ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများ ပူးပေါင်းဖမ်းဆီး ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ သုဇိတာ (၇)လမ်းတွင် ယနေ့ (မေလ ၇) ရက် မွန်းလွဲ ၁ နာရီခွဲက ဓါးပြတိုက်သူများကို ဖမ်းဆီးရမိကြောင်း သိရပါတယ်။ “ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်ကို သေနတ်(၂)လက်နှင့် ဓါးပြ(၃)ဦး ဓါးပြလာတိုက်တာပါ။ အခင်းဖြစ်မိသားစုက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းထွန်းကို ဖုန်းဆက်တော့ အုပ်ချုပ်ရေးအဖွဲ့နှင့် အဆိုပါနေအိမ်သိုရောက်လာတယ်။ ဓါးပြတိုက်သူများက ရပ်ကွက်အုပ်ကြီးအား သူတို့က(စရဖ)ကဖြစ်ကြောင်း အိမ်ရှိလူများနှင့် အုပ်ကြီးပါသူတို့ ရုံးသို့လိုက်ခဲ့ရန် အုပ်ကြီးအား သေနတ်ဖြင့်ချိန်၍ ပြောဆိုတယ်။ အုပ်ကြီးမှ (စရဖ)ဆိုလျှင် အကူ(၁)လား/(၂)လား မေးမြန်းတော့ ဓါးပြတိုက်သူများက ကောင်းစွာဖြေဆိုနိုင်ခြင်း မရှိတော့ဘဲ အခြေအနေမဟန်မှန်းသိပြီး ဓါးပြတိုက်သူများမှ အခင်းဖြစ်နေအိမ်ပေါ်မှ ဆင်းပြေးသွားကြတယ်”ဟု ရပ်ကွက်နေ […]