Miss World Thailand ၂၀၂၆ ခုနှစ်အတွက် ကန်သီရာ ‘နမ်ဖူး’ တေချဖတ်သနာကူးလ်က သရဖူ ဆွတ်ခူးနိုင်ခဲ့ခြင်းသည် ထိုင်းအလှမယ်လောကအတွက် အပြောင်းအလဲကြီးတခုဖြစ်ကြောင်း ချီးကျူး ပြောဆိုနေကြသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ‘သမုဒ္ဒရာဧကရီ’ဟု အမည်ပေးထားသော နမ်ဖူးက စင်မြင့်ထက်မှနေ၍ အလှတရားဖြင့် ဒိုင်လူကြီးများကို ဖမ်းစားနိုင်ခဲ့သော်လည်း၊ ထိုင်းပြည်သူများကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်မှာ သူမ၏ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် ဇွဲနပဲကြီးစွာ ဖြတ်သန်းခဲ့ရသော ဘဝဇာတ်ကြောင်းပင် ဖြစ်သည်။ နမ်ဖူး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်းသည် အစဉ်အလာအလှမယ်လောက၏ ပုံစံခွက်များမှ သိသိသာသာ ခွဲထွက်လာခြင်း ဖြစ်သည်။ ချင်းရိုင်ပြည်နယ်တွင် ရှမ်းတိုင်းရင်းသား မိသားစုမှ မွေးဖွားလာသူဖြစ်ရာ သူမသည် ငယ်စဉ်ဘဝ အချိန်အတော်များများကို ဥပဒေကြောင်းအရ အကာအကွယ်မဲ့ခဲ့သည့်အပြင် နိုင်ငံသားဖြစ်ခွင့်ပင် မသေချာသော “နိုင်ငံမဲ့ကလေးငယ်” ဘဝဖြင့် ဖြတ်သန်းခဲ့ရသည်။ ယနေ့တွင် […]