မေးခွန်း (၁) ဆရာရှင့် ကျွန်မအဒေါ်အသက်က ၅၀ပါ။ ဈေးသွားချိန်မှာ လူတစ်ယောက်က အနားလာပြီး ပခုံးပုတ်ကာ လမ်းမသိလို့ညွှန်ပြပေးပါလို့ဆိုပါတယ်။ အဒေါ်လည်း ရုတ်တရက်ကြောင်သွားပြီး သူပြောတဲ့လမ်းကို လိုက်ပို့မိတယ်လို့ဆိုတယ်။ အဒေါ်နည်းနည်း ဇေ၀ဇဝါဖြစ်သွားပြီး ပြန်သတိရလာတဲ့အချိန်မှာ ဆန်ဆိုင်တစ်ခုရှေ့ရောက်နေပါတယ်တဲ့။ အဒေါ်ဟာ ဈေးကနေအိမ်ပြန်ရောက်တဲ့အထိ ခပ်ကြောင်ကြောင်ဖြစ်နေတုန်းပဲ။ လည်ပင်းက ရွှေဆွဲကြိုးနဲ့ ဆွဲသီးက ပါမလာတော့ပါဘူး။ ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်လည်း ပါသွားပါတယ်။ တို့ဆေးအမိခံရတယ်လို့ ကျွန်မတို့ အားလုံးထင်နေကြပါတယ်။ တို့ဆေးဆိုတာ တကယ်ရှိပါသလားဆရာ။ တို့ဆေးအမိမခံရအောင် ဘာလုပ်လို့ရပါသလဲဆရာ။ မေးခွန်း (၂) ဆရာ တို့ဆေးဆိုတာလည်း သိချင်ပါတယ်။ ဘန်ကောက်မှာ မြန်မာတွေကိုအဲလိုလုပ်ပြီး ဒေါ်လာတွေယူသွားတယ်လို့ သတင်းကြားရလို့ပါ။ မေးခွန်း (၃) Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါးရောင်းချတဲ့ဆိုင်တွေမှာ မေးမြန်း၀ယ်လို့ရပါသလား။ ရခဲ့ရင်အဘယ်ကဲ့သို့ […]