မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာမြေမှ အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိသည့် အလွန်ရှားပါးပြီး တန်ဖိုးဖြတ်ရန် ခက်ခဲသော ပတ္တမြားကြီးတစ်ပွင့်ကို စစ်ကော်မရှင်က ရရှိခဲ့ကြောင်း မေ ၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ရတနာကြီးအား အတုအယောင်သမ္မတ မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်၌ ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အတွက် နိမိတ်ကောင်းတစ်ခုအဖြစ် ပုံဖော်ရန် ကြိုးပမ်းလျက်ရှိသည်။ မိုးကုတ်မြို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော်လည်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်က တရုတ်အကူအညီဖြင့် ပြန်လည်ရယူပြီးနောက် ယခုကဲ့သို့ ပတ္တမြားကြီးကို ထုတ်ပြခဲ့ခြင်းလည်းဖြစ်သည်။ “တကယ်တော့ အခုလို အရည်အသွေးမြင့် ပတ္တမြားကြီး ထွက်လာတာကို ကြည့်ရင် […]