“မလေးရှားရောက် ပက်ထရစ်ရှာ (စူးရှနိုင်) ဘာတွေဖြစ်နေတာ…..? မလေးရှားနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတဲ့ မော်ဒယ် ပက်ထရစ်ရှာ (စူးရှနိုင်) တစ်ယောက် လက်ရှိမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်း ဖြစ်စဉ်မှာ ပက်ထရစ်ရှာဟာ မလေးရှားအခြေစိုက် Motivation Speaker တစ်ဦးနဲ့ ကြော်ငြာရိုက်ကူးဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း အဆင်မပြေမှုတွေ ရှိနေကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ “ယုတ်မာလိုက်တာ” ဆိုတဲ့ စာသားကို တင်ခဲ့ရာကနေ စတင်ခဲ့တာပါ။ ဒါ့အပြင် TikTok လူမှုကွန်ရက် (Ye Min Lwin အကောင့်) တွင် ပျံ့နှံ့နေတဲ့ အသံဖိုင်အရ သူမဟာ ဟိုတယ်အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရသလိုမျိုး အကူအညီတောင်းခံနေပြီး ဖုန်းပြောဆိုနေစဉ်မှာပင် တစ်စုံတစ်ယောက်ရဲ့ တားဆီးမှုကို ခံလိုက်ရတဲ့ပုံစံမျိုး ကြားသိရတာကြောင့် အခြေအနေက ပိုမိုစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ […]