ကပစ(၂၂)က ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုတိုက်ခိုက် အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံက ထွက်ခွာလာတဲ့ တပ်မ(၉၉)ဦးစီးတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကင်းပုန်းဝတ်ကာ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တယ်လို့ မြိုင်-ပကဖ ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မေလ ၇ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပေါက်မြို့နယ် တယ်ပင်ကန်ကျေးရွာ အရှေ့တောင်ဘက်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဦးစွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကော်မရှင်တပ် စစ်ကြောင်း ဖရိုဖရဲဖြစ်ကာ မျက်မြင် ၁၀ […]