ရန်ကုန် ကမ္ဘာ (၁) စနေနေ့ မနက် ၈ နာရီ၊ ဟန်မင်းဖြိုး တယောက် ခေါင်းထဲ ရီဝေနောက်ကျိစွာနဲ့ ဟိုတယ်အခန်းတခုထဲ နိုးလာသည်။ မနေ့ညက အရှိန် အကင်းမသေသေးသောကြောင့် ဖြစ်သည်။ ဒီနေ့ လုပ်စရာ ဘာရှိလဲလို့ ဖုန်းထဲမှာ ကြည့်လိုက်တော့ ရန်ကုန် နာမည်ကြီး ဟိုတယ်ရဲ့ ရေကူးကန်မှာ နေ့လည်ပိုင်း ချိန်းထားတာ တခုနဲ့ ညနေကျရင် ရန်ကုန်ညပြေးပွဲ ဆိုပြီး ပေါ်လာသည်။ အကောင်ကြီးကြီးရဲ့ သားတယောက်ဖြစ်တဲ့ ဟန်မင်းဖြိုးဟာ တကယ်တော့ ကျန်းမာရေး လိုက်စားသူ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်ညပြေးပွဲကို ဝင်ပြေးရတဲ့ အကြောင်းရင်း ရှိသည်။ မျက်စိကျနေတဲ့ တက်သစ်စ မော်ဒယ်မလေးလည်း အဲဒီပြိုင်ပွဲ ဝင်ပြေးမယ်တဲ့။ အဖူးအငုံ ဆိုရင် ဒူးတုန်အောင် ကြိုက်တဲ့ ဟန်မင်းဖြိုးက […]