သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာအနီး သထုံ – ဘားအံကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှ အမျိုးသမီးငယ် သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ ယမန်နေ့ မေလ (၁၀) ရက် ညေနေ (၄) နာရီ (၃၀) မိနစ်ခန့်က အဆိုပါ သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာအနီး သထုံ – ဘားအံကားလမ်းမိုင်တိုင်အမှတ် (၃/၇) နှင့် (၃/၈) ကြားတွင် သထုံမြို့၊ သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာရှိ သထုံတာယာစက်ရုံဘက်သို့ အမျိုးသမီးငယ် သုံးဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် ဘားအံဘက်မှ သထုံဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော Honda Fit အမျိုးအစား မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ မော်တော်ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးငယ် သုံးဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် […]