တောင်ကြီးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပီတာဘား လူသတ်မှုရဲ့ အဓိက တရားခံဖြစ်သူ အောင်မျိုးသူ (ခ) ပီတာ ဟာ မေလ ၇ ရက် ညပိုင်းက တောင်ကြီးမြို့မရဲစခန်းကို ပြန်လည်လွှဲပြောင်း ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပီတာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်းမှာ မေလ ၆ ရက်၊ နေ့လယ်ပိုင်းက သွားရောက်အဖမ်းခံခဲ့ပြီးတဲ့နောက် အဆင့်ဆင့် လွှဲပြောင်းပြီး တောင်ကြီးမြို့မရဲစခန်းကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူ က “တရားခံကို ညကမှ ခေါ်လာတာ။ ပြန်စစ်ဦးမယ်။ (သတင်းထုတ်ပြန်ဖို့) မရှိသေးပါဘူး” လို့သာ ပြန်လည် ဖြေကြားပါတယ်။ ◇ ဖြစ်စဉ်အကျဉ်း တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပီတာဘားဆိုင်မှာ […]