ဒီစာကို သမ္မတဟောင်း ဦးဝင်းမြင့် ဖတ်မိပါစေ… မိသားစုနဲ့အတူ ကျန်းကျန်မာမာနဲ့ အမြန်ဆုံတွေ့ခွင့် အတူနေခွင့်ရလို့ အထူးဝမ်းမြောက်မိတယ်။ ငါးနှစ်ကျော် မတရား အကျဉ်းချ ၊ ထောင်ချခံမှုအပေါ်လည်း များစွာစိတ်မကောင်းဖြစ်မိပါတယ်။ စကစ က ဘယ်အကြောင်းကြောင့် လွှတ်သည်ဖြစ်စေ အပြင်မှာ မိသားစုနဲ့ နေခွင့်ရတာ ထောင်ထဲမှာထက်စာရင် လက်ရှိနိုင်ငံ့အခြေအနေ၊ ပြည်သူလူထုအခြေအနေ၊ ပါတီအခြေအနေကို သုံးသပ်ဖို့ အခွင့်အရေးကောင်းတခုပါပဲ။ လက်ရှိအခြေအနေမှာ သမ္မတငြိမ်း ဦးထင်ကျော်လို တော့ ရေငုံ နှုတ်ပိတ် နေလို့ မရတော့ဘူးလို့မြင်မိပါတယ်။ ဦးထင်ကျော်ဟာ ပါတီ supporter၊ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ပါတီ ဥက္ကဋ္ဌ ရဲ့ အားကိုးအားထားရာ ပညာရှင်အနေနဲ့ သမ္မတ ခဏတာ သမ္မတ လုပ်ပေးခဲ့တာပါ။ သူငြိမ်နေတာ ဘာမှ မဖြစ်ပါ။ တိုက်တွန်းဖို့လည်း မလိုပါ။ ဦးဝင်းမြင့် […]