သျှမ်းပြည် မြောက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက တရုတ်အကျိုးစီးပွားတွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် အကျိုးဆက်ကို ခံစားရမယ်လို့ ဒေသခံတွေကို MNDAA က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ MNDAA က သျှမ်းပြည် မြောက်ပိုင်းက သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူ၊ မူဆယ် နဲ့ နမ့်ခမ်းအပါအဝင် မြို့နယ်တော်တော်များများကို ထိန်းချုပ်ထားပြီး တရုတ်လုပ်ငန်းရှင်တွေကို သျှမ်းမြောက်မှာ ဝင်ရောက်နေထိုင် လုပ်ကိုင်ခွင့် ပြုထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် လုပ်ဆောင်တာ၊ ဆန့်ကျင်တာတွေကို လုပ်တဲ့သူတွေက အကျိုးဆက်ကို ခံစားရမှာဖြစ်တယ်ဆိုပြီး MNDAA က ခြိမ်းခြောက်ထားတာ ဖြစ်တယ်လို့ သျှမ်းမြောက်ဒေသခံ ပြောပါတယ်။ အဲဒီနောက် အဲဒီမြို့နယ်တွေမှာရှိတဲ့ မြို့အဝင်ဆိုင်းဘုတ်တွေ၊ ဈေးဆိုင်ဆိုင်ဘုတ်တွေနဲ့ ငွေကြေးတွေကိုလည်း တရုတ်စာ၊ […]