မင်းအောင်လှိုင် သားအဖ ဖော်ဆောင်နေသော ပြင်ဦးလွင်ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးနှင့် စက်ရုံလုပ်ငန်းရှင်များကို ရင်းနှီးမြုပ်နှံကြရန် အစည်းအဝေး ခေါ်ယူ အတင်းအဓမ္မ အမိန့်ဖြင့် ဖိအားပေးနေ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မင်းအောင်လှိုင်နှင့်သားဖြစ်သူ အောင်ပြည့်စုံတို့ အကောင်အထည်ဖော်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးလုပ်ငန်းများနှင့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် စစ်တပ်က လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ အတင်းအဓမ္မ အမိန့်ဖြင့် ဖိအားပေးစေခိုင်းနေကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။ မေလ ၈ ရက်နေ့ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ ဓမ္မာရုံတွင် မွေးမြူရေးလုပ်ငန်းရှင်ကြီးအားလုံးကို စစ်တပ်က အရေးပေါ်အစည်းအဝေးခေါ်ယူတွေ့ဆုံခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ရတနာပုံမြို့သစ် စီမံကိန်းနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် အဓိကထား စေခိုင်းခဲ့သည်။ ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးဇုန်နှင့်စက်မှုဇုန်များ ထည့်သွင်းထားပြီး မြေကွက်များကို လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် ချထားပေးမည်ဖြစ်သည်။ သတ်မှတ်နှုန်းများဖြင့် […]