ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ်ဒေါက်တိုင် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးပေးနေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ မေလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် လူငယ်များကို စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးပေးနေသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် နေအိမ်၌ ရှိနေစဉ် အမည်မသိသေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို တိုက်ခိုက်မှု အတွင်း ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင်နှင့် မယားဖြစ်သူတို့ […]