ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်း၏ သတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးမှုအတွက် တရားခံ ဖမ်းမပေး၍ စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်တွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သည့် ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်း၏ လည်လှီးသတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးမှုအတွက် တရားခံ ဖမ်းမပေး၍ စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်တွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သည့် ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေါက်တာကောင်းစံ၏ မိတ်ဆွေများက ပြောဆိုသည်။ မေလ ၂ ရက်နေ့ ဒေါက်တာကောင်းစံ၏ ဇနီးဖြစ်သူမှာ ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်းမှ သားသမီးတို့၏ အုပ်စုဖွဲ့ လည်လှီးသတ်ဖြတ်ခြင်း ခံခဲ့ရပြီး အဆိုပါ လူသတ်မှုကို ကျူးလွန်သူများမှာ လက်ရှိ တပ်တွင် ရာထူးရှိနေဆဲ အရာရှိကြီးများ၏ သားသမီးများဖြစ်နေခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်က တရားခံကို သိရှိထားသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲ […]