မုန်တိုင်းအထူးသတိပေးချက် 🌀 မြန်မာပြည်အနှံ့ မိုးသည်းထန်စွာရွာသွန်းမည့် အခြေအနေ မိုးလေဝသကျွမ်းကျင်သူ ဒေါက်တာစိုင်းခွန်အာကာ ရဲ့ နောက်ဆုံးရတွက်ချက်မှုများအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး နောက် ၄ ရက်မှ ၅ ရက်အတွင်း မုန်တိုင်းငယ် (Depression) အဆင့်အထိ အားကောင်းလာနိုင်ကြောင်း အထူးသတိပေးထားပါတယ်။ ⚠️ ⛈ ဒေသအလိုက် မိုးရွာသွန်းမည့် ခန့်မှန်းချက်များ – ရှမ်းမြောက်၊ မန္တလေးအထက်ပိုင်းနှင့် ရခိုင်အလယ်ပိုင်း: ယနေ့မှစ၍ ၄၈ နာရီအတွင်း နေရာကွက်ကျား မိုးကြီးနိုင်သဖြင့် အထူးသတိပြုရန်။ (ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် မေလ ၁၇ ရက်အထိ မိုးဆက်တိုက်ရွာပါမည်။) တနင်္သာရီတိုင်း: နောက် ၄၈ နာရီအတွင်း မုတ်သုံလေ စတင်ဝင်ရောက်ပါမည်။ မွန်နှင့် ကရင်ပြည်နယ်: နောက် ၇၂ […]