နဲ့ချတယ်၊ ဒရုန်းနဲ့ပေါ့ တစ်ခါတည်း”ဟုလည်း ကိုနောင်ရိုးကပြောသည်။

    ဆက်သွယ်ရေးဖြတ်တောက်စက် (ဂျန်မာ)များကို တော်လှန်ရေးအင်အားစုများက အသုံးပြုသော်လည်း ထိရောက်မှုနည်းပါးသည့် အခြေအနေဖြစ်သည်ဟု သိရသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးနီးပါးကို လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် ဒရုန်းနည်းပညာကို အဆင့်မြှင့်တင်သုံးစွဲလာပြီး ထောက်လှမ်းရေး ကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဗုံးကြဲဒရုန်းနှင့် အသေခံဒရုန်းများကို အဓိကသုံးနေကြောင်း ဒရုန်းဆိုင်ရာ ကျွမ်းကျင်သူများကဆိုသည်။

    တစ်နှစ်နီးပါး (၁၁ လကျော်) ကြာမြင့်နေသည့် ဗန်းမော်တိုက်ပွဲတွင် KIA သည် ဗန်းမော်မြို့နေရာ အများစုကို သိမ်းပိုက်ထားနိုင်သည်။ စစ်ကော်မရှင်တပ်ကလည်း ရေကြောင်းရောလေကြောင်းမှပါ စစ်ကူနှင့် လက်နက်ခဲယမ်း ဖြည့်တင်းတိုက်ခိုက်သဖြင့် KIA သိမ်းပိုက်ထားသည့် ဗန်းမော်လေယာဉ်ကွင်း၊ မြို့ပေါ်ရပ်ကွက်အချို့ကို လက်လွှတ်ခဲ့ရသည်။

    ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းနိုင်ရေး နှစ်ဖက်အားပြိုင်နေဆဲဖြစ်ပြီး တိုက်ပွဲများဆက်ဖြစ်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုထားသည်။

  • မိုးကုတ်မြို့အရေးနှင့် မဟာမိတ်ကွဲပြားမှုအခြေအနေ

    မိုးကုတ်မြို့အရေးနှင့် မဟာမိတ်ကွဲပြားမှုအခြေအနေ

    မိုးကုတ်မြို့ကိစ္စက မြေပြင်မှာ အခုတလော အရမ်းရှုပ်ထွေးပြီး ပြောင်းလဲ နေပါတယ်။

    နောက်ဆုံး သတင်းတွေအရ TNLA က အကြမ်းဖက် စစ်တပ်နဲ့ တရုတ် ကြားဝင်စေ့စပ်တဲ့ အပစ်ရပ်ကို သဘောတူလိုက်တယ်။

    ဒါကြောင့် မိုးကုတ်နဲ့ မိုးမိတ်ကနေ တပ်တွေကို ဆုတ်ဖို့ သူတို့ သဘောတူခဲ့တယ်။

    မိုးကုတ်ကို TNLA နဲ့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ဒေသခံ PDF အဖွဲ့တွေကတော့ TNLA ဆုတ်သွားပေမယ့် မြို့ကို ဆက်ပြီး ကာကွယ်သွားမယ်၊ ထိန်းချုပ်ထားမယ် လို့ တရားဝင် ပြောထားတယ်။

    တချို့သတင်းတွေမှာဆို TNLA ထွက်သွားတဲ့နေရာတွေကို PDF တွေက ဝင်ပြီး နေရာယူထားတယ်လို့ သိရတယ်။

    အရေးကြီးဆုံးက TNLA ရဲ့ သဘောတူညီချက်ထဲမှာ သူတို့ ဆုတ်ခွာချိန်မှာ စစ်ကောင်စီတပ်တွေကို မိုးကုတ်မြို့ထဲကို လိုက်ပို့ပေးဖို့ ဒါမှမဟုတ် အကူအညီပေးဖို့ အစီအစဉ်တွေ ပါတယ်လို့ သတင်းတွေ ထွက်နေတာပဲ။

    ဒီလိုသာ လုပ်ခဲ့ရင် TNLA က အာဏာရှင်ကို ပြန်လာခွင့်မပေးနိုင်ဘူးဆိုပြီး ရပ်တည်နေတဲ့ သူတို့ရဲ့ မဟာမိတ် PDF တွေနဲ့ တိုက်ရိုက် ရန်ဘက်လို ဖြစ်သွားတော့မှာပါ။

    TNLA က သူ့နယ်မြေ လုံခြုံရေး အတွက် အပစ် ရပ်ဖို့ကို ဦးစားပေးတယ်။ PDF က အာဏာရှင်ကို ဖြုတ်ချဖို့နဲ့ သိမ်းထားတဲ့ နယ်မြေကို မလွှတ်တမ်း တိုက်ဖို့ လုပ်တယ်။

    ဒါကြောင့် TNLA က ဆုတ်ပြီး စစ်ကောင်စီကို အကူအညီပေးနိုင်တဲ့ အခြေအနေမှာ PDF က ဆက်တိုက်နေမယ်ဆိုရင် ဒီနယ်မြေနဲ့ ဒီတိုက်ပွဲအတွက်တော့ သူတို့ မဟာမိတ် ကွဲသွားပြီ လို့ပဲ ပြောရမှာပါ။

    ဒီအခြေအနေမှာ PDF က TNLA ကို ပြန်တိုက် သင့်သလား ဆိုတာကတော့ မဟာဗျူဟာ အရရော၊ ကျင့်ဝတ်ပိုင်းအရပါ ခေါင်းစားစရာ ပြဿနာပါ။

    တိုက်သင့်တယ်ဆိုတဲ့ဘက်က ပြောမယ်ဆိုရင် အဓိက ပန်းတိုင်က အာဏာရှင် ပြုတ်ကျဖို့ ဖြစ်လို့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် စစ်ကောင်စီကို အကူအညီပေးရင် တော်လှန်ရေးကို အဟန့်အတား ဖြစ်စေတာပဲ။

    ပြီးတော့ မိုးကုတ်လို အရေးပါတဲ့ မြို့ကို စစ်ကောင်စီ ပြန်ရသွားရင် တော်လှန်ရေးအတွက် နစ်နာနိုင်တာကြောင့် တိုက်သင့်တယ်လို့ ဆိုနိုင်တယ်။

    ဒါပေမယ့် မတိုက်သင့်ဘူး ဆိုတဲ့ဘက်က ပြောမယ်ဆိုရင် အကြမ်းဖက် စစ်တပ်ကို အဓိက တိုက်နေတဲ့ အင်အားကြီးနှစ်ဖွဲ့ (TNLA နဲ့ PDF) က အချင်းချင်း ပြန်တိုက်ရင် တော်လှန်ရေးရဲ့ အဓိက အားဖြစ်တဲ့ စည်းလုံးမှု ပျက်သွားလိမ့်မယ်။

    အချင်းချင်း တိုက်ပွဲဝင်နေရရင် အင်အားပြုန်းတီးပြီး ဒီအခွင့်အရေးကို စစ်တပ်ဘက်က အရယူကာ ကြားထဲက နှစ်ဘက် စလုံးကို ကောက်စား သွားနိုင်တယ်။

    ဆိုတော့ အချုပ်ပြောရရင် TNLA က စစ်ကောင်စီ ဝင်လာဖို့ ကူညီရင် PDF တွေနဲ့ ရည်မှန်းချက် မတူတော့ဘဲ သူ့လူမျိုး အရေးကို ဦးစားပေးတဲ့ သဘောဖြစ်သွားတယ်။

    TNLA က မဟာမိတ်စုဖွဲ့မှု အပျက်ခံပြီး အကြမ်းဖက် စစ်တပ်ကို ကူညီလိုက်လို့ စစ်တပ်က ကျေးဇူးတွေ တင်ပြီး သူ့လူမျိုးတွေကို တသက်လုံး ဘေးမဲ့ပေးထားမှာ မဟုတ်တာလည်း TNLA ခေါင်းဆောင်တွေ သိကြမယ် ထင်ပါတယ်။

    လက်ရှိမှာ TNLA ဘက်က ဒီကိစ္စကို အတည်ပြုတာ၊ ငြင်းဆန်တာ မရှိလို့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ဖို့တော့ လိုမယ်။

    ဒီနေရာမှာ တစ်ခု အမြတ်ထွက်နိုင်တဲ့ အချက်က ဗမာ တော်လှန်ရေး တပ်တွေဟာ ကိုယ်တိုင် စုဖွဲ့မှု ခိုင်မာအောင် တည်ဆောက်ဖို့နဲ့ အလံတော် တစ်ခုတည်း အောက်မှာ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ဖို့ ကသာ တော်လှန်ရေး အောင်မြင်ဖို့ တခုတည်းသော နည်းလမ်း ဖြစ်တယ် ဆိုတာ မြင်သာ စေခဲ့တာပဲ။

    နောက်တစ်ချက်က စုစည်းညီညွတ်သွားတဲ့ PDF အင်အားကို မယှဉ်ရဲလို့ TNLA အလံအောက် ပုန်းပြီးမှ မြို့ထဲဝင်မယ့် အကြမ်းဖက် စစ်တပ်ရဲ့ အကြောက်တရား ကိုလည်း သိသာထင်ရှား စေခဲ့တယ်။