ဂျိမ်းစ်ဘွန်း ဇာတ်လမ်းကဲ့သို့ လုပ်ကြံခံရမည် စိုး၍ တွေ့ဆုံသူတိုင်းအား နာရီဝတ်ခွင့် ပူတင် ပိတ်ပင် လုပ်ကြံကာ အာဏာလုရန် ကြံစည်မှုများ ရှိနေသည်ဆိုသော ထောက်လှမ်းရေး အချက်အလက်များ ပေါက်ကြားလာပြီးနောက် ရုရှားသမ္မတပူတင်သည် ကိုယ်တိုင်ခန့်ထားသည့် အကြီးအကဲများ အားလုံးကို ၎င်းနှင့် လာရောက်တွေ့ဆုံရာတွင် မည်သူ့ကိုမျှ နာရီပတ်ခွင့် မပြုတော့ကြောင်း သတင်းများထွက်လာသည်။ ဥရောပထောက်လှမ်းရေးအေဂျင်စီတစ်ခုက ပူတင်အား တစ်ချိန်က အလွန်ရင်းနှီးခဲ့သည့် ကာကွယ် ရေးဝန်ကြီးဟောင်း ရှိုဂူက ဦးဆောင် လုပ်ကြံအာ ဏာသိမ်းရန် ကြံစည်နေသည်ဆိုသည့် ပေါက်ကြားသော သတင်းအချက်အလက်များ ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ရာ ပူတင်သည် ၎င်းဆင့်ခေါ် တွေ့ဆုံသမျှ ရုရှားအကြီးအကဲတိုင်းကို နာရီပတ်ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား ဖြစ်သည့် Octopussy တွင် Seiko လက်ပတ်နာရီဖြင့် ဖောက်ခွဲလုပ်ကြံမှု ပါဝင်ခဲ့သလို […]