Author: Baby Yit Lone

  • Familiar Touch

    Familiar Touch

    Familiar Touch (2025)

    ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ သက်ကြီးရွယ်အိုဘဝကို သိမ်မွေ့နက်နဲစွာ ချဉ်းကပ်တင်ပြထားတဲ့ ဒရာမာရုပ်ရှင်ကောင်းတစ်ကားဖြစ်တဲ့ Familiar Touch (2024) ကို မိတ်ဆက်ပေးချင်ပါတယ်။

    ဒီကားဟာ ဒါရိုက်တာ Sarah Friedland ရဲ့ ပထမဆုံး ဇာတ်လမ်းရုပ်ရှင်ရှည်ဖြစ်ပြီး၊ Venice ရုပ်ရှင်ပွဲတော်မှာ ဆုတွေ ရရှိထားတာကြောင့် အနုပညာတန်ဖိုး မြင့်မားတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ်။

    ဇာတ်လမ်း အကျဉ်းချုပ်

    ဇာတ်လမ်းက အသက် ၈၀ အရွယ် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရုသ့် (Kathleen Chalfant) အကြောင်းပါ။

    သူဟာ မှတ်ဉာဏ်လျော့ပါးလာတဲ့ (Dementia) ရောဂါကို ရင်ဆိုင်နေရပြီး၊ သူ့ရဲ့သားက သူ့ကို သူနာပြု စောင့်ရှောက်မှုပေးတဲ့ စင်တာတစ်ခု ကို ပြောင်းရွှေ့ပေးတဲ့အခါမှာ ဇာတ်လမ်း စတင်ပါတယ်။

    တစ်ချိန်က ထက်မြက်ပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စားဖိုမှူးဟောင်း ရု့သ် ဟာ အကျွမ်းတဝင်မရှိတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ နေ့စဉ် ပုံမှန်လုပ်ရိုးလုပ်စဉ်တွေနဲ့ ရင်းနှီးအောင် ကြိုးစားရပါတော့တယ်။

    တစ်ခါတရံမှာ သူမဟာ စင်တာထဲက လူတွေကို သူ့ရဲ့ သားသမီးတွေအဖြစ် မှားယွင်းမြင်ယောင်ပြီး အမိန့်ပေးတာမျိုး၊ ဒါမှမဟုတ် သူကိုယ်တိုင် အဲဒီစင်တာမှာ အလုပ်လုပ်နေတယ်လို့ ထင်မှတ်ပြီး ဟင်းချက်တာမျိုးတွေ လုပ်တတ်ပါတယ်။

    Familiar Touch ဟာ ရု့သ် ရဲ့ အတွင်းစိတ်ကမ္ဘာထဲကို ခေါ်ဆောင်သွားပြီး၊ သူ့ရဲ့ မှတ်ဉာဏ်တွေ လျော့ပါးလာချိန်မှာတောင် သူမရဲ့ ကိုယ်ပိုင်အမှတ်သရုပ်၊ ဆန္ဒနဲ့ လူသားဆန်တဲ့ ဂုဏ်သိက္ခာကို ဘယ်လို ထိန်းသိမ်းဖို့ ကြိုးစားနေလဲဆိုတာကို နူးညံ့စွာ ပုံဖော်ပြသထားပါတယ်။

    စောင့်ရှောက်သူတွေနဲ့ သူမကြားက နွေးထွေးတဲ့ ထိတွေ့မှုတွေ (Familiar Touch) ဟာ သူမရဲ့ စိတ်ကိုငြိမ်သက်စေဖို့ အဓိက အရေးပါလာတာကို စိတ်ဝင်စားစရာ ရှုစားရမှာပဲ ဖြစ်ပါတယ်။

  • Winter in Sokcho

    Winter in Sokcho

    Winter in Sokcho (2025)

    စာရေးဆရာမ Elisa Shua Dusapin ရဲ့ လက်ရာမြောက် ဝတ္ထုတစ်ပုဒ်ကိုအခြေခံရိုက်ကူးထားတဲ့အပြင် ဂျပန်-ပြင်သစ် filmmaker တစ်ဦးဖြစ်တဲ့ Koya Kamura ရဲ့ ပြောင်မြောက်တဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ကာ

    Galway Film Fleadh, Bergamo Film Meeting တို့လို Film Festival တွေမှာ ဆုပေါင်းများစွာ ရခဲ့တဲ့ Winter In Sokcho ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..

    ဆော့ချို ပင်လယ်ကမ်းရိုးတန်းဒေသက ရွာလေးတစ်ရွာမှာ ဂင်ဆူဟာ (Bella Kim) ဆိုတဲ့ကောင်မလေးဟာ သူမရဲ့မိခင်ရယ်၊ ကောင်လေးဖြစ်သူ ဂျွန်အိုတို့နဲ့အတူ မပြောင်းမလဲ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းနေထိုင်လျက်ရှိပါတယ်…

    တစ်နေ့ ဆူဟာအလုပ်လုပ်တဲ့ တည်းခိုဆောင်ကို Yan Kerrand (Roschdy Zem) ဆိုတဲ့ ပြင်သစ်လူမျိုး artist တစ်ယောက်ရောက်ရှိလို့လာတဲ့အခါမှာတော့ ..

    ဆူဟာ,ဟာ အကြောင်းတစ်စိုးတစ်စမှ မသိရတဲ့ သူမရဲ့ အဖေအကြောင်း မေးခွန်းထုတ်လာခဲ့တဲ့အခါ ..

    Yan Kerrand နဲ့ ဆူဟာတို့ ၂ ယောက် အချင်းချင်း တစ်ယောက်အပေါ်တစ်ယောက် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကူညီပေးကြပုံတွေကို နူးနူးညံ့ညံ့လေး ရိုက်ပြထားတဲ့အပြင်

    အေးအေးဆေးဆေးလေး ကြည့်လို့ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့လို့ ကြည့်ရှုပေးကြပါဦးနော် ..

  • တီးတိန်မြို့အနီး တိုက်ပွဲတွင် ဆေးတပ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၇ ဦးပွဲချင်းပြီး သေဆုံး

    တီးတိန်မြို့အနီး တိုက်ပွဲတွင် ဆေးတပ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၇ ဦးပွဲချင်းပြီး သေဆုံးပြီး ခလရ ၅၀ တပ်ရင်းမှ ပြောင်းရွှေ့သွားသည့် ဗိုလ်မှူး လှမျိုးထွဋ် အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိ

    ချင်းပြည်နယ်၊ တီးတိန်မြို့အနီးတိုက်ပွဲတွင် ဆေးတပ်ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးပွဲချင်းပြီး သေဆုံး ပြီး ခလရ ၅၀ တပ်ရင်းမှ ပြောင်းရွှေ့သွားသည့် ဗိုလ်မှူး လှမျိုးထွဋ် အပါအဝင် ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ပြော ကြားသည်။

    နိုဝင်ဘာလ ၁၀ ရက်နေ့က တီးတိန်မြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ချင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဗျူဟာမှူး လှမျိုးထွဋ်အပါအဝင် တပ်စိပ်တစ်ခု လုံး တိုက်ခိုက်ခံရပြီး ဆေးတပ်မှ ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးပွဲချင်းပြီးသေဆုံးကာ ဗျူဟာမှူးလှမျိုး ထွဋ် အပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိသည့် ဗျူဟာမှူး လှမျိုးထွဋ်အပါအဝင် စစ်သား ၄ ဦးကို တီးတိန်မြို့ဆေးရုံ၌ တင်ပို့ကုသထားကြောင်း သိရသည်။

    “သတင်းက အတည်ဖြစ်ပါတယ်။ တီးတိန်ဆေးရုံမှာ တက်နေတာပါ။ ရှေ့တန်းထွက်တာက သူနဲ့ အတူတူက တပ်စိပ်တစ်စိပ်၊ သူအပါအဝင် ၁၁ ဦး၊ အဲဒီမှာ ၇ ယောက်က ပွဲချင်းပြီးကျတာ၊ သေတဲ့ အထဲမှာ ဆေးတပ်က ဗိုလ်တစ်ဦးပါတယ်လို့ သိရပါတယ်။ တီးတိန်မြို့နားက တိုက်ပွဲမှာပါပဲ။ နောက် ဆက်တွဲ သေလား၊ ဆက်ရှင်နေသေးလားတော့ အတည်ပြုမရသေးဘူး၊ သူ့ Facebook အကောင့်က တော့ မတွေ့ရတော့ဘူး” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောကြားသည်။

    ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာ၊ ညာဘက်ပေါင် ကျည်ထိမှန် ဒဏ်ရာတို့ဖြင့် တီးတိန်မြို့ဆေးရုံ၌ တက် ရောက်ကုသမှုခံယူနေရသည့် ဗျူဟာမှူး ဗိုလ်မှူး လှမျိုးထွဋ်သည် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် -နမခ တိုင်းမှူးအမိန့်ဖြင့် ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်ရင်းသို့ အောက်တိုဘာ လအတွင်း ပြောင်းရွှေ့ရသူဖြစ်ကြောင်း သိရ သည်။

    “မိသားစုက ပါမယ်မထင်ဘူးဗျ။ ဂန့်ဂေါမှာလည်း သူတစ်ယောက်ပဲ၊ မိသားစုက တခြားမှာ။ သူ့မိခင် တပ်ရင်းက တပ်မ ၇၇ ကပါ၊ ရခိုင် ပြည်နယ်၊ နခခ ၅ မှာလည်း တာဝန်ကျဖူးတယ်။ နခခ ၅ မကျမီ သူက မကွေးကိုပြောင်းတယ်။ မကွေးကနေမှ ဂန့်ဂေါကိုရောက်တာ။ ယောဒေသကို ကလောတပ် ၅၅ နဲ့ တပ်မ ၇၇ က တပ်သားတွေ ရောပို့ထားတာ။ တပ်မ ၅၅ ကို ပြန်ခေါ်ပြီးရင် တပ်မ ၇၇ကို ပြန်ပို့ တယ်။ အဲလိုမျိုးပေါ့၊ ချင်းပြည်နယ်ပြောင်းကာစက ချင်းစာမိတော့မယ်လို့ ကျနော်တို့က ပြောခဲ့ဖူး တယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က လယ်မရွာ လူသတ်မှုက သူ့လက်ချက်ပဲ” ဟု ယောအလင်းတန်း မှ ကိုမင်းဒဿက ရှင်းပြသည်။

    ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ခန့်တွင် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ ထွက်လာ သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လယ်မရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ကလေးငယ်များအပါအဝင် လူငယ် ၁၁ ဦးကို ပစ်သတ်ကာ ပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်သွားသော ပြည်သူ ၁၁ ဦးမှာ အသက် ၂၄ နှစ် အရွယ် ကျော်စန်းခိုင် ၊ အသက် ၂၃ နှစ်အရွယ် သက်ပိုင်ဦး ၊ အသက် ၃၉ နှစ်အရွယ် အောင်ကြည်မင်း ၊ အသက် ၂၅ နှစ်အရွယ် နေလင်းဦး ၊ အသက် ၂၇ နှစ်အရွယ် ညီလေး ၊ အသက် ၁၉ နှစ်အရွယ် ဂျွန် ကိုဝင်း ၊ အသက် ၁၅ နှစ်အရွယ် သီဟလင်း ၊ အသက် ၁၅ နှစ်အရွယ် မျိုးသီဟ ၊ အသက် ၁၂ နှစ်အ ရွယ် လျှံထွန်း ၊ အသက် ၁၉ နှစ်အရွယ် ကျော်မြတ်သူ နှင့် အသက် ၁၃ နှစ်အရွယ် မှိုင်းဝေ တို့ဖြစ် ကြောင်း သိရသည်။

    ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော စစ်သားတစ်ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • 3 Men’s Soulmates

    3 Men’s Soulmates

    3 Men’s Soulmates (2025)

    ဒီဇာတ်ကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံက ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ Rom-Com ဖြစ်ပါတယ်။ မိဘနဲ့သားသမီးအကြား ဆက်ဆံရေး၊ အမြင်သဘောထားတွေနဲ့ လူငယ်တွေရဲ့ ရပ်တည်ချက်များကို ရှုစားရမှာဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    မူလတန်းကျောင်းအုပ်ဆရာကြီးရဲ့ သား (၃)ယောက်ဖြစ်တဲ့ ဖတ်ဒလီ၊ ခဖက်လေ၊ အာမတ် ညီအစ်ကိုတွေဟာ ကျောင်းပြီးဘွဲ့ရလို့ ချစ်သူတွေ ကိုယ်စီရှိနေကြပါတယ်။

    အဖေဖြစ်သူဟာ သားတွေကို မိဘဝတ္တရားရှိတဲ့အတိုင်း လက်ထပ်ပေးချင်ပေမဲ့ စုဆောင်ထားငွေ အကန့်အသတ်ကြောင့် တစ်ပြိုင်နက်တည်း တစ်ချိန်တည်း လက်ထပ်ပေးချင်ခဲ့ပါတယ်။

    ဒါကြောင့် သားတွေကို သူတို့ရဲ့ချစ်သူတွေကတစ်ဆင့် တစ်ဖက်မိဘတွေကို လာရောက်တောင်းရမ်းမယ့်ကိစ္စနဲ့ တစ်ချိန်တည်းမင်္ဂလာပွဲကျင်းပမယ့်ကိစ္စတို့ကို စကားနားဖောက်ခိုင်းခဲ့ပါတယ်။

    သားတွေက အဖေရဲ့ဆန္ဒအတိုင်း သူတို့ချစ်သူတွေကို စည်းရုံးပြီး လက်ထပ်ပွဲကို တစ်ချိန်တည်း ကျင်းပဖို့ လုပ်နိုင်ပါ့မလားဆိုတာကို ရှုစားကြည့်လိုက်ရအောင်ပါ…

  • The Five

    The Five

    The Five (2013)

    ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ 2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ Action, Thriller အမျိုးအစားမူဗီတစ်ခုပဲ ဖြစ်ပါတယ် ..

    ဒီမူဗီထဲမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Ma Dong Seok, Scent of the Woman/ My Lovely Sam Soon စတဲ့ဇာတ်ကားတွေက မင်းသမီး Kim Sun Ah၊ Pent House ဇာတ်ကားမှာ Support Role အနေနဲ့ပါဝင်ခဲ့တဲ့မင်းသား Ohn Joo Wan၊ Shin Jung Keun၊ Jung In Kiနဲ့ Lee Chung Ah တို့ အဓိက ပါဝင်ထားပါတယ်။

    အွန်းအာဟာ ခင်ပွန်း၊ သမီးဖြစ်သူတို့နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပေမဲ့ တစ်နေ့မှာတော့ သူမတို့ တစ်မိသားစုလုံးဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး သူမတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ..

    နောက်နှစ်အနည်းငယ်အကြာမှာ အွန်းအာ တစ်ယောက် သူ့မိသားစုကို သတ်သွားတဲ့ လူသတ်သမားရဲ့ သဲလွန်စကို တွေ့မိတဲ့အခါမှာတော့ သူနဲ့အတူ လူသတ်သမားကို ဖမ်းဖို့ လူ ၄ ယောက်ကိုစုခဲ့ပါတယ်။

    အဲဒီ လူ၄ ယောက်ကလည်း သူတို့ချစ်တဲ့သူတွေအတွက် ခန္ဓာကိုယ်အစိတ်ပိုင်း အစားထိုးကုသဖို့ အလှူရှင် လိုအပ်နေသူတွေပါ ..

    ဒါကို အွန်းအာက လူသတ်သမားကို ဖမ်းပေးရင် သူသေလည်း သေလို့ရပြီဖြစ်တာကြောင့် သူမဆီက အင်္ဂါတွေ ပေးလှူမယ်ဆိုပြီး သဘောတူညီချက်ထားခဲ့ပါတယ်။

    အွန်းအာတစ်ယောက် သူလိုချင်တဲ့ပန်းတိုင်ကို ဒီအဖွဲ့ကို အသုံးချပြီးသွားနိုင်ပါ့မလား????

    အွန်းအာတို့ မိသားစုကရော ဘာကြောင့်ကွင်းဆက်လူသတ်သမားရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာလဲ??

    သူမနဲ့သဘောတူညီချက်လုပ်ထားတဲ့လူ‌တွေကရော အဆုံးမှာ သူတို့လိုချင်ခဲ့တဲ့အရာတွေကို ရသွားကြမှာလားဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုပေးကြပါဦးရှင် ..

    ဒီကားလေးက Thriller အမျိုးအစားတွေကိုမှ သဘောကျတဲ့ ပရိသတ်တို့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကား‌တစ်ကားလည်းဖြစ်ကြောင်းကိုလည်း Highly recommend ပေးချင်ပါတယ်ရှင် ..